< Psalms 32 >
1 Ti Dafidi. Maskili. Ìbùkún ni fún àwọn tí a dárí ìrékọjá wọn jì, tí a sì bo ẹ̀ṣẹ̀ wọn mọ́lẹ̀.
၁မိမိ၏အပြစ်များမှဖြေလွှတ်ခြင်းခံရ၍ ကူးလွန်မှုများအတွက်လွတ်ငြိမ်းချမ်းသာခွင့် ရသောသူသည်မင်္ဂလာရှိ၏။
2 Ìbùkún ni fún ọkùnrin náà ẹni tí Olúwa kò ka ẹ̀ṣẹ̀ rẹ̀ sí i lọ́rùn àti nínú ẹ̀mí ẹni tí kò sí ẹ̀tàn.
၂မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။
3 Nígbà tí mo dákẹ́, egungun mi di gbígbó dànù nípa ìkérora mi ní gbogbo ọjọ́.
၃ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို မဖော်ပြ၊ဝန်မခံဘဲနေသောအခါ တစ်နေ့လုံးငိုကြွေးရသဖြင့်မောပန်းနွမ်းနယ် ခဲ့ပါ၏။
4 Nítorí pé ni ọ̀sán àti ní òru ọwọ́ rẹ̀ wúwo sí mi lára; agbára mi gbẹ tán gẹ́gẹ́ bí ooru ẹ̀ẹ̀rùn. (Sela)
၄အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။ နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။
5 Èmi jẹ́wọ́ ẹ̀ṣẹ̀ mi sí ọ àti pé èmi kò sì fi àìṣòdodo mi pamọ́. Èmi wí pé, “Èmi yóò jẹ́wọ́ ẹ̀ṣẹ̀ mi fún Olúwa,” ìwọ sì dárí ẹ̀bi ẹ̀ṣẹ̀ mi jì mí. (Sela)
၅ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
6 Nítorí náà jẹ́ kí gbogbo àwọn olódodo máa gbà àdúrà sí ọ ní ìgbà tí a lè rí ọ; nítòótọ́ nígbà tí ìṣàn omi ńlá bá ru sókè, wọn kì yóò lè dé ọ̀dọ̀ rẹ̀.
၆သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌ အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။ အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။
7 Ìwọ ni ibi ìpamọ́ mi; ìwọ yóò pa mí mọ́ kúrò nínú ìyọnu; ìwọ yóò fi orin ìgbàlà yí mi ka. (Sela)
၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
8 Èmi yóò kọ́ ọ, èmi yóò sì fi ẹsẹ̀ rẹ lé ọ̀nà tí ìwọ yóò rìn èmi yóò máa gbà ọ́ ní ìyànjú, èmi yóò sì máa fi ojú mi tọ́ ọ.
၈ထာဝရဘုရားက ``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။
9 Má ṣe dàbí ẹṣin tàbí ìbáaka, tí kò ní òye ẹnu ẹni tí a gbọdọ̀ fi ìjánu bọ̀, kí wọn má ba à súnmọ́ ọ.
၉သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။
10 Ọ̀pọ̀ ìkáàánú ní yóò wà fún ènìyàn búburú, ṣùgbọ́n ìfẹ́ Olúwa tí ó dúró ṣinṣin ni yóò yí àwọn tí ó ní ìgbẹ́kẹ̀lé nínú Olúwa ká.
၁၀သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။ သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။
11 Ẹ yọ̀ nínú Olúwa, kí ẹ sì ní inú dídùn, ẹ̀yìn olódodo; ẹ sì máa kọrin, gbogbo ẹ̀yìn tí àyà yín dúró ṣinṣin.
၁၁အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။