< Psalms 130 >

1 Orin fún ìgòkè. Láti inú ibú wá ni èmi ń ké pè é ọ́ Olúwa
အိုထာဝရဘုရား ၊ နက်နဲ ရာထဲက ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။
2 Olúwa, gbóhùn mi, jẹ́ kí etí rẹ kí o tẹ́ sílẹ̀ sí ohùn ẹ̀bẹ̀ mi.
အို ထာဝရ ဘုရား၊ အကျွန်ုပ် ၏ စကား သံကို ကြား ၍၊ အကျွန်ုပ် ဆုတောင်း ပဌနာပြုသံ ကို နားညောင်း တော်မူပါ။
3 Olúwa, ìbá ṣe pé kí ìwọ máa sàmì ẹ̀ṣẹ̀, Olúwa, tá ni ìbá dúró.
အို ဘုရား ရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ် များကို မှတ် တော်မူလျှင် အဘယ်သူ သည် ခံရပ် နိုင်ပါမည်နည်း။
4 Nítorí ìdáríjì wà lọ́dọ̀ rẹ, kí a lè máa bẹ̀rù rẹ.
ကိုယ်တော် ကို ကြောက်ရွံ့ စရာအကြောင်း ရှိစေခြင်းငှါ၊ အပြစ် လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။
5 Èmi dúró de Olúwa, ọkàn mi dúró, àti nínú ọ̀rọ̀ rẹ ni èmi ń ṣe ìrètí.
ထာဝရဘုရား ကို ငါစောင့် လျက်နေ၏။ ငါ့ ဝိညာဉ် သည် စောင့် လျက်နေ၏။ နှုတ်ကပတ် တော်ကို ငါမြော်လင့် ၏။
6 Ọkàn mi dúró de Olúwa, ju àwọn tí ń ṣọ́nà òwúrọ̀ lọ, àní ju àwọn tí ń ṣọ́nà òwúrọ̀ lọ.
နံနက် ကို မြော်လင့် သောသူတို့ ထက်မက ၊ ငါ့ ဝိညာဉ် သည် ဘုရား ရှင်ကို မြော်လင့် လျက်နေ၏။
7 Israẹli, ìwọ ní ìrètí ní ti Olúwa: nítorí pé lọ́dọ̀ Olúwa ni àánú wà, àti lọ́dọ̀ rẹ̀ ni ọ̀pọ̀lọpọ̀ ìdáǹdè wà.
ဣသရေလ အမျိုးသည် ထာဝရဘုရား ကို မြော်လင့် ပါစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၌ ကရုဏာ ရှိ၏။ များစွာ သော ရွေးနှုတ် ခြင်းကျေးဇူးရှိ၏။
8 Òun ó sì dá Israẹli ní ìdè kúrò nínú ẹ̀ṣẹ̀ rẹ̀ gbogbo.
ဣသရေလ အမျိုးကို ခပ်သိမ်း သောဒုစရိုက် အပြစ်တို့အထဲက ရွေးနှုတ် တော်မူလိမ့်မည်။

< Psalms 130 >