< Judges 16 >

1 Ní ọjọ́ kan Samsoni lọ sí Gasa níbi tí ó ti rí obìnrin panṣágà kan. Ó wọlé tọ̀ ọ́ láti sun ọ̀dọ̀ rẹ̀ ní òru ọjọ́ náà.
နောက်တဖန် ရှံဆုန် သည် ဂါဇ မြို့သို့ သွား ၍ ပြည်တန်ဆာ မိန်းမ ကို တွေ့ ပြီးလျှင် သူ့ ဆီသို့ ဝင် ၍ နေ၏။
2 Àwọn ará Gasa sì gbọ́ wí pé, “Samsoni wà níbí.” Wọ́n sì yí agbègbè náà ká, wọ́n ń ṣọ́ ọ ní gbogbo òru náà ní ẹnu-bodè ìlú náà. Wọn kò mira ní gbogbo òru náà pé ní “àfẹ̀mọ́júmọ́ àwa yóò pa á.”
ရှံဆုန် ရောက် ကြောင်းကို ဂါဇ မြို့သားတို့သည် ကြားလျှင် ဝိုင်း ထားလျက် ၊ မြို့ တံခါးဝ ၌ တညဉ့် လုံး ချောင်းမြောင်း လျက် ၊ နံနက် မိုဃ်းလင်း သောအခါ သူ့ ကိုသတ် မည်ဟု ဆို ၍ တညဉ့် လုံး ငြိမ်သက် စွာနေကြ၏။
3 Ṣùgbọ́n Samsoni sùn níbẹ̀ di àárín ọ̀gànjọ́. Òun sì dìde ní ọ̀gànjọ́, ó fi ọwọ́ di àwọn ìlẹ̀kùn odi ìlú náà mú, pẹ̀lú òpó méjèèjì, ó sì fà wọ́n tu, pẹ̀lú ìdábùú àti ohun gbogbo tí ó wà lára rẹ̀. Ó gbé wọn lé èjìká rẹ̀ òun sì gbé wọn lọ sí orí òkè tí ó kọjú sí Hebroni.
ရှံဆုန် သည် သန်းခေါင် တိုင်အောင် အိပ် ပြီးမှ ၊ သန်းခေါင် အချိန်၌ ထ ၍ မြို့ တံခါး ရွက် တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင် နှင့်တကွ ယူ ၍ ပခုံး ပေါ် မှာ တင် လျက် ထမ်း သွား၍၊ ဟေဗြုန် မြို့ရှေ့ ၊ တောင် ပေါ် ၌ ပစ်ထားလေ၏။
4 Lẹ́yìn ìgbà díẹ̀, ó sì ní ìfẹ́ obìnrin kan ní àfonífojì Soreki, orúkọ ẹni tí í ṣe Dẹlila.
နောက်တဖန် စောရက် ချိုင့် ၌ နေသောဒေလိလ အမည် ရှိသောမိန်းမ တယောက်ကို ချစ် ပြန်၏။
5 Àwọn ìjòyè Filistini sì lọ bá obìnrin náà, wọ́n sọ fún un wí pé, “Bí ìwọ bá le tàn án kí òun sì fi àṣírí agbára rẹ̀ hàn ọ́, àti bí àwa ó ti lè borí rẹ̀, kí àwa sì dè é kí àwa sì ṣẹ́gun rẹ̀. Ẹnìkọ̀ọ̀kan nínú wa yóò sì fún ọ ní ẹ̀ẹ́dẹ́gbẹ̀fà fàdákà.”
ဖိလိတ္တိ မင်း တို့သည် ထိုမိန်းမ ဆီသို့ လာ ၍ ၊ ရှံဆုန်၌ ကြီး သောခွန်အား သည် အဘယ် အရာအားဖြင့် တည်သနည်း၊ သူ့ ကို ချည်နှောင် ၍ နှိပ်စက် ခြင်းငှါ အဘယ်သို့ တတ်နိုင် မည်နည်းဟု သူ့ ကို ချော့မော့ ၍ စူးစမ်း ပါ။ ငါတို့သည် ဝိုင်း၍ ငွေ ဆယ်တ ပိဿာကို ပေး မည်ဟု ဆို ကြ၏။
6 Torí náà Dẹlila sọ fún Samsoni pé, “Sọ àṣírí agbára ńlá rẹ fún mi àti bí wọ́n ti le dè ọ́, àti bí wọ́n ṣe lè borí rẹ.”
ဒေလိလ ကလည်း ၊ သင် ၌ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို၎င်း၊ သင့် ကို နှိပ်စက် ခြင်းငှါ အဘယ်သို့ ချည်နှောင် ရမည်ကို၎င်းပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
7 Samsoni dá a lóhùn wí pé, “Bí ẹnikẹ́ni bá fi okùn tútù méje tí ẹnìkan kò sá gbẹ dè mí, èmi yóò di aláìlágbára bí i gbogbo àwọn ọkùnrin yòókù.”
ရှံဆုန် က၊ တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းနှင့် ငါ့ ကို ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
8 Àwọn olóyè Filistini sì mú okùn tútù méje tí ẹnikẹ́ni kò sá gbẹ wá fún Dẹlila òun sì fi wọ́n dè é.
ထိုအခါ ဖိလိတ္တိ မင်း တို့သည် တခါမျှ မသွေ့ခြောက် သော လျှော်ကြိုး စိမ်း ခုနစ် စင်းတို့ကို ယူ ခဲ့၍ ၊ ထိုမိန်းမသည် ရှံဆုန် ကို ချည်နှောင် လေ၏။
9 Nígbà tí àwọn ènìyàn tí sá pamọ́ sínú yàrá, òun pè pé, “Samsoni àwọn Filistini ti dé láti mú ọ.” Ṣùgbọ́n òun já àwọn okùn náà bí òwú ti í já nígbà tí ó bá wà lẹ́bàá iná. Torí náà wọn kò mọ àṣírí agbára rẹ̀.
ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်း ထဲမှ ချောင်းမြောင်း လျက် နေ သည်ဖြစ်၍မိန်းမက၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆို သော် ၊ သူသည် မီး ထိ သော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ် လေ၏။ သို့ဖြစ်၍ သူ ၏ခွန်အား ကို မ သိ ရကြ။
10 Dẹlila sì sọ fún Samsoni pé, ìwọ ti tàn mí; o sì purọ́ fún mi. Wá báyìí kí o sì sọ bí a ti ṣe le dè ọ́.
၁၀ဒေလိလ ကလည်း ၊ သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခု ပြော ပါဟု ရှံဆုန် အား တောင်းပန် သော်၊
11 Òun dáhùn pé, “Bí wọ́n bá lè fi okùn tuntun tí ẹnikẹ́ni kò tí ì lò rí dì mí dáradára, èmi yóò di aláìlágbára, èmi yóò sì dàbí àwọn ọkùnrin yòókù.”
၁၁သူက၊ မ သုံး ဘူးသော ကြိုး သစ် နှင့် ကျပ်ကျပ်ချည်နှောင် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သော သူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
12 Dẹlila sì mú àwọn okùn tuntun, ó fi wọ́n dì í. Nígbà tí àwọn ọkùnrin Filistini ti fi ara pamọ́ sínú yàrá, òun kígbe sí i pé, “Samsoni àwọn Filistini dé láti mú ọ,” òun sì já okùn náà kúrò ní ọwọ́ rẹ̀ bí òwú.
၁၂ဒေလိလ သည် ကြိုး သစ် တို့ကို ယူ ၍ ချည်နှောင် ပြီးမှ ၊ ထိုအခန်း ၌ ချောင်းမြောင်း သော သူအချို့ ရှိ နေလျက်၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်သည် လက်ရုံး ၌ ချည်သော ကြိုးတို့ကို အပ်ချည် ကဲ့သို့ ဖြတ် လေ၏။
13 Dẹlila sì tún sọ fún Samsoni pé, “Títí di ìsinsin yìí ìwọ sì ń tún tàn mí, o sì tún purọ́ fún mi. Sọ fún mi ọ̀nà tí wọ́n fi le dè ọ́.” Samsoni dá a lóhùn pé, “Bí ìwọ bá hun ìdí irun méjèèje tí ó wà ní orí mi pẹ̀lú okùn, tí ó sì le dáradára kí o sì fi ẹ̀mú mú un mọ́lẹ̀, èmi yóò di aláìlágbára bí àwọn ọkùnrin yòókù.” Nígbà tí òun ti sùn, Dẹlila hun àwọn ìdí irun méjèèje tí ó wà ní orí rẹ̀,
၁၃ဒေလိလ ကလည်း ၊ ယခု တိုင်အောင် သင်သည် ငါ့ ကို ကျီစား ၍ မုသာ ကိုသာ ပြော ပြီ။ အဘယ်သို့ ချည်နှောင် ရမည်ကို ပြော ပါဟု ရှံဆုန် အား တောင်းပန် သော် ၊ သူက၊ ငါ့ ဆံပင် ခုနစ် စု တို့ကို ရက်ကန်းသား ၌ ရက် သွင်း၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ၌ ခွန်အားလျော့၍ အခြားသော သူကဲ့သို့ငါဖြစ်လိမ့်မည်ဟု ပြောဆို သည်အတိုင်း၊
14 ó sì fi ìhunṣọ dè wọ́n. Ó sì tún pè é pé, “Samsoni àwọn Filistini dé láti mú ọ.” Òun sì jí ní ojú oorun, ó sì fa ìdè ìhunṣọ náà tu pẹ̀lú ohun gbogbo tí wọ́n fi kàn án mọ́lẹ̀.
၁၄ဒေလိလသည် သူ၏ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား၌ ရက်သွင်း၍ ထရံတွင်စို့ နှင့် ရိုက် ထားပြီးမှ ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက်လာကြသည်ဟုဆို သော် ၊ ရှံဆုန်နိုး ၍ ရက်ကန်းလက်လိပ် ၊ စို့ ၊ ရက်ကန်းသား ပါလျက် သွား ၏။
15 Dẹlila sì sọ fún un pé, “Èéṣe tí ìwọ fi wí pé, ‘Èmi fẹ́ràn rẹ,’ nígbà tí ìwọ kò fi ọkàn tán mi. Èyí ni ìgbà kẹta tí ìwọ ti tàn mí jẹ, tí ìwọ kò sì sọ àṣírí ibi tí agbára ńlá rẹ gbé wà fún mi.”
၁၅ဒေလိလကလည်း၊ သင် သည် ငါ့ကို ချစ် သည်ဟု စိတ်နှလုံး မ ပါ ဘဲလျက် အဘယ်သို့ ပြော နိုင်သနည်း။ သင့် ၌ ကြီး သော ခွန်အား သည် အဘယ် အရာအားဖြင့် တည်သည်ကို မ ပြော။ သုံး ကြိမ် တိုင်အောင်ငါ့ ကို ကျီစား ပြီဟု ဆို ၏။
16 Ó sì ṣe nígbà tí ó fi ọ̀rọ̀ rẹ̀ rọ̀ ọ́ ní ojoojúmọ́ pẹ̀lú ọ̀rọ̀ rẹ̀ títí dé bi pé ó sú dé òpin ẹ̀mí rẹ̀.
၁၆ထိုသို့ ဒေလိလသည် နေ့ တိုင်း ပူဆာ ၍ သူ အသက် သေ လုအောင် နှောင့်ရှက် သောကြောင့်၊
17 Òun sì sọ ohun gbogbo tí ó wà ní ọkàn rẹ̀ fún un. Ó ní, “Abẹ kò tí ì kan orí mi rí, nítorí pé Nasiri, ẹni ìyàsọ́tọ̀ fún Ọlọ́run ni mo jẹ́ láti ìgbà ìbí mi wá. Bí a bá fá irun orí mi, agbára mi yóò fi mí sílẹ̀, èmi yóò sì di aláìlágbára bí àwọn ọkùnrin yòókù.”
၁၇ရှံဆုန်သည် မိမိ စိတ်နှလုံး ၌ ရှိသမျှ အတိုင်းပြော ၍၊ ငါ့ ဆံပင် ကို တခါမျှ မရိတ် သေး။ အမိ ဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ်၏။ ငါ့ဆံပင်ကိုရိတ် လျှင် ငါ၌ ခွန်အား လျော့၍ အခြား သောသူ ကဲ့သို့ ငါဖြစ် လိမ့်မည်ဟု ပြောဆို ၏။
18 Nígbà tí Dẹlila rí i pé ó ti sọ ohun gbogbo fún òun tan, Dẹlila ránṣẹ́ sí àwọn ìjòyè Filistini pé, “Ẹ wá lẹ́ẹ̀kan sí i, ó ti sọ ohun gbogbo fún mi.” Torí náà àwọn olóyè Filistini padà, wọ́n sì mú owó ìpinnu náà lọ́wọ́.
၁၈ထိုသို့ မိမိ စိတ် နှလုံးထဲမှာ ရှိသမျှ အတိုင်း ပြော ကြောင်း ကို ဒေလိလ သိ လျှင် ၊ ဖိလိတ္တိ မင်း တို့ကို တဖန်ခေါ် ၍ ၊ ယခုတခါ လာ ကြပါဦး။ သူသည် မိမိ စိတ် နှလုံးရှိသမျှ အတိုင်း ပြော ပြီဟု မှာ လိုက်သဖြင့်၊ သူတို့သည် ငွေ ကို ဆောင် ယူခဲ့လျက် လာ ကြ၏။
19 Òun sì mú kí Samsoni sùn lórí itan rẹ̀, òun sì pe ọkùnrin kan láti fá àwọn ìdì irun orí rẹ̀ méjèèje, òun sì bẹ̀rẹ̀ sí ṣẹ́gun rẹ̀. Agbára rẹ̀ sì fi í sílẹ̀ lọ.
၁၉ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိ ဒူး ပေါ် မှာ တင်လျက် သူ့ ကို အိပ် စေသဖြင့် ၊ လူ တယောက်ကို ခေါ် ၍ သူ ၏ ဆံပင် ခုနစ် စု တို့ကိုရိတ် စေပြီးမှ ၊ သူ့ ကို နှောင့်ရှက် စ ပြု၍ သူ ၏ ခွန်အား သည် လျော့ပျောက် ၏။
20 Òun pè é wí pé, “Samsoni àwọn Filistini dé láti mú ọ.” Òun jí ní ojú oorun rẹ̀, ó sì sọ pé, “Èmi yóò jáde lọ bí í ti àtẹ̀yìnwá, kí èmi sì gba ara mi, kí n di òmìnira.” Ṣùgbọ́n òun kò mọ̀ pé Olúwa ti fi òun sílẹ̀.
၂၀မိန်းမကလည်း ၊ ရှံဆုန် ၊ ဖိလိတ္တိ လူတို့သည် သင့် ကို တိုက် လာကြသည်ဟု ဆို သော်၊ ရှံဆုန်နိုး ၍ ထာဝရဘုရား စွန့် တော်မူကြောင်း ကို မ ရိပ်မိ သောကြောင့် ၊ အရင် ကဲ့သို့ ငါထွက် ၍ အားထုတ် မည်ဟု အကြံ ရှိသော်လည်း၊
21 Nígbà náà ni àwọn Filistini mú un, wọ́n yọ ojú rẹ̀ méjèèjì wọ́n sì mú un lọ sí Gasa. Wọ́n fi ṣẹ́kẹ́ṣẹkẹ̀ idẹ dè é, wọ́n sì fi sí ibi iṣẹ́ ọlọ lílọ̀ nínú ilé túbú.
၂၁ဖိလိတ္တိ လူတို့သည် ဘမ်းဆီး ၍ သူ့ မျက်စိ ကို ဖောက် ပြီးမှ ဂါဇ မြို့သို့ ယူ သွားပြီးလျှင် ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ထောင် အိမ် ၌ ကြိတ်ဆုံနှင့် ကြိတ် စေကြ၏။
22 Ṣùgbọ́n irun orí rẹ̀ bẹ̀rẹ̀ sí í tún hù lẹ́yìn ìgbà tí wọ́n ti fá a.
၂၂ရှံဆုန်ဆံပင်ရိတ် သောနောက်၊ တဖန် ပေါက် ပြန်သောအခါ၊
23 Àwọn ìjòyè, àwọn ará Filistini sì péjọpọ̀ láti ṣe ìrúbọ ńlá sí Dagoni ọlọ́run wọn àti láti ṣe ayẹyẹ wọ́n wí pé, ọlọ́run wa ti fi Samsoni ọ̀tá wa lé wa lọ́wọ́.
၂၃ဖိလိတ္တိ မင်း တို့ကို၊ ငါ တို့ဘုရား သည် ငါ တို့ ရန်သူ ကို ငါ တို့လက် သို့ အပ် တော်မူပြီဟု ဆို လျက်၊ သူ တို့ ဘုရား ဒါဂုန် အား ယဇ် ကြီး ကို ပူဇော် ၍ ပျော်မွေ့ ခြင်းကို ပြုအံ့သောငှါစည်းဝေး ကြ၏။
24 Nígbà tí àwọn ènìyàn rí Samsoni wọ́n yin ọlọ́run wọn wí pé, “Ọlọ́run wa ti fi ọ̀tá wa lé wa lọ́wọ́. Àní ẹni tí ó ti run ilẹ̀ wa ẹni tí ó ti pa ọ̀pọ̀lọpọ̀ nínú wa.”
၂၄လူ များတို့သည် ရှံဆုန် ကို မြင် သောအခါ ၊ ငါ တို့ဘုရား သည် ငါ တို့ပြည် ကို ဖျက်ဆီး ၍ ၊ ပြည်သားအများ တို့ကိုသတ် သော ငါ တို့၏ရန်သူ ကို၊ ငါ တို့လက် သို့ အပ် တော်မူပြီဟု မိမိ တို့ဘုရား ကို ချီးမွမ်း ကြ၏။
25 Nígbà tí inú wọn dùn gidigidi tí wọ́n ń yọ ayọ̀ ńlá, wọ́n pariwo pé, ẹ mú Samsoni wá kí ó wá dá wa lára yá. Wọ́n sì pe Samsoni jáde láti ọgbà ẹ̀wọ̀n náà, òun sì ń ṣeré fún wọn. Nígbà tí wọ́n mú un dúró láàrín àwọn òpó.
၂၅စိတ် နှလုံးရွှင်လန်း သောအခါ ၊ ရှံဆုန် ကို ခေါ် ခဲ့။ ငါ တို့အဘို့ ကစား ပါလေစေဟု ဆို သဖြင့် ၊ ရှံဆုန် ကို ထောင် အိမ် မှ ခေါ် ခဲ့၍ သူသည် ကစား ရ၏။ သူ့ ကိုလည်း စရပ်တိုင် ကြား မှာထား ကြ၏။
26 Samsoni sọ fún àwọn ìránṣẹ́ tí ó di ọwọ́ rẹ̀ mú pé, “Ẹ fi mí si ibi tí ọwọ́ mi yóò ti le tó àwọn òpó tí ó gbé tẹmpili dúró mú, kí èmi lè fẹ̀yìn tì wọ́n.”
၂၆ရှံဆုန် ကလည်း ၊ စရပ် တိုင် တို့ကို ငါမှီ ၍ နေရအောင် လက်နှင့်တွေ့ ပါရစေဟု လက် ဆွဲ သော လူ ကလေးကို အခွင့် တောင်း၏။
27 Ní àsìkò náà, tẹmpili yìí kún fún àwọn ọkùnrin àti obìnrin; gbogbo àwọn ìjòyè Filistini wà níbẹ̀, ní òkè ilé náà, níbi tí ẹgbẹ̀rún mẹ́ta àwọn ọkùnrin àti obìnrin tí ń wòran Samsoni bí òun ti ń ṣeré.
၂၇ထိုစရပ် ၌ ယောက်ျား မိန်းမ တို့သည် အပြည့် ရှိကြ၏။ ဖိလိတ္တိ မင်း အပေါင်း တို့လည်း ပါကြ၏။ စရပ်မိုး ပေါ် မှာလည်း သုံး ထောင် မျှ လောက်သော ယောက်ျား မိန်းမ တို့သည် ရှံဆုန် ကစား သည်ကို ကြည့်ရှု လျက်ရှိကြ၏။
28 Nígbà náà ni Samsoni ké pe Olúwa wí pé, “Olúwa Olódùmarè, rántí mi. Háà Ọlọ́run jọ̀wọ́ fi agbára fún mi lẹ́ẹ̀kan yìí sí i, kí èmi lè gbẹ̀san lára àwọn Filistini nítorí àwọn ojú mi méjèèjì.”
၂၈ရှံဆုန် ကလည်း ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် မျက်စိ နှစ် ဘက်ကို ဖောက်သော ဖိလိတ္တိ လူတို့၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခု တကြိမ် မျှသာ ခွန်အား ကို ပြန်ပေးတော်မူပါဘုရား ဟု ထာဝရဘုရား အား ဆုတောင်း ပြီးမှ၊
29 Samsoni sì na ọwọ́ mú àwọn òpó méjèèjì tí ó wà láàrín gbùngbùn, orí àwọn tí tẹmpili náà dúró lé, ó fi ọwọ́ ọ̀tún mú ọ̀kan àti ọwọ́ òsì mú èkejì, ó fi ara tì wọ́n,
၂၉စရပ် ခေါင် တိုင် နှစ် တိုင်တို့ကို လက်ျာ လက်၊ လက်ဝဲ လက်နှစ်ဘက်နှင့်ကိုင် ၍ မှီ နေလျက်၊
30 Samsoni sì wí pé, “Jẹ́ kí èmi kú pẹ̀lú àwọn Filistini!” Òun sì fi agbára ńlá tì wọ́n, bẹ́ẹ̀ ni ilé náà wó lu àwọn ìjòyè àti gbogbo àwọn tí ó wà nínú rẹ̀. Báyìí ni ó pa ọ̀pọ̀lọpọ̀ nígbà ikú rẹ̀ ju ìgbà ayé rẹ̀ lọ.
၃၀အကျွန်ုပ်သည် ဖိလိတ္တိ လူတို့နှင့်အတူ သေ ပါရစေဟု ဆို လျက် ၊ အား ထုတ် ၍ ကိုယ်ကိုညွှတ်ချသဖြင့်၊ စရပ် သည် မင်း များ၊ လူ များအပေါင်း တို့အပေါ် မှာ လဲ၍ ဖိလေ၏။ ထိုသို့ အသက် ရှင်စဉ် အခါ သတ် ခဲ့သည်ထက် သေ စဉ် အခါ သာ၍များ သောသူတို့ ကိုသတ် လေ၏။
31 Nígbà náà ni àwọn arákùnrin rẹ̀ àti gbogbo ìdílé baba rẹ̀ ní àpapọ̀ gòkè lọ wọ́n sì gbé e, wọ́n gbé e padà wá, wọ́n sì sin ín sí agbede-méjì Sora àti Eṣtaoli, sínú ibojì Manoa baba rẹ̀. Òun ti ṣe àkóso Israẹli ní ogún ọdún.
၃၁သူ့ ညီ များ၊ အဆွေအမျိုး များ အပေါင်း တို့သည် လာ ၍ အလောင်း ကောင်ကို ထမ်း သွား ပြီးလျှင် ၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား တွင် အဘ မာနော် ၏ သင်္ချိုင်း ၌ သင်္ဂြိုလ် ကြ၏။ သူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး သတည်း။

< Judges 16 >