< Mark 10 >
1 Nígbà náà, Jesu kúrò níbẹ̀, ó sì wá sí ẹkùn Judea níhà òkè odò Jordani. Àwọn ènìyàn sì tún tọ̀ ọ́ wá, bí i ìṣe rẹ̀, ó sì kọ́ wọn.
၁ထို အရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန် မြစ်တစ်ဘက် ကို ရှောက်သွားသဖြင့် ယုဒ ပြည် စွန်းသို့ ရောက် တော်မူ၏။ လူ များတို့သည် အထံ တော်၌ စုဝေး ပြန် ၍၊ ထုံးစံ ရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမ ဩဝါဒပေးတော်မူ၏။
2 Àwọn Farisi kan tọ̀ ọ́ wá, láti dán an wò. Wọ́n béèrè lọ́wọ́ rẹ̀ pé, “Ǹjẹ́ ó ha tọ̀nà fún ènìyàn láti kọ ìyàwó rẹ̀ sílẹ̀?”
၂ဖာရိရှဲ တို့သည် အထံတော်သို့လာ ၍ ၊ လူ သည် မိမိမယား နှင့်ကွာ အပ် သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
3 Jesu béèrè lọ́wọ́ wọn pé, “Kí ni Mose pàṣẹ fún un yín?”
၃ယေရှုက၊ မောရှေ သည်သင် တို့အား အဘယ်သို့ စီရင် သနည်း ဟုလှန် ၍ မေး တော်မူလျှင်၊
4 Wọ́n dáhùn pé, “Mose yọ̀ǹda fún wa láti kọ ìwé ìkọ̀sílẹ̀ fún un, kí a sì fi sílẹ̀.”
၄သူ တို့က၊ ဖြတ်စာ ကို ပေး ၍ မယားနှင့် ကွာ စေခြင်းငှာမောရှေ စီရင် ပါသည်ဟု လျှောက် ကြ၏။
5 Ṣùgbọ́n Jesu dá wọn lóhùn, ó sì wí pé, “Nítorí líle àyà yín ni Mose fi kọ òfin yìí fun un yín.
၅ယေရှု ကလည်း ၊ သင် တို့စိတ် နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထို ပညတ် ကို ရေး ထားသတည်း။”
6 Ṣùgbọ́n láti ìgbà tí ayé ti ṣẹ̀, Ọlọ́run dá wọn ní akọ àti abo.
၆ဘုရားသခင်ဖန်ဆင်း တော်မူစက ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။”
7 Nítorí ìdí èyí, ọkùnrin yóò fi baba àti ìyá rẹ̀ sílẹ̀ yóò sì fi ara mọ́ aya rẹ̀.
၇ထို အကြောင်း ကြောင့်ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊”
8 Òun àti ìyàwó rẹ̀ yóò di ara kan náà. Nítorí náà, wọn kì í túnṣe méjì mọ́ bí kò ṣe ẹyọ ọ̀kan ṣoṣo.
၈ထိုသူနှစ် ယောက်တို့သည် တသား တကိုယ်တည်းဖြစ် ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ် တစ်ဦးတည်း ဖြစ်၏။”
9 Nítorí náà ohun ti Ọlọ́run bá sọ dọ̀kan, ki ẹnikẹ́ni máa ṣe yà wọ́n.”
၉ဘုရားသခင် တွဲဘက် ၍ ထမ်းဘိုးတင်တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့်” ဟု မိန့် တော်မူ၏။
10 Lẹ́yìn náà, nígbà tí Jesu nìkan wà nínú ilé pẹ̀lú àwọn ọmọ-ẹ̀yìn rẹ̀, wọ́n tún béèrè lọ́wọ́ rẹ̀ nípa ohun kan náà.
၁၀နောက်တစ်ဖန် တပည့် တော်တို့သည် အိမ် ၌ ရှိစဉ်၊ ထို အကြောင်း ကို မေးလျှောက် ပြန်ကြ၏။
11 Jesu túbọ̀ ṣe àlàyé fún wọn pé, “Ẹnikẹ́ni tí ó bá kọ aya rẹ̀ sílẹ̀ tí ó bá sì fẹ́ ẹlòmíràn, irú ọkùnrin bẹ́ẹ̀ ṣe panṣágà sí obìnrin tí ó ṣẹ̀ṣẹ̀ gbé níyàwó.
၁၁ကိုယ်တော်ကလည်း၊ အကြင်သူ သည် မယား နှင့်ကွာ ၍ အခြား သောမိန်းမနှင့် စုံဘက် ခြင်းကိုပြု၏။ ထို သူသည် မိမိမယားကို ပြစ်မှား ၏။”
12 Bẹ́ẹ̀ gẹ́gẹ́, bí obìnrin kan bá kọ ọkọ rẹ̀ sílẹ̀ tí ó sì fẹ́ ọkùnrin mìíràn, irú obìnrin bẹ́ẹ̀ ṣe panṣágà.”
၁၂မိန်းမ သည်လည်း မိမိ လင် နှင့်ကွာ ၍ အခြား သောယောက်ျားနှင့်စုံဘက် ခြင်းကိုပြုလျှင် မှားယွင်း ခြင်းသို့ ရောက်သည်” ဟု မိန့် တော်မူ၏။
13 Lẹ́yìn èyí, àwọn ènìyàn bẹ̀rẹ̀ sí í gbé àwọn ọmọ wẹ́wẹ́ tọ Jesu wá kí ó lè súre fún wọn. Ṣùgbọ́n àwọn ọmọ-ẹ̀yìn rẹ̀ kígbe mọ́ àwọn tí ń gbé àwọn ọmọdé wọ̀nyí bọ̀ pé wọn kò gbọdọ̀ yọ Jesu lẹ́nu rárá.
၁၃ထိုအခါ သူငယ် တို့ကို လက်တော်နှင့် တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ဖြစ်၍၊ တပည့် တော်တို့သည် ဆောင်ခဲ့သောသူ တို့ကို အပြစ်တင် ကြ၏။
14 Ṣùgbọ́n nígbà tí Jesu rí ohun tí ó ń ṣẹlẹ̀, inú rẹ̀ kò dùn sí àwọn ọmọ-ẹ̀yìn rẹ̀. Nítorí náà, ó sọ fún wọn pé, “Ẹ jẹ́ kí àwọn ọmọdé kékeré wá sọ́dọ̀ mi. Ẹ má ṣe dá wọn lẹ́kun nítorí pé irú wọn ni ìjọba Ọlọ́run.
၁၄ယေရှု သည်မြင် တော်မူလျှင် အမျက် တော်ထွက်၍ ၊ ထို သူငယ် တို့ကို ငါ့ ထံသို့ လာ ပါစေလေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏နိုင်ငံ တော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ် ၏။”
15 Lóòótọ́ ni mo wí fún yín, ẹnikẹ́ni tí kò bá gba ìjọba Ọlọ́run bí ọmọ kékeré, kì yóò le è wọ inú rẹ̀.”
၁၅ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံယူ ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူပြီးမှ၊
16 Nígbà náà, Jesu gbé àwọn ọmọ náà lé ọwọ́ rẹ̀, ó gbé ọwọ́ lé orí wọn. Ó sì súre fún wọn.
၁၆သူငယ် တို့ကို ချီပိုက် ၍ သူ တို့အပေါ်မှာ လက် တော်ကိုတင် လျက် ကောင်းကြီး ပေးတော်မူ၏။
17 Bí Jesu ti bẹ̀rẹ̀ ìrìnàjò rẹ, ọkùnrin kan sáré wá sọ́dọ̀ rẹ̀. Ó sì kúnlẹ̀, ó béèrè pé, “Olùkọ́ rere, kí ni èmi yóò ṣe láti jogún ìyè àìnípẹ̀kun?” (aiōnios )
၁၇လမ်း မှာ ကြွ တော်မူစဉ်တွင်လူတယောက် သည် အထံ တော်သို့ပြေး ၍ ဒူးထောက် လျက် ၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ် အမှုကိုပြု ရပါမည်နည်းဟု မေးလျှောက် သော်၊. (aiōnios )
18 Jesu béèrè pé, arákùnrin, “Èéṣe tí o fi ń pè mí ní ẹni rere? Ẹni rere kan kò sí Ọlọ́run nìkan ni ẹni rere.
၁၈ယေရှု က၊ ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။”
19 Ìwọ mọ àwọn òfin bí: ‘Ìwọ kò gbọdọ̀ pànìyàn, ìwọ kò gbọdọ̀ ṣe panṣágà, ìwọ kò gbọdọ̀ jalè, ìwọ kò gbọdọ̀ purọ́, ìwọ kò gbọdọ̀ rẹ́ ọmọnìkejì jẹ, bọ̀wọ̀ fún baba àti ìyá rẹ.’”
၁၉“သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကိုမ ပြစ်မှားနှင့်။ လူအသက်ကို မ သတ် နှင့်။ သူဥစ္စာကိုမ ခိုး နှင့်။ မမှန် သောသက်သေကိုမ ခံနှင့်။ သူ့ဥစ္စာကို မတရား သဖြင့်မ သိမ်းနှင့်။ မိဘ ကို ရိုသေ စွာ ပြုလော့” ဟု မိန့် တော်မူလျှင် ၊
20 Ọkùnrin náà dáhùn pé, “Olùkọ́, gbogbo nǹkan wọ̀nyí ni èmi ń ṣe láti ìgbà èwe mi wá.”
၂၀အရှင် ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ် သောအရွယ်မှစ၍ စောင့်ရှောက် ပါပြီဟု လျှောက် ပြန်လျှင် ၊
21 Jesu wò ó tìfẹ́tìfẹ́. Ó wí fún un pé, “Bí ó bá rí bẹ́ẹ̀, ohun kan ló kù fún ọ láti ṣe, lọ nísinsin yìí, ta gbogbo nǹkan tí o ní, kí o sì pín owó náà fún àwọn aláìní ìwọ yóò sì ní ìṣúra ní ọ̀run, sì wá, kí ó sì máa tọ̀ mí lẹ́yìn.”
၂၁ယေရှု သည်၊ ထိုသူ ကိုကြည့်ရှု လျက် ချစ် သောစိတ်ရှိ၍ ၊ သင် သည်တခု လို သေး၏။ သွား လော့။ ကိုယ် ဥစ္စာ ရှိသမျှ ကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်၊ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
22 Nígbà tí ọkùnrin yìí gbọ́ èyí, ojú rẹ̀ korò, ó sì lọ pẹ̀lú ìbànújẹ́, nítorí pé ó ní ọrọ̀ púpọ̀.
၂၂ထိုသူ သည် များစွာ သောဥစ္စာ ကိုရ တတ်သောသူဖြစ် ၍၊ ထို စကား ကိုကြားလျှင် မျက်နှာပျက် ၍ စိတ်မသာ သည်နှင့်သွား လေ၏။
23 Jesu wò ó bí ọkùnrin náà ti ń lọ. Ó yípadà, ó sì sọ fún àwọn ọmọ-ẹ̀yìn rẹ̀ pé, “Àní, ohun ìṣòro ni fún ọlọ́rọ̀ láti wọ ìjọba Ọlọ́run!”
၂၃ယေရှု ကလည်း ၊ ဥစ္စာ ရ တတ်သောသူ သည်ဘုရားသခင် ၏နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏” ဟု ပတ်လည်သို့ကြည့်ရှု ၍ တပည့် တော်တို့အား မိန့် တော်မူ၏။
24 Ọ̀rọ̀ yìí ya àwọn ọmọ-ẹ̀yìn rẹ̀ lẹ́nu. Jesu tún sọ fún wọn pé, “Ẹyin ọmọ yóò tí ṣòro tó fún àwọn tí ó ní ìgbẹ́kẹ̀lé nínú ọrọ̀ láti wọ ìjọba Ọlọ́run.
၂၄တပည့် တော်တို့သည် ထို စကား ကိုကြားလျှင် ၊ မိန်းမော တွေဝေခြင်းရှိကြ၏။ တစ်ဖန် ယေရှု က၊ ငါသား တို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။”
25 Ó rọrùn fún ìbákasẹ láti gba ojú abẹ́rẹ́ wọlé jù fún ọlọ́rọ̀ kan láti wọ ìjọba ọ̀run.”
၂၅ကုလားအုပ် သည် အပ် နဖား ကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည်” ဟု မိန့် တော်မူ၏။
26 Ẹnu túbọ̀ ya àwọn ọmọ-ẹ̀yìn sí i. Wọ́n béèrè wí pé, “Tí ó bá rí bẹ́ẹ̀, ta ni nínú ayé ni ó lè ní ìgbàlà?”
၂၆ထိုသူ တို့သည် သာ၍ မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု အချင်းချင်း ပြောဆို ကြ၏။
27 Jesu wò wọ́n, ó sì wí fún wọn pé, “Ènìyàn ní èyí kò ṣe é ṣe fún ṣùgbọ́n kì í ṣe fún Ọlọ́run, nítorí ohun gbogbo ni ṣíṣe fún Ọlọ́run.”
၂၇ယေရှု ကလည်း၊ သူ တို့ကိုကြည့်ရှု ၍၊ ဤအမှုကို လူ မ တတ်နိုင်သော်လည်း ၊ ဘုရားသခင် မတတ်နိုင်သည်မ ဟုတ်။ ဘုရားသခင် သည် ခပ်သိမ်း သောအမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
28 Nígbà náà ni Peteru kọjú sí Jesu, ó wí pé, “Àwa ti fi ohun gbogbo sílẹ̀, a sì ń tọ̀ ọ́ lẹ́yìn.”
၂၈ထိုအခါ၊ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှ ကိုစွန့်ပစ် ၍ ကိုယ်တော် နောက် သို့ လိုက်ကြပါပြီဟုလျှောက် လေသော်၊
29 Jesu dáhùn pé, “Lóòótọ́ ni mo wí fún un yín pé, kò sí ẹnikẹ́ni tí ó fi ohunkóhun sílẹ̀ bí: ilé, tàbí àwọn arákùnrin, tàbí àwọn arábìnrin, tàbí ìyá, tàbí baba, tàbí àwọn ọmọ tàbí ohun ìní nítorí mi àti nítorí ìyìnrere,
၂၉ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ငါ့ ကြောင့် ၎င်း ၊ ဧဝံဂေလိ တရားကြောင့် ၎င်း၊ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါးကိုစွန့် ၏။”
30 tí a kì yóò fún padà ní ọgọọgọ́rùn-ún àwọn ilé, tàbí arákùnrin, tàbí arábìnrin, tàbí ìyá, tàbí ọmọ, tàbí ilẹ̀, àti inúnibíni pẹ̀lú. Gbogbo nǹkan wọ̀nyí yóò jẹ́ tirẹ̀ ní ayé yìí àti pé ní ayé tó ń bọ̀ yóò ní ìyè àìnípẹ̀kun. (aiōn , aiōnios )
၃၀ထိုသူသည် အဆတရာ သော အကျိုးတည်းဟူသောယခု ကာလ ၌ ညှဉ်းဆဲ ခြင်းနှင့်တကွ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ အမိ ၊ သားသမီး တို့ကို၎င်း၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့။” (aiōn , aiōnios )
31 Ṣùgbọ́n ọ̀pọ̀ àwọn tí ó síwájú ni yóò di ẹni ìkẹyìn, àwọn tí ó sì kẹ́yìn yóò síwájú.”
၃၁နောက်ကျ သောသူအများ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျကြသောသူ အများတို့သည် နောက်ကျ ကြလိမ့်မည်” ဟု မိန့် တော်မူ၏။
32 Nísinsin yìí, wọ́n wà lójú ọ̀nà sí Jerusalẹmu. Jesu sì ń lọ níwájú wọn, bí àwọn ọmọ-ẹ̀yìn ti ń tẹ̀lé e, ìbẹ̀rù kún ọkàn wọn. Ó sì tún mú àwọn méjìlá sí apá kan, ó sì bẹ̀rẹ̀ sí ṣàlàyé ohun gbogbo tí a ó ṣe sí i fún wọn.
၃၂ယေရုရှလင် မြို့သို့ တက်သွား ကြရာ၊ လမ်း မှာ ယေရှု သည်တပည့် တော်တို့ရှေ့ ၌ ကြွတော်မူစဉ် ၊ သူတို့ သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ သောစိတ်နှင့် လိုက် ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးတို့ကို တစ်ဖန် ခေါ် ၍၊ ငါတို့သည်ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။”
33 Ó sọ fún wọn pé, “Àwa ń gòkè lọ Jerusalẹmu, a ó sì fi Ọmọ Ènìyàn lé àwọn olórí àlùfáà àti àwọn olùkọ́ òfin lọ́wọ́. Wọn ni yóò dá lẹ́bi ikú. Wọn yóò sì fà á lé ọwọ́ àwọn aláìkọlà.
၃၃လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်သို့ ရောက် လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ၍ တပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။”
34 Wọn yóò fi ṣe ẹlẹ́yà, wọn yóò tutọ́ sí ní ara, wọn yóò nà pẹ̀lú pàṣán wọn. Wọn yóò sì pa, ṣùgbọ́n lẹ́yìn ọjọ́ mẹ́ta yóò tún jíǹde.”
၃၄သူ တို့သည်လည်း လူသားအားပြက်ရယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ တံတွေး နှင့်ထွေးခြင်း၊ အသေ သတ်ခြင်းကို ပြုကြလိမ့်မည်။ သုံး ရက်မြောက် သောနေ့ ၌ ထမြောက် လိမ့်မည်” ဟူ၍မိမိ ကိုယ်၌ရောက် လတံ့သော အမှုအရာ တို့ကို တပည့် တော်တို့အား မိန့် တော်မူ၏။
35 Lẹ́yìn èyí, Jakọbu àti Johanu, àwọn ọmọ Sebede wá sọ́dọ̀ Jesu. Wọ́n sì bá a sọ̀rọ̀ kẹ́lẹ́kẹ́lẹ́, wọ́n wí pé, “Olùkọ́, inú wa yóò dùn bí ìwọ bá lè ṣe ohunkóhun tí a bá béèrè fún wa.”
၃၅ထိုအခါ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အရှင် ဘုရား၊ အကျွန်ုပ် တို့တောင်းသော ဆု ကျေးဇူးကို ပြု တော်မူစေချင် ပါသည်ဟု လျှောက် လေ၏။
36 Jesu béèrè pé, “Kí ni Ẹ̀yin ń fẹ́ kí èmi ó ṣe fún un yín?”
၃၆ကိုယ်တော်က၊ ငါသည်သင် တို့ကို အဘယ်သို့ ပြု စေချင် သနည်း” ဟု မေး တော်မူသော် ၊
37 Wọ́n bẹ̀bẹ̀ pé, “Jẹ́ kí ọ̀kan nínú wa jókòó ní ọwọ́ ọ̀tún rẹ àti ẹnìkejì ní ọwọ́ òsì nínú ògo rẹ!”
၃၇ကိုယ်တော် သည် ဘုန်းပွင့် တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျာ ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်ထိုင် ရသောအခွင့်ကို ပေး တော်မူပါဟု လျှောက် ကြ၏။
38 Ṣùgbọ́n Jesu dá wọn lóhùn pé, “Ẹ kò mọ ohun tí ẹ̀ ń béèrè! Ṣe ẹ lè mu nínú ago kíkorò tí èmi ó mú tàbí a lè bamitiisi yín pẹ̀lú irú ì bamitiisi ìjìyà tí a ó fi bamitiisi mi?”
၃၈ယေရှု ကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါ ခံ သောဗတ္တိဇံ ကိုခံ ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊
39 Àwọn méjèèjì dáhùn pé, “Àwa pẹ̀lú lè ṣe bẹ́ẹ̀.” Jesu wí fún wọn pé, “Lóòótọ́ ni ẹ̀yin ó mu ago ti èmi yóò mu, àti bamitiisi tí a sí bamitiisi mi ni a ó fi bamitiisi yín,
၃၉အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော် ၊ ယေရှု က၊ ငါ သောက် သောခွက် ကို သင်တို့ သည် သောက် ရကြလိမ့်မည်။ ငါ ခံ သောဗတ္တိဇံ ကိုလည်း သင်တို့သည်ခံရ ကြလိမ့်မည်။”
40 ṣùgbọ́n láti jókòó ní ọwọ́ ọ̀tún mi àti ní ọwọ́ òsì mi kì ì ṣe ti èmi láti fi fún ni: bí kò ṣe fún àwọn ẹni tí a ti pèsè rẹ̀ sílẹ̀ fún.”
၄၀သို့သော်လည်း ငါ လက်ျာ ဘက်လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကားအကြင်သူ တို့အဘို့အလိုငှာ ပြင်ဆင် ၏၊ ထိုသူတို့အားသာ ငါ ပေး ပိုင်သည်” ဟု မိန့် တော်မူ၏။
41 Nígbà tí àwọn ọmọ-ẹ̀yìn mẹ́wàá ìyókù gbọ́ ohun tí Jakọbu àti Johanu béèrè, wọ́n bínú.
၄၁အခြားသော တပည့်တော်တစ်ကျိပ် တို့သည်ကြားသိ လျှင် ၊ ယာကုပ် နှင့် ယောဟန် တို့ကို အမျက်ထွက် ကြ ၏။
42 Nítorí ìdí èyí, Jesu pè wọ́n sọ́dọ̀, ó sì wí fún wọn pé, “Gẹ́gẹ́ bí ẹ̀yin ti mọ̀ pé, àwọn ọba àti àwọn kèfèrí ń lo agbára lórí àwọn ènìyàn.
၄၂ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍ ၊ သင်တို့သိ သည်အတိုင်း လောကီ မင်း တို့သည် အစိုးတရ ပြုတတ် ကြ၏။ အကဲအမှူး တို့သည် အာဏာ ထားတတ်ကြ၏။”
43 Ṣùgbọ́n láàrín yín ko gbọdọ̀ ri bẹ. Ẹnikẹ́ni tí ó bá fẹ́ di olórí nínú yín gbọdọ̀ ṣe ìránṣẹ́.
၄၃သင် တို့မူကား ၊ ထိုသို့ မ ပြု ကြနှင့်။ သင် တို့တွင် အကဲအမှူး ပြု လို သောသူ သည် သင် တို့အစေခံ ဖြစ် ရမည်။”
44 Ẹnikẹ́ni tí ó fẹ́ di aṣáájú nínú yín gbọdọ̀ ṣe ìránṣẹ́ gbogbo yín.
၄၄သင် တို့တွင် အထွဋ်အမြတ် လုပ် ချင် သောသူ သည်လည်း အလုံးစုံ တို့၏စေခိုင်းရာ ကျွန် ဖြစ် ရမည်။”
45 Nítorí, Èmi, Ọmọ Ènìyàn kò wá sí ayé kí ẹ lè ṣe ìránṣẹ́ fún mi, ṣùgbọ́n láti lè ṣe ìránṣẹ́ fun àwọn ẹlòmíràn, àti láti fi ẹ̀mí rẹ̀ ṣe ìràpadà ọ̀pọ̀ ènìyàn.”
၄၅အကြောင်းမူကား ၊ လူ သား သည် သူတစ်ပါးကို စေစား ခြင်းငှာမ လာ ၊ သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာသတည်း” ဟု မိန့် တော်မူ၏။
46 Wọ́n dé Jeriko, bí Jesu àti àwọn ọmọ-ẹ̀yìn rẹ̀ àti ọ̀pọ̀ ènìyàn ti fẹ́ kúrò ní ìlú Jeriko, ọkùnrin afọ́jú kan, Bartimeu, ọmọ Timeu jókòó lẹ́gbẹ̀ẹ́ ọ̀nà ó ń ṣagbe.
၄၆ယေရိခို မြို့သို့ ရောက် ကြလျှင် ၊ တပည့် တော်တို့မှစ၍ များစွာ သောလူ အပေါင်းတို့နှင့်တကွ ထိုမြို့ မှ ထွက်ကြွ တော်မူစဉ်တွင်၊ တိမဲ ၏သား ဗာတိမဲ အမည်ရှိသော လူကန်း သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ ၏။
47 Nígbà tí Bartimeu gbọ́ pé Jesu ti Nasareti wà nítòsí, o bẹ̀rẹ̀ sí kígbe lóhùn rara pé, “Jesu ọmọ Dafidi, ṣàánú fún mi.”
၄၇နာဇရက် မြို့သားယေရှု ရှိ ကြောင်း ကို ကြား ရလျှင် ၊ ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
48 Àwọn tó wà níbẹ̀ kígbe mọ́ ọn pé, “Pa ẹnu rẹ mọ́.” Ṣùgbọ́n dípò kí ó pa ẹnu mọ́, ṣe ló ń kígbe lóhùn rara pé, “Jesu ọmọ Dafidi ṣàánú fún mi.”
၄၈ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူအများ တို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကိုကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် လေသော်၊
49 Nígbà tí Jesu gbọ́ igbe rẹ̀, ó dẹ́sẹ̀ dúró lójú ọ̀nà, ó sì wí pé, “Ẹ pè é kí ó wá sọ́dọ̀ mi.” Nítorí náà wọ́n pe ọkùnrin afọ́jú náà, wọ́n wí pé, “Tújúká! Dìde lórí ẹsẹ̀ rẹ! Ó ń pè ọ́.”
၄၉ယေရှု သည် ရပ် တော်မူလျက် ၊ ထိုသူ ကိုခေါ် ခဲ့ ဟု အမိန့် တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်း ကိုခေါ် ၍ မ စိုးရိမ်နှင့်၊ ထ လော့။ သင့် ကို ခေါ် တော်မူသည်ဟုဆို ကြ၏။
50 Lẹ́sẹ̀kan náà, Bartimeu bọ́ agbádá rẹ̀ sọnù, ó fò sókè, ó sì wá sọ́dọ̀ Jesu.
၅၀ထိုသူသည် မိမိ အဝတ် ကို ခြုံ ပြီးလျှင် ၊ ထ ၍ ယေရှု ထံတော်သို့ သွား ၏။
51 Jesu béèrè lọ́wọ́ rẹ̀ pé, “Kí ni ìwọ fẹ́ kí èmi kí ó ṣe fún ọ?” Afọ́jú náà dáhùn pé, “Rabbi, jẹ́ kí èmi kí ó ríran.”
၅၁ယေရှု ကလည်း ၊ သင် ၌ အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊
52 Jesu wí fún un pé, “Máa lọ, ìgbàgbọ́ rẹ ti mú ọ láradá.” Lẹ́sẹ̀kẹsẹ̀, ọkùnrin afọ́jú náà ríran ó sì ń tẹ̀lé Jesu lọ ní ọ̀nà.
၅၂အရှင် ဘုရား အကျွန်ုပ်မျက်စိကိုမြင် စေခြင်းငှာ ပြုတော်မူပါဟု လူကန်း လျှောက် လေသော် ၊ ယေရှု က၊ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင့် ကိုကယ်မ ပြီ ဟုမိန့် တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင် ၍ လမ်း ၌ နောက် တော်သို့လိုက်လေ၏။