< Proverbs 8 >

1 Ǹjẹ́ ọgbọ́n kò ha ń kígbe síta? Òye kò ha ń gbé ohùn rẹ sókè?
ဉာဏ် ပညာသည်ခေါ် ၍ မိမိ အသံ ကို လွှင့် သည် မ ဟုတ်လော။
2 Ní ibi gíga ní ẹ̀gbẹ́ ọ̀nà, ní ìkóríta, ní ó dúró;
မြင့် သောအရပ် ထိပ် ၌ ၎င်း၊ လမ်း ခရီးအနား ၌ ၎င်း ရပ် နေ၏။
3 ní ẹgbẹ́ ibodè tí ó wọ ìlú, ní ẹnu ibodè ni ó ń kígbe sókè:
ကြီးသောတံခါးဝ ၊ မြို့ တံခါး ၊ အိမ်တံခါး ဝမှာ ကြွေးကြော် ၍၊
4 “Sí i yín ẹ̀yin ènìyàn, ní mo ń kígbe pè; mo gbé ohun mi sókè sí gbogbo ènìyàn.
အချင်းလူ တို့၊ သင် တို့အား ငါခေါ် ၏။ လူ သားတို့ အား အသံ ကို ငါ လွှင့်၏။
5 Ẹ̀yin aláìmọ̀kan, ẹ kọ́gbọ́n; ẹ̀yin aṣiwèrè, ẹ gba òye.
ဉာဏ် တိမ်သောသူတို့၊ ပညာ တရားကို နားလည် ကြလော့။ လူမိုက် တို့၊ ထိုးထွင်းသော ဉာဏ် ရှိ ကြလော့။
6 Ẹ gbọ́, nítorí tí èmi ó sọ̀rọ̀ ohun iyebíye; Èmí ṣí ètè mi láti sọ ohun tí ó tọ́,
နားထောင် ကြ။ မြတ် သောစကားကို ငါပြော မည်။ မှန် သောတရားစကားကို ငါ နှုတ်မြွက် မည်။
7 ẹnu mi ń sọ ohun tí í ṣe òtítọ́, nítorí ètè mi kórìíra ibi.
ငါ့ နှုတ်ထွက် စကား သည် သမ္မာ တရားနှင့်သာ ဆိုင်၍ ၊ ငါ့ နှုတ်ခမ်း တို့သည် ဒုစရိုက် ကို စက်ဆုပ် ရွံ့ရှာ၏။
8 Gbogbo ọ̀rọ̀ ẹnu mi ni ó tọ́, kò sí èyí tí ó jẹ́ ẹ̀tàn tàbí àyídáyidà níbẹ̀.
ငါ ဟောပြော သမျှ သော စကား တို့သည် ဖြောင့်မတ် ၍ ၊ ကောက် သောသဘော၊ ဖောက်ပြန် သောသဘော နှင့် ကင်းစင် ကြ၏။
9 Fún olóye gbogbo rẹ̀ ni ó tọ̀nà; wọ́n jẹ́ aláìlẹ́gàn fún gbogbo ẹni tí ó ní ìmọ̀.
နားလည် သောသူ၌ အလုံးစုံ ရှင်းလင်း ၍ ၊ ပညာ ကိုရ သောသူတို့ အား ဟုတ်မှန် ကြ၏။
10 Yan ẹ̀kọ́ mi dípò fàdákà, ìmọ̀ dípò o wúrà àṣàyàn,
၁၀ငွေ အရင်၊ ငါ့ နည်း ကို၎င်း၊ မြတ် သောရွှေ အရင် ၊ ပညာ အတတ်ကို၎င်း ခံယူ ကြလော့။
11 nítorí ọgbọ́n ṣe iyebíye jù iyùn lọ, kò sí ohun tí ọkàn rẹ̀ fẹ́ tí a sì le fiwé e.
၁၁အကြောင်း မူကား၊ ပညာ သည် ပတ္တမြား ထက် သာ၍မြတ် ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
12 “Èmi, ọgbọ́n ń gbé pẹ̀lú òye; mo ní ìmọ̀ àti ọgbọ́n-inú.
၁၂ငါ့ ဉာဏ် ပညာသည် သမ္မာ သတိနှင့် ပေါင်း ၍၊ လိမ္မာ သော သိပ္ပံ အတတ်များကို ဘော် တတ်၏။
13 Ìbẹ̀rù Olúwa ni ìkórìíra ibi mo kórìíra ìgbéraga àti agídí, ìwà ibi àti ọ̀rọ̀ ẹ̀tàn.
၁၃ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။
14 Ìmọ̀ràn àti ọgbọ́n tí ó yè kooro jẹ́ tèmi mo ní òye àti agbára.
၁၄အကြံ ပေးနိုင်သော အခွင့်နှင့် ပညာ ရတနာသည် ငါ ၌ ရှိ၏။ ငါ သည်ဉာဏ် ဖြစ်၍ အစွမ်း သတ္တိနှင့်ပြည့်စုံ၏။
15 Nípasẹ̀ mi ni ọba ń ṣàkóso tí àwọn aláṣẹ sì ń ṣe òfin tí ó dára.
၁၅ငါ့ အားဖြင့် ရှင် ဘုရင်တို့သည် စိုးစံ ရသောအခွင့်၊ မင်း အရာရှိတို့သည် ဆုံးဖြတ် ရသောအခွင့်ရှိကြ ၏။
16 Nípasẹ̀ mi àwọn ọmọ-aládé ń ṣàkóso, àti gbogbo ọlọ́lá tí ń ṣàkóso ilẹ̀ ayé.
၁၆ငါ့ အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်း တို့သည် အစိုးရ သောအခွင့် ရှိကြ၏။
17 Mo fẹ́ràn àwọn tí ó fẹ́ràn mi, àwọn tí ó sì wá mi rí mi.
၁၇ငါ့ ကိုချစ် သောသူတို့ ကို ငါချစ် ၏။ ငါ့ ကိုကြိုးစား၍ ရှာ သောသူတို့သည် တွေ့ တတ်ကြ၏။
18 Lọ́dọ̀ mi ni ọrọ̀ àti ọlá wà, ọrọ̀ tí í tọ́jọ́ àti ìgbéga rere.
၁၈ငါ ၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။
19 Èso mi dára ju wúrà dáradára lọ; ohun tí mò ń mú wá ju àṣàyàn fàdákà lọ.
၁၉ငါ ပေးသောအကျိုး သည် ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍မြတ်၏။ ငါ ကြောင့်ရသောအခွန် ဘဏ္ဍာသည် ငွေ တော်ထက် သာ၍မြတ် ၏။
20 Mò ń rìn ní ọ̀nà òdodo, ní ojú ọ̀nà òtítọ́,
၂၀ငါသည် ဖြောင့်မတ် ခြင်းလမ်း ၊ တရား သဖြင့် စီရင်ခြင်းလမ်း အလယ် ၌ ရှောက်သွား သည်ဖြစ်၍၊
21 mò ń fi ọrọ̀ fún gbogbo àwọn tí ó fẹ́ràn mi mo sì ń mú kí ilé ìṣúra wọn kún.
၂၁ငါ့ ကိုချစ် သောသူတို့ သည် အမွေ ခံရသောအခွင့်နှင့် ၊ သူ တို့ဘဏ္ဍာ တိုက်ပြည့်ဝ စေသော အခွင့်ကို ငါပေးတတ်၏။
22 “Èmi ni Olúwa kọ́kọ́ dá nínú iṣẹ́ rẹ̀. Ṣáájú àwọn iṣẹ́ rẹ̀ àtijọ́;
၂၂ထာဝရဘုရား သည် ရှေး အမှု တော်ကို မ ပြုမှီ ထွက်ကြွ တော်မူစ ကပင် ငါ့ ကို ပိုင် တော်မူ၏။
23 a ti yàn mí láti ayérayé, láti ìbẹ̀rẹ̀ pẹ̀pẹ̀, kí ayé tó bẹ̀rẹ̀.
၂၃မြေကြီး မ ဖြစ်မှီ၊ ရှေ့ဦးစွာ သောကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက် ခံပြီ။
24 Nígbà tí kò tí ì sí Òkun, ni a ti bí mi, nígbà tí kò tí ì sí ìsun tí ó ní omi nínú;
၂၄နက်နဲ သောပင်လယ်မ ဖြစ်၊ ရေ နှင့်ကြွယ်ဝ သော စမ်းရေ တွင်းမ ဖြစ်မှီ ငါ့ကိုဖြစ် ဘွားစေတော်မူ၏။
25 kí a tó fi àwọn òkè sí ipò wọn, ṣáájú àwọn òkè ni a ti bí mi,
၂၅တောင် ကြီးမ တည် ၊ တောင် ငယ်မဖြစ် မှီ၊
26 kí ó tó dá ilẹ̀ ayé tàbí àwọn oko rẹ̀ tàbí èyíkéyìí nínú eruku ayé.
၂၆မြေကြီး နှင့် လယ် တောများကို မ ဖန်ဆင်း ၊ အဦးဆုံး သော မြေမှုန့် ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
27 Mo wà níbẹ̀ nígbà tí ó fi àwọn ọ̀run sí ipò wọn, nígbà tí ó fi òsùwọ̀n àyíká sórí ibú omi,
၂၇မိုဃ်းကောင်းကင် ကို ပြင် တော်မူသောအခါ ငါ ရှိ ၏။ သမုဒ္ဒရာ မျက်နှာ ကို ကန့်ကွက် သောအမှု၊
28 nígbà tí ó ṣẹ̀dá òfúrufú lókè tí ó sì fi orísun ibú omi sí ipò rẹ̀ láì le è yẹsẹ̀,
၂၈အထက် မိုဃ်းတိမ် ကို တည် စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေ ပေါက်တို့ကို ခိုင်ခံ့ စေသောအမှု၊
29 nígbà tí ó ṣe ààlà fún omi Òkun kí omi má ba à kọjá ààlà àṣẹ rẹ̀, àti nígbà tí ó pààlà ìpìlẹ̀ ayé.
၂၉သမုဒ္ဒရာ ၌ ကန့် ကွက်သောအပိုင်းအခြားကို ရေ မ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ ၊
30 Nígbà náà èmi ni gbẹ́nàgbẹ́nà ẹ̀gbẹ́ rẹ̀ mo kún fún inú dídùn lójoojúmọ́, mo ń yọ̀ nígbà gbogbo níwájú rẹ̀.
၃၀ငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံ တော်ပါးတွင် နေ ၍ ၊ အစဉ် မပြတ်မွေ့လျော် တော်မူရာ ဖြစ် ၏။ ရှေ့ တော်၌ အစဉ် မပြတ် ကစား လျက် ၊
31 Mo ń yọ̀ nínú gbogbo àgbáyé tí ó dá mo sì ní inú dídùn sí àwọn ọmọ ènìyàn.
၃၁ဖန်ဆင်းတော်မူသောမြေကြီး တပြင်လုံး တွင် ရွှင်လန်း လျက် ၊ လူ သားတို့နှင့်ပေါင်းဘော်၍ ပျော်ပါး လျက် နေ၏။
32 “Nítorí náà báyìí, ẹ̀yin ọmọ mi, ìbùkún ni fún àwọn tí ó pa ọ̀nà mi mọ́.
၃၂သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ၏လမ်း များကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာ ရှိကြ၏။
33 Fetí sí ìtọ́sọ́nà mi kí o sì gbọ́n; má ṣe pa á tì sápá kan.
၃၃ငါဆုံးမ ခြင်းကို မ ပယ် ကြနှင့်။ နားထောင် ၍ ပညာ ရှိကြလော့။
34 Ìbùkún ni fún ẹni tí ó fetísílẹ̀ sí mi, tí ń ṣọ́nà ní ẹnu-ọ̀nà mi lójoojúmọ́, tí ń dúró ní ẹnu-ọ̀nà mi.
၃၄ငါ့ စကားကို ကြား ၍ ငါ့ တံခါး နား မှာ နေ့ တိုင်း စောင့် လျက် ၊ တံခါး တိုင် နားမှာ မြော်လင့် လျက် နေသောသူ သည် မင်္ဂလာ ရှိ၏။
35 Nítorí ẹnikẹ́ni tí ó bá rí mi rí ìyè ó sì rí ojúrere gbà lọ́dọ̀ Olúwa.
၃၅ငါ့ ကိုရှာ ၍ တွေ့သောသူသည်အသက် ကိုတွေ့ ၏။ ထာဝရဘုရား ၏ ကျေးဇူး တော်ကိုလည်း ခံရ ၏။
36 Ṣùgbọ́n ẹnikẹ́ni tí ó bá kọ̀ láti rí ń pa ara rẹ̀ lára gbogbo ẹni tí ó kórìíra mi fẹ́ ikú.”
၃၆ငါ့ ကိုပြစ်မှား သော သူမူကား ၊ မိမိ အသက် ဝိညာဉ်ကိုပြစ်မှား ၏။ ငါ့ ကိုမုန်း သောသူအပေါင်း တို့သည် သေ ခြင်းကိုချစ် ကြ၏။

< Proverbs 8 >