< Psalms 148 >

1 Ẹ fi ìyìn fún Olúwa. Ẹ fi ìyìn fún Olúwa láti ọ̀run wá, ẹ fi ìyìn fún un níbi gíga.
ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ထက်​ဘ​ဝဂ်​ဝယ်​နေ​ထိုင်​သူ​တို့၊ကောင်း​ကင် ဘုံ​မှ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
2 Ẹ fi ìyìn fún un, gbogbo ẹ̀yin angẹli rẹ̀, ẹ fi ìyìn fún un, gbogbo ẹ̀yin ọmọ-ogun rẹ̀.
ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
3 Ẹ fi ìyìn fún un, oòrùn àti òṣùpá. Ẹ fi ìyìn fún un, gbogbo ẹ̀yin ìràwọ̀ ìmọ́lẹ̀.
နေ​နှင့်​လ​တို့၊ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ထွန်း​တောက်​သော​ကြယ်​တာ​ရာ​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။
4 Ẹ fi ìyìn fún un, ẹ̀yin ọ̀run àti àwọn ọ̀run gíga àti ẹ̀yin omi tí ń bẹ ní òkè ọ̀run.
ကောင်း​ကင်​ဘဝဂ်​နှင့်​ကောင်း​ကင်​အ​ထက်​ရှိ ရေ​များ တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
5 Ẹ jẹ́ kí wọn kí ó yin orúkọ Olúwa nítorí ó pàṣẹ a sì dá wọn
ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​၍​ယင်း တို့​ကို ဖန်​ဆင်း​တော်​မူ​၏။
6 Ó fi ìdí wọn múlẹ̀ láé àti láéláé ó sì ti ṣe ìlànà kan tí kì yóò já.
ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ယင်း​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​နေ​ရာ​များ​တွင်​အ​စဉ် အ​မြဲ တည်​နေ​ရ​ကြ​၏။ ယင်း​တို့​သည်​အ​မိန့်​တော်​ကို​မ​လွန်​ဆန်​နိုင်​ကြ။
7 Ẹ yin Olúwa láti ilẹ̀ ayé wá ẹ̀yin ẹ̀dá inú òkun títóbi àti ẹ̀yin ibú òkun,
မြွေ​န​ဂါး​များ​နှင့်​ရေ​နက်​ရာ​အ​ရပ်​အ​ပေါင်း​တို့၊ လျှပ်​စစ်​လျှပ်​နွယ်​နှင့်​မိုး​သီး​တို့၊ မိုး​ပွင့်​နှင့်​မိုး​တိမ်​တို့၊ကိုယ်​တော်​၏​အ​မိန့်​တော်​ကို နာ​ခံ​သည့်​လေ​ပြင်း​မုန်​တိုင်း​တို့၊ ကမ္ဘာ​မြေ​ကြီး​မှ​နေ​၍​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။
8 mọ̀nàmọ́ná àti òjò yìnyín ìdí omi àti àwọn ìkùùkuu, ìjì líle tí ń mú ọ̀rọ̀ rẹ̀ ṣẹ,
9 òkè ńlá àti gbogbo òkè kéékèèké, igi eléso àti gbogbo igi kedari,
တောင်​ကုန်း​များ​နှင့်​တောင်​ရိုး​တို့၊သစ်​သီး​ပင် များ​နှင့် သစ်​တော​တို့​တိ​ရစ္ဆာန်​ယဉ်​နှင့်​တိ​ရစ္ဆာန်​ရိုင်း​တို့၊ တွား​တတ်​သော​သတ္တ​ဝါ​နှင့်​ငှက်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။
10 àwọn ẹranko ńlá àti ẹran ọ̀sìn gbogbo ohun afàyàfà àti àwọn ẹyẹ abìyẹ́,
၁၀
11 àwọn ọba ayé àti ènìyàn ayé gbogbo àwọn ọmọ-aládé àti gbogbo àwọn onídàájọ́ ayé,
၁၁ဘု​ရင်​များ​နှင့်​လူ​မျိုး​အ​ပေါင်း​တို့၊ မင်း​ညီ​မင်း​သား​များ​နှင့်​အုပ်​ချုပ်​သူ​အ​ပေါင်း တို့၊ ပျို​ရွယ်​သူ​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့၊ လူ​အို​နှင့်​က​လေး​သူ​ငယ်​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
12 ọ̀dọ́mọkùnrin àti ọ̀dọ́mọbìnrin àwọn arúgbó àti àwọn ọmọdé.
၁၂
13 Ẹ jẹ́ kí wọn kí ó yin orúkọ Olúwa nítorí orúkọ rẹ̀ nìkan ni ó ní ọlá ògo rẹ̀ kọjá ayé àti ọ̀run
၁၃ယင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​နာ​မ​ရှိ​သ​မျှ​ထက် ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း​ကင်​အ​ထက် ၌​ရှိ​၏။
14 Ó sì gbé ìwo kan sókè fún àwọn ènìyàn rẹ̀, ìyìn fún gbogbo ènìyàn mímọ́ rẹ̀ àní fún àwọn ọmọ Israẹli, àwọn ènìyàn tí ó súnmọ́ ọ̀dọ̀ rẹ̀. Ẹ fi ìyìn fún Olúwa.
၁၄ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်၊ မိ​မိ​ချစ်​မြတ်​နိုး​တော်​မူ​လှ​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ခွန်​အား​ကြီး​မား​စေ​တော်​မူ​သ​ဖြင့်​ထို​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

< Psalms 148 >