< Psalms 104 >

1 Yin Olúwa, ìwọ ọkàn mi. Olúwa Ọlọ́run mi, ìwọ tóbi jọjọ; ọlá àti ọláńlá ni ìwọ wọ̀ ní aṣọ.
အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​တို့​ဖြင့်​တန်​ဆာ​ဆင်​လျက် ရှိ​တော်​မူ​ပါ​၏။
2 Ìwọ fi ìmọ́lẹ̀ bo ara rẹ gẹ́gẹ́ bí aṣọ; ó tẹ ọ̀run bí títẹ́ ẹní,
ကိုယ်​တော်​ရှင်​သည်​မိ​မိ​ကိုယ်​ကို​အ​လင်း​ရောင်​ဖြင့် လွှမ်း​ခြုံ​တော်​မူ​ပါ​၏။ မိုး​ကောင်း​ကင်​ကို​တဲ​ရှင်​သ​ဖွယ်​ဖြန့်​တော်​မူ​၍
3 ìwọ tí ó fi omi ṣe ìtì igi àjà ìyẹ̀wù rẹ. Ìwọ tí o ṣe àwọsánmọ̀ ní kẹ̀kẹ́ ogun rẹ ìwọ tí ó ń rìn lórí apá ìyẹ́ afẹ́fẹ́.
မိုး​မျက်​နှာ​ကျက်​ရှိ​ရေ​ပြင်​အ​ထက်​တွင်​အိမ်​တော်​ကို တည်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိုး​တိမ်​တို့​ကို​ရ​ထား​သ​ဖွယ်၊ လေ​ကို​အ​တောင်​များ​သ​ဖွယ်​စီး​တော်​မူ​၏။
4 Ó fi ẹ̀fúùfù ṣe àwọn ìránṣẹ́ rẹ, ọ̀wọ́-iná ni àwọn olùránṣẹ́ rẹ.
ကိုယ်​တော်​ရှင်​သည်​လေ​တို့​ကို​စေ​တ​မန်​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လျှပ်​စစ်​လျှပ်​နွယ်​တို့​ကို​အ​စေ​ခံ​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း​အ​သုံး​ပြု​တော် မူ​ပါ​၏။
5 O fi ayé gúnlẹ̀ lórí àwọn ìpìlẹ̀; tí a kò le è mì láéláé.
ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​လှုပ်​ရှား​နိုင်​စိမ့် သော​ငှာ အုတ်​မြစ်​ချ​၍​တည်​တော်​မူ​ပါ​ပြီ။
6 Ìwọ fi ibú omi bò ó mọ́lẹ̀ bí aṣọ; àwọn omi sì dúró lórí àwọn òkè ńlá.
ထို​နောက်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ​ဖြင့် ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​တော်​မူ​ပါ​၏။ ရေ​သည်​လည်း​တောင်​များ​ကို​လွှမ်း​မိုး​ပါ​၏။
7 Ṣùgbọ́n nípa ìbáwí rẹ ni àwọn omi lọ, nípa ohùn àrá rẹ ni wọ́n sálọ.
ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ ရေ​တို့​သည်​ပြေး​သွား​ကြ​ပါ​၏။ ရေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​မိုး​ချုန်း​သံ​ကို ကြား​သော​အ​ခါ​လျင်​မြန်​စွာ​စီး​ဆင်း​သွား ကြ​ပါ​၏။
8 wọ́n sàn kọjá lórí àwọn òkè, wọ́n sọ̀kalẹ̀ lọ sí àwọn pẹ̀tẹ́lẹ̀, sí ibi tí ìwọ ti yàn fún wọn.
ရေ​တို့​သည်​တောင်​များ​ပေါ်​မှ ချိုင့်​ဝှမ်း​များ​သို့​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​သူ​တို့​အ​တွက်​ပြင်​ဆင်​သတ်​မှတ် ထား​သည့်​အ​ရပ်​သို့​လည်း​ကောင်း​စီး​သွား ကြ​ပါ​၏။
9 Ìwọ gbé òpin tí wọn kò lè kọjá rẹ̀ kálẹ̀; láéláé ni wọ́n kò ní lè bo ayé mọ́lẹ̀ lẹ́ẹ̀kan sí i.
ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန်​ရေ​မ​လွှမ်း​မိုး​စေ​ရန် ကိုယ်​တော်​ရှင်​သည်​ရေ​တို့​ကူး​ကျော်​၍​မ​ရ​နိုင်​သည့် နယ်​နိ​မိတ်​ကို​သတ်​မှတ်​ပေး​တော်​မူ​ပါ​၏။
10 Ìwọ mú kí ìsun da omi sí àwọn àfonífojì; tí ó ń sàn láàrín àwọn òkè.
၁၀ကိုယ်​တော်​ရှင်​သည်​ချိုင့်​ဝှမ်း​များ​တွင်​စမ်း​ချောင်း တို့​ကို ပေါ်​ပေါက်​စေ​တော်​မူ​၍​တော​များ​အ​ကြား​တွင် မြစ်​များ​စီး​ဆင်း​စေ​တော်​မူ​ပါ​၏။
11 Wọ́n fún gbogbo àwọn ẹranko igbó ní omi àwọn kẹ́tẹ́kẹ́tẹ́ ń pa òǹgbẹ wọn.
၁၁ထို​မြစ်​များ​သည်​တော​တိ​ရစ္ဆာန်​တို့​အား သောက်​ရေ​ကို​ပေး​ပါ​၏။ မြည်း​ရိုင်း​တို့​ကို​လည်း​ရေ​ငတ်​ပြေ​စေ ပါ​၏။
12 Àwọn ẹyẹ ojú òfúrufú tẹ́ ìtẹ́ wọn lẹ́gbẹ̀ẹ́ omi wọ́n ń kọrin láàrín àwọn ẹ̀ka.
၁၂အ​နီး​အ​နား​ရှိ​သစ်​ပင်​များ​ပေါ်​တွင်​ငှက် တို့​သည် အ​သိုက်​လုပ်​လျက်​သာ​ယာ​စွာ​အော်​မြည် ကြ​ပါ​၏။
13 Ó bu omi rin àwọn òkè láti ìyẹ̀wù rẹ̀ wá; a tẹ́ ayé lọ́rùn nípa èso iṣẹ́ ọwọ́ rẹ.
၁၃ကိုယ်​တော်​ရှင်​သည်​ကောင်း​ကင်​မှ​တောင်​များ ပေါ်​သို့ မိုး​ရွာ​ကျ​စေ​တော်​မူ​သ​ဖြင့် ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​ပြည့်​ဝ​စွာ​ခံ​စား​ရ​ပါ​၏။
14 Ó mú kí koríko hù jáde fún àwọn ẹranko láti jẹ àti àwọn ewébẹ̀ fún ènìyàn láti lò, kí ó lè mú oúnjẹ jáde láti ilẹ̀ wá.
၁၄ကိုယ်​တော်​သည်​တော​တိ​ရစ္ဆာန်​များ​စား​ဖို့ မြက်​များ​ကို​လည်း​ကောင်း၊ လူ​တို့​သုံး​ဖို့​ကောက်​ပင်​များ​ကို​လည်း ကောင်း ပေါက်​စေ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​လူ​သည်​သီး​နှံ​ပင်​များ​ကို​စိုက်​ပျိုး နိုင်​လျက်
15 Ọtí wáìnì tí ó ń mú ọkàn ènìyàn yọ̀, òróró láti mú ojú rẹ̀ tan, àti àkàrà láti ra ọkàn rẹ̀ padà.
၁၅မိ​မိ​အား​စိတ်​ကို​ပျော်​ရွှင်​စေ​ရန် စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ လန်း​ဆန်း​စေ​ရန်​သံ​လွင်​ဆီ​ကို​လည်း​ကောင်း၊ ခွန်​အား​ဖြစ်​စေ​ရန်​အ​စား​အ​စာ​ကို​လည်း​ကောင်း ရ​ရှိ​နိုင်​ပါ​၏။
16 Àwọn igi Olúwa ni a bu omi rin dáradára, kedari ti Lebanoni tí ó gbìn.
၁၆ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော​ကိုယ်​တော်​၏ သစ်​ပင်​များ​ဖြစ်​သည့်​လေ​ဗ​နုန်​တော​မှ အာ​ရဇ်​ပင်​တို့​သည်​မိုး​ရေ​များ​စွာ​ရ​ရှိ​ကြ​ပါ​သည်။
17 Níbẹ̀ ní àwọn ẹyẹ ṣe ìtẹ́ wọn bí ó ṣe tí àkọ̀ ni, orí igi gíga ni ilé rẹ̀.
၁၇ထို​အ​ရပ်​တွင်​ငှက်​တို့​သည်​အ​သိုက်​များ ပြု​လုပ်​ကြ​ပါ​၏။ တော​ငန်း​တို့​သည်​ထင်း​ရှူး​ပင်​များ​တွင် အ​သိုက်​များ​ပြု​လုပ်​ကြ​ပါ​၏။
18 Àwọn òkè gíga ni ààbò fún àwọn ewúrẹ́ igbó; àti àwọn àlàpà jẹ́ ààbò fún àwọn ehoro.
၁၈တော​ဆိတ်​တို့​သည်​တောင်​မြင့်​များ​ပေါ်​တွင် နေ​ကြ​ပါ​၏။ ခွေး​တူ​ဝက်​တူ​တို့​သည် ကျောက်​တောင်​စောင်း​များ​တွင်​ခို​အောင်း ကြ​ပါ​၏။
19 Òṣùpá jẹ́ àmì fún àkókò oòrùn sì mọ ìgbà tí yóò wọ̀.
၁၉ကိုယ်​တော်​ရှင်​သည်​အ​ချိန်​ကာ​လ​ကို သတ်​မှတ်​ရန်​အ​တွက်​လ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ နေ​သည်​မိ​မိ​ဝင်​ရ​မည့်​အ​ချိန်​ကို​သိ​ပါ​၏။
20 Ìwọ mú òkùnkùn wá, ó sì di òru, nínú èyí tí gbogbo ẹranko igbó ń rìn kiri.
၂၀ကိုယ်​တော်​ရှင်​သည်​ညဥ့်​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့် မှောက်​မိုက်​ချိန်​တွင်​တော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့ ထွက်​လာ​ကြ​ပါ​၏။
21 Kìnnìún ń bú ramúramù fún ohun ọdẹ wọn wọ́n sì ń wá oúnjẹ wọn láti ọ̀dọ̀ Ọlọ́run.
၂၁ခြင်္သေ့​ပျို​တို့​သည်​အ​စာ​ရှာ​နေ​စဉ်​ဟောက်​ကြ​ပါ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော အ​စာ​ကို​ရှာ​ကြ​၍
22 Oòrùn ràn, wọ́n sì kó ara wọn jọ, wọn padà lọ dùbúlẹ̀ sí ihò wọn.
၂၂နေ​ထွက်​လာ​သော​အ​ခါ​မိ​မိ​တို့​၏ သား​ရဲ​တွင်း​များ​သို့​ပြန်​၍​ခို​အောင်း​ကြ​ပါ​၏။
23 Ọkùnrin jáde lọ sí iṣẹ́ wọn, àti sí làálàá rẹ̀ títí di àṣálẹ́.
၂၃ထို​အ​ခါ​လူ​တို့​သည်​မိ​မိ​တို့​အ​လုပ်​များ​ကို လုပ်​ကိုင်​ရန်​ထွက်​လာ​ကာ​ည​နေ​ချမ်း​တိုင်​အောင် အ​လုပ်​လုပ်​ကြ​ပါ​၏။
24 Iṣẹ́ rẹ ti pọ̀ tó, Olúwa! Nínú ọgbọ́n ni ìwọ ṣe gbogbo wọn: ayé kún fún àwọn ìṣẹ̀dá á rẹ.
၂၄အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​သည် များ​လှ​ပါ​၏။ ဉာဏ်​ပ​ညာ​တော်​ဖြင့်​ထို​အ​ရာ​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင် ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ​များ​နှင့် ပြည့်​လျက်​ရှိ​ပါ​၏။
25 Bẹ́ẹ̀ ni Òkun yìí tí ó tóbi, tí ó sì ni ìbú, tí ó kún fún àwọn ẹ̀dá alààyè ní ìsàlẹ̀ láìníye ohun alààyè tí tóbi àti kékeré.
၂၅မ​ရေ​မ​တွက်​နိုင်​သော​သတ္တ​ဝါ​ကြီး​ငယ်​တို့ နေ​ထိုင်​ရာ အ​ပြော​ကျယ်​သည့်​သ​မုဒ္ဒ​ရာ​ကြီး​ရှိ​ပါ​၏။
26 Níbẹ̀ ni ọkọ̀ ń lọ síwá sẹ́yìn, àti Lefitani, tí ìwọ dá láti ṣe àríyá nínú rẹ̀.
၂၆သ​မုဒ္ဒ​ရာ​ထဲ​တွင်​သင်္ဘော​များ​ရွက်​လွှင့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သည့်​ရေသတ္တ​ဝါ ကြီး လ​ဝိ​သန်​သည်​လည်း​ခုန်​ပေါက်​မြူး​တူး ပါ​၏။
27 Àwọn wọ̀nyí ń wò ọ́ láti fún wọn ní oúnjẹ wọn lákòókò rẹ̀.
၂၇ထို​တိ​ရစ္ဆာန်​များ​အား​လုံး​တို့​သည်​အ​ချိန်​တန်​လျှင် အ​စာ​ရ​ရှိ​ရန်​ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ကြ​ပါ​၏။
28 Nígbà tí ìwọ bá fi fún wọn, wọn yóò kó jọ; nígbà tí ìwọ bá la ọwọ́ rẹ̀, a tẹ́ wọn lọ́rùn pẹ̀lú ohun rere.
၂၈ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကျွေး​မွေး​တော် မူ​သ​ဖြင့် သူ​တို့​သည်​စား​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စာ​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ကျေ​နပ်​ရောင့်​ရဲ​ရ​ကြ​ပါ​၏။
29 Nígbà tí ìwọ bá pa ojú rẹ mọ́ ara kò rọ̀ wọ́n nígbà tí ìwọ bá mú ẹ̀mí wọn lọ, wọn ó kú, wọn ó sì padà sí erùpẹ̀.
၂၉ကိုယ်​တော်​ရှင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​သေ​၍​မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည် ရောက်​ရှိ​သွား​ရ​ကြ​ပါ​၏။
30 Nígbà tí ìwọ rán ẹ̀mí rẹ, ni a dá wọn, ìwọ sì tún ojú ayé ṣe.
၃၀သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​သူ​တို့​အ​ထဲ​သို့ ထွက်​သက်​ဝင်​သက်​ကို​သွင်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဖန်​ဆင်း​ခြင်း​ခံ​ရ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကြီး​ကို အ​သစ်​တစ်​ဖန်​ရှင်​သန်​စေ​ပါ​၏။
31 Jẹ́ kí ògo Olúwa wà pẹ́ títí láé; kí inú Olúwa kí ó dùn ní ti iṣẹ́ rẹ̀,
၃၁ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် ထာ​ဝ​စဉ်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​အ​တွက် ဝမ်း​မြောက်​တော်​မူ​ပါ​စေ​သော။
32 ẹni tí ó wo ayé, tí ó sì wárìrì, ẹni tí ó fọwọ́ tọ́ àwọn òkè, tí wọ́n yọ èéfín.
၃၂ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့် တော်​မူ သော​အ​ခါ​ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​ရ​၏။ တောင်​တို့​ကို​တို့​ထိ​တော်​မူ​သော​အ​ခါ​တောင် များ​မှ မီး​ခိုး​ထွက်​ရ​၏။
33 Ní gbogbo ayé mi ní n ó kọrin sí Olúwa: èmi ó kọrin ìyìn sí Olúwa níwọ̀n ìgbà tí mo wà láààyè.
၃၃ငါ​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ငါ​၏​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
34 Jẹ́ kí ẹ̀kọ́ mi kí ó tẹ́ ọ lọ́rùn bí mo ti ń yọ̀ nínú Olúwa.
၃၄ကိုယ်​တော်​သည်​ငါ့​ကို​ဝမ်း​မြောက်​စေ​တော်​မူ​သည် ဖြစ်​၍ ငါ​ဆို​သော​သီ​ချင်း​ကို​ကိုယ်​တော်​နှစ်​သက် တော်​မူ​ပါ​စေ​သော။
35 Ṣùgbọ́n kí ẹlẹ́ṣẹ̀ kúrò láyé kí ènìyàn búburú má sì sí mọ́. Yin Olúwa, ìwọ ọkàn mi. Yin Olúwa.
၃၅အ​ပြစ်​ကူး​သူ​တို့​သည်​ကမ္ဘာ​မြေ​ပေါ်​မှ သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ​သော။ သူ​ယုတ်​မာ​တို့​သည်​ကွယ်​ပျောက်​ကြ​ပါ​စေ​သော။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။

< Psalms 104 >