< Psalms 38 >
1 Saamu Dafidi. Ẹ̀bẹ̀. Olúwa, má ṣe bá mi wí nínú ìbínú rẹ, bẹ́ẹ̀ ni kí o má ṣe fi ìyà jẹ mí nínú ìrunú rẹ̀.
၁အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။
2 Nítorí tí ọfà rẹ kàn mọ́ mi ṣinṣin, ọwọ́ rẹ sì kì mí mọ́lẹ̀.
၂ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမြား ဖြင့်ပစ်၍ ဒဏ်ရာရရှိစေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြိုလဲ စေတော်မူပါပြီ။
3 Kò sí ibi yíyè ní ara à mi, nítorí ìbínú rẹ; kò sí àlàáfíà nínú egungun mi nítorí i ẹ̀ṣẹ̀ mi.
၃ကိုယ်တော်၏အမျက်တော်ကြောင့်ကျွန်တော်မျိုးသည် ဝေဒနာခံလျက်နေရပါ၏။ မိမိ၏အပြစ်များကြောင့်တစ်ကိုယ်လုံး ရောဂါစွဲလျက်နေပါ၏။
4 Nítorí àìṣedéédéé mi ti borí mi mọ́lẹ̀; wọ́n tó ìwọ̀n bi àjàgà tí ó wúwo jù fún mi.
၄အပြစ်ဒုစရိုက်ရေလွှမ်းမိုးရာတွင်ကျွန်တော် မျိုးသည် နစ်မွန်းလျက်ရှိပါ၏။ ယင်းတို့သည်လေးလံသောအပြစ်ဝန်ထုပ်ဖြစ်၍ ကျွန်တော်မျိုးမထမ်းနိုင်ပါ။
5 Ọgbẹ́ mi ń rùn ó sì díbàjẹ́ nítorí òmùgọ̀ mi.
၅ကျွန်တော်မျိုး၏မိုက်မဲမှုကြောင့်ရရှိသော အနာများသည်ပုပ်စပ်နံစော်လျက်နေပါ၏။
6 Èmi ń jòwèrè, orí mi tẹ̀ ba gidigidi èmi ń ṣọ̀fọ̀ rìn kiri ní gbogbo ọjọ́.
၆ကျွန်တော်မျိုးသည်မချိမဆန့်ဝေဒနာခံ၍ နေရပါ၏။ တစ်နေ့လုံးပင်ပူဆွေးငိုယိုလျက်နေရပါ၏။
7 Nítorí ẹ̀gbẹ́ mi kún fún ìgbóná tí ń jóni kò sì ṣí ibi yíyè ní ara mi.
၇ကျွန်တော်မျိုးသည်အဖျားအပူရှိန်ပြင်းထန်လျက် အသဲအသန်ဖြစ်နေပါ၏။
8 Ara mi hù, a sì wó mi jẹ́gẹjẹ̀gẹ; mo kérora nítorí ìrúkèrúdò àyà mi.
၈စိစိညက်ညက်ကြေ၍နုန်းနဲ့ခွေယိုင်လျက်ရှိပါ၏။ ကျွန်တော်မျိုးသည်စိတ်ဒုက္ခရောက်၍ဝေဒနာကြောင့် ညည်းညူလျက်ရှိပါ၏။
9 Olúwa, gbogbo ìfẹ́ mi ń bẹ níwájú rẹ; ìmí ẹ̀dùn mi kò sá pamọ́ fún ọ.
၉အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အလိုဆန္ဒကို သိတော်မူပါ၏။ ကျွန်တော်မျိုး၏ညည်းညူသံကိုကြားတော်မူပါ၏။
10 Àyà mi ń mí hẹlẹ, agbára mi yẹ̀ mí sílẹ̀; bí ó ṣe ti ìmọ́lẹ̀ ojú mi ni, ó ti lọ kúrò lára mi.
၁၀ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။
11 Àwọn ọ̀rẹ́ mi àti àwọn ẹlẹgbẹ́ mi dúró lókèèrè réré kúrò níbi ìpọ́njú mi, àwọn alábágbé mi, dúró lókèèrè.
၁၁ကျွန်တော်မျိုး၏အနာများကြောင့်မိတ်ဆွေများနှင့် အိမ်နီးချင်းများသည် ကျွန်တော်မျိုး၏အနီးသို့မကပ်ကြတော့ပါ။ ကျွန်တော်မျိုး၏အိမ်ထောင်စုသားများပင်လျှင် ကျွန်တော်မျိုးထံသို့မလာကြပါ။
12 Àwọn tí n wá ẹ̀mí mi dẹ okùn sílẹ̀ fún mi; àti àwọn tí ó fẹ́ pa mí lára ń sọ̀rọ̀ nípa ìparun, wọ́n sì ń gbèrò ẹ̀tàn ní gbogbo ọjọ́.
၁၂ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
13 Ṣùgbọ́n mo dàbí adití odi, èmi kò gbọ́ ọ̀rọ̀; àti bí odi, tí kò le sọ̀rọ̀.
၁၃ကျွန်တော်မျိုးသည်နားပင်းသူကဲ့သို့မကြား နိုင်ပါ။ ဆွံ့အသူကဲ့သို့စကားမပြောနိုင်ပါ။
14 Nítòótọ́, mo rí bí ọkùnrin tí kò gbọ́rọ̀, àti bí ẹnu ẹni tí kò sí ìjiyàn.
၁၄ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။
15 Ṣùgbọ́n sí ọ Olúwa, ìwọ ni mo dúró dè; ìwọ ni, Olúwa Ọlọ́run mi, ẹni tí yóò dáhùn.
၁၅သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုး၏အရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ လျှောက်ထားချက်ကိုနားညောင်းတော်မူမည်ဖြစ်ပါ၏။
16 Nítorí tí mo gbàdúrà, “Gbóhùn mi, kí wọn má ba à yọ̀ mí; nígbà tí ẹsẹ̀ mi bá yọ̀ wọn yóò máa gbé ara wọn ga sí mi.”
၁၆ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ ရန်သူတို့သည်နှစ်ထောင်းအားရခွင့်ကို ပေးတော်မမူပါနှင့်။ သူတို့အားကျွန်တော်မျိုးပြိုလဲမှုကိုအကြောင်း ပြုကာ ကြွားဝါခွင့်ပေးတော်မမူပါနှင့်။
17 Nítorí tí mo ti ṣetán láti ṣubú, ìrora mi sì wà pẹ̀lú mi nígbà gbogbo.
၁၇ကျွန်တော်မျိုးသည်ပြိုလဲလုပါပြီ။ ဝေဒနာကိုအစဉ်ခံစားလျက်နေရပါ၏။
18 Mo jẹ́wọ́ ìrékọjá mi; àánú sì ṣe mí fún ẹ̀ṣẹ̀ mi.
၁၈ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။
19 Àwọn tí ó jẹ́ ọ̀tá mi láìnídìí pàtàkì, wọ́n lágbára púpọ̀, ọ̀pọ̀lọpọ̀ ni àwọn tí ó kórìíra mi lọ́nà òdì.
၁၉ကျွန်တော်မျိုး၏ရန်သူတို့သည်ကျန်းမာ သန်စွမ်းကြပါ၏။ အကြောင်းမဲ့ကျွန်တော်မျိုးအားမုန်းသူတို့သည် များပြားကြပါ၏။
20 Àwọn tí wọn ń fi ibi san rere fún mi àwọn ni ọ̀tá mi nítorí pé mò ń tọ ìre lẹ́yìn.
၂၀ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်ရန် ကြိုးစားသဖြင့် အကောင်းကိုအဆိုးအားဖြင့်ပြန်လည် ပေးဆပ်တတ်သူတို့သည် ကျွန်တော်မျိုးကိုဆန့်ကျင်ဘက်ပြုကြပါ၏။
21 Má ṣe kọ̀ mí sílẹ̀, ìwọ Olúwa! Ọlọ́run mi, má ṣe jìnnà sí mi.
၂၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးနှင့် ဝေးဝေးနေတော်မမူပါနှင့်။
22 Yára láti ràn mí lọ́wọ́, Olúwa, Olùgbàlà mi.
၂၂ကျွန်တော်မျိုးကိုကယ်တင်မူသောဘုရားရှင်၊ ယခုပင်ကျွန်တော်မျိုးကိုကူမတော်မူပါ။