< Proverbs 18 >

1 Ènìyàn tí kò ba ni rẹ́ a máa lépa ìmọ̀ ara rẹ̀; ó kọjú ìjà sí gbogbo ìdájọ́ òdodo.
သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
2 Aláìgbọ́n kò rí inú dídùn sí òye ṣùgbọ́n ó ní inú dídùn sí sísọ èrò tirẹ̀.
မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ၌ မပျော်မွေ့တတ်။
3 Nígbà ti ènìyàn búburú dé ni ẹ̀gàn dé, nígbà ti ẹ̀gàn dé ni ìtìjú dé.
မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။
4 Ọ̀rọ̀ ẹnu ènìyàn jẹ́ omi jíjìn, ṣùgbọ́n orísun ọgbọ́n jẹ́ odò tí ń sàn.
နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
5 Kò dára kí ènìyàn ṣe ojúsàájú fún ènìyàn búburú tàbí kí a fi ìdájọ́ òdodo du aláìṣẹ̀.
တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
6 Ètè aláìgbọ́n dá ìjà sílẹ̀ ẹnu rẹ̀ sì ń ṣokùnfà ẹgba.
မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
7 Ẹnu aláìgbọ́n ni ó ba tirẹ̀ jẹ́, ètè rẹ̀ sì jẹ́ ìdẹ̀kùn fún ọkàn rẹ̀.
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
8 Ọ̀rọ̀ olófòófó dàbí oúnjẹ àdídùn; wọ́n a sì wọ ìsàlẹ̀ inú lọ.
ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
9 Ẹni tí kò ṣe déédé nínú iṣẹ́ rẹ̀ arákùnrin ló jẹ́ fún apanirun.
အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
10 Orúkọ Olúwa, ilé ìṣọ́ agbára ni; olódodo sá wọ inú rẹ̀, ó sì rí ìgbàlà.
၁၀ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
11 Ọ̀rọ̀ olówó ni ìlú olódi wọn; wọ́n rò ó bí i wí pé odi tí kò ṣe é gùn ni.
၁၁ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
12 Ṣáájú ìṣubú ọkàn ènìyàn a kọ́kọ́ máa gbéraga, ṣùgbọ́n ìrẹ̀lẹ̀ ni ó máa ń ṣáájú ọlá.
၁၂ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
13 Ẹni tí ó ń fèsì kí ó tó gbọ́, èyí ni ìwà òmùgọ̀ àti ìtìjú rẹ̀.
၁၃အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
14 Ọkàn ènìyàn a máa gbé e ró nígbà àìsàn, ṣùgbọ́n ta ni ó le forí ti ọkàn tí ó rẹ̀wẹ̀sì.
၁၄လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။
15 Ọkàn olóye ní i gba ìmọ̀; etí ọlọ́gbọ́n ní í ṣe àwárí rẹ̀.
၁၅သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
16 Ẹ̀bùn máa ń ṣí ọ̀nà fún ẹni tí ń fún ni lẹ́bùn a sì mú un wọlé sí ọ̀dọ̀ àwọn olókìkí.
၁၆လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
17 Ẹni tí ó kọ́kọ́ rọjọ́ máa ń dàbí i pé ó jàre, títí ẹlòmíràn yóò fi bọ́ síwájú kí ó sì tú àṣírí gbogbo.
၁၇ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
18 Ìbò dídì máa ń parí ìjà a sì mú kí àwọn alátakò méjì jìnnà sí ara wọn.
၁၈စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
19 Arákùnrin tí a ṣẹ̀ sí ṣòro yípadà ju ìlú olódi lọ, ìjà wọ sì dàbí ọ̀pá ìdábùú ààfin.
၁၉အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
20 Láti inú èso ẹnu rẹ̀ ikùn ènìyàn a yó; láti inú ìkórè ẹnu rẹ̀ ni ó ti jẹ yó.
၂၀လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။
21 Ikú àti ìyè ń bẹ nípa ahọ́n wọn, àwọn tí ó sì fẹ́ràn rẹ̀ yóò jẹ ẹ́.
၂၁လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
22 Ẹni tí ó rí aya fẹ́, rí ohun rere, o sì gba ojúrere lọ́dọ̀ Olúwa.
၂၂မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
23 Tálákà ń bẹ̀bẹ̀ fún àánú, ṣùgbọ́n ọlọ́rọ̀ a dáhùn pẹ̀lú ìkanra.
၂၃ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။
24 Ènìyàn tí ó ní ọ̀rẹ́ púpọ̀ le è parun, ṣùgbọ́n ọ̀rẹ́ kan wà tí ó súnmọ́ ni tímọ́tímọ́ ju arákùnrin.
၂၄အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။

< Proverbs 18 >