< Psalms 3 >
1 Saamu ti Dafidi. Nígbà ti ó sá fún ọmọ rẹ̀ Absalomu. Olúwa, báwo ni àwọn ọ̀tá mi ṣe pọ̀ tó báyìí! Báwo ni àwọn ti ó dìde sí mi ṣe pọ̀ tó!
၁ထာဝရဘုရား၊ ကျွန်တော်မျိုးတွင်ရန်သူများစွာရှိပါ၏။ ကျွန်တော်မျိုးတစ်ဘက်၌ထကြွသူများကြပါ၏။
2 Ọ̀pọ̀lọpọ̀ ni ó ń sọ ní ti tèmi, pé “Ọlọ́run kò nígbà á là.” (Sela)
၂သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
3 Ṣùgbọ́n ìwọ ni asà yí mi ká, Olúwa; ìwọ fi ògo fún mi, ìwọ sì gbé orí mi sókè.
၃သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
4 Olúwa ni mo kígbe sókè sí, ó sì dá mi lóhùn láti orí òkè mímọ́ rẹ̀ wá. (Sela)
၄ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
5 Èmi dùbúlẹ̀, mo sì sùn; mo sì tún padà jí, nítorí Olúwa ni ó ń gbé mi ró.
၅ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။
6 Èmi kì yóò bẹ̀rù ẹgbẹẹgbẹ̀rún ènìyàn tí wọ́n rọ̀gbà yí mi ká.
၆မိမိပတ်လည်တွင်ဝိုင်းရံလျက်ရှိသော ရန်သူထောင်သောင်းများစွာတို့ကို ငါသည်မကြောက်။
7 Dìde, Olúwa! Gbà mí, Ọlọ́run mi! Lu gbogbo àwọn ọ̀tá mi ní àgbọ̀n; kí o sì ká eyín àwọn ènìyàn búburú.
၇အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။
8 Láti ọ̀dọ̀ Olúwa ni ìgbàlà ti wá. Kí ìbùkún rẹ wà lórí àwọn ènìyàn rẹ. (Sela)
၈ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။