< Judges 5 >

1 Nígbà náà ni Debora àti Baraki ọmọ Abinoamu kọ orin ní ọjọ́ náà wí pé,
ထို​နေ့​၌​ဒေ​ဗော​ရ​နှင့်​အ​ဘိ​နောင်​၏​သား ဗာ​ရက်​တို့​သည် အောက်​ပါ​သီ​ချင်း​ကို​သီ​ဆို ကြ​လေ​သည်။
2 “Nítorí bí àwọn olórí ti síwájú ní Israẹli, nítorí bi àwọn ènìyàn ti fi tọkàntọkàn wa, ẹ fi ìbùkún fún Olúwa!
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ကြ​၏။ ပြည်​သူ​တို့​က​လည်း​စေ​တ​နာ​အ​လျောက် ဝမ်း​မြောက်​စွာ​ပါ​ဝင်​ဆင်​နွှဲ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
3 “Ẹ gbọ́ ẹ̀yin ọba! Ẹ fetí yín sílẹ̀ ẹ̀yin ọmọ-aládé! Èmi yóò kọrin sí Olúwa, èmi yóò kọrin ìyìn sí Olúwa: Ọlọ́run Israẹli.
အ​ချင်း​ရှင်​ဘု​ရင်​တို့​နား​ထောင်​ကြ​လော့။ အ​ချင်း​အာ​ဏာ​ပိုင်​တို့​သ​တိ​မူ​ကြ​လော့။ ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို၊သီ​ကူး​ရန်​ငါ​သီ​ချင်း​ဆို​၍ စောင်း​ကို​တီး​မည်။
4 “Olúwa nígbà tí o jáde kúrò ní Seiri, nígbà tí ìwọ ń yan jáde wá láti pápá Edomu, ilẹ̀ mì tìtì, àwọn ọ̀run sì kán sílẹ̀, àní àwọsánmọ̀ pẹ̀lú kàn omi sílẹ̀.
အို ထာ​ဝ​ရ​ဘု​ရား​စိ​ရ​တောင်​ရိုး​ပေါ်​မှာ ကိုယ်​တော်​ကြွ​လျက် ဧ​ဒုံ​ပြည်​မှ​စစ်​ချီ​တော်​မူ​သော​အ​ခါ၊ မြေ​င​လျင်​လှုပ်​၍​ကောင်း​ကင်​မှ​မိုး​ရွာ​သွန်း ပါ​၏။ မိုး​တိမ်​များ​မှ​မိုး​ရေ​တို့​သည်​ကျ​ဆင်း​လာ ပါ​၏။
5 Àwọn òkè ńlá wárìrì ní iwájú Olúwa, bẹ́ẹ̀ ni Sinai ní iwájú Olúwa Ọlọ́run Israẹli.
တောင်​ရိုး​တို့​သည်​သိ​နာ​တောင်​၏​အ​ရှင် ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​တုန်​လှုပ်​ကြ ပါ​၏။
6 “Ní ọjọ́ Ṣamgari ọmọ Anati, ní ọjọ́ Jaeli, àwọn ọ̀nà òpópó dá; àwọn arìnrìn-àjò sì ń gba ọ̀nà ìkọ̀kọ̀.
အာ​နတ်​၏​သား​ရှံ​ဂါ​လက်​ထက်​၌​လည်း​ကောင်း၊ ယေ​လ​လက်​ထက်​၌​လည်း​ကောင်း၊ ခ​ရီး​သွား​ကုန်​သည်​တို့​သည်​တိုင်း​ပြည်​ကို ဖြတ်​၍​မ​သွား​ကြ​တော့​ချေ။ ခ​ရီး​သည်​တို့​သည်​လမ်း​ကြို​လမ်း​ကြား​များ တို့​ကို​သာ အ​သုံး​ပြု​ကြ​၏။
7 Àwọn olórí tán ní Israẹli, wọ́n tán, títí èmi Debora fi dìde bí ìyá ní Israẹli.
ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မြို့​တို့​သည်​လူ​သူ ဆိတ်​ညံ​လျက်​ရှိ​၏။ ငါ​ဒေ​ဗော​ရ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏ မိ​ခင်​သ​ဖွယ်​မ​ပေါ်​ထွန်း​မီ ထို​မြို့​တို့​သည်​လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​ခဲ့​၏။
8 Wọ́n ti yan ọlọ́run tuntun, nígbà náà ni ogun wà ní ibodè a ha rí asà tàbí ọ̀kọ̀ kan láàrín ọ̀kẹ́ méjì ní Israẹli bí.
ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​များ​ကို​ရွေး​ယူ​ကြ​သော​အ​ခါ၊ တိုင်း​ပြည်​တွင်​စစ်​ဖြစ်​လေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​လူ​ပေါင်း​လေး​သောင်း ရှိ​သည့် အ​နက်​ဒိုင်း​လွှား​တစ်​ခု​သို့​မ​ဟုတ်၊ လှံ​တစ်​ချောင်း​ကို​ကိုင်​ဆောင်​သူ​ရှိ​ပါ​၏​လော။
9 Àyà mi fà sí àwọn aláṣẹ Israẹli àwọn tí wọ́n yọ̀ǹda ara wọn tinútinú láàrín àwọn ènìyàn. Ẹ fi ìbùkún fún Olúwa!
ငါ​၏​စိတ်​နှ​လုံး​သည်​ဣ​သ​ရေ​လ​စစ်​သူ​ကြီး များ ထံ​သို့​လည်း​ကောင်း၊ စေ​တ​နာ​စိတ်​နှင့်​စစ်​ပွဲ​ဝင်​ကြ​သည့်​ပြည်​သူ များ ထံ​သို့​လည်း​ကောင်း​နူး​ညွတ်​လျက်​ရှိ​ပါ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
10 “Ẹ kéde rẹ̀: ẹ̀yin tí ń gun kẹ́tẹ́kẹ́tẹ́ funfun, ẹ̀yin tí ń jókòó lórí ẹní dáradára, àti ẹ̀yin tí ó ń rìn ní ọ̀nà. Ní ọ̀nà jíjìn sí
၁၀ကုန်း​နှီး​ပေါ်​တွင်​ထိုင်​၍​မြည်း​ဖြူ​ကို​စီး​ကြ သူ​တို့​နှင့် သွား​လာ​လေ​ရာ​တွင် ခြေ​လျင်​လျှောက်​ရ​သူ​တို့​ဤ​အ​ကြောင်း အ​ရာ​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။
11 ariwo àwọn tafàtafà, ní ibi tí a gbé ń fa omi. Níbẹ̀ ni wọ́n gbé ń sọ ti iṣẹ́ òdodo Olúwa, àní iṣẹ́ òdodo ìjọba rẹ̀ ní Israẹli. “Nígbà náà ni àwọn ènìyàn Olúwa sọ̀kalẹ̀ lọ sí ibodè.
၁၁နား​ထောင်​ကြ​လော့။ ရေ​တွင်း​များ​ပတ်​လည်​တွင်​ဆူ​ညံ​နေ​သော လူ​အုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အောင်​ပွဲ​တော် အ​ကြောင်း​ကို​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ​များ အ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား​လျက်​နေ ကြ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​မြို့​များ​မှ​ချီ​တက်​လာ​ကြ​၏။
12 ‘Jí, jí, Debora! Jí, jí, kọ orin dìde! Dìde ìwọ Baraki! Kó àwọn ìgbèkùn rẹ ní ìgbèkùn ìwọ ọmọ Abinoamu.’
၁၂ရှေ့​ဆောင်​ပါ​လော့။ အို ဒေ​ဗော​ရ​ရှေ့​ဆောင်​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။ သီ​ချင်း​ဆို​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။ အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ရှေ့​သို့​ချီ​တက်​ပါ​လော့။ သင်​၏​သုံ့​ပန်း​တို့​ကို​ထုတ်​ဆောင်​သွား​ပါ​လော့။
13 “Nígbà náà ni àwọn tókù sọ̀kalẹ̀ àwọn ọlọ́lá lọ; àwọn ènìyàn Olúwa tọ̀ mí wá pẹ̀lú àwọn alágbára.
၁၃ထို​နောက်​သစ္စာ​ရှိ​သူ​တို့​သည်​မိ​မိ​တို့​၏ ခေါင်း​ဆောင်​များ​ထံ​သို့​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​လျက်​သူ့​ထံ​သို့​လာ​ကြ​၏။
14 Àwọn kan jáde wá láti Efraimu, àwọn tí gbòǹgbò wọn wà ní Amaleki; Benjamini wà pẹ̀lú àwọn tí ó tẹ̀lé ọ. Láti Makiri ni àwọn aláṣẹ ti sọ̀kalẹ̀ wá, láti Sebuluni ni àwọn ẹni tí ń mú ọ̀pá oyè lọ́wọ́.
၁၄သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။ စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်း စစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။
15 Àwọn ọmọ-aládé Isakari wá pẹ̀lú Debora; bí Isakari ti ṣe olóòtítọ́ sí Baraki, wọ́n fi ẹsẹ̀ súré tẹ̀lé wọn lọ sí àfonífojì náà. Ní ipadò Reubeni ni ìgbèrò púpọ̀ wà.
၁၅ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​၏​ခေါင်း​ဆောင်​များ သည် ဒေ​ဗော​ရ​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ ဣ​သ​ခါ​အ​နွယ်​ဝင်​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ လိုက်​လာ​ကြ​၏။ သူ​တို့​သည်​ဗာ​ရက်​နှင့်​အ​တူ​လိုက်​၍ ချိုင့်​ထဲ​သို့​ဆင်း​ခဲ့​ကြ​၏။ ရု​ဗင်​အ​နွယ်​ဝင်​တို့​မူ​ကား​ညီ​ညွတ်​မှု​မ​ရှိ​သဖြင့် လိုက်​ပါ​လာ​ရန်​မိ​မိ​တို့​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။
16 Èéṣe tí ìwọ fi dúró pẹ́ láàrín agbo àgùntàn láti máa gbọ́ fèrè olùṣọ́-àgùntàn? Ní ipadò Reubeni ni ìgbèrò púpọ̀ wà.
၁၆သူ​တို့​သည်​အ​ဘယ်​ကြောင့်​သိုး​များ​နှင့်​အ​တူ နေ​ရစ်​ခဲ့​ကြ​ပါ​သ​နည်း။ သိုး​စု​များ​အား​သိုး​ထိန်း​တို့​ခေါ်​သံ​ကို နား​ထောင်​လို​၍​လော။ ရု​ဗင်​အ​နွယ်​ဝင်​တို့​ညီ​ညွတ်​မှု​မ​ရှိ​သည်​ကား မှန်​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​စိတ်​ကို​မ​ဆုံး​ဖြတ်​နိုင်​ကြ။
17 Gileadi dúró ní òkè odò Jordani. Èéṣe tí Dani fi dúró nínú ọkọ̀ ojú omi? Aṣeri jókòó ní etí bèbè Òkun, ó sì ń gbé èbúté rẹ̀.
၁၇ဂိ​လဒ်​အ​နွယ်​ဝင်​တို့​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​နေ​ရစ်​ကြ​၏။ ဒန်​အ​နွယ်​ဝင်​တို့​သည်​လည်း​သင်္ဘော​များ အ​နီး​တွင်​နေ​ရစ်​ကြ​၏။ အာ​ရှာ​အ​နွယ်​ဝင်​တို့​သည်​ပင်​လယ်​ကမ်း​ခြေ အ​နီး​တွင်​နေ​ရစ်​ကြ​လေ​သည်။
18 Àwọn ènìyàn Sebuluni fi ẹ̀mí wọn wéwu ikú; bẹ́ẹ̀ sì ni àwọn ènìyàn Naftali ní ibi gíga pápá.
၁၈သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊ မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။
19 “Àwọn ọba wá, wọ́n sì jà; àwọn ọba Kenaani jà ní Taanaki ní etí odo Megido, ṣùgbọ́n wọn kò sì gba èrè owó.
၁၉ရှင်​ဘု​ရင်​တို့​သည်​လာ​၍​မေ​ဂိဒ္ဒေါ​ချောင်း အ​နီး တာ​နက်​မြို့​၌​တိုက်​ခိုက်​ကြ​၏။ ခါ​နာန်​ဘု​ရင်​တို့​သည်​တိုက်​ခိုက်​ကြ​သော်​လည်း ငွေ​ကို​လု​ယူ​ခွင့်​မ​ရ​ကြ။
20 Àwọn ìràwọ̀ já láti ojú ọ̀run wá láti inú ipa ọ̀nà wọn ni wọ́n bá Sisera jà.
၂၀ကြယ်​နက္ခတ်​တို့​သည်​ကောင်း​ကင်​ပြင်​မှ တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​မိုး​ကောင်း​ကင်​ကို​ဖြတ်​သန်း​သွား​စဉ် သိ​သ​ရ​ကို​တိုက်​ခိုက်​ကြ​၏။
21 Odò Kiṣoni gbá wọn lọ, odò ìgbàanì, odò Kiṣoni. Máa yan lọ, ìwọ ọkàn mi, nínú agbára!
၂၁အ​ဟုန်​ပြင်း​သည့်​ကိ​ရှုန်​မြစ်​သည်​ရေ​လျှံ​၍ ရန်​သူ​တို့​အား​မျော​ပါ​သွား​စေ​၏။ ငါ​ချီ​တက်​မည်။ ခွန်​အား​ဗ​လ​နှင့်​ရှေ့​သို့ ချီ​တက်​မည်။
22 Nígbà náà ni pátákò ẹsẹ̀ ẹṣin ki ilẹ̀, nítorí eré sísá, eré sísá àwọn alágbára wọn.
၂၂ထို​အ​ခါ​မြင်း​တို့​သည်​ဒုန်း​စိုင်း​၍​မြေ​ကို ခွာ​နှင့် ပေါက်​လျက်​လာ​ကြ​၏။
23 ‘Ẹ fi Merosi bú,’ ni angẹli Olúwa wí. ‘Ẹ fi àwọn ènìyàn inú rẹ̀ bú ìbú kíkorò, nítorí wọn kò wá sí ìrànlọ́wọ́ Olúwa, láti dojúkọ àwọn alágbára.’
၂၃ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ``မေ​ရော​ဇ​မြို့​ကို​ကျိန်​ဆဲ​ကြ​လော့။ ထို​မြို့​သား​တို့​အား​ကျိန်​ဆဲ​ကြ​လော့။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​မှ ကူ​ညီ​ရန်​မ​လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​တိုက်​ခိုက်​ရန် စစ်​သည်​တော်​များ​မ​လာ​ကြ'' ဟု​မြွက်​ဆို​၏။
24 “Ìbùkún ni fún Jaeli, aya Heberi ará Keni ju àwọn obìnrin lọ, ìbùkún ni fún un ju àwọn obìnrin tí ń gbé nínú àgọ́.
၂၄ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​၏​ဇ​နီး​ယေ​လ​သည် တဲ​ရှင်​တွင်​နေ​ထိုင်​သူ၊အ​မျိုး​သ​မီး​တို့​အ​နက် မင်္ဂ​လာ​အ​ရှိ​ဆုံး​ဖြစ်​၏။
25 Ó béèrè omi, ó fún un ní wàrà; ó mú òrí-àmọ́ tọ̀ ọ́ wá nínú àwo iyebíye tí ó yẹ fún àwọn ọlọ́lá.
၂၅သိ​သ​ရ​သည်​ရေ​ကို​တောင်း​သော်​လည်း​ယေ​လ​က နို့​ကို​ပေး​၏။ လှ​ပ​သော​ခွက်​ဖ​လား​ဖြင့်​နို့​ကို​ပေး​၏။
26 Ó na ọwọ́ rẹ̀ mú ìṣó àgọ́, ó fi ọwọ́ ọ̀tún rẹ̀ mú òòlù awọ gbẹ́nàgbẹ́nà, òòlù náà ni ó sì fi lu Sisera, ó gbá a mọ́ ọn ní orí, ó sì gun, ó sì kàn ẹ̀bátí rẹ̀ mọ́lẹ̀ ṣinṣin.
၂၆သူ​သည်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ခု​ကို​လက်​တစ်​ဘက်​နှင့် ယူ​၍​အ​လုပ်​သ​မား​တူ​တစ်​လက်​ကို အ​ခြား​လက်​တစ်​ဖြင့်​ကိုင်​ပြီး​လျှင်​သိ​သ​ရ​၏ ဦး​ခေါင်း​ကို​ရိုက်​သွင်း​လိုက်​ရာ ငုတ်​ချွန်​သည်​သူ​၏​ဦး​ခေါင်း​ကို​ထုတ်​ချင်း ပေါက်​၍​သွား​လေ​သည်။
27 Ní ẹsẹ̀ rẹ̀ ó wólẹ̀, ó ṣubú; ó dùbúlẹ̀. Ó wólẹ̀ ní ẹsẹ̀ rẹ̀, ó ṣubú níbi tí ó gbé ń wólẹ̀; níbẹ̀ náà ni ó ṣubú kú sí.
၂၇သိ​သ​ရ​သည်​လဲ​ကျ​ပြီး​လျှင်​ယေ​လ​၏ ခြေ​ရင်း​၌ မ​လှုပ်​မ​ရှား​ဘဲ​နေ​၏။ သူ​သည်​မြေ​ပေါ်​သို့​လဲ​ကျ​ကာ​ယေ​လ​၏​ခြေ​ရင်း​၌ သေ​လျက်​နေ​၏။
28 “Ìyá Sisera yọjú láti ojú fèrèsé, ó sì kígbe, ó kígbe ní ojú fèrèsé ọlọ́nà pé, ‘Èéṣe tí kẹ̀kẹ́-ẹṣin rẹ fi pẹ́ bẹ́ẹ̀ láti dé? Èéṣe tí ẹsẹ̀ kẹ̀kẹ́-ẹṣin rẹ̀ fi dúró lẹ́yìn?’
၂၈သိ​သ​ရ​၏​မိ​ခင်​သည်​ပြူ​တင်း​ပေါက်​မှ​မျှော် ၍​ကြည့်​၏။ သူ​သည်​တ​ရုတ်​ကပ်​၏​နောက်​မှ​ငေး​၍​ကြည့်​၏။ ``သူ​၏​ရ​ထား​သည်​အ​ဘယ်​ကြောင့်​ကြန့်​ကြာ​၍ နေ​ပါ​သ​နည်း။ သူ​၏​မြင်း​တို့​သည်​အ​ဘယ်​ကြောင့်​အ​ပြန်​နှေး​လျက် နေ​ပါ​သ​နည်း'' ဟု​မြည်​တမ်း​ပြော​ဆို​လျက်​နေ​၏။
29 Àwọn amòye obìnrin rẹ̀ dá a lóhùn; àní òun náà pẹ̀lú ti dá ara rẹ̀ lóhùn pé,
၂၉သူ​၏​ပ​ညာ​ရှိ​နန်း​တွင်း​သူ​တို့​က``သူ​တို့​သည် ဖမ်း​ဆီး​သိမ်း​ယူ​၍​ဝေ​ငှ​ရန်​အ​တွက်၊ ပစ္စည်း​ဥစ္စာ​များ​ကို​ရှာ​ဖွေ​လျက်​ရှိ​ကြ​ပါ​မည်။ စစ်​သား​တစ်​ယောက်​စီ​အ​တွက်​အ​ပျို​က​ညာ တစ်​ယောက်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ သိ​သ​ရ​အ​တွက်​အ​ဖိုး​ထိုက်​အ​ဝတ် အ​ထည်​နှင့် မိ​ဖု​ရား​အ​တွက်၊ ပန်း​ထိုး​လည်​စည်း​တန်​ဆာ​တို့​ကို​လည်း​ကောင်း ရှာ​ဖွေ​လျက်​နေ​သော​ကြောင့်​ပင်​ဖြစ်​တန်​ရာ​၏'' ဟု ပြန်​လည်​ဖြေ​ကြား​ကြ​သ​ဖြင့်​သူ​ကိုယ်​တိုင်​လည်း ထို​အ​တိုင်း​အ​ဖန်​တ​လဲ​လဲ​တွေး​တော​လျက် နေ​သ​တည်း။
30 ‘Wọn kò ha ń wa kiri, wọn kò ha ti pín ìkógun bi: ọmọbìnrin kan tàbí méjì fún ọkùnrin kan, fún Sisera ìkógun aṣọ aláràbarà, ìkógun aṣọ aláràbarà àti ọlọ́nà, àwọn aṣọ ọlọ́nà iyebíye fún ọrùn mi, gbogbo èyí tí a kó ní ogun?’
၃၀
31 “Bẹ́ẹ̀ ni kí ó jẹ́ kí gbogbo àwọn ọ̀tá rẹ kí ó ṣègbé Olúwa! Ṣùgbọ́n jẹ́ kí àwọn tí ó fẹ́ ọ ràn bí oòrùn, nígbà tí ó bá yọ nínú agbára rẹ̀.” Ilẹ̀ náà sì sinmi ní ogójì ọdún.
၃၁အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​၏​ရန်​သူ အ​ပေါင်း​တို့​သည် ဤ​နည်း​အ​တိုင်း​ပင်​ဆုံး​ရှုံး​ပျက်​စီး​ကြ​ပါ စေ​သော။ သို့​ရာ​တွင်​ကိုယ်​တော်​၏​မိတ်​ဆွေ​များ​မှာ​မူ​ကား တက်​သစ်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ ကြ​ပါ​စေ​သော။ ထို​နောက်​ခါ​နာန်​ပြည်​တွင်​အ​နှစ်​လေး​ဆယ် တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။

< Judges 5 >