< Judges 6 >

1 Àwọn ọmọ Israẹli sì túnṣe ohun tí ó burú ní ojú Olúwa, Ó sì fi wọ́n lé àwọn ará Midiani lọ́wọ́ fún ọdún méje.
တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ သူ တို့ကို မိဒျန် အမျိုးလက် ၌ ခုနစ် နှစ် ပတ်လုံးအပ် တော်မူသဖြင့်၊
2 Agbára àwọn ará Midiani sì pọ̀ púpọ̀ lórí àwọn Israẹli, wọ́n sì hùwà ipá sí wọn, nítorí ìdí èyí, àwọn Israẹli sálọ sí àwọn orí òkè, wọ́n sì kọ́ àgọ́ fún ara wọn nínú ihò àpáta, àti nínú ọ̀gbun àti ní ibi agbára nínú àpáta.
မိဒျန် အမျိုးသည် ဣသရေလ အမျိုးကို နိုင် ၍ ညှဉ်းဆဲ သောကြောင့် ၊ ဣသရေလ အမျိုးသားတို့သည် တောင်ရိုး ၌ ခိုင်ခံ့ သော ဥမင် မြေတွင်း တို့ကို လုပ် ရကြ၏။
3 Ní ìgbàkúgbà tí àwọn ọmọ Israẹli bá ti gbin ọ̀gbìn wọn, àwọn ará Midiani, àwọn ará Amaleki àti àwọn ará ìlà-oòrùn mìíràn yóò wá láti bá wọn jà.
ဣသရေလ အမျိုးသည် လယ် လုပ်ပြီးမှ၊ မိဒျန် ပြည်သားနှင့် အာမလက် ပြည်သားအစရှိသော အရှေ့ ပြည်သား တို့သည် ချီ လာ၍၊
4 Wọn yóò tẹ̀dó sí orí ilẹ̀ náà, wọn a sì bá irúgbìn wọ̀nyí jẹ́ títí dé Gasa, wọn kì í sì í fi ohun alààyè kankan sílẹ̀ fún àwọn ọmọ Israẹli, kì bá à ṣe àgùntàn, màlúù tàbí kẹ́tẹ́kẹ́tẹ́.
တပ်ချ သဖြင့်၊ ဂါဇ မြို့တိုင်အောင်မြေ အသီးအနှံ ကို သုတ်သင် ပယ်ရှင်းလျက် စားစရာ ကို ချန်၍မထား။ သိုး နွား မြည်း ကိုလည်း ချန် ၍ မ ထားကြ။
5 Wọn a máa wá pẹ̀lú ohun ọ̀sìn wọn àti àwọn àgọ́ wọn, wọn a sì dàbí eṣú nítorí i púpọ̀ wọn. Ènìyàn kò sì lè ka iye àwọn ènìyàn náà bẹ́ẹ̀ ni àwọn ìbákasẹ, wọ́n pọ̀ dé bi pé wọn kò ṣe é kà ní iye, wọn a bo ilẹ̀ náà wọn a sì jẹ ẹ́ run.
အဘယ်သို့နည်းဟူမူကား၊ သူ တို့သည် တိရစ္ဆာန် များ၊ တဲ များပါလျက်၊ ကျိုင်းကောင် များပြား သကဲ့သို့ ၊ သူ တို့နှင့် ကုလားအုပ် တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလ ပြည် ကို ဖျက်ဆီး လျက် လာ ကြ၏။
6 Àwọn ará Midiani sì pọ́n àwọn ọmọ Israẹli lójú, wọ́n sọ wọ́n di òtòṣì àti aláìní, fún ìdí èyí wọ́n ké pe Olúwa nínú àdúrà fún ìrànlọ́wọ́.
ဣသရေလ အမျိုးသားတို့သည် မိဒျန် အမျိုးသားတို့ကြောင့် အလွန် ဆင်းရဲ ၍ ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
7 Nígbà tí àwọn ọmọ Israẹli ké pe Olúwa nítorí àwọn ará Midiani.
ထိုသို့ မိဒျန် အမျိုးသားတို့ကြောင့် ၊ ထာဝရဘုရား အား ဟစ်ကြော် ကြသောအခါ၊
8 Olúwa fi etí sí igbe wọn, ó sì rán wòlíì kan sí wọn, ẹni tí ó wí pé, “Èyí ni ohun tí Olúwa Ọlọ́run Israẹli wí: mo mú yín gòkè ti Ejibiti wá, láti oko ẹrú.
ထာဝရဘုရား သည် ပရောဖက် တယောက် ကို ဣသရေလ အမျိုးသားတို့ထံ သို့စေလွှတ် တော်မူ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါနှုတ် ဆောင်ပြီ။
9 Mo gbà yín kúrò nínú agbára Ejibiti àti kúrò ní ọwọ́ gbogbo àwọn aninilára yín. Mo lé wọn kúrò ní iwájú yín, mo sì fi ilẹ̀ wọn fún yín.
အဲဂုတ္တု ပြည်သားလက် မှ ၎င်း ၊ ညှဉ်းဆဲ သောသူအပေါင်း တို့လက် မှ ၎င်း၊ သင် တို့ကို ကယ်နှုတ် ၍ ၊ သူ တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် သဖြင့် သူ တို့ပြည် ကိုပေး ပြီ။
10 Mo wí fún un yín pé, ‘Èmi ni Olúwa Ọlọ́run yín; ẹ má ṣe sin àwọn òrìṣà àwọn ará Amori, ní ilẹ̀ ẹni tí ẹ̀yin ń gbé.’ Ṣùgbọ́n ẹ̀yin kò gbọ́rọ̀ sí ohun tí mo sọ.”
၁၀ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင် တို့နေ သောအာမောရိ ပြည်သားကိုးကွယ်သော ဘုရား တို့ကို မ ကြောက်ရွံ့ ကြနှင့်ဟု ငါပညတ် သော်လည်း ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်ကြဟု မိန့် တော်မူ၏။
11 Ní ọjọ́ kan angẹli Olúwa wá, ó sì jókòó ní abẹ́ igi óákù Ofira èyí ti ṣe ti Joaṣi ará Abieseri, níbi tí Gideoni ọmọ rẹ̀ ti ń lu ọkà jéró, níbi ìpọntí wáìnì láti fi pamọ́ kúrò níwájú àwọn ará Midiani.
၁၁တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည်လာ ၍ ၊ ဩဖရ ရွာမှာ အဗျေဇာ အမျိုးသားယောရှ ပိုင်သော သပိတ် ပင်အောက် ၌ ထိုင် လေ၏။ ယောရှ သား ဂိဒေါင် သည် မိမိစပါးကို မိဒျန် လူတို့ မ တွေ့စေခြင်းငှါ ၊ စပျစ်သီး နယ်ရာ တန်ဆာအနား မှာ စပါး ကို နယ် လျက်နေ၏။
12 Nígbà tí angẹli Olúwa fi ara han Gideoni, ó wí fún un pé, “Olúwa wà pẹ̀lú rẹ, akọni ológun.”
၁၂ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကိုယ်ထင်ရှား ၍ ၊ ခွန်အားကြီး သော အချင်းသူရဲ ၊ ထာဝရဘုရား သည် သင် နှင့်အတူ ရှိတော်မူ၏ဟု ဆို လျှင်၊
13 Gideoni dáhùn pé, “Alàgbà, bí Olúwa bá wà pẹ̀lú wa, kí ló dé tí gbogbo ìwọ̀nyí fi ń ṣẹlẹ̀ sí wa? Níbi gbogbo àwọn iṣẹ́ ìyanu rẹ tí àwọn baba wa ròyìn rẹ̀ fún wa nígbà tí wọ́n wí pé, ‘Olúwa kò ha mú wa gòkè láti ilẹ̀ Ejibiti wá?’ Ṣùgbọ́n nísinsin yìí Olúwa ti kọ̀ wá sílẹ̀, ó sì ti fi wá lé àwọn ará Midiani lọ́wọ́.”
၁၃ဂိဒေါင် က၊ အိုသခင် ၊ ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့်အတူ ရှိ တော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤ အမှုကြီး ရောက် ရပါသနည်း။ ထာဝရဘုရား သည် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်တော်မူသည် မဟုတ် လောဟု အကျွန်ုပ် တို့အဘ များ ပြော သည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ် သော အမှုရှိသမျှ တို့သည် အဘယ်မှာ ရှိပါသနည်း။ ယခု မှာ ထာဝရဘုရား သည် အကျွန်ုပ် တို့ကို စွန့် ၍ မိဒျန် လူတို့လက် သို့ အပ် တော်မူပြီတကားဟု ဆို လေသော်၊
14 Olúwa sì yípadà sí i, ó sì wí fún un pé, “Lọ nínú agbára tí o ní yìí, kí o sì gba àwọn ará Israẹli sílẹ̀ kúrò lọ́wọ́ àwọn ará Midiani. Èmi ni ó ń rán ọ lọ.”
၁၄ထာဝရဘုရား သည် သူ့ ကို ကြည့်ရှု ၍ ယခု သင် ရသောတန်ခိုး ကို အမှီပြု လျှက် သွား လော့။ သင်သည် ဣသရေလ အမျိုးကို မိဒျန် လူတို့လက် မှ ကယ်နှုတ် လိမ့်မည်။ သင့် ကို ငါစေခိုင်း သည် မဟုတ် လောဟု မိန့် တော်မူ၏။
15 Gideoni sì dáhùn pé, “Yéè olúwa mi, ọ̀nà wo ni èmi yóò fi gba Israẹli là? Ìdílé mi ni ó jẹ́ aláìlera jù ní Manase, àti pé èmi ni ó sì kéré jù ní ìdílé baba mi.”
၁၅ဂိဒေါင်ကလည်း ၊ အိုသခင် ၊ အကျွန်ုပ်သည် ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ် နိုင်ပါမည်နည်း။ အကျွန်ုပ် အဆွေအမျိုး သည် မနာရှေ အမျိုး၌ သာ၍ဆင်းရဲ ပါ၏။ အကျွန်ုပ် သည်လည်း ၊ ကိုယ် အဆွေအမျိုး ၌ အယုတ် ဆုံးသောသူဖြစ် ပါ၏ဟု လျှောက် လျှင်၊
16 Olúwa sì dáhùn pé, “Èmi yóò wà pẹ̀lú rẹ, ìwọ yóò sì pa gbogbo àwọn ará Midiani láì ku ẹnìkankan.”
၁၆ထာဝရဘုရား က၊ အကယ်စင်စစ် ငါသည် သင် နှင့်အတူ ရှိ သဖြင့် ၊ သင်သည် လူ တ ယောက်ကို လုပ်ကြံသကဲ့သို့ ၊ မိဒျန် လူတို့ကို လုပ်ကြံ လိမ့်မည်ဟု မိန့် တော်မူ၏။
17 Gideoni sì dáhùn pé, nísinsin yìí tí mo bá bá ojúrere rẹ pàdé, fún mi ní àmì pé ìwọ ni ń bá mi sọ̀rọ̀.
၁၇ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာရ ပါလျှင် အကျွန်ုပ် နှင့် ယခု နှုတ်ဆက် တော်မူကြောင်း ထင်ရှားသော နိမိတ် လက္ခဏာကို ပြ တော်မူပါ။
18 Jọ̀wọ́ má ṣe kúrò níbí títí èmi yóò fi mú ọrẹ wá fún ọ kí n sì gbé e sí iwájú rẹ. Olúwa sì wí pé, “Èmi yóò dúró títí ìwọ yóò fi dé.”
၁၈အကျွန်ုပ် သည် တဖန်လာ ပြန်၍ ၊ ဘောဇဉ် ပူဇော်သက္ကာကို ဆောင် ခဲ့သဖြင့် ၊ ကိုယ်တော် ရှေ့ ၌ မ တင် မှီတိုင်အောင်၊ ဤ အရပ်က ကြွ သွားတော်မ မူပါနှင့်ဟု တောင်းပန် လျှင် ၊ သင် သည် ပြန် ၍ မ လာမှီတိုင်အောင်ငါနေ မည်ဟု မိန့် တော်မူ၏။
19 Gideoni sì yára wọ ilé lọ, ó sì pa ọ̀dọ́ ewúrẹ́ kan, wọ́n sì sè é, ó sì mú ìyẹ̀fun efa kan, ó fi ṣe àkàrà aláìwú. Ó gbé ẹran náà sínú agbọ̀n, ṣùgbọ́n ó fi ọbẹ̀ rẹ̀ sínú ìkòkò, ó gbé wọn jáde tọ angẹli náà wá bí ọrẹ lábẹ́ igi óákù.
၁၉ဂိဒေါင် သည် သွား ၍ ဆိတ် သငယ် တကောင်ကို၎င်း၊ မုန့်ညက် တဧဖာ နှင့် လုပ်သော တဆေး မဲ့ မုန့်ပြားတို့ကို၎င်းပြင်ဆင် လေ၏။ ဆိတ်သား ကို တောင်း ၌ ထည့် ၍ ၊ ဆိတ်သားပြုတ်ရည် ကို အိုး ၌ လောင်း ပြီးမှ ၊ ကောင်းကင်တမန် ရှိရာ သပိတ် ပင်အောက် သို့ ဆောင် ခဲ့၍ ဆက် လေ၏။
20 Angẹli Ọlọ́run náà sì wí fún un pé, “Gbé ẹran náà àti àkàrà àìwú náà, sí orí àpáta yìí, kí o sì da omi ọbẹ̀ rẹ̀ sí orí rẹ̀.” Gideoni sì ṣe bẹ́ẹ̀.
၂၀ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ အမဲသား နှင့် တဆေး မဲ့မုန့်ပြားတို့ကို ယူ ၍ ဤ ကျောက် ပေါ် မှာ တင် ထားလော့။ အမဲသားပြုတ်ရည် ကို သွန်းလောင်း လော့ဟု ဆို လျှင် ၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြု လေ၏။
21 Angẹli Olúwa sì fi orí ọ̀pá tí ó wà ní ọwọ́ rẹ̀ kan ẹran àti àkàrà àìwú náà. Iná sì jáde láti inú àpáta, ó sì jó ẹran àti àkàrà náà, kò sì rí angẹli náà mọ́.
၂၁ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် မိမိ ကိုင် သော တောင်ဝေး ကို ဆန့် ၍ ၊ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကိုတို့ သဖြင့် ၊ ကျောက် ထဲက မီး ထ ၍ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကို လောင် ပြီးမှ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကွယ် လေ၏။
22 Nígbà tí Gideoni sì ti mọ̀ dájúdájú pé angẹli Olúwa ni, ó ké wí pé, “Háà! Olúwa Olódùmarè! Mo ti rí angẹli Olúwa ní ojúkorojú!”
၂၂ထာဝရဘုရား ၏ကောင်းကင် တမန်ဖြစ်သည်ကို ဂိဒေါင် သည် သိမြင် သောအခါ ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မျက်နှာချင်းဆိုင် ၍ မြင် ရပါပြီတကားဟုလျှောက် သော်၊
23 Ṣùgbọ́n Olúwa wí fún un pé, “Àlàáfíà! Má ṣe bẹ̀rù, ìwọ kì yóò kùú.”
၂၃ထာဝရဘုရား က၊ ချမ်းသာ ပါစေ။ မ စိုးရိမ် နှင့်။ သင်သည် သေ ဘေးနှင့် လွတ် လျက်ရှိသည်ဟု မိန့် တော်မူ၏။
24 Báyìí ni Gideoni mọ pẹpẹ kan fún Olúwa níbẹ̀, ó sì pe orúkọ rẹ̀ ní “Àlàáfíà ni Olúwa.” Ó sì wà ní Ofira ti Abieseri títí di òní.
၂၄ထို အရပ်၌ ဂိဒေါင် သည် ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ၍ ၊ ယေဟောဝါ ရှာလုံ အမည်ဖြင့် မှည့် လေ၏။ အဗျေဇာ သား၏ နေရာဩဖရ ရွာ၌ ယနေ့ တိုင်အောင် ရှိသတည်း။
25 Ní òru ọjọ́ náà Olúwa wí fún un pé, mú akọ màlúù baba rẹ, àní akọ màlúù kejì ọlọ́dún méje. Wó pẹpẹ Baali baba rẹ lulẹ̀, kí o sì bẹ́ igi ère òrìṣà Aṣerah tí ó wà ní ẹ̀gbẹ́ rẹ̀ lulẹ̀.
၂၅ထို နေ့ည မှာ ထာဝရဘုရား က၊ သင့် အဘ ၏နွား ပိုက် နှင့် အသက်ခုနစ် နှစ် ရှိ သောဒုတိယ နွားထီး ကို ယူ ပြီးလျှင် ၊ သင့် အဘ တည်သော ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် ၍ ၊ ယဇ်ပလ္လင် အနား မှာရှိသော အာရှရ ပင်ကို ခုတ်လှဲ လော့။
26 Lẹ́yìn èyí kí o wá mọ pẹpẹ èyí tí ó yẹ fún Olúwa Ọlọ́run rẹ lórí òkè yìí. Kí o sì mú akọ màlúù kejì, kí o sì mú igi ère òrìṣà Aṣerah tí ìwọ bẹ́ lulẹ̀ rú ẹbọ sísun sí Olúwa.
၂၆ငါစီရင်သည်အတိုင်း၊ ဤ ကျောက် ပေါ် မှာ ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ပြီးလျှင် ၊ ခုတ်လှဲ သော သစ်သား ဖြင့် ဒုတိယ နွား ကို မီးရှို့ ၍ ယဇ် ပူဇော်လော့ဟု မိန့် တော်မူ၏။
27 Gideoni mú mẹ́wàá nínú àwọn ìránṣẹ́ rẹ̀, ó sì ṣe bí Olúwa ti pàṣẹ fún un ṣùgbọ́n, nítorí ó bẹ̀rù àwọn ará ilé baba rẹ̀ àti àwọn ènìyàn ìlú náà kò ṣe é ní ọ̀sán, òru ni ó ṣe.
၂၇ဂိဒေါင် လည်း မိမိ ကျွန် ဆယ် ယောက်တို့ကို ခေါ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု လေ၏။ မိမိ အဘ ၏ အိမ်သား တို့ကို၎င်း ၊ မြို့ သား တို့ကို၎င်းကြောက် ၍၊ နေ့ အချိန်၌ မပြု ဝံ့သောကြောင့် ၊ ညဉ့် အချိန်၌ ပြု ၏။
28 Nígbà tí ilẹ̀ ọjọ́ kejì mọ́, tí àwọn ènìyàn ìlú náà jí, wọ́n rí i pé àti fọ́ pẹpẹ Baali àti pé a ti bẹ́ igi ère òrìṣà Aṣerah tí ó wà ní ẹ̀gbẹ́ rẹ̀, a sì ti fi akọ màlúù kejì rú ẹbọ lórí pẹpẹ tí a ṣẹ̀ṣẹ̀ mọ.
၂၈နံနက် စောစောမြို့ သား တို့သည် ထ ကြသောအခါ ၊ ဗာလ ဘုရား၏ ယဇ်ပလ္လင် သည် ပြိုပျက် လျက် ၊ အနား မှာရှိသော အာရှရ ပင်လည်း လဲ လျက် ၊ နောက်တည် သော ယဇ်ပလ္လင် ပေါ် မှာ ဒုတိယ နွားထီး ကို ပူဇော် လျက်ရှိသည်ကို တွေ့ ကြလျှင်၊
29 Àwọn ènìyàn ìlú náà bi ara wọn wí pé, “Ta ni ó ṣe èyí?” Lẹ́yìn tí wọn fi ara balẹ̀ ṣe ìwádìí, wọ́n gbọ́ wí pé, “Gideoni ọmọ Joaṣi ni ó ṣe é.”
၂၉ဤ အမှု ကို အဘယ်သူ ပြု သနည်းဟု တယောက် ကို တယောက်မေးမြန်း စစ်ကြော လျှင် ၊ ဤ အမှု ကို ယောရှ သား ဂိဒေါင် ပြု ပြီဟု လူအချို့တို့သည် ဆို ကြ၏။
30 Àwọn ọkùnrin ìlú náà sì wí fún Joaṣi wí pé, “Mú ọmọ rẹ jáde wá. Ó ní láti kú nítorí pé ó ti wó pẹpẹ Baali lulẹ̀ ó sì ti ké ère òrìṣà Aṣerah tí ó wà ní ẹ̀bá rẹ̀ lulẹ̀.”
၃၀ထိုအခါ မြို့ သား တို့သည် ယောရှ အား ၊ သင် ၏သား သည် ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် ၍ ၊ အနား မှာရှိသောအာရှရ ပင်ကို ခုတ်လှဲ သောကြောင့် ၊ သူ့ကို အသေခံ စေခြင်းငှါ ထုတ် လော့ဟု ဆို သော်လည်း၊
31 Ṣùgbọ́n Joaṣi bi àwọn èrò tí wọ́n fi ìbínú dúró tì í wí pé, “Ẹ̀yin yóò ha gbìjà Baali bí? Ẹ̀yin yóò ha gbà á sílẹ̀ bí? Ẹnikẹ́ni tí ó bá gbìjà rẹ̀ kíkú ni olúwa rẹ̀ yóò kú ní òwúrọ̀. Bí Baali bá ṣe Ọlọ́run nítòótọ́ yóò jà fún ara rẹ̀ bí ẹnikẹ́ni bá wó pẹpẹ rẹ̀ lulẹ̀.”
၃၁ယောရှ သည် တစ်ဘက်၌ နေ သောသူအပေါင်း တို့အား ၊ သင် တို့သည် ဗာလ ဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ ကို ကယ်တင် မည်လော။ သူ့ ဘက်၌ အမှု စောင့်သောသူ သည်၊ နံနက် မ လွန်မှီ အသေခံ ပါလေစေ။ ဗာလ သည် ဘုရား မှန်လျှင် ၊ သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ၊ မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ပြန်ပြော ၏။
32 Fún ìdí èyí ní ọjọ́ náà wọ́n pe Gideoni ní “Jerubbaali” wí pé, “Jẹ́ kí Baali bá a jà,” nítorí pé ó ti wó pẹpẹ Baali.
၃၂ထိုသို့ ဗာလ ဘုရားသည် သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ၊ ထိုသူတဘက် မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ဆို လျှက် သူ၏သားကို ထို နေ့ ၌ ယေရုဗ္ဗာလ အမည်ဖြင့် မှည့် သတည်း။
33 Láìpẹ́ jọjọ, àwọn ogun àwọn Midiani, ti àwọn Amaleki àti ti àwọn ènìyàn ìhà ìlà-oòrùn yòókù kó ara wọn jọ pọ̀ ní ìṣọ̀kan, wọ́n sì kọjá Jordani wọ́n sì tẹ̀dó sí àfonífojì Jesreeli.
၃၃ထိုအခါ မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် စည်းဝေး သဖြင့် ၊ ယေဇရေလ ချိုင့် သို့ ကူး သွား၍ တပ်ချ ကြ၏။
34 Ẹ̀mí Olúwa sì bà lé Gideoni, ó sì fun fèrè ìpè, láti pe àwọn ará Abieseri láti tẹ̀lé òun.
၃၄ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဂိဒေါင် အပေါ်မှာ သက်ရောက် ၍ ၊ သူသည် တံပိုး မှုတ် သဖြင့် အဗျေဇာ သားတို့သည် လိုက်ကြ၏။
35 Ó rán àwọn oníṣẹ́ la ilẹ̀ Manase já pé kí wọ́n dira ogun, àti sí Aṣeri, Sebuluni àti Naftali gbogbo pẹ̀lú sì lọ láti pàdé wọn.
၃၅တမန် တို့ကို မနာရှေ ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍ ၊ မနာရှေအမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်သို့ တမန် တို့ကို စေလွှတ် ၍ ၊ ထိုခရိုင်သားတို့သည်လည်း စုဝေးရာသို့ လာ ကြ၏။
36 Gideoni wí fún Ọlọ́run pé, “Bí ìwọ yóò bá gba Israẹli là nípasẹ̀ mi bí ìwọ ti ṣe ìlérí—
၃၆ဂိဒေါင် သည်လည်း ဘုရား သခင်အား ၊ ကိုယ်တော်သည် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူမည်မှန်လျှင်၊
37 kíyèsi, èmi yóò fi awọ irun àgùntàn lé ilẹ̀ ìpakà ní alẹ́ òní. Bí ìrì bá sẹ̀ sí orí awọ yìí nìkan tí gbogbo ilẹ̀ yòókù sì gbẹ, nígbà náà ni èmi yóò mọ̀ lóòótọ́ pé ìwọ yóò gba Israẹli là nípasẹ̀ mi bí ìwọ ti sọ.”
၃၇အကျွန်ုပ် သည် သိုး တကောင်၏အမွေးကို တလင်း ၌ ထား ပါမည်။ သိုးမွေး သည် နှင်း စို ၍ မြေ တပြင်လုံး သွေ့ခြောက် လျှင် ၊ မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူ မည်ကို အကျွန်ုပ်သိ ပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ် လေ၏။
38 Èyí ni ó sì ṣẹlẹ̀. Nígbà tí Gideoni jí ní òwúrọ̀ ọjọ́ kejì, ó sì fún irun àgùntàn náà, ọpọ́n omi kan sì kún.
၃၈နံနက်စောစော ထ၍ သိုးမွေး ကို ညှစ် သဖြင့် နှင်း ရည်သည် အင်တုံ အပြည့် ရှိလေ၏။
39 Gideoni sì tún wí fún Ọlọ́run pé, “Jọ̀wọ́ má ṣe bínú sí mi, ṣùgbọ́n jẹ́ kí n tún wá ìdánilójú kan sí i, èmi bẹ̀ ọ́ jẹ́ kí n fi awọ irun yìí ṣe ìdánwò kan sí i. Ní àsìkò yìí, jẹ́ kí awọ irun yìí gbẹ kí gbogbo ilẹ̀ sì tutù pẹ̀lú ìrì.”
၃၉တဖန် ဂိဒေါင် က၊ အမျက်ထွက် တော်မ မူပါနှင့်။ တကြိမ် သာ လျှောက် ပါဦးမည်။ သိုး တကောင်၏ အမွေးနှင့် ယခု တကြိမ် သာ စုံစမ်း ရသောအခွင့်ကိုပေးတော်မူပါ။ မြေ တပြင်လုံး သည် နှင်း စို ၍ သိုးမွေး သွေ့ခြောက် ပါစေဟု ဘုရား သခင်အား တောင်း လျှောက်သည်အတိုင်း၊
40 Ní òru náà Ọlọ́run ṣe bẹ́ẹ̀, awọ irun àgùntàn nìkan ni ó gbẹ; gbogbo ilẹ̀ yòókù sì tutù nítorí ìrì.
၄၀ထို ညဉ့် ၌ လည်း ဘုရား သခင်ပြု တော်မူသဖြင့် ၊ မြေ တပြင်လုံး သည် နှင်း စို ၍ သိုးမွေး သွေ့ခြောက် လျက် ရှိ ၏။

< Judges 6 >