< Numbers 23 >

1 Balaamu wí fún Balaki pé, “Kọ́ pẹpẹ méje fún mi níbí, kí o sì mú akọ màlúù méje àti àgbò méje wá fún mi.”
ထိုအခါ ဗာလမ် က၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်း အား ဆို သည်အတိုင်း ၊
2 Balaki ṣe bí Balaamu ti sọ, àwọn méjèèjì fi akọ màlúù kọ̀ọ̀kan àti àgbò kọ̀ọ̀kan rú ẹbọ lórí pẹpẹ kọ̀ọ̀kan.
ဗာလက် မင်းသည် ပြု ပြီးလျှင် ၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင် တခုတခုအပေါ် မှာနွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် ကြ၏။
3 Nígbà náà Balaamu sọ fún Balaki pé, “Dúró ti ẹbọ sísun rẹ kí èmi sì lọ sí ẹ̀gbẹ́ kan. Bóyá Olúwa yóò farahàn mí. Ohunkóhun tí ó bá fihàn mí, èmi yóò wí fún ọ.” Nígbà náà ó sì lọ sí ibi gíga.
ဗာလမ် ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာရပ် လော့။ ငါသည် အခြားတပါးသို့ သွား ပါမည်။ ထာဝရဘုရား သည် ငါ့ ကို ကြိုဆို ခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့ အား ပြ တော်မူသမျှကို မင်းကြီးအား ငါကြားပြော ပါမည်ဟု ဗာလက် မင်းအား ဆို ပြီးမှ ကုန်း တခုပေါ်သို့ တက် သွား၏။
4 Ọlọ́run sì pàdé rẹ̀, Balaamu sì sọ pé, “Mo tí ṣe pẹpẹ méje, lórí pẹpẹ kọ̀ọ̀kan mo ti fi akọ màlúù àti àgbò kọ̀ọ̀kan rú ẹbọ.”
ဘုရားသခင် သည် ဗာလမ် ကို ကြိုဆို တော်မူလျှင် ၊ ဗာလမ်က အကျွန်ုပ် သည် ယဇ်ပလ္လင် ခုနစ် ခုကို ပြင်ဆင်၍ ပလ္လင် တခုတခုအပေါ် မှာ နွားထီး တကောင်စီနှင့် သိုးထီး တကောင်စီကို ပူဇော် ပါပြီဟု လျှောက် လေ၏။
5 Olúwa sì fi ọ̀rọ̀ sí ẹnu Balaamu ó wí pé, “Padà sí ọ̀dọ̀ Balaki kí o sì jẹ́ iṣẹ́ yìí fún un.”
ထာဝရဘုရား သည် ဗာလမ် နှုတ် ၌ စကား ကို ထား လျက် ၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
6 Ó sì padà sí ọ̀dọ̀ rẹ̀ ó sì ba tí ó dúró ti ẹbọ sísun rẹ̀, pẹ̀lú gbogbo àwọn ìjòyè Moabu.
ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် အပေါင်း တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ်နား မှာ ရပ် နေ၏။
7 Nígbà náà ni Balaamu sọ ọ̀rọ̀-ìjìnlẹ̀ jáde wí pé, “Balaki mú mi láti Aramu wá, ọba Moabu láti òkè ìlà-oòrùn wá Ó wí pé, ‘Wá fi Jakọbu bú fún mi; wá, kí o sì jẹ́rìí sí Israẹli.’
ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ မောဘ ရှင်ဘုရင် ဗာလက် က၊ လာ ပါ။ ငါ့ အဘို့ ယာကုပ် အမျိုးကို ကျိန်ဆဲ ပါ။ လာ ပါ။ ဣသရေလ အမျိုးကို ပျက်စီး ခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ ကို အာရံ ပြည်အရှေ့ တောင်ရိုး မှ ဆောင် ခဲ့ပြီ။
8 Báwo ní èmi ó ṣe fi bú àwọn tí Ọlọ́run kò fi bú? Báwo ni èmi ó ṣe bá wọn wí àwọn tí Olúwa kò bá wí?
ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။
9 Láti ṣóńṣó ibi gíga orí àpáta ni mo ti rí wọn, láti orí ibi gíga ni mo ti ń wò wọ́n. Mo rí àwọn ènìyàn tí ń gbé lọ́tọ̀ wọn kò sì ka ará wọn kún ara àwọn orílẹ̀-èdè.
ကျောက် ပေါ် က သူ့ ကို ငါမြင် ၏။ တောင် ပေါ်က သူ့ ကို ငါကြည့်ရှု ၏။ ထိုလူမျိုး သည် တမျိုးတည်း နေ၍ အခြား တပါးသော လူမျိုးတို့နှင့် မ ရောနှော ရ။
10 Ta ni ó lè ka eruku Jakọbu tàbí ka ìdámẹ́rin Israẹli? Jẹ́ kí èmi kú ikú olódodo, kí ìgbẹ̀yìn mi kí ó dà bí tirẹ̀!”
၁၀ယာကုပ် အမျိုးမြေမှုန့် ကို အဘယ်သူ ရေတွက် နိုင်သနည်း။ ဣသရေလ အမျိုးလေးစုတစု ကိုမျှ အဘယ်သူ ရေတွက်နိုင်သနည်း။ ဖြောင့်မတ် သောသူသေ သကဲ့သို့ငါ သေ ပါစေသော။ ငါ့ အဆုံး သည် သူ ၏အဆုံးကဲ့သို့ ဖြစ် ပါစေသောဟု မြွက်ဆို ၏။
11 Balaki sọ fún Balaamu pé, “Kí lo ṣe fún mi? Mo gbé ọ wá láti fi àwọn ọ̀tá mi bú, ṣùgbọ́n o kò ṣe nǹkan kan, ṣùgbọ́n o bùkún wọn!”
၁၁ဗာလက် မင်းကလည်း ၊ သင်သည် ငါ၌ အဘယ်သို့ ပြု သနည်း။ ငါ ၏ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ် အား ဆို လျှင် ၊
12 Ó sì dáhùn wí pé, “Ṣé kí n má sọ nǹkan tí Olúwa fi sí mi lẹ́nu?”
၁၂ဗာလမ်က၊ ထာဝရဘုရား သည် ငါ့ နှုတ် ၌ ထား တော်မူသောစကားကို ပြော ရအောင် ငါသတိမ ပြုရ သလော ဟုပြန် ဆို၏။
13 Nígbà náà Balaki sọ fún un pé, “Wá pẹ̀lú mi sí ibòmíràn tí o ti lè rí wọn; wà á rí díẹ̀, ṣùgbọ́n kì í ṣe gbogbo wọn. Láti ibẹ̀, wá fi wọ́n bú fún mi.”
၁၃ဗာလက် မင်းကလည်း ၊ ဣသရေလအမျိုးသားအပေါင်း တို့ကို တပြိုင်နက်မ မြင် ရဘဲ တပိုင်း ကိုမျှသာ ကြည့်မြင် ရာ၊ အခြား သောအရပ် သို့ ငါ နှင့်အတူ လိုက် ပါ လော့။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု ဆို လျက်၊
14 Ó sì lọ sí pápá Sofimu ní orí òkè Pisga, ó sì kọ́ pẹpẹ méje síbẹ̀ ó sì fi akọ màlúù àti àgbò kọ̀ọ̀kan rú ẹbọ lórí pẹpẹ kọ̀ọ̀kan.
၁၄ပိသဂါ တောင်ပေါ် ၊ ဇောဖိမ် လယ်ပြင် သို့ ဆောင် သွား၍ ယဇ်ပလ္လင် ခုနစ် ခုကို တည်ပြီးမှ၊ ပလ္လင် တခု တခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။
15 Balaamu ṣo fún Balaki pé, “Dúró níbí ti ẹbọ sísun rẹ nígbà tí mo bá lọ pàdé rẹ̀ níbẹ̀.”
၁၅ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာ ရပ် လော့။ ငါ သည် ထာဝရဘုရားကို ခရီးဦးကြိုပြု ခြင်းငှါအခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို ၏။
16 Olúwa pàdé Balaamu ó sì fi ọ̀rọ̀ sí ní ẹnu wí pé, “Padà lọ sí ọ̀dọ̀ Balaki kí o sì jíṣẹ́ fún un.”
၁၆ထာဝရဘုရား သည် ဗာလမ် ကို ကြိုဆို ၍ သူ ၏ နှုတ် ၌ စကား ကိုထား လျက်၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
17 Nígbà náà ó lọ sí ọ̀dọ̀ rẹ̀ ó sì bá à tí ó dúró ti ẹbọ sísun rẹ̀ pẹ̀lú àwọn ìjòyè Moabu. Balaki sì béèrè lọ́wọ́ rẹ̀ pé, “Kí ni Olúwa wí?”
၁၇ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ် နား မှာ ရပ် နေလျက်၊ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟုမေး လေ၏။
18 Nígbà náà ó bẹ̀rẹ̀ ọ̀rọ̀ sísọ, “Dìde, Balaki; kí o sì gbọ́ mi ọmọ Sippori.
၁၈ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ အိုဇိဖေါ် သား ဗာလက် မင်း၊ ထ လော့။ ငါ့ စကားကို စေ့စေ့နားထောင် လော့။
19 Ọlọ́run kì í ṣe ènìyàn, tí yóò fi purọ́, tàbí ọmọ ènìyàn, tí ó lè yí ọkàn rẹ̀ padà. Ǹjẹ́ ó sọ̀rọ̀ kí ó má ṣe é? Ǹjẹ́ ó ti ṣèlérí kí ó má mu un ṣẹ?
၁၉ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
20 Èmi gba àṣẹ láti bùkún; Ó sì ti bùkún, èmi kò sì lè yípadà.
၂၀ကောင်းကြီး ပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရ ပြီ။ ဘုရားသခင်ကောင်းကြီး ပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမ ဖျက် နိုင်။
21 “Kò rí ẹ̀ṣẹ̀ kankan nínú Jakọbu, kò sì rí búburú kankan nínú Israẹli. Olúwa Ọlọ́run wọn sì wà pẹ̀lú wọn. Ìhó ọba sì wà pẹ̀lú wọn.
၂၁ယာကုပ် အမျိုးကို ညှဉ်းဆဲ သောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသောနှောင့်ရှက် ခြင်းအမှုကို ဘုရားသခင် သည် ကြည့်ရှု ၍ နေတော်မ မူ။ သူ တို့ ဘုရားသခင် ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော် ခြင်းအသံကို သူ တို့တွင် ကြားရ၏။
22 Ọlọ́run mú wọn jáde láti Ejibiti wá, wọ́n ní agbára màlúù ẹhànnà.
၂၂ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။
23 Kò ní àfọ̀ṣẹ sí Jakọbu, tàbí àfọ̀ṣẹ sí àwọn Israẹli. Nísinsin yìí a ó sọ nípa ti Jakọbu àti Israẹli, ‘Wo ohun tí Ọlọ́run ti ṣe!’
၂၃အကယ်စင်စစ် ယာကုပ် အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့်မ နိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှမ ပြုစား ရာ။ ဘုရားသခင် သည် အဘယ်သို့ ပြု တော်မူပြီတကားဟု ယခု ကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင် လျက် ဆို လေ့ရှိ လိမ့်မည်။
24 Àwọn ènìyàn náà yóò dìde bí abo kìnnìún; wọ́n yóò sì gbé ara wọn sókè bí i kìnnìún òun kì yóò sì dùbúlẹ̀ títí yóò fi jẹ ohun ọdẹ títí yóò sì fi mu nínú ẹ̀jẹ̀ ohun pípa.”
၂၄ဤလူမျိုး သည်၊ ခြင်္သေ့ ကဲ့သို့ ထ လိမ့်မည်။ ခြင်္သေ့ပျို ကဲ့သို့ ထွက် လိမ့်မည်။ ဘမ်းမိ သော အကောင်ကို မ စား မှီ၊ သတ် အပ်သော တိရစ္ဆာန်အသွေး ကို မသောက် မှီ တိုင်အောင်ငြိမ်ဝပ် စွာမ နေဟု မြွက်ဆို၏။
25 Nígbà náà ni Balaki wí fún Balaamu pé, “O kò kúkú fi wọ́n bú, bẹ́ẹ̀ ni o kò súre fún wọn rárá!”
၂၅ဗာလက် မင်းကလည်း ၊ သူ တို့ကို အလျှင်း မ ကျိန်ဆဲ ပါနှင့်။ ကောင်းကြီး ကိုလည်း အလျှင်း မ ပေးပါနှင့်ဟု ဗာလမ် အား ဆို လျှင် ၊
26 Balaamu dáhùn ó sì wí fún Balaki pé, “Ǹjẹ́ èmi kò ha ti wí fún ọ pé, gbogbo èyí tí Olúwa bá sọ, òun ni èmi yóò ṣe?”
၂၆ဗာလမ်က၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ငါပြု ရပါမည်ဟု မင်းကြီး အား အရင်ပြော နှင့်ပြီ မ ဟုတ်လော ဟု ဗာလက် မင်းအား ပြန်ပြော ၏။
27 Nígbà náà Balaki sọ fún Balaamu pé, “Wá jẹ́ kí èmi kí ó mú ọ lọ sí ibòmíràn bóyá yóò tẹ́ Ọlọ́run lọ́rùn kí ó fi wọ́n bú láti ibẹ̀ lọ.”
၂၇တဖန် ဗာလက် မင်းက၊ လာ ပါတော့။ အခြား သော အရပ် သို့ ဆောင် သွားပါမည်။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ စေခြင်းငှါဘုရားသခင် အလို တော်ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ် အား ဆို လျက်၊
28 Balaki gbé Balaamu wá sí orí òkè Peori, tí ó kọjú sí aginjù.
၂၈ယေရှိမုန် မြို့ကို မျက်နှာပြု သော ပေဂုရ တောင်ထိပ် သို့ ဆောင် သွားလေ၏။
29 Balaamu sì wí fún Balaki pé, “Mọ pẹpẹ méje fún mi níbí kí o sì pèsè akọ màlúù àti àgbò fún mi.”
၂၉ဗာလမ် ကလည်း ၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်းအား ဆို သည်အတိုင်း ၊
30 Balaki sì ṣe bí Balaamu ti sọ fún un, ó sì gbé akọ màlúù kan àti àgbò lórí pẹpẹ kọ̀ọ̀kan.
၃၀ဗာလက် မင်းသည်ပြု ၍ ၊ ယဇ်ပလ္လင် တခုတခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။

< Numbers 23 >