< Psalms 40 >

1 Fún adarí orin. Ti Dafidi. Saamu. Mo fi pẹ̀lẹ́pẹ̀lẹ́ dúró de Olúwa; ó sì dẹtí sí mi, ó sì gbọ́ ẹkún mi.
ငါသည် ထာဝရဘုရား ကို စေ့စေ့မြော်လင့် သည် ကာလ၊ ငါ့ ကို မျက်နှာ ပြု၍ ငါ အော်ဟစ် သောအသံကို ကြား တော်မူ၏။
2 Ó fà mí yọ gòkè láti inú ihò ìparun, láti inú ẹrẹ̀ pọ̀tọ̀pọ́tọ̀, ó sì fi ẹsẹ̀ mi lé orí àpáta, ó sì jẹ́ kí ìgbésẹ̀ mi wà láìfòyà.
ပျက်စီး ရာတွင်း နှင့် အလွန် ဆိုးသောရွှံ့ ထဲ ကငါ့ ကို ဆယ် နှုတ်ပြီးလျှင် ငါ့ ခြေ တို့ကို ကျောက် ပေါ် မှာတင် ၍ ငါ ခြေ ရာတို့ကို တည် စေတော်မူ၏။
3 Ó fi orin tuntun sí mi lẹ́nu, àní orin ìyìn sí Ọlọ́run wa. Ọ̀pọ̀ yóò rí i wọn yóò sì bẹ̀rù, wọn yóò sì gbẹ́kẹ̀lé Olúwa.
ထိုသို့ငါ တို့ဘုရား သခင်ကို ချီးမွမ်း ရာသီချင်း သစ် ကို ငါ မြွက်ဆို စေ ခြင်းငှါ အခွင့်ပေး တော်မူ၏။ လူများ တို့သည် သိမြင် ၍ ကြောက်ရွံ့ သောစိတ် နှင့် ထာဝရဘုရား ကို ကိုးစား ကြလိမ့်မည်။
4 Ayọ̀ ni fún àwọn wọ̀n-ọn-nì tí ó fi Olúwa ṣe ìgbẹ́kẹ̀lé wọn tí wọn kò sì yípadà sí agbéraga, tàbí àwọn tí ó yapa lọ sí ọ̀dọ̀ ọlọ́run mìíràn.
မာန ထောင်လွှားသောသူနှင့် မိစ္ဆာတရား လမ်း သို့ လွှဲ သွားသောသူတို့ ကိုမ မှီ ဝဲ၊ ထာဝရဘုရား ကို ကိုးစား သောသူ သည် မင်္ဂလာ ရှိ၏။
5 Olúwa Ọlọ́run mi, ọ̀pọ̀lọpọ̀ ni àwọn iṣẹ́ ìyanu tí ìwọ ti ṣe. Àwọn ohun tí ìwọ ti ṣètò sílẹ̀ fún wa; ni ẹnikẹ́ni kò le kà wọ́n fún ọ lẹ́sẹẹsẹ, tí èmi yóò sì sọ̀rọ̀ wọn, wọ́n ju ohun tí ènìyàn le è kà lọ.
အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် တို့အဘို့ ပြု တော်မူသောအံ့ဩ ဘွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံ အစည်တို့သည် များ လှပါ၏။ ရှေ့ တော်၌ အစဉ်အတိုင်းလျှောက် ၍ မ ကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော် ကြားပြောမည်ဟုဆိုသော် ၊ ရေတွက် ၍ မကုန်နိုင်အောင် များ လှပါ၏။
6 Ẹbọ àti ẹran ẹbọ ni ìwọ kò fẹ́, ìwọ ti ṣí mi ní etí. Ọrẹ ẹbọ sísun àti ẹbọ ẹ̀ṣẹ̀ ni ìwọ kò béèrè.
ကိုယ်တော်သည် ယဇ် နှင့် ပူဇော် သက္ကာကို အလို တော် မ ရှိသည် ဖြစ်၍ ၊ အကျွန်ုပ် နား ကို ဖွင့် တော်မူပြီ။ မီးရှို့ ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကို တောင်း တော် မ မူသောအခါ၊
7 Nígbà náà ni mo wí pé, “Èmi nìyí; nínú ìwé kíká ni a kọ ọ nípa tèmi wí pé.
ကျမ်းစာ လိပ် ၌ အကျွန်ုပ် ကို အမှတ်ပြု၍ ရေး ထား သည်နှင့်အညီ ၊ အကျွန်ုပ်သည် သွား ပါမည်ဟု ဝန်ခံ ပါ၏။
8 Mo ní inú dídùn láti ṣe ìfẹ́ ẹ̀ rẹ, ìwọ Ọlọ́run mi, òfin rẹ̀ ń bẹ ní àyà mi.”
အကျွန်ုပ် ၏ ဘုရား သခင်၊ ကိုယ်တော် ၏အလို ကို ဆောင် ရာ၌ အကျွန်ုပ်သည် အား ရဝမ်းမြောက်ပါ၏။ ကိုယ်တော် ၏တရား သည်လည်း အကျွန်ုပ် နှလုံး ထဲ မှာ ရှိပါ၏။
9 Èmi ti sọ ìròyìn ayọ̀ ti ìgbàlà láàrín àwùjọ ńlá; wò ó, èmi kò pa ètè mi mọ́, gẹ́gẹ́ bí ìwọ ti mọ̀, ìwọ Olúwa.
ဖြောင့်မတ် ခြင်းတရားကို ပရိသတ် ကြီး အလယ် မှာ အကျွန်ုပ် ဟော ပါပြီ။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်နှုတ် ကိုပိတ် ၍ မ နေကြောင်းကို ကိုယ်တော် သိ တော်မူ ၏။
10 Èmi kò fi ìrànlọ́wọ́ ìgbàlà sin ní àyà mi; èmí ti sọ̀rọ̀ nípa òtítọ́ àti ìgbàlà rẹ. Èmi kò sì pa ìṣeun ìfẹ́ rẹ̀ àti òtítọ́ rẹ̀ mọ́ kúrò láàrín àwọn ìjọ ńlá.
၁၀ဖြောင့်မတ် စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ် သည် ကိုယ်နှလုံး ထဲ မှာ ဝှက် ၍မ ထားပါနှင့်။ သစ္စာ စောင့်တော်မူခြင်းတရားနှင့် ကယ်တင် တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရုဏာ တော်နှင့် သစ္စာ တော်ကို ပရိသတ် ကြီး အလယ်မှာ မ ထိမ် မဝှက်ပါ။
11 Ìwọ má ṣe, fa àánú rẹ tí ó rọ́nú sẹ́yìn kúrò lọ́dọ̀ mi Olúwa; jẹ́ kí ìṣeun ìfẹ́ rẹ àti òtítọ́ rẹ kí ó máa pa mi mọ́ títí ayérayé.
၁၁အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ သနား စုံမက်တော်မူခြင်းစိတ်ကို မ ချုပ်တည်း ပါနှင့်။ ကရုဏာ တော်နှင့် သစ္စာ တော်သည် အကျွန်ုပ် ကို အစဉ် စောင့် မပါစေသော။
12 Nítorí pé àìníye ibi ni ó yí mi káàkiri, ẹ̀ṣẹ̀ mi sì dì mọ́ mi, títí tí èmi kò fi ríran mọ́; wọ́n pọ̀ ju irun orí mi lọ, àti wí pé àyà mí ti kùnà.
၁၂အကြောင်း မူကား၊ အတိုင်း မ သိများစွာသော ဘေး ဥပဒ်တို့သည် အကျွန်ုပ် ကို ဝိုင်း ကြပါပြီ။ အကျွန်ုပ်မျှော် ၍ မ ကြည့် နိုင် အောင်ခံရသောအပြစ် တို့သည် အကျွန်ုပ် ကို မှီ ကြပါပြီ။ အကျွန်ုပ် ဆံပင် ထက် များပြား သည် ဖြစ်၍၊ အကျွန်ုပ် နှလုံး သည် အားလျော့ ပါပြီ။
13 Jẹ́ kí ó wù ọ́, ìwọ Olúwa, láti gbà mí là; Olúwa, yára láti ràn mí lọ́wọ́.
၁၃အိုထာဝရဘုရား ၊ အကျွန်ုပ် ကို နှုတ်ယူ ခြင်းငှါ အလိုရှိ တော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ကိုမစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
14 Gbogbo àwọn wọ̀n-ọn-nì ni kí ojú kí ó tì kí wọn kí ó sì dààmú; àwọn tí ń wá ọkàn mi láti parun jẹ́ kí a lé wọn padà sẹ́yìn kí a sì dójútì wọ́n, àwọn tí ń wá ìpalára mi.
၁၄အကျွန်ုပ် အသက် ကို သတ် ခြင်းငှါ ရှာ ကြံသော သူအပေါင်း တို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေ သော။ အကျွန်ုပ် ၌ အန္တရာယ် ပြု ချင်သောသူတို့သည် လှန် ခြင်းကိုခံရ၍ ရှက်ကြောက် ခြင်းသို့ရောက်ကြပါစေ သော။
15 Jẹ́ kí àwọn tí ó wí fún mi pé, “Háà! Háà!” ó di ẹni à fi ọwọ́ rọ́ sẹ́yìn nítorí ìtìjú wọn.
၁၅အကျွန်ုပ် ကို အေ့ဟေ ၊ အေ့ဟေ ဟုဆို သောသူတို့ သည် အရှက်ကွဲ ခြင်းအားဖြင့် မှိုင် တွေကြပါစေ သော။
16 Jẹ́ kí gbogbo àwọn tí ń wá ọ kí ó máa yọ̀ kí inú wọn sì máa dùn sí ọ; kí gbogbo àwọn tí ó sì fẹ́ ìgbàlà rẹ kí o máa wí nígbà gbogbo pé, “Gbígbéga ni Olúwa!”
၁၆ကိုယ်တော် ကိုရှာ သော သူအပေါင်း တို့သည် ကိုယ်တော် ၌ ဝမ်းမြောက် ရွင်လန်း ကြပါစေသော။ ကယ်တင် တော်မူခြင်းကျေးဇူးကို နှစ်သက် သောသူတို့ သည် ထာဝရဘုရား ဘုန်းကြီး တော်မူစေသတည်းဟု အစဉ် မပြတ်ပြော ကြပါစေသော။
17 Bí ó ṣe ti èmi ni, tálákà àti aláìní ni èmi, ṣùgbọ́n Olúwa ń ṣe ìrántí mi. Ìwọ ni olùrànlọ́wọ́ mi àti ìgbàlà mi; má ṣe jẹ́ kí ó pẹ́, ìwọ Ọlọ́run mi.
၁၇အကျွန်ုပ် မူကား ၊ ဆင်းရဲ ငတ်မွတ် သော်လည်း ၊ ထာဝရ ဘုရား သည် အကျွန်ုပ် ကို အောက်မေ့ တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် ကို မစ သောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုရား သခင်၊ ဆိုင်းလင့် တော်မ မူပါနှင့်။

< Psalms 40 >