< Proverbs 21 >

1 Ọkàn ọba ń bẹ lọ́wọ́ Olúwa; a máa darí rẹ̀ lọ ibi tí ó fẹ́ bí ipa omi.
ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။
2 Gbogbo ọ̀nà ènìyàn dàbí i pé ó dára lójú rẹ̀, ṣùgbọ́n, Olúwa ló ń díwọ̀n ọkàn.
လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။
3 Ṣíṣe ohun tí ó dára tí ó sì tọ̀nà ó ṣe ìtẹ́wọ́gbà sí Olúwa ju ẹbọ lọ.
ယဇ် ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ် စွာပြု ခြင်း၊ တရား သဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက် တော်မူ၏။
4 Ojú tí ó gbéga àti ọkàn ìgbéraga, ìmọ́lẹ̀ àwọn ènìyàn búburú, ẹ̀ṣẹ̀ ni!
ထောင်လွှား သောမျက်နှာ ၊ မာန ကြီးသောနှလုံး ၊ မ တရားသောသူတို့၏အလင်း သော်လည်း အပြစ် ပါ၏။
5 Ètè àwọn olóye jásí èrè bí ìkánjú ṣe máa ń fa òsì kíákíá.
လုံ့လ ဝိရိယပြုသောသူ၏အကြံ အစည်သည် ကြွယ်ဝ ခြင်းနှင့် ၎င်း၊ သမ္မာ သတိမရှိသောသူ ၏အကြံအစည် သည် ဆင်းရဲ ခြင်းနှင့် ၎င်း ဆိုင် ပေ၏။
6 Ìṣúra tí a kójọ nípasẹ̀ ahọ́n tí ń parọ́ jẹ́ ìrì lásán àti ìkẹ́kùn ikú.
မုသာ စကား အားဖြင့် ဘဏ္ဍာ ကိုဆည်းဖူးခြင်း အမှု သည် သေမင်း ကျော့ကွင်း တို့တွင် ပျောက်လွင့် သော အနတ္တ ဖြစ်၏။
7 Ìwà ipá àwọn ènìyàn búburú yóò wọ́ wọn lọ, nítorí wọ́n kọ̀ láti ṣe ohun tí ó tọ́.
မ တရားသောသူတို့ သည် တရား သဖြင့်မ စီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲ ခြင်းအပြစ်သည် မိမိ ကို ဖျက်ဆီး လိမ့်မည်။
8 Ọ̀nà ẹlẹ́ṣẹ̀ kún fún ìwà ẹ̀ṣẹ̀ ṣùgbọ́n iṣẹ́ onínú funfun jẹ́ títọ́.
လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။
9 Ó sàn láti máa gbé ní kọ̀rọ̀ orí òrùlé ju láti ṣe àjọpín ilé pẹ̀lú aya oníjà.
ရန်တွေ့ တတ်သောမိန်းမ နှင့်အတူလူ များသော အိမ် ၌နေ သည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာ နေသော် သာ၍ကောင်း ၏။
10 Ènìyàn búburú ń fẹ́ ibi aládùúgbò rẹ̀ kì í rí àánú kankan gbà lọ́dọ̀ rẹ̀.
၁၀မ တရားသောသူ သည် မနာလို သောစိတ်ရှိ၏။ အိမ်နီးချင်း ၌ ကျေးဇူး ပြုချင်သော အလို မ ရှိ။
11 Nígbà tí a bá ń fìyà jẹ ẹlẹ́gàn, òpè a máa kọ́gbọ́n, nígbà tí a bá sì kọ́ ọlọ́gbọ́n yóò ní ìmọ̀.
၁၁မထီမဲ့မြင် ပြုသောသူသည် အပြစ်ဒဏ် ကို ခံရသောအခါ ၊ ဉာဏ်တိမ် သောသူသည်သတိ ရတတ်၏။ သတိ ရသောသူသည်လည်း သွန်သင် ခြင်းကိုခံသောအခါ ၊ ပညာ တိုးပွါး တတ်၏။
12 Olódodo ṣàkíyèsí ilé ènìyàn búburú ó sì mú ènìyàn búburú wá sí ìparun.
၁၂တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
13 Ẹnikẹ́ni tí ó bá ti di etí rẹ̀ sí igbe olùpọ́njú, òun tìkára rẹ̀ yóò ké pẹ̀lú; ṣùgbọ́n a kì yóò gbọ́.
၁၃ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။
14 Ọ̀rẹ́ ìkọ̀kọ̀, mú ìbínú kúrò: àti owó àbẹ̀tẹ́lẹ̀ láti ibi ìkọ̀kọ̀ wá, dẹ́kun ìbínú líle.
၁၄တိတ်ဆိတ် စွာ ပေးသောလက်ဆောင် သည် သူ့စိတ် ကို၎င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင် ပဏ္ဏာ သည် ပြင်းစွာ သော အမျက် ကို၎င်းဖြေ တတ်၏။
15 Ayọ̀ ni fún olódodo láti ṣe ìdájọ́: ṣùgbọ́n ìparun ni fún àwọn oníṣẹ́ ẹ̀ṣẹ̀.
၁၅ဖြောင့်မတ် သောသူသည် တရား သဖြင့်စီရင် ၍ ဝမ်းမြောက် တတ်၏။ အဓမ္မ အမှုကိုပြု သောသူမူကား ၊ ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
16 Ẹni tí ó bá yà kúrò ní ọ̀nà òye, yóò máa gbé inú ìjọ àwọn òkú.
၁၆ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး ၌ နေရာ ကျလိမ့်မည်။
17 Ẹni tí ó bá fẹ́ afẹ́, yóò di tálákà: ẹni tí ó fẹ́ ọtí wáìnì pẹ̀lú òróró kò le lọ́rọ̀.
၁၇ကာမ ဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည် နှင့် ဆီ ကို ကြိုက် သောသူသည် လည်း ငွေ ကိုမ ရတတ်ရ။
18 Ènìyàn búburú ni yóò ṣe owó ìràpadà fún olódodo, àti olùrékọjá fún ẹni dídúró ṣinṣin.
၁၈မ တရားသောသူသည် တရား သောသူအဘို့ ၊ လွန်ကျူး သောသူသည် ဖြောင့်မတ် သောသူအဘို့ ရွေး ရန် ဖြစ်၏။
19 Ó sàn láti jókòó ní aginjù ju pẹ̀lú oníjà obìnrin àti òṣónú lọ.
၁၉စိတ်တို ၍ ရန်တွေ့ တတ်သောမိန်းမ နှင့် နေ သည်ထက် ၊ တော လွင်ပြင် ၌ နေသော်သာ၍ကောင်း ၏။
20 Ìṣúra iyebíye àti òróró wà ní ibùgbé ọlọ́gbọ́n; ṣùgbọ́n òmùgọ̀ ènìyàn n bà á jẹ́.
၂၀ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
21 Ẹni tí ó bá tẹ̀lé òdodo àti àánú yóò rí ìyè, òdodo, àti ọlá.
၂၁ဖြောင့်မတ် ခြင်းတရားနှင့် ကရုဏာ တရားကို ရှာ သောသူသည် အသက်ရှင် ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့ တတ်၏။
22 Ọlọ́gbọ́n gòkè odi ìlú àwọn alágbára, ó sì bi ibi gíga agbára ìgbẹ́kẹ̀lé wọn ṣubú.
၂၂ပညာ ရှိသောသူသည် ခိုင်ခံ့ သောမြို့ရိုး ကို တက် ၍ ၊ မြို့ သားကိုးစား စရာခွန်အား ကို ရှုတ်ချ တတ်၏။
23 Ẹnikẹ́ni tí ó bá pa ẹnu àti ahọ́n rẹ̀ mọ́, ó pa ọkàn rẹ̀ mọ́ kúrò nínú ìyọnu.
၂၃မိမိ နှုတ် နှင့် လျှာ ကိုစောင့် သောသူသည် မိမိ စိတ် ဝိညာဉ်ကို ဒုက္ခ နှင့် လွတ်စေခြင်းငှါ စောင့် ရာရောက် ၏။
24 Agbéraga àti alágídí ènìyàn ń gan orúkọ ara rẹ̀ nítorí ó ń hùwà nínú ìwà ìgbéraga rẹ̀, àti nínú ìbínú púpọ̀púpọ̀.
၂၄ပြင်းစွာ သော ဒေါသ အမျက်၌ ကျင်လည် သောသူကို၊ ထောင်လွှား စော်ကားသောသူ၊ မထီမဲ့မြင် ပြုသောသူဟူ၍ သမုတ်အပ်၏။
25 Ẹlẹ́rìí èké yóò ṣègbé, àwọn tí ó gbọ́ ọ̀rọ̀ rẹ̀ yóò parun láé; nítorí tí ọwọ́ rẹ̀ kọ iṣẹ́ ṣíṣe.
၂၅ပျင်းရိ သောသူသည် အလုပ် မလုပ်ချင်သောကြောင့် ၊ မိမိ တပ်မက် သောအားဖြင့် သေ တတ်၏။
26 Ó ń fi ìlara ṣe ojúkòkòrò ní gbogbo ọjọ́: ṣùgbọ́n olódodo a máa fi fún ni kì í sì í dáwọ́ dúró.
၂၆တနေ့လုံး တပ်မက် အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မ နှမြော ဘဲစွန့်ကြဲ တတ်၏။
27 Ẹbọ ènìyàn búburú, ìríra ni: mélòó mélòó ni nígbà tí ó mú un wá pẹ̀lú èrò ìwà ibi?
၂၇မ တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက ၊ မ တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။
28 Ẹlẹ́rìí èké yóò ṣègbé: ṣùgbọ́n ọ̀rọ̀ ẹni tí ó gbọ́, yóò dúró.
၂၈မ မှန်သော သက်သေ သည် ပျက် တတ်၏။ ကိုယ်တိုင်ကြား သောသူ မူကား ၊ တည်ကြည် စွာ ပြော တတ်၏။
29 Ènìyàn búburú mú ojú ara rẹ̀ le: ṣùgbọ́n ẹni ìdúró ṣinṣin ni ó ń mú ọ̀nà rẹ̀ tọ́.
၂၉မ တရားသောသူ သည် မိမိ မျက်နှာ ကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မိမိ သွားရာလမ်း ကို ပြင်ဆင် တတ်၏။
30 Kò sí ọgbọ́n, kò sí ìmòye, tàbí ìmọ̀ràn tí ó le mókè níwájú Olúwa.
၃၀ထာဝရဘုရား တဘက် ၌ ဉာဏ် မ တည်၊ ပညာ မ တည်၊ အကြံ တစုံတခုမျှ မ တည်နိုင်။
31 A ń múra ẹṣin sílẹ̀ de ọjọ́ ogun: ṣùgbọ́n ìṣẹ́gun jẹ́ ti Olúwa.
၃၁စစ်တိုက် ရာကာလ အဘို့ မြင်း များကို ပြင်ဆင် သော်လည်း ၊ ထာဝရဘုရား ၏ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါ၏။

< Proverbs 21 >