< Numbers 20 >

1 Ní oṣù kìn-ín-ní, gbogbo àgbájọ ọmọ Israẹli gúnlẹ̀ sí pápá Sini, wọ́n sì dúró ní Kadeṣi. Níbẹ̀ ni Miriamu kú, wọ́n sì sin ín.
သက္ကရာဇ်လေးဆယ်၊ ပဌမ လ ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဇိန တော သို့ ရောက် ၍ ၊ ကာဒေရှ အရပ်၌ နေ ကြ၏။ ထို အရပ်၌ မိရိအံ သေ ၍ သင်္ဂြိုဟ် လေ၏။
2 Omi kò sí fún ìjọ ènìyàn, àwọn ènìyàn sì kó ara wọn jọ pọ̀ sí Mose àti Aaroni,
ပရိသတ် တို့သောက်စရာ ရေ မ ရှိ သောကြောင့် ၊ မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြလျက်၊
3 wọ́n bá Mose jà wọ́n sì wí pé, “Ìbá kúkú sàn kí a kú nígbà tí àwọn arákùnrin ti kú níwájú Olúwa!
ထာဝရဘုရား ရှေ့မှာ ငါ တို့အစ်ကို များသေ သောအခါ ၊ ငါတို့လည်း မသေ ပါလေ။
4 Kí ni ó dé tí o sì kó gbogbo ìjọ ènìyàn Olúwa wá sí aginjù yìí, kí àwa àti àwọn ẹran ọ̀sìn wa bá à kú síbí?
ငါ တို့နှင့် ငါ တို့တိရစ္ဆာန် များကို သေ စေခြင်းငှါ ၊ ထာဝရဘုရား ၏ပရိသတ် ကို ဤ တော သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
5 Kí ni ó dé tí o fi mú wa gòkè kúrò ní Ejibiti wá sí ibi búburú yìí? Ibi tí kò ní oúnjẹ tàbí igi ọ̀pọ̀tọ́, èso àjàrà tàbí pomegiranate. Bẹ́ẹ̀ ni kò sí omi tí a ó mu níhìn-ín!”
ငါ တို့ကို အဲဂုတ္တု ပြည်မှ ထွက် စေ၍၊ ဤ ဆိုး သော အရပ် သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ ဤအရပ် သည် လယ် လုပ်စရာမ ကောင်း၊ သင်္ဘောသဖန်း ပင်၊ စပျစ်နွယ် ပင်၊ သလဲ ပင်စိုက်စရာမကောင်း။ သောက် စရာရေ မျှ မ ရှိဟု မောရှေ ကို အပြစ်တင် ၍ ဆို ကြ၏။
6 Mose àti Aaroni kúrò ní ibi àpéjọ, wọ́n sì lọ dojúbolẹ̀ sí ẹnu-ọ̀nà àgọ́ ìpàdé, ògo Olúwa sì farahàn wọ́n.
မောရှေ နှင့် အာရုန် တို့သည် လူ အစုအဝေးမှ ထွက် ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ သို့ သွား သဖြင့် ၊ ပြပ်ဝပ် လျက် နေကြစဉ်၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှား လေ၏။
7 Olúwa sọ fún Mose pé,
ထာဝရဘုရား ကလည်း၊
8 “Mú ọ̀pá, náà kí o sì pe ìjọ àwọn ènìyàn jọ, ìwọ àti Aaroni arákùnrin rẹ, kí ẹ sọ̀rọ̀ sí àpáta náà ní ojú wọn, yóò sì tú omi rẹ̀ jáde, ìwọ ó sì fún ìjọ àti ẹran wọn mu.”
လှံတံတော် ကို ကိုင် ယူ၍ သင် ၏အစ်ကို အာရုန် ပါလျက်၊ ပရိသတ် များကို စုဝေး စေလော့။ သူ တို့ရှေ့မှာ ကျောက် ကိုမှာထား လော့။ ကျောက်သည် မိမိ ရေ ကိုပေး လိမ့်မည်။ ထိုသို့ သင်သည် ကျောက် ထဲက ရေ ကို ထွက် စေ၍ ၊ ပရိသတ် များနှင့် သူ တို့တိရစ္ဆာန် များတို့အား သောက် ဘို့ ရေကို ပေးရမည်ဟု၊
9 Báyìí ni Mose mú ọ̀pá láti iwájú Olúwa wá, gẹ́gẹ́ bí ó ti pàṣẹ fún un.
မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ မောရှေ သည် လှံတံတော် ကို ထာဝရဘုရား ရှေ့ တော်က ယူ ၍၊
10 Òun àti Aaroni pe àwọn ènìyàn jọ sí ojú kan níwájú àpáta, Mose sì sọ fún wọn, “Ẹ gbọ́, ẹ̀yin ọlọ̀tẹ̀, àwa kì yóò lè mú omi jáde láti inú àpáta yìí wá bí?”
၁၀အာရုန် ပါလျက်၊ ပရိသတ် တို့ကို ကျောက် ရှေ့မှာ စုဝေး စေပြီးလျှင် ၊ အချင်းသူပုန် တို့၊ နားထောင် ကြလော့။ ငါတို့သည် သင် တို့အဘို့ ဤ ကျောက် ထဲက ရေ ကို ထွက် စေ ရမည်လောဟု ဆို လျက်၊
11 Nígbà náà ni Mose gbé ọwọ́ rẹ̀ sókè ó sì fi ọ̀pá ọwọ́ rẹ̀ lu àpáta lẹ́ẹ̀méjì. Omi sì tú jáde, gbogbo ìjọ ènìyàn àti àwọn ẹran ọ̀sìn wọn sì mu.
၁၁မိမိ လက် ကို ဆန့် ၍ ကျောက် ကို လှံတံ နှင့် နှစ် ကြိမ်ရိုက် သဖြင့် ၊ ရေ သည် များစွာ ထွက် ၍ ၊ လူ ပရိသတ် တို့နှင့် တိရစ္ဆာန် တို့သည် သောက် ရကြ၏။
12 Ṣùgbọ́n Olúwa sọ fún Mose àti Aaroni pé, “Nítorí pé ẹ̀yin kò gbà mí gbọ́ tó láti bu ọlá fún mi níwájú àwọn ọmọ Israẹli, ìwọ kò ní kó àwọn ìjọ ènìyàn yìí dé ilẹ̀ tí mo fún wọn.”
၁၂ထာဝရဘုရား ကလည်း ၊ သင်တို့သည် ငါ့ ကို မ ယုံကြည် ၊ ဣသရေလ အမျိုးသား တို့ရှေ့မှာ ငါ့ ကိုမရိုမသေ ပြုသောကြောင့် ၊ ဤ ပရိသတ် တို့အား ငါပေး သော ပြည် သို့ သင်တို့သည် ပို့ဆောင် သောအခွင့်ကို မ ရကြဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူ၏။
13 Èyí ni omi ti Meriba, níbi tí àwọn ọmọ Israẹli ti bá Olúwa jà àti ibi tí O ti fi ara rẹ̀ hàn bí ẹni mímọ́ láàrín wọn.
၁၃ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက် ပြုသော်လည်း ၊ သူ တို့တွင် ရိုသေ လေးမြတ်ခြင်းကိုခံ တော်မူသောကြောင့်၊ ထို ရေသည် မေရိဘ ရေ ဖြစ်သတည်း။
14 Mose sì ránṣẹ́ láti Kadeṣi sí ọba Edomu, wí pé, “Èyí ni nǹkan tí arákùnrin rẹ Israẹli sọ, ìwọ ti mọ̀ nípa gbogbo ìnira, tí ó wá sí orí wa.
၁၄မောရှေ သည် ကာဒေရှ အရပ်မှ ဧဒုံ ရှင်ဘုရင် ထံသို့ သံတမန် တို့ကို စေလွှတ် ၍၊ ကိုယ်တော့် ညီ ဣသရေလ က၊ အကျွန်ုပ် တို့ တွေ့ ရသော အမှု အလုံးစုံ တည်းဟူသော၊
15 Àwọn baba ńlá wa sọ̀kalẹ̀ wá sí Ejibiti, a sì gbé ibẹ̀ fún ọ̀pọ̀ ọdún. Àwọn ará Ejibiti ni wá lára àti àwọn baba wa,
၁၅အကျွန်ုပ် တို့ဘိုးဘေး သည် အဲဂုတ္တု ပြည်သို့ သွား ၍ အကျွန်ုပ်တို့ သည်အဲဂုတ္တု ပြည် မှာ ကာလ ကြာမြင့် စွာနေ သဖြင့် ၊ အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေး များကို ညှဉ်းဆဲ ကြောင်း၊
16 ṣùgbọ́n nígbà tí a sọkún sí Olúwa, ó gbọ́ ẹkún wa, ó sì rán angẹli kan sí wa, ó sì mú wa jáde láti Ejibiti. “Báyìí àwa wà ní Kadeṣi, ìlú tí ó wà ní ẹ̀gbẹ́ ilẹ̀ rẹ.
၁၆အကျွန်ုပ်တို့သည် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကောင်းကင်တမန် ကို စေလွှတ် ၍ ၊ အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို ကိုယ်တော်သိ ပါ၏။ ယခု မှာ အကျွန်ုပ် တို့သည် ကိုယ်တော် ၏ နိုင်ငံ အစွန်အနား ၊ ကာဒေရှ အရပ်၌ ရှိကြပါ၏။
17 Jọ̀wọ́ jẹ́ kí a gba orílẹ̀-èdè rẹ kọjá, àwa kì yóò gba inú oko tàbí ọgbà àjàrà rẹ kọjá, tàbí mu omi láti inú kànga. A ó ma kọjá ní òpópónà ọba, àwa kì yóò yà sí ọ̀tún tàbí sí òsì títí àwa yóò fi kọjá ní ilẹ̀ rẹ.”
၁၇ကိုယ်တော့် ပြည် အလယ် ၌ရှောက် ၍ သွားပါရစေ။ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မ နင်း ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ ကိုယ်တော့် ပြည်နယ် ကို မ လွန် မှီတိုင်အောင်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု တောင်းပန်စေ၏။
18 Ṣùgbọ́n Edomu dáhùn pé, “Ẹ̀yin kò le gba ibí kọjá; bí ẹ bá dán an wò, a ó dìde ogun sí yín, a ó sì bá yín jà pẹ̀lú idà.”
၁၈ဧဒုံ ကလည်း ၊ သင်သည် ငါ့ ပြည်အလယ် ၌ မ ရှောက် မသွားရ။ ရှောက်သွားလျှင်၊ ထား လက်နက်နှင့် ဆီးတား မည်ဟု ပြန်ပြော ၏။
19 Àwọn ọmọ Israẹli dáhùn pé, “A ó gba ọ̀nà tóóró, bí àwa tàbí ẹran ọ̀sìn wa bá sì mú lára omi rẹ, a ó san owó rẹ̀. A kàn fẹ́ rìn kọjá lórí ilẹ̀ rẹ ni kò sí nǹkan kan mìíràn tí a fẹ́ ṣe.”
၁၉ဣသရေလ အမျိုးသား တို့ကလည်း ၊ မင်း လမ်းသို့ သာ ရှောက် လိုက်ပါမည်။ ကိုယ်တိုင် မှစ၍တိရစ္ဆာန် တို့ သည် ကိုယ်တော့် ရေ ကို သောက် လျှင် အဘိုး ကိုပေး ပါမည်။ အခြားသောအမှု ကို မ ပြုဘဲ၊ ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု ဆို သော်လည်း၊
20 Wọ́n tún dáhùn wí pé, “Ẹ kò lè kọjá.” Nígbà náà ni Edomu jáde wá láti kọjú ìjà sí wọn pẹ̀lú ọ̀pọ̀ àti alágbára ọmọ-ogun.
၂၀ဧဒုံ က၊ သင်သည် ရှောက် ၍မ သွားရဟုဆို လျက် ၊ များစွာ သော ဗိုလ်ခြေ အလုံးအရင်း နှင့်တကွဆီးတား ခြင်းငှါ ထွက်လာ ၏။
21 Nígbà tí Edomu sì kọ̀ jálẹ̀ láti jẹ́ kí wọn kọjá ní ilẹ̀ wọn, Israẹli yípadà kúrò lọ́dọ̀ wọn.
၂၁ထိုသို့ ဧဒုံ သည် သူ ၏ပြည် အလယ် ၌ရှောက်သွား သော အခွင့်ကို ဣသရေလ အား မ ပေး သောကြောင့် ၊ ဣသရေလ သည် လွှဲရှောင် လေ၏။
22 Gbogbo ìjọ ènìyàn Israẹli sì jáde láti Kadeṣi wọ́n sì wá sí orí òkè Hori.
၂၂ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ကာဒေရှ အရပ်မှ ပြောင်း ၍ ဟောရ တောင် သို့ ရောက် ကြ၏။
23 Ní orí òkè Hori, ní ẹ̀gbẹ́ ààlà Edomu Olúwa sọ fún Mose àti Aaroni pé,
၂၃ဧဒုံ ပြည် စွန် နား၊ ဟောရ တောင် ပေါ်မှာ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊
24 “Aaroni yóò kú. Kò ní wọ ilẹ̀ tí mo fi fún àwọn ọmọ Israẹli, nítorí ẹ̀yin méjèèjì ṣe àìgbọ́ràn sí òfin mi níbi omi Meriba.
၂၄သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။
25 Mú Aaroni àti ọmọ rẹ̀ Eleasari lọ sí orí òkè Hori.
၂၅သို့ဖြစ်၍အာရုန် နှင့် သူ ၏သား ဧလာဇာ ကို ခေါ် ၍ ဟောရ တောင် ပေါ်သို့ဆောင် သွားပြီးလျှင် ၊
26 Bọ́ aṣọ Aaroni kí o sì gbe wọ ọmọ rẹ̀ Eleasari, nítorí pé Aaroni yóò kú síbẹ̀.”
၂၆အာရုန် ၏အဝတ် ကို ချွတ် ၍ သူ ၏သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် ထို အရပ်၌သေ ၍ မိမိလူမျိုးစည်းဝေး ရာသို့ သွားရမည်ဟု၊
27 Mose sì ṣe gẹ́gẹ́ bí Olúwa ti pàṣẹ, wọ́n lọ sí orí òkè Hori ní ojú gbogbo ìjọ ènìyàn.
၂၇မိန့် တော်မူသည်အတိုင်း ၊ မောရှေ ပြု ၍ ၊ သူတို့ သည် ပရိသတ် အပေါင်း တို့ရှေ့မှာ ဟောရ တောင် ပေါ်သို့ တက် ကြ၏။
28 Mose bọ́ aṣọ Aaroni ó sì gbe wọ ọmọ rẹ̀ Eleasari, Aaroni sì kú sí orí òkè. Nígbà náà Mose àti Eleasari sọ̀kalẹ̀ láti orí òkè,
၂၈မောရှေ သည် အာရုန် ၏အဝတ် ကို ချွတ် ၍ သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် တောင် ထိပ် ၌ သေ လေ၏။ မောရှေ နှင့် ဧလာဇာ တို့သည် တောင် ပေါ်က ဆင်းလာ ကြ၏။
29 nígbà tí gbogbo ìjọ ènìyàn sì gbọ́ pé Aaroni ti kú, gbogbo ilé Israẹli ṣe ìdárò rẹ̀ fún ọgbọ̀n ọjọ́.
၂၉အာရုန် သည် အနိစ္စ ရောက်ကြောင်း ကို ပရိသတ် အပေါင်း တို့သည် သိမြင် သောအခါ ၊ ဣသရေလ အမျိုးသား ရှိသမျှ တို့သည်၊ အာရုန် အတွက် အရက် သုံးဆယ် ပတ်လုံး ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။

< Numbers 20 >