< Psalms 55 >

1 Fún adarí orin. Pẹ̀lú ohun èlò orin olókùn. Maskili ti Dafidi. Fi etí sí àdúrà mi, Ọlọ́run, má ṣe fi ojú pa ẹ̀bẹ̀ mi rẹ́:
အိုဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ အသနား တော်ခံသောအခါ ရှောင် ၍နေတော်မ မူပါနှင့်။
2 gbọ́ mi kí o sì dá mi lóhùn. Èrò mi ń dà mí láàmú, èmi sì ń pariwo.
ကြည့်ရှုနားထောင် တော်မူပါ။ ရန်သူ ၏စကား သံကြောင့် ၎င်း၊ မတရား သောညှဉ်းဆဲ ခြင်းကြောင့် ၎င်း၊ အကျွန်ုပ်သည် ညှိုးငယ် သောစိတ် နှင့် ညည်းတွား မြည်တမ်း လျက်နေရပါ၏။
3 Sí ohùn àwọn ọ̀tá ni, nítorí igbe àwọn ènìyàn búburú; nítorí wọ́n mú ìjìyà wá sórí mi, wọ́n sì kẹ́gàn mi nínú ìbínú wọn.
သူတို့သည် အကျွန်ုပ် အပေါ် ၌ အပြစ် ကို သက်ရောက် စေ၍ ၊ ဒေါသ စိတ်နှင့် မုန်း ကြပါ၏။
4 Ọkàn mi wà nínú ìrora pẹ̀lú; ẹ̀rù ikú kọjú ìjà sí mi.
အကျွန်ုပ် နှလုံး သည် ကိုယ် အထဲ မှာ တုန်လှုပ် ၍ သေ ဘေးကို ကြောက် အားကြီးပါ၏။
5 Ìbẹ̀rù àti ìwárìrì wa sí ara mi; ìbẹ̀rù ti bò mí mọ́lẹ̀.
ကြောက်ရွံ့ တုန်လှုပ် ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း၌ မွန်း လျက်ရှိရပါ၏။
6 Èmi sọ pé, “Èmi ìbá ní ìyẹ́ bí àdàbà! Èmi ìbá fò lọ kí n sì sinmi.
ငါ သည် ချိုးငှက် ကဲ့ သို့အတောင် ကို ရပါစေ သော။ ထိုသို့ရ လျှင် အခြားသို့ပျံ သွား၍ ၊ ငြိမ်ဝပ် လျက် နေလိမ့်မည်။
7 Èmi ìbá sálọ, jìnnà réré, kí ń sì dúró sí aginjù;
ဝေး စွာသွား ၍ တော မှာ နေရာ ကျလိမ့်မည်။
8 èmi ìbá yára lọ́ si ibùgbé mi ní ibi ààbò, jìnnà kúrò nínú ìjì àti ẹ̀fúùfù líle.”
ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း နှင့် လွတ် ခြင်းငှါ ၊ အလျင် အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ် စိတ် ရှိပါ၏။
9 Da àwọn ẹni búburú láàmú, Olúwa, da ahọ́n wọn rú, nítorí èmi rí ìwà agbára àti ìjà ní ìlú náà.
အိုထာဝရ ဘုရား၊ သူ တို့စကား ကို ပပျောက် အောင် ကွဲပြား စေတော်မူပါ။ မြို့ တော်တွင် အနိုင် အထက်ပြုခြင်းနှင့် လုယူ ခြင်းကို အကျွန်ုပ် မြင် ပါပြီ။
10 Ọ̀sán àti òru ni wọ́n fi ń rìn gbogbo odi kiri; ìwà ìkà àti èébú wà láàrín rẹ̀.
၁၀မြို့ရိုး ပေါ် မှာ နေ့ ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ ထဲ မှာ ဆိုးညစ် သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
11 Ìwà búburú ń bẹ ní àárín rẹ̀; ẹ̀tàn àti èké kò kúrò ní ìgboro rẹ̀.
၁၁အဓမ္မ တရားတို့သည် မြို့ အလယ် ၌ ရှိ၍ ၊ ညှဉ်းဆဲ ခြင်း နှင့် လှည့်စား ခြင်းသည် လမ်း တို့၌ နေရာ ကျကြပါ၏။
12 Tí ọ̀tá bá tàbùkù mi, èmi yóò fi ara mọ́ ọn; tí ọ̀tá bá gbé ara rẹ̀ ga sí mi, èmi ìbá sá pamọ́ fún un.
၁၂ငါ့ ကို ကဲ့ရဲ့ သောသူသည် ငါ့ရန်သူ မ ဟုတ်။ ဟုတ် လျှင် သည်းခံ နိုင်၏။ ငါ့ ကိုရန် ဘက်ပြုသောသူသည် ငါ့ ကိုမုန်း သောသူမ ဟုတ်။ ဟုတ်လျှင် ထိုသူ ကို ငါရှောင် နိုင်၏။
13 Ṣùgbọ́n tí ó bá ṣe ìwọ, ọkùnrin bí ẹgbẹ́ mi, ẹlẹgbẹ́ mi, àti ọ̀rẹ́ tí ó súnmọ́ mi,
၁၃ထို သို့ပြုသောသူ သည် သင် ဖြစ်၏။ ငါ နှင့် ဘက် သောသူ၊ ငါ့ မိတ်ဆွေ ၊ ငါ အသိ အကျွမ်းဖြစ်၏။
14 pẹ̀lú ẹni tí èmi ti jẹ ìgbádùn adùn ìdàpọ̀, bí a ṣe ń rìn pẹ̀lú àwùjọ ní ilé Ọlọ́run.
၁၄အချင်းချင်း သာယာ သော ဆွေးနွေး တိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရား သခင်၏ အိမ် တော်သို့ လူ အစုအဝေးနှင့်အတူ သွား ကြပြီ။
15 Kí ikú kí ó dé bá wọn, kí wọn ó lọ láààyè sí isà òkú, jẹ́ kí wọn ó sọ̀kalẹ̀ sí ibojì pẹ̀lú ìpayà, nítorí tí ìwà búburú ń bẹ ní ibùjókòó wọn, àti nínú wọn. (Sheol h7585)
၁၅သူ တို့ကို သေမင်း ဘမ်းဆီး ပါစေ။ အသက် ရှင်လျက် မရဏာ နိုင်ငံသို့ ဆင်းသက် ကြပါစေ။ အကြောင်း မူကား၊ ဒုစရိုက် တို့သည် သူ တို့နေရာ တွင် သူ တို့အထဲ ၌ ရှိကြ ၏။ (Sheol h7585)
16 Ṣùgbọ́n èmi pe Ọlọ́run; Olúwa yóò sì gbà mí.
၁၆ငါ မူကား၊ ဘုရား သခင်ကို ပဌနာ ပြု၍ ၊ ထာဝရဘုရား သည် ကယ်တင် တော်မူမည်။
17 Ní alẹ́, ní òwúrọ̀ àti ní ọ̀sán èmi sọkún jáde nínú ìpọ́njú, o sì gbọ́ ohùn mi.
၁၇ညဦး အချိန်၊ နံနက် အချိန်၊ မွန်းတည့် အချိန်တို့၌ ငါသည် ညည်းတွား မြည်တမ်း၍ ၊ ငါ ၏အသံ ကို ကြား တော်မူ မည်။
18 Ó rà mí padà láìléwu kúrò nínú ogun tí ó dìde sí mi, nítorí ọ̀pọ̀lọpọ̀ ni ó dìde sí mi.
၁၈ငါ့ ကို စစ်တိုက် ကြစဉ်တွင် ၊ ငါ့ အသက် ကို ရွေးနှုတ် ၍ ချမ်းသာ ပေးတော်မူမည်။ ငါ့ ဘက် ၌ နေသောသူ အများ ရှိ ကြ၏။
19 Ọlọ́run yóò gbọ́, yóò sì pọ́n wọn lójú àní, ẹni tí ó ti jókòó láti ìgbàanì (Sela) nítorí tí wọn kò ní àyípadà, tí wọn kò sì bẹ̀rù Ọlọ́run.
၁၉ရှေး ကာလမှစ၍ အမြဲစီရင် သော ဘုရား သခင် သည် နားထောင် ၍ သူ တို့ကို နှိမ့်ချ တော်မူမည်။ သူ တို့သည် ပြောင်းလဲ ခြင်းမ ရှိသောကြောင့် ဘုရား သခင် ကို မ ကြောက် မရွံ့ကြ။
20 Ọ̀rẹ́ mi yìí ti dalẹ̀ èmi ọ̀rẹ́ rẹ̀; ó ti ba májẹ̀mú rẹ̀ jẹ́.
၂၀ထိုသို့သောသူသည် မိတ်ဆွေ ဖြစ်သောသူ ကို ပြစ်မှား၍ သစ္စာ ပျက် တတ်၏။
21 Ọ̀rọ̀ ẹnu rẹ̀ kúnná ju òrí-àmọ́, ṣùgbọ́n ogun wà ni àyà rẹ̀; ọ̀rọ̀ rẹ̀ fẹ́lẹ́ ju òróró lọ, ṣùgbọ́n idà fífàyọ ní wọn.
၂၁သူ ၏စကား သည် ထောပတ် ထက် ချော သော်လည်း ၊ စစ်တိုက် မည်ဟုအကြံ ရှိ၏။ သူ ၏စကား သည် ဆီ ထက် ပြော့ သော်လည်း ၊ ထုတ် သော ထားဖြစ်၏။
22 Gbé ẹrù rẹ lọ sí ọ̀dọ̀ Olúwa yóò sì mú ọ dúró; òun kò ní jẹ́ kí olódodo ṣubú.
၂၂ထမ်းရွက်ရသောဝန် ကို ထာဝရဘုရား ၌ ချ ထား လော့။ သင့် ကို မစ တော်မူမည်။ ဖြောင့်မတ် သောသူကို အစဉ် အမြဲလှုပ်ရှား စေ တော်မ မူရာ။
23 Ṣùgbọ́n ìwọ, Ọlọ́run, ni yóò mu àwọn ọ̀tá mi wá sí ihò ìparun; àwọn ẹni tí òǹgbẹ ẹ̀jẹ̀ ń gbẹ àti ẹni ẹ̀tàn, kì yóò gbé ààbọ̀ ọjọ́ wọn. Ṣùgbọ́n fún èmi, èmi gbẹ́kẹ̀lé ọ.
၂၃အိုဘုရား သခင်၊ အခြားသောသူ တို့ကို ဖျက်ဆီး ရာ တွင်း ထဲ သို့ချ တော်မူမည်။ လူ အသက်ကိုသတ် သောသူ နှင့် သစ္စာ ပျက်သောသူတို့သည် မိမိ အသက် တာတဝက် ခန့်မျှ မ ရှင်ရကြ။ အကျွန်ုပ် မူကား ၊ ကိုယ်တော် ၌ ခိုလှုံ ပါမည်။

< Psalms 55 >