< Psalms 10 >
1 Èéha ti ṣe, Olúwa, tí ìwọ fi dúró ní òkè réré? Èéha ti ṣe, tí ìwọ fi ara rẹ pamọ́ ní ìgbà ìpọ́njú?
၁အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေး ရပ် ၍ နေတော်မူသနည်း။ ဘေး အန္တရာယ် ရောက် သည်ကာလ အဘယ်ကြောင့်ပုန်းကွယ် ၍ နေတော်မူသနည်း။
2 Nínú àrékérekè ni ènìyàn búburú tí mu aláìlera, ẹni ti ó mú nínú ìdẹ̀kùn àrékérekè rẹ̀.
၂မတရား သောသူသည် မာန စိတ်ရှိ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲ တတ်ပါ၏။ မိမိ ပြုသော ပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီး တတ်ပါ၏။
3 Nítorí ènìyàn búburú ń ṣògo ìfẹ́ inú ọkàn rẹ̀; Ó bùkún olójúkòkòrò, ó sì ń kẹ́gàn Olúwa.
၃မတရား သောသူသည် မိမိ စိတ် အလို ၌ ဝါကြွား တတ်ပါ၏။ လောဘ ကြီးသောသူသည် ထာဝရဘုရား ကို ပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏။
4 Ènìyàn búburú kò lè rí nínú ìgbéraga rẹ̀; kò sí ààyè fún Ọlọ́run nínú gbogbo èrò rẹ̀.
၄မတရား သောသူသည် မာန ထောင်လွှား သောကြောင့် ၊ မ စဉ်းစား တတ်ပါ။ ဘုရား သခင်မ ရှိဟု အစဉ် အောက်မေ့ တတ်ပါ၏။
5 Ọ̀nà rẹ̀ ń gún régé nígbà gbogbo; òun ń gbéraga, òfin rẹ̀ sì jìnnà sí i; òun kẹ́gàn àwọn ọ̀tá rẹ̀.
၅အစဉ် ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင် တော်မူချက်တို့သည်သူ နှင့် ဝေးမြင့် သည်ဖြစ်၍ခပ်သိမ်း သောရန်သူ တို့ကို မထီမဲ့မြင် ပြုတတ်ပါ၏။
6 O wí fún ara rẹ̀, “Kò sí ohun tí ó lè mì mí. Inú mi yóò máa dùn nígbà gbogbo, èmi kò sì ní ní wàhálà.”
၆ငါသည်အစဉ်မ ရွေ့ ရ၊ ဆင်းရဲ ခြင်းသို့ မ ရောက်ရ ဟု အောက်မေ့ တတ်ပါ၏။
7 Ẹnu rẹ̀ kún fún ègún àti irọ́ àti ìtànjẹ; wàhálà àti ohun búburú wà lábẹ́ ahọ́n rẹ̀.
၇သူ ၏နှုတ် သည်ကျိန်ဆဲ ခြင်း၊ လှည့်စား ခြင်း၊ ရှုတ်ချ ခြင်းနှင့် ပြည့်ဝ ပါ၏။ လျှာ အောက် မှာ မကောင်း သောအကြံနှင့် မ တရားသော အမှုရှိပါ၏။
8 Ó lúgọ ní bùba nítòsí ìletò. Ò gọ níbi ìkọ̀kọ̀ láti pa aláìṣẹ̀. Ojú rẹ̀ ń ṣọ́ àwọn tálákà ní ìkọ̀kọ̀.
၈ရွာ အနားတွင် ပုန်း နေရာအရပ်မှာ ထိုင် ၍၊ အပြစ် မရှိသောသူကို ဆိတ်ကွယ် ရာအရပ်၌ သတ် တတ် ပါ၏။ ဆင်းရဲ သောသူ ကို ချောင်းမြောင်း တတ်ပါ၏။
9 Ó ba ní ní bùba bí i kìnnìún nínú pàǹtí; Ó ba ní bùba láti mú àwọn aláìní ìrànwọ́; ó mú àwọn aláìlólùrànlọ́wọ́, ó sì wọ́ wọn lọ sínú àwọ̀n rẹ̀.
၉ချုံ ထဲ မှာနေသောခြင်္သေ့ ကဲ့ သို့ကွယ် ရာအရပ်၌ ပုန်း ၍နေတတ်ပါ၏။ ဆင်းရဲ သောသူကို ဘမ်းဆီး ခြင်းငှါ ပုန်းကွယ် ၍ နေပါ၏။ ဆင်းရဲ သောသူကို ကွန်ရွက် ထဲ သို့ ဆွဲ ၍ဘမ်းဆီး တတ်ပါ၏။
10 Ó ba, ó rẹ ara rẹ̀ sílẹ̀; kí tálákà ba à le bọ́ sí ọwọ́ agbára rẹ̀.
၁၀ထိုသို့ ညှဉ်းဆဲ နှိပ်စက် ခြင်းကို ခံရ၍ ၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ ၏လက် သို့ ကျ ရောက် တတ် ကြပါ၏။
11 Ó wí fún ara rẹ̀, “Ọlọ́run ti gbàgbé; Ó pa ojú rẹ̀ mọ́, òun kì yóò rí i láéláé.”
၁၁ထို သူက၊ ဘုရား သခင်သည် မေ့လျော့ တော်မူ၏။ မျက်နှာ ကို လွှဲ တော်မူ၏။ မြင် တော်မ မူဟု အောက်မေ့ တတ်ပါ၏။
12 Dìde, Olúwa! Gbé ọwọ́ rẹ sókè, Ọlọ́run. Má ṣe gbàgbé àwọn olùpọ́njú.
၁၂အိုထာဝရဘုရား ထ တော်မူပါ။ အိုဘုရား သခင်လက် တော်ကို ချီ တော်မူပါ။ နှိမ့်ချ လျက်ရှိသောသူတို့ကို မေ့လျော့ တော်မ မူပါနှင့်။
13 Èéṣe tí ènìyàn búburú ṣe ń kẹ́gàn Ọlọ́run? Èéṣe tí o fi wí nínú ọkàn ara rẹ̀, “Kò ní pè mí láti ṣe ìṣirò”?
၁၃မတရား သောသူသည် ဘုရား သခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ် တော်မ မူဟု အဘယ်ကြောင့်အောက်မေ့ ရပါအံ့နည်း။
14 Ṣùgbọ́n ìwọ, Ọlọ́run, ni ó rí wàhálà àti ìrora; Ìwọ rò láti fi sí ọwọ́ rẹ. Tálákà fi ara rẹ̀ jì fún ọ; Ìwọ ni olùrànlọ́wọ́ àwọn aláìní baba.
၁၄သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
15 Ṣẹ́ apá àwọn ènìyàn búburú àti ènìyàn ibi; pè é láti wá ṣírò fún ìwà ìkà rẹ̀ tí a kò le è rí.
၁၅မတရား သဖြင့် ပြု၍ ဆိုး သောသူ ၏လက်ရုံး ကို ချိုး တော်မူပါ။ သူ ပြုသော အဓမ္မအမှုကို အကုန်အစင်စစ် တော်မူပါ။
16 Olúwa ń jẹ ọba láé àti láéláé; àwọn orílẹ̀-èdè yóò ṣègbé lórí ilé rẹ.
၁၆ထာဝရဘုရား သည် ကာလ အစဉ်အမြဲတည် သော ရှင် ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိုးသား တို့သည် နိုင်ငံ တော်ထဲ က ကွယ်ပျောက် ကြပါလိမ့်မည်။
17 Ìwọ́ gbọ́, Olúwa, ìfẹ́ àwọn tí a ni lára; Ìwọ gbà wọ́n níyànjú, ó sì gbọ́ igbe wọn,
၁၇အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချ လျက် ရှိသောသူတို့ ၏တောင့်တ ခြင်း အသံကိုကြား တော်မူ၏။ သူ တို့၏စိတ် နှလုံးကို တည်ကြည် စေတော်မူ၏။
18 láti ṣe ìdájọ́ àwọn aláìní baba àti àwọn ti a ni lára, kí ọkùnrin, tí ó wà ní ayé, kí ó má ṣe dẹ́rùbà ni mọ́.
၁၈ဆင်းရဲသားကို သူ ၏မြေ မှ တဖန် မ နှင်ထုတ် မည် အကြောင်း ၊ မိဘ မရှိသော သူနှင့် ညှဉ်းဆဲ ခံရသောသူတို့ ကို တရား ပေးခြင်းငှါ နား တော်ကို ဖွင့် တော်မူ၏။