< Psalms 122 >

1 Orin fún ìgòkè. Ti Dafidi. Inú mi dùn nígbà tí wọ́n wí fún mi pé, “Ẹ jẹ́ kí á lọ sílé Olúwa.”
ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။
2 Ẹsẹ̀ wa yóò dúró ní ẹnu ibodè rẹ, ìwọ Jerusalẹmu.
အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။
3 Jerusalẹmu, ìwọ tí a kọ́ bí ìlú tí o fi ara mọ́ra pọ̀ ṣọ̀kan.
ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏။
4 Níbi tí àwọn ẹ̀yà máa ń gòkè lọ, àwọn ẹ̀yà Olúwa, ẹ̀rí fún Israẹli, láti máa dúpẹ́ fún orúkọ Olúwa.
အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။
5 Nítorí ibẹ̀ ni a gbé ìtẹ́ ìdájọ́ kalẹ̀, àwọn ìtẹ́ ilé Dafidi.
ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။
6 Gbàdúrà fún àlàáfíà Jerusalẹmu; àwọn tí ó fẹ́ ọ yóò ṣe rere.
ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
7 Kí àlàáfíà kí ó wà nínú odi rẹ̀, àti ìre nínú ààfin rẹ̀.
သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
8 Nítorí àwọn ọkùnrin àti àwọn ẹgbẹ́ mi èmi yóò wí nísinsin yìí pé, kí àlàáfíà kí ó wà nínú rẹ̀.
သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။
9 Nítorí ilé Olúwa Ọlọ́run wa, èmi yóò máa wá ìre rẹ̀.
ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။

< Psalms 122 >