< Psalms 50 >
1 Saamu ti Asafu. Olúwa, Ọlọ́run alágbára, sọ̀rọ̀ kí o sì pe ayé jọ láti ìlà-oòrùn títí dé ìwọ̀ rẹ̀.
၁အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
2 Láti Sioni wá, pípé ni ẹwà, Ọlọ́run tí ń tan ìmọ́lẹ̀
၂ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
3 Ọlọ́run ń bọ̀, bẹ́ẹ̀ ni kì yóò dákẹ́, iná yóò máa jó níwájú rẹ̀, àti ní àyíká rẹ̀ ni ẹ̀fúùfù líle yóò ti máa jà ká.
၃ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
4 Yóò sì pe àwọn ọ̀run láti òkè wá jọ àti ayé, kí o le máa ṣe ìdárò àwọn ènìyàn rẹ̀.
၄မိမိလူစုတော်အားတရားစီရင်တော်မူ သည်ကို ကြည့်ရှုကြရန် ကိုယ်တော်သည်သက်သေများအဖြစ် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဆင့်ခေါ် တော်မူ၏။
5 “Kó àwọn ènìyàn mímọ́ jọ fún mi àwọn tí wọn fi ẹbọ dá májẹ̀mú fún mi.”
၅ကိုယ်တော်က``ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့၍ငါ့အားသစ္စာစောင့်သူ များကို စုဝေးစေကြလော့'' ဟုမိန့်တော်မူ၏။
6 Àwọn ọ̀run yóò sì sọ̀rọ̀ òdodo rẹ̀, nítorí Ọlọ́run fúnra rẹ̀ ni onídàájọ́.
၆ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
7 “Ẹ gbọ́, ẹ̀yin ènìyàn mi, èmi yóò si sọ̀rọ̀, ìwọ Israẹli, èmi yóò jẹ́rìí sí ọ: èmi ní Ọlọ́run, àní Ọlọ́run rẹ.
၇ကိုယ်တော်က``ငါ၏လူစုတော်ဝင်တို့၊ နားထောင်ကြလော့။ ငါမိန့်မြွက်တော်မူမည်။ အို ဣသရေလအမျိုးသားတို့၊ငါသည်သင်တို့ကို ဝေဖန်ပြစ်တင်မည်။ ငါသည်ထာဝရဘုရား၊သင်တို့၏ဘုရား ဖြစ်တော်မူ၏။
8 Èmi kí yóò bá ọ wí nítorí àwọn ìrúbọ rẹ, tàbí ọrẹ ẹbọ sísun rẹ, èyí tí ó wà níwájú mi ní ìgbà gbogbo.
၈သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။
9 Èmí kò fẹ́ kí ó mú akọ màlúù láti inú ilé tí o kọ́ fún un, tàbí kí o mú òbúkọ láti inú agbo ẹran rẹ̀
၉သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊ သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။
10 nítorí gbogbo ẹran igbó ni tèmi àti ẹran ọ̀sìn lórí ẹgbẹ̀rún òkè.
၁၀အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
11 Èmi mọ gbogbo ẹyẹ ní orí àwọn òkè ńlá àti gbogbo ẹ̀dá alààyè tí ó wà ní orí ilẹ̀ ni tèmi.
၁၁တောငှက်အပေါင်းနှင့်ကွင်းပြင်များမှသက်ရှိ သတ္တဝါအပေါင်းတို့ကိုလည်းငါပိုင်၏။
12 Bí ebi tilẹ̀ ń pa mí, èmi kì yóò sọ fún ọ, nítorí ayé ni tèmi àti ohun gbogbo tí ó wa ní inú rẹ̀.
၁၂``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
13 Ǹjẹ́ èmi yóò ha jẹ ẹran akọ màlúù tàbí mú ẹ̀jẹ̀ òbúkọ?
၁၃ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။
14 “Rú ẹbọ ọpẹ́ sí Ọlọ́run, kí o sì san ẹ̀jẹ́ rẹ fún Ọ̀gá-ògo.
၁၄ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
15 Kí o sì pè mí ní ọjọ́ ìpọ́njú, èmi yóò gbà ọ́, ìwọ yóò sì bu ọlá fún mi.”
၁၅ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
16 Ṣùgbọ́n Ọlọ́run sọ fún àwọn, ènìyàn búburú: “Kí ní ẹ̀tọ́ tí o ní tí ìwọ fi ń tún àwọn ìlànà mi sọ, tàbí tí ìwọ sì ń sọ májẹ̀mú mi ní ẹnu rẹ?
၁၆သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
17 Ìwọ kórìíra àṣẹ mi, ìwọ sì ṣá ọ̀rọ̀ mí tì sí apá kan.
၁၇သင်သည်ငါဆုံးမသွန်သင်သည်ကိုလက်မခံ။ ငါ၏ပညတ်တော်တို့ကိုပစ်ပယ်၏။
18 Nígbà tí ìwọ rí olè, ìwọ dára pọ̀ mọ́ ọn, ìwọ sì da ara rẹ dé àwọn alágbèrè.
၁၈သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။ သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။
19 Ìwọ lo ẹnu rẹ fún aburú, ìwọ sì ń fi ahọ́n rẹ pète ẹ̀tàn.
၁၉``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။ မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။
20 Ní ìgbà gbogbo ìwọ ń sọ̀rọ̀ sí arákùnrin rẹ, ìwọ sì ń ba orúkọ ọmọ ìyá rẹ jẹ́.
၂၀မိမိ၏ညီရင်းအစ်ကိုများကိုပင်လျှင်အစဉ် ပြစ်တင်စွပ်စွဲတတ်၏။
21 Àwọn nǹkan wọ̀nyí ni ìwọ ti ṣe, mo sì dákẹ́; ìwọ rò pé mo jẹ́ irú kan náà bí ìrẹ, ṣùgbọ́n èmi yóò bá ọ wí, èmi yóò sì fi ẹ̀sùn kàn ọ́ ní ojú ara rẹ.
၂၁သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
22 “Ǹjẹ́ ìwọ ro èyí wò, ẹ̀yin tí ó gbàgbé Ọlọ́run. Bí bẹ́ẹ̀ kọ́ èmi yóò fa yin ya pẹ́rẹpẹ̀rẹ, láìsí ẹni tí yóò gbà yin sílẹ̀.
၂၂``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
23 Ẹni tí ó ba ní ẹbọ ọrẹ-ọpẹ́ bu ọlá fún mi; kí ó sì tún ọ̀nà rẹ̀ ṣe, kí èmi kí ó le fi ìgbàlà Ọlọ́run hàn án.”
၂၃ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။