< Numbers 8 >
2 “Bá Aaroni sọ̀rọ̀ kí o wí fún un pé. ‘Nígbà tí ó bá ń to àwọn fìtílà, àwọn fìtílà méjèèje gbọdọ̀ tan ìmọ́lẹ̀ sí àyíká níwájú ọ̀pá fìtílà.’”
၂သင်သည်အာရုန် အား ဆင့်ဆို ရမည်မှာ၊ မီးခွက် များကို ထွန်း သောအခါ ၊ မီးခွက် ခုနစ် လုံး တို့သည် မီးခုံ တဘက်တချက် ၌ ထွန်းလင်း ရမည်ဟု၊
3 Aaroni sì ṣe bẹ́ẹ̀; ó to àwọn fìtílà náà tí wọ́n sì fi kojú síwájú lórí ọ̀pá fìtílà gẹ́gẹ́ bí Olúwa ti pàṣẹ fún Mose.
၃မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ အာရုန် ပြု ၍ မီးခုံ တဘက်တချက် ၌ မီးခွက် များကို ထွန်း လေ၏။
4 Bí a ṣe ṣe ọ̀pá fìtílà náà nìyìí, a ṣe é láti ara wúrà lílù: láti ìsàlẹ̀ títí dé ibi ìtànná rẹ̀. Wọ́n ṣe ọ̀pá fìtílà náà gẹ́gẹ́ bí bátànì tí Olúwa fihan Mose.
၄မီးခုံမူကား၊ ထာဝရဘုရား သည် မောရှေ အား ပြ တော်မူသောပုံ နှင့်အညီ ၊ မီးခုံ တိုင် မှစ၍ ကြာပွင့် တိုင်အောင် ရွှေ ဖြင့် တစပ်တည်းထု လုပ်သော မီးခုံ ဖြစ်သတည်း။
၅ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
6 “Yọ àwọn ọmọ Lefi kúrò láàrín àwọn ọmọ Israẹli yòókù, kí o sì wẹ̀ wọ́n mọ́.
၆လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ အထဲ က ရွေးကောက် ၍ စင်ကြယ် စေလော့။
7 Báyìí ni kí o ṣe wẹ̀ wọ́n mọ́. Wọ́n omi ìwẹ̀nùmọ́ sí wọn lára, mú kí wọn ó fá irun ara wọn, kí wọn ó fọ aṣọ wọn, kí wọn ó ba à lè wẹ ara wọn mọ́ nípa ṣíṣe bẹ́ẹ̀.
၇စင်ကြယ် စေခြင်းငှါ ပြု ရမည်အမှုဟူမူကား ၊ စင်ကြယ် ခြင်း မင်္ဂလာရေ ကို သူ တို့အပေါ် မှာဖြန်း ၍၊ သူ တို့ သည် တကိုယ်လုံး ကို အမွေး ရိတ်ခြင်း၊ အဝတ် လျှော် ခြင်း ကို ပြုသဖြင့် စင်ကြယ် စေရမည်။
8 Jẹ́ kí wọn ó mú akọ ọ̀dọ́ màlúù pẹ̀lú ẹbọ ohun jíjẹ rẹ̀ tí í ṣe ìyẹ̀fun ìyẹ̀fun kíkúnná dáradára tí a fi òróró pò, kí ìwọ náà mú akọ ọ̀dọ́ màlúù kejì fún ẹbọ ẹ̀ṣẹ̀.
၈ဆီ ရော သော မုန့်ညက် တည်းဟူသောဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ ၊ အသက်ပျို သော နွားထီး တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အသက်ပျို သော နွားထီး တကောင်ကို ယူ ပြီးလျှင် ၊
9 Ìwọ ó sì mú àwọn ọmọ Lefi wá síwájú àgọ́ ìpàdé, kí o sì kó gbogbo àpapọ̀ ọmọ Israẹli jọ síbẹ̀ pẹ̀lú.
၉လေဝိ သားတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော် ရှေ့သို့ ခေါ် ခဲ့၍ ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို စည်းဝေး စေပြီးမှ ၊
10 Báyìí ni kí o mú àwọn ọmọ Lefi wá síwájú Olúwa, gbogbo ọmọ Israẹli yóò sì gbọ́wọ́ lé àwọn ọmọ Lefi lórí.
၁၀လေဝိ သားတို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့၍ ၊ သူ တို့ခေါင်းပေါ်မှာ ဣသရေလ အမျိုးသား တို့သည် လက် ကိုတင် သဖြင့် ၊
11 Aaroni yóò sì mú àwọn ọmọ Lefi wá síwájú Olúwa gẹ́gẹ́ bí ọrẹ fífì láti ọ̀dọ̀ àwọn ọmọ Israẹli wá, kí wọn lè máa ṣiṣẹ́ Olúwa.
၁၁သူတို့သည် ထာဝရဘုရား ၏ အမှု တော်ကို ထမ်း စေခြင်းငှါ ၊ ဣသရေလ အမျိုးသား တို့ပြုသောပူဇော်သက္ကာတည်းဟူသောလေဝိ သားတို့ကို အာရုန် သည် ထာဝရဘုရား အား ဆက် ရမည်။
12 “Lẹ́yìn tí àwọn ọmọ Lefi bá gbé ọwọ́ wọn lé orí àwọn akọ ọmọ màlúù náà, ìwọ yóò sì fi ọ̀kan rú ẹbọ ẹ̀ṣẹ̀ àti èkejì fún ẹbọ sísun sí Olúwa, láti ṣe ètùtù fún àwọn ọmọ Lefi.
၁၂လေဝိ သားတို့သည်လည်း ၊ နွား ခေါင်း ပေါ်မှာ မိမိ တို့ လက် ကို တင် ၍ ၊ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုလိုသောငှါ ၊ ထာဝရဘုရား ရှေ့မှာ နွားတ ကောင်ကို အပြစ် ဖြေရာယဇ်၊ တ ကောင်ကို မီးရှို့ ရာ ယဇ်ပြု ၍ ပူဇော်ရကြမည်။
13 Mú kí àwọn ọmọ Lefi dúró níwájú Aaroni àti àwọn ọmọ rẹ̀ kí ó sì gbé wọn kalẹ̀ gẹ́gẹ́ bí ọrẹ fífì sí Olúwa.
၁၃လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏ သား တို့ရှေ့မှာ ထား ၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရမည်။
14 Báyìí ni ìwọ yóò ṣe ya ọmọ Lefi sọ́tọ̀, kúrò láàrín àwọn ọmọ Israẹli yòókù, àwọn ọmọ Lefi yóò sì jẹ́ tèmi.
၁၄ထိုသို့ လေဝိ သားတို့ကို ဣသရေလ အမျိုးသား တို့ နှင့် တခြားစီ ခွဲထား၍ ၊ သူတို့သည် အထူးသဖြင့်ငါ့ လူဖြစ် ရကြ လိမ့်မည်။
15 “Lẹ́yìn tí ó ti wẹ àwọn ọmọ Lefi mọ́, tí ó sì ti gbé wọn kalẹ̀ bí ẹbọ fífì nígbà náà ni kí wọn ó lọ máa ṣiṣẹ́ nínú àgọ́ ìpàdé.
၁၅ထိုနောက်မှ လေဝိ သားတို့သည်၊ ပရိသတ် စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြ လိမ့်မည်။ သူ တို့ကို စင်ကြယ် စေ၍၊ ပူဇော်သက္ကာ ပြု ရ သော အကြောင်းဟူမူကား၊
16 Nítorí pé àwọn ni ó jẹ́ ti Èmi pátápátá nínú àwọn ọmọ Israẹli. Mo ti gbà wọ́n fún ara mi dípò àwọn àkọ́bí àní àkọ́bí ọkùnrin gbogbo Israẹli.
၁၆ဣသရေလ အမျိုး ထဲက သူ တို့ကို ရွေးကောက် ၍၊ ငါ့ အား အပိုင်ပေးရမည်။ ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက် သူတို့ကို ငါသိမ်းယူ ၏။
17 Nítorí pé gbogbo àkọ́bí ọmọ lọ́kùnrin ní Israẹli jẹ́ tèmi, ti ènìyàn àti ti ẹranko, láti ọjọ́ tí mo ti pa gbogbo àkọ́bí ní ilẹ̀ Ejibiti ni mo ti yà wọ́n sọ́tọ̀ fún ara mi.
၁၇အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါသည် ဒဏ်ခတ် သောအခါ၊ ဣသရေလ အမျိုး တွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ကိုယ် အဘို့ သန့်ရှင်း စေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါ ပိုင်ရမည်။
18 Mo sì ti gba àwọn ọmọ Lefi dípò gbogbo àkọ́bí ọmọ ọkùnrin nínú Israẹli.
၁၈တဖန် ဣသရေလ အမျိုး သားဦး အပေါင်း တို့ အတွက်၊ လေဝိ သားတို့ကို ငါယူ ၏။
19 Nínú Israẹli, mo fi àwọn ọmọ Lefi fún Aaroni àti àwọn ọmọ rẹ̀ gẹ́gẹ́ bí ẹ̀bùn láti máa ṣiṣẹ́ nínú àgọ́ ìpàdé fun àwọn ọmọ Israẹli àti láti máa ṣe ètùtù fún wọn kí àjàkálẹ̀-ààrùn má ba à kọlu àwọn ọmọ Israẹli nígbà tí wọ́n bá súnmọ́ ibi mímọ́.”
၁၉သူတို့သည်လည်း ပရိသတ်စည်းဝေး ရာ တဲ တော် ၌ ၊ ဣသရေလ အမျိုးသား ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် စေခြင်းငှါ ၎င်း ၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း ရာ ဌာနတော်သို့ ချဉ်းကပ် သောအခါ ၊ ဘေးဒဏ် နှင့် လွတ် မည်အကြောင်း ၊ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှာ ၎င်း၊ ဣသရေလ အမျိုး ထဲ က လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့အား စွန့်ကြဲ ပေးကမ်းသည်ဟု၊
20 Mose, Aaroni àti gbogbo ìjọ ènìyàn Israẹli sì ṣe fún àwọn ọmọ Lefi gẹ́gẹ́ bí Olúwa ti pàṣẹ fún Mose.
၂၀လေဝိ သားအမှု၌၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် လေဝိ သားတို့ကို ပြု ကြလျှင် ၊
21 Àwọn ọmọ Lefi wẹ ara wọn mọ́, wọ́n sì fọ aṣọ wọn. Aaroni sì mú wọn wá gẹ́gẹ́ bí ọrẹ fífì níwájú Olúwa, Aaroni sì ṣe ètùtù fún wọn láti wẹ̀ wọ́n mọ́.
၂၁သူတို့သည် စင်ကြယ် ခြင်းသို့ရောက်၍ မိမိ တို့ အဝတ် ကို လျှော် ကြ၏။ အာရုန် သည်လည်း ၊ သူ တို့ကို ထာဝရဘုရား အား ဆက်ကပ် ၍ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် စင်ကြယ် စေလေ၏။
22 Lẹ́yìn èyí àwọn ọmọ Lefi lọ sínú àgọ́ ìpàdé láti lọ máa ṣiṣẹ́ wọn lábẹ́ àbojútó Aaroni àti àwọn ọmọ rẹ̀. Wọ́n ṣe fún àwọn ọmọ Lefi gẹ́gẹ́ bí Olúwa ti pàṣẹ fún Mose.
၂၂ထိုနောက်မှ လေဝိ သားတို့သည် အာရုန် နှင့် သူ ၏ သား တို့ရှေ့၌ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ကြ၏။ လေဝိ သားတို့အမှု၌ ထာဝရဘုရား သည် မောရှေ အားမှာထား တော်မူသည် အတိုင်း ၊ လူအပေါင်းတို့သည် ပြု ကြ၏။
၂၃တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
24 “Èyí ni ohun tó jẹ mọ́ àwọn ọmọ Lefi, láti ọmọ ọdún kẹẹdọ́gbọ̀n tàbí jù bẹ́ẹ̀ lọ ni kí ó máa kópa nínú iṣẹ́ àgọ́ ìpàdé.
၂၄လေဝိ သားတို့သည် အသက် နှစ်ဆယ် ငါး နှစ် လွန် မှ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြမည်။
25 Ṣùgbọ́n ẹni tó bá ti pé ọmọ àádọ́ta ọdún gbọdọ̀ ṣíwọ́ nínú iṣẹ́ ojoojúmọ́ wọn nínú àgọ́, kí wọ́n sì má ṣiṣẹ́ mọ́.
၂၅အသက် ငါးဆယ် လွန်မှ အမှု လွတ် ၍ နောက်တဖန် မ ဆောင်ရွက် ဘဲ၊
26 Wọ́n le máa ran àwọn arákùnrin wọn lọ́wọ́ nínú àgọ́ ìpàdé ṣùgbọ́n àwọn fúnra wọn kò gbọdọ̀ ṣe iṣẹ́ kankan. Báyìí ni kí o ṣe pín iṣẹ́ fún àwọn ọmọ Lefi.”
၂၆ပရိသတ်စည်းဝေး ရာတဲ တော်၌ မိမိ ညီအစ်ကို တို့နှင်အတူကူညီ ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့လေဝိ သားများစောင့် ရသောအမှုကို စီရင် ရမည်ဟု မိန့် တော်မူ၏။