< Mark 5 >
1 Wọ́n lọ sí apá kejì adágún ní ẹ̀bá ilẹ̀ àwọn ará Gadara.
၁အိုင် တစ်ဘက် ၊ ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊
2 Bí Jesu sì ti ń ti inú ọkọ̀ ojú omi jáde. Ọkùnrin kan tí ó ní ẹ̀mí àìmọ́ jáde ti ibojì wá pàdé rẹ̀.
၂ယေရှု သည် လှေ ထဲက ထွက်ကြွ တော်မူသည် ခဏခြင်း တွင်၊ ညစ်ညူး သောနတ် စွဲ သောသူ သည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော် ကိုခရီးဦးကြိုပြု လေ၏။
3 Ọkùnrin yìí ń gbé nínú ibojì, kò sí ẹni tí ó lè dè é mọ́, kódà ẹ̀wọ̀n kò le dè é.
၃ထိုသူ သည် သင်္ချိုင်း တစပြင်၌ နေ တတ်၏။ သူ့ ကို သံကြိုး နှင့်ပင် အဘယ်သူ မျှချည် ၍ မ နိုင် ။
4 Nítorí pé nígbà púpọ̀ ni wọ́n ti ń fi ṣẹ́kẹ́ṣẹkẹ̀ dè é lọ́wọ́ àti ẹsẹ̀, tí ó sì ń já a dànù kúrò ni ẹsẹ̀ rẹ̀. Kò sí ẹnìkan tí ó ní agbára láti káwọ́ rẹ̀.
၄ခြေချင်း ၊ သံကြိုး အဖန် များစွာချည် စမ်းသော်လည်း ၊ သံကြိုး ကိုဆွဲဖြတ် ၍ ခြေချင်း ကိုဖြဲ တတ်၏။ သူ့ ကို ယဉ် စေခြင်းငှာအဘယ်သူ မျှမတတ်နိုင် ။
5 Tọ̀sán tòru láàrín àwọn ibojì àti ní àwọn òkè ni ó máa ń kígbe rara tí ó sì ń fi òkúta ya ara rẹ̀.
၅နေ့ ညဉ့် မပြတ် သင်္ချိုင်း တစပြင်၌ ၎င်း ၊ တောင် ပေါ်၌ ၎င်း ၊ ဟစ်ကြော် လျက်၊ ကျောက် စောင်းနှင့် ကိုယ် ကို ရှ စေလျက် နေ တတ်၏။
6 Nígbà tí ó sì rí Jesu látòkèrè, ó sì sáré lọ láti pàdé rẹ̀. Ó sì wólẹ̀ níwájú rẹ̀.
၆ယေရှု ကိုအဝေး က မြင် လျှင် ၊ အထံ တော်သို့ ပြေးလာ ၍ ပြပ်ဝပ် လျက်၊
7 Ó sì kígbe ní ohùn rara wí pé, “Kí ní ṣe tèmi tìrẹ, Jesu Ọmọ Ọlọ́run Ọ̀gá-ògo? Mo fi Ọlọ́run bẹ̀ ọ́ má ṣe dá mi lóró.”
၇အမြင့်ဆုံး သော ဘုရားသခင် ၏သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း ဘုရားသခင် ကိုအမှီပြု၍အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီး သောအသံ နှင့် အော်ဟစ် ၍ လျှောက် လေ၏။
8 Nítorí tí Ó wí fún un pé, “Jáde kúrò lára ọkùnrin náà, ìwọ ẹ̀mí àìmọ́!”
၈လျှောက်သည်အကြောင်းကား၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။
9 Jesu sì bi í léèrè pé, “Kí ni orúkọ rẹ?” Ẹ̀mí àìmọ́ náà sì dáhùn wí pé, “Ligioni, nítorí àwa pọ̀.”
၉ကိုယ်တော်ကလည်း၊ သင် သည် အဘယ် အမည် ရှိသနည်း ဟုမေး တော်မူလျှင် ၊ အကျွန်ုပ် အမည် ကား၊ လေဂေါင် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများ ဖြစ် ကြပါ၏ဟု လျှောက် ပြီးမှ ၊
10 Nígbà náà ni ẹ̀mí àìmọ́ náà bẹ̀rẹ̀ sí í bẹ Jesu gidigidi, kí ó má ṣe rán àwọn jáde kúrò ní agbègbè náà.
၁၀ထို ပြည် ထဲက အခြားသို့မ နှင် ပါမည့် အကြောင်းများစွာ တောင်းပန် လေ၏။
11 Agbo ẹlẹ́dẹ̀ ńlá kan sì ń jẹ lẹ́bàá òkè.
၁၁ထို အရပ်၌ တောင် ပေါ်မှာ များစွာ သော ဝက် အစု သည် ကျက်စား လျက်ရှိ ၏။
12 Àwọn ẹ̀mí àìmọ́ náà bẹ Jesu pé, “Rán wa lọ sínú àwọn ẹlẹ́dẹ̀ wọ̀n-ọn-nì kí àwa le è wọ inú wọn lọ.”
၁၂နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထို ဝက် ထဲသို့ ဝင် ရပါမည်အကြောင်း စေလွှတ် တော်မူပါ ဟု တောင်းပန် ပြန်လျှင် ၊
13 Jesu fún wọn láààyè, àwọn ẹ̀mí àìmọ́ náà sì jáde kúrò lára ọkùnrin náà, wọ́n sì wọ inú àwọn ẹlẹ́dẹ̀ náà lọ. Agbo ẹlẹ́dẹ̀ náà tí ó tó ìwọ̀n ẹgbẹ̀rún méjì sì túká lọ́gán, wọ́n sì sáré lọ ní gẹ̀rẹ́gẹ̀rẹ́ òkè rọ́ sínú Òkun, wọ́n sì ṣègbé.
၁၃ယေရှု သည် ချက်ခြင်းအခွင့် ပေးတော်မူ၏။ ညစ်ညူး သောနတ် တို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်းပြေးဆင်း ၍ အိုင် ၌ အသက် ဆုံးကြ၏။ အရေအတွက်အားဖြင့်နှစ်ထောင် လောက် ရှိ၏။
14 Àwọn olùtọ́jú ẹran wọ̀nyí sì sálọ sí àwọn ìlú ńlá àti ìlú kéékèèké, wọ́n sì ń tan ìròyìn náà ká bí wọ́n ti ń sáré. Àwọn ènìyàn sì tú jáde láti fojú gán-án-ní ohun náà tí ó ṣẹlẹ̀.
၁၄ဝက်ကျောင်း သောသူ တို့သည် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော လျှင် ၊ လူများတို့သည် ထို အမူအရာ တို့ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။
15 Nígbà tí wọ́n péjọ sọ́dọ̀ Jesu, wọ́n rí ọkùnrin náà, ẹni tí ó ní ẹ̀mí èṣù, tí ó jókòó níbẹ̀, ó wọ aṣọ ìyè rẹ sì bọ̀ sípò, ẹ̀rù sì bà wọ́n.
၁၅အထံ တော်သို့ ရောက် သောအခါ ၊ နတ်ဆိုး လေဂေါင် စွဲ သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ် နှင့် ထိုင် နေသည်ကိုမြင် လျှင် ၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။
16 Àwọn tí ìṣẹ̀lẹ̀ yìí ṣojú wọn sì ń ròyìn rẹ̀ fún àwọn ènìyàn ohun tí ó ṣẹlẹ̀ sí ọkùnrin ẹlẹ́mìí àìmọ́, wọ́n si sọ nípa agbo ẹlẹ́dẹ̀ náà pẹ̀lú.
၁၆နတ်ဆိုးစွဲ သောသူ ၌၎င်း ၊ ဝက် တို့၌၎င်း၊ အဘယ်သို့ ဖြစ် သည်ကို သိမြင် သောသူ တို့သည် နောက်လာ သောသူ တို့အား ပြန်ကြား ပြီးမှ ၊
17 Nígbà náà, àwọn èrò bẹ̀rẹ̀ sí ní bẹ Jesu pé kí ó fi agbègbè àwọn sílẹ̀.
၁၇မိမိ တို့ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။
18 Bí Jesu ti ń wọ inú ọkọ̀ ojú omi lọ, ọkùnrin náà tí ó ti ní ẹ̀mí àìmọ́ tẹ́lẹ̀ bẹ̀ Ẹ́ pé kí òun lè bá a lọ.
၁၈လှေ ထဲသို့ ဝင် တော်မူသောအခါ နတ်ဆိုးစွဲ ဘူးသောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊
19 Jesu kò gbà fún un, ṣùgbọ́n ó wí fún un pé, “Lọ sí ilé sí ọ̀dọ̀ àwọn ẹbí rẹ, kí o sì sọ fún wọn bí Ọlọ́run ti ṣe ohun ńlá fún ọ, àti bí ó sì ti ṣàánú fún ọ.”
၁၉ကိုယ်တော်သည် အခွင့် မ ပေး။. သင်သည် ကိုယ် အိမ် သို့ သွား လော့။ ထာဝရ ဘုရားသည် သနား ခြင်းစိတ် တော်နှင့် သင် ၌ အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို သင် ၏အဆွေအမျိုး တို့အား ပြန်ကြား လော့ ဟု မိန့် တော်မူလျှင် ၊
20 Nítorí náà, ọkùnrin yìí padà lọ, ó bẹ̀rẹ̀ sí ròyìn ní Dekapoli nípa ohun ńlá tí Jesu ṣe fún un. Ẹnu sì ya gbogbo ènìyàn.
၂၀ထိုသူသည် သွား ၍ ၊ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို၊ ဒေကပေါလိ ပြည် တွင် သိတင်းကြားပြော သည်ဖြစ်၍ ၊ ခပ်သိမ်း သောသူတို့သည် အံ့ဩ ခြင်းရှိကြ၏။
21 Nígbà tí Jesu sì ti inú ọkọ̀ rékọjá sí apá kejì Òkun, ọ̀pọ̀ ìjọ ènìyàn péjọ yí i ká ní etí Òkun.
၂၁ယေရှု သည် ကမ်းတစ်ဘက် သို့ ကူး ပြန် ၍ အိုင် နား မှာ ရှိ တော်မူစဉ်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြ၏။
22 Ọ̀kan nínú àwọn olórí Sinagọgu tí à ń pè ni Jairu wá sọ́dọ̀ Jesu, nígbà tí ó sì rí i, ó wólẹ̀ níwájú rẹ̀.
၂၂ထိုအခါ ယာဣရု အမည် ရှိသော တရားစရပ်မှူး သည်လာ ၍ ကိုယ်တော် ကိုမြင် လျှင်၊ ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊ အကျွန်ုပ် ၏ သမီးငယ် သေ လုပါပြီ။
23 Ó sì bẹ̀ ẹ́ gidigidi pé, “Ọmọbìnrin mi wà lójú ikú, mo bẹ̀ ọ́, wá fi ọwọ́ rẹ lé e, kí ara rẹ̀ lè dá, kí ó sì yè.”
၂၃သို့သော်လည်းကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင် ခြင်းငှာ သူ၏အပေါ်၌လက် ကိုတင် တော်မူလျင် အသက် ရှင်ပါလိမ့်မည်ဟု များစွာ တောင်းပန် ၏။
24 Jesu sì ń bá a lọ. Ọ̀pọ̀ ìjọ ènìyàn sì ń tọ̀ Ọ́ lẹ́yìn.
၂၄ကိုယ်တော်သည် သူ နှင့်အတူ သွား ၍ များစွာ သော လူ အပေါင်းတို့သည် ကိုယ်တော် ကို ခြံရံ လျက် ထိခိုက်တိုက်မိကြ၏။
25 Obìnrin kan sì wà láàrín ọ̀pọ̀ ènìyàn náà, tí ó ti ní ìsun ẹ̀jẹ̀ fún odidi ọdún méjìlá.
၂၅ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာ စွဲ သောကြောင့် ၊
26 Ẹni tí ojú rẹ̀ sì ti rí ọ̀pọ̀lọpọ̀ ìpọ́njú lọ́dọ̀ ọ̀pọ̀ àwọn oníṣègùn, tí ó sì ti ná gbogbo ohun tí ó ní, síbẹ̀ kàkà kí ó san, ó ń burú sí i.
၂၆များစွာ သော ဆေးသမား တို့လက်၌ အလွန် ခံရ ၍ ၊ ဥစ္စာရှိသမျှ ကုန် သော်လည်း သက်သာ မ ရသည် သာမက ၊ အနာတိုး သော မိန်းမ တစ်ယောက်သည်၊
27 Nígbà tí ó sì gbúròó iṣẹ́ ìyanu tí Jesu ṣe, ìdí nìyìí tí ó fi wá sẹ́yìn rẹ̀, láàrín ọ̀pọ̀ ènìyàn, ó sì fọwọ́ kan aṣọ rẹ̀.
၂၇ယေရှု ၏သိတင်း တော်ကို ကြား သည်ရှိသော်၊
28 Nítorí ti ó rò ní ọkàn rẹ̀ pé, “Bí mo bá sá à lè fi ọwọ́ kan aṣọ rẹ̀, ara mi yóò dá.”
၂၈ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု ဆို သည်နှင့်၊ လူ အစုအဝေးထဲ၌ နောက် တော်သို့ လာ ၍အဝတ် တော်ကို တို့ လေ၏။
29 Ìsun ẹ̀jẹ̀ rẹ̀ sì gbẹ lẹ́sẹ̀kẹsẹ̀, òun sì mọ̀ lára rẹ̀ pé, a mú òun láradá kúrò nínú ààrùn náà.
၂၉ထိုခဏခြင်း တွင် အသွေး စုဝေး ရာခန်းခြောက် သည်ဖြစ်၍ ၊ ထို ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် ပြီဟု မိမိ ကိုယ် ၌သိ လေ၏။
30 Lọ́gán, Jesu sì mọ̀ nínú ara rẹ̀ pé agbára jáde lára òun. Ó yípadà láàrín ọ̀pọ̀ ènìyàn, ó sì béèrè, “Ta ni ó fi ọwọ́ kan aṣọ mi?”
၃၀ယေရှု သည် မိမိ ကိုယ်မှ တန်ခိုး ထွက် သည်ကို ချက်ခြင်း သိ တော်မူလျှင် လူအစုအဝေး ၌ နောက်သို့လှည့် ၍၊ ငါ့ အဝတ် ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူ၏။
31 Àwọn ọmọ-ẹ̀yìn rẹ̀ wí fún un pé, “Ìwọ rí ọ̀pọ̀ ènìyàn tí ó rọ̀gbà yí ọ ká, ìwọ sì tún ń béèrè ẹni tí ó fi ọwọ́ kàn ọ́?”
၃၁တပည့် တော်တို့က၊ လူ အစုအဝေးသည် ကိုယ်တော် အား ထိခိုက် ကြသည်ကိုမြင် လျက်ပင်၊ ငါ့ ကို အဘယ်သူ တို့ သနည်းဟုမေး တော်မူပါသည်တကားဟု လျှောက် ကြသော်လည်း ၊
32 Síbẹ̀, Jesu bẹ̀rẹ̀ sí wò yíká láti rí ẹni náà, tí ó fi ọwọ́ kan òun.
၃၂ကိုယ်တော်သည် ထိုသို့ ပြု သောသူ ကိုမြင် ခြင်းငှာ၊ ပတ်လည် သို့ ကြည့်ရှုတော်မူ၏။
33 Nígbà náà, obìnrin náà kún fún ìbẹ̀rù àti ìwárìrì nítorí ó ti mọ ohun tí ó ṣẹlẹ̀ lára òun. Ó sì kúnlẹ̀ níwájú rẹ̀, ó sì sọ gbogbo òtítọ́ fún un.
၃၃ထို မိန်းမ သည်ကိုယ် ၌အဘယ်သို့ ဖြစ် သည်ကိုသိ သောကြောင့် ကြောက်ရွံ့ တုန်လှုပ် လျက် အထံ တော်သို့ လာ ပြီးလျှင် ၊ ပြပ်ဝပ် ၍ ထိုအကြောင်းရှိသမျှ ကို အဟုတ်အမှန် ကြားလျှောက် လေ၏။
34 Jesu sì wí fún un pé, “Ọmọbìnrin, ìgbàgbọ́ rẹ mú ọ láradá. Máa lọ ní àlàáfíà, ìwọ sì ti sàn nínú ààrùn rẹ.”
၃၄ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကိုငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့။ ရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ် စေ “ဟု မိန့် တော်မူ၏။
35 Bí Jesu sì ti ń ba obìnrin náà sọ̀rọ̀, àwọn ìránṣẹ́ dé láti ilé Jairu olórí Sinagọgu wá, wọ́n wí fún un pé, ọmọbìnrin rẹ ti kú, àti pé kí wọn má ṣe yọ Jesu lẹ́nu láti wá, nítorí ó ti pẹ́ jù.
၃၅ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ် မှ လူလာ ၍ ၊ ကိုယ်တော် ၏သမီး သေ ပါပြီ။ အဘယ်ကြောင့် ဆရာ ကို နှောင့်ရှက် သေး သနည်းဟု ဆို ကြ၏။
36 Ṣùgbọ́n bi Jesu ti gbọ́ ọ̀rọ̀ náà, ó wí fún Jairu pé, “Má bẹ̀rù, sá à gbàgbọ́ nìkan.”
၃၆ထို စကား ကို ယေရှု သည်ကြား လျှင်၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့ ဟု တရားစရပ်မှူး အား ချက်ခြင်းမိန့် တော်မူ၏။
37 Nígbà náà, Jesu dá ọ̀pọ̀ ènìyàn náà dúró. Kò sì jẹ́ kí ẹnikẹ́ni tẹ̀lé òun lẹ́yìn lọ ilé Jairu, bí kò ṣe Peteru, Jakọbu àti Johanu arákùnrin Jakọbu.
၃၇ပေတရု ၊ ယာကုပ် ၊ ယာကုပ် ၏ညီ ယောဟန် မှတစ်ပါး အဘယ်သူ ကိုမျှမ လိုက် စေ ဘဲ၊
38 Nígbà tí wọ́n dé ibẹ̀, Jesu rí i pé gbogbo nǹkan ti dàrú. Ilé kún fún àwọn tí ń sọkún, àti àwọn tí ń pohùnréré ẹkún.
၃၈တရားစရပ်မှူး အိမ် သို့ ရောက် ၍ အုန်းအုန်းသဲသဲ ပြုကြသည်ကို၎င်း မြင် တော်မူလျှင် ၊
39 Ó wọ inú ilé lọ, o sì bá àwọn ènìyàn sọ̀rọ̀, ó béèrè pé, “Èéṣe tí ẹ̀yin fi ń sọkún tí ẹ sì ń pohùnréré ẹkún? Ọmọbìnrin náà kò kú, ó sùn lásán ni.”
၃၉အတွင်းသို့ဝင် ၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲ ပြု၍ ငိုကြွေး ကြသနည်း။ သူငယ် သေ သည်မ ဟုတ်အိပ်ပျော် သည်” ဟု မိန့် တော်မူသော်၊
40 Wọ́n sì fi í rẹ́rìn-ín. Ṣùgbọ́n ó sọ fún gbogbo wọn láti bọ́ síta, ó mú baba àti ìyá ọmọ náà, àti àwọn ọmọ-ẹ̀yìn rẹ̀ mẹ́ta. Ó sì wọ inú yàrá tí ọmọbìnrin náà gbé dùbúlẹ̀ sí.
၄၀ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။ ထိုသူ ရှိသမျှ တို့ကို ပြင်သို့ ထွက် စေပြီးမှသူငယ် ၏ မိဘ တို့ကို၎င်း ၊ ကိုယ်တော် နှင့် ပါသောသူ တို့ကို၎င်း ခေါ် ပြီးလျှင် ၊ သူငယ် လျောင်း ရာအရပ် သို့ ဝင် ၍ ၊
41 Ó gbá a ní ọwọ́ mú, ó sì wí pé, “Talita kuumi” (tí ó túmọ̀ sí “Ọmọdébìnrin, dìde dúró!”).
၄၁သူငယ် ၏လက် ကို ကိုင် တော်မူလျှက် ၊ တလိသ ကုမိ ဟု မိန့် တော်မူ၏။ အနက် ကား၊ မိန်းမငယ် ထ လော့ ငါဆို ၏ဟု ဆိုလို သတည်း။
42 Lẹ́sẹ̀kan náà, ọmọbìnrin náà sì dìde. Ó sì ń rìn, ẹ̀rù sì bà wọ́n, ẹnu sì ya àwọn òbí rẹ̀ gidigidi.
၄၂ထိုခဏခြင်း တွင် မိန်းမငယ် သည် ထ ၍ လှမ်းသွား ၏။ သူသည် တစ်ဆယ့်နှစ် နှစ် အရွယ်ရှိ ၏။ ထိုသူတို့ သည် အလွန် မိန်းမော တွေဝေခြင်းသို့ ရောက်ကြ၏။
43 Jesu sì kìlọ̀ fún wọn gidigidi pé kí wọn má ṣe sọ ohun tí ó ti ṣẹlẹ̀. Ó sì wí fún wọn kí wọn fún ọmọbìnrin náà ní oúnjẹ.
၄၃ထို အမူအရာကို အဘယ်သူ မျှမသိ စေမည်အကြောင်း ၊ ထိုသူ တို့ကို ကျပ်တည်း စွာ ပညတ် တော်မူ၍ ၊ “သူ့ အား စားစရာ ပေး လော့ ဟု မိန့် တော်မူ၏။