< Psalms 28 >

1 Ti Dafidi. Ìwọ Olúwa, mo ké pe àpáta mi. Má ṣe kọ etí dídi sí mi. Tí ìwọ bá dákẹ́ sí mi, èmí yóò dàbí àwọn tí ó lọ sí ọ̀gbun.
ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​အ​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ကျွန်​တော်​မျိုး ဟစ်​ခေါ်​ပါ​၏။ ထူး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ထူး​တော်​မ​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​သေ​ရွာ​သွား​ရ​ပါ​လိမ့်​မည်။
2 Gbọ́ ohùn ẹ̀bẹ̀ mi fún àánú, bí mo ṣe ń ké pè ọ́ fún ìrànlọ́wọ́, bí mo ṣe gbé àwọn ọwọ́ mi sókè sí Ibi Mímọ́ rẹ Jùlọ.
ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။
3 Má ṣe fà mí lọ pẹ̀lú ènìyàn búburú àti, pẹ̀lú àwọn oníṣẹ́ ẹ̀ṣẹ̀, tí ń sọ̀rọ̀ àlàáfíà sí aládùúgbò wọn ṣùgbọ́n tí ìwà ìkà ń bẹ nínú wọn.
မ​ကောင်း​မှု​ပြု​သည့်​သူ​ယုတ်​မာ​များ​နှင့်​အ​တူ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မ​မူ ပါ​နှင့်။ ထို​သူ​တို့​သည်​နှုတ်​ချို​သော်​လည်း​မုန်း​စိတ်​ရှိ ကြ​ပါ​၏။
4 San ẹ̀san wọn gẹ́gẹ́ bí iṣẹ́ wọn àti fún iṣẹ́ ibi wọn; gba ẹ̀san wọn gẹ́gẹ́ bí iṣẹ́ ọwọ́ wọn; kí o sì san ẹ̀san wọn bí ó ti tọ́.
ထို​သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​ကူး​လွန်​သော အ​ပြစ်​များ​အ​တွက်​သူ​တို့​အား​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ။ သူ​တို့​၏​အ​ကျင့်​ဆိုး​များ​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ သူ​တို့​အ​ပြစ်​နှင့်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို စီ​ရင်​တော်​မူ​ပါ။
5 Nítorí pé wọn kò ka iṣẹ́ Olúwa sí, tàbí àwọn iṣẹ́ ọwọ́ rẹ̀ òun ó rún wọn wọlẹ̀ kì yóò sì gbé wọn ró mọ́.
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ကိုယ်​တော် ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ကြ​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၍​ထာ​ဝ​စဉ်​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။
6 Alábùkún fún ni Olúwa! Nítorí pé ó ti gbọ́ ohùn ẹ̀bẹ̀ mi.
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကူ​မ​တော်​မူ​ရန်​ငါ​အော်​ဟစ်​သည်​ကို ကိုယ်​တော်​ကြား​တော်​မူ​ပြီ။
7 Olúwa ni agbára mi àti asà mi; nínú rẹ̀ ni mo gbẹ́kẹ̀lé; àní, ó sì ràn mí lọ́wọ́. Ọkàn mi sì gbé sókè fún ayọ̀ àní pẹ̀lú orin mi mo fi ọpẹ́ fún un.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။ ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့် ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။
8 Olúwa ni agbára àwọn ènìyàn rẹ̀ òun ni odi ìgbàlà àwọn ẹni àmì òróró rẹ̀.
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ရှင်​ဘု​ရင်​အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​မ​တော်​မူ​၏။
9 Ìwọ gba àwọn ènìyàn rẹ là, kí o sì bùkún àwọn ajogún rẹ; di olùṣọ́-àgùntàn wọn, kí o sì gbé wọn lékè títí ayérayé.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပိုင်​တော်​မူ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​အား​သိုး​ထိန်း​သ​ဖွယ်​ထာ​ဝ​စဉ်​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​ပါ။

< Psalms 28 >