< Joshua 20 >

1 Nígbà náà ni Olúwa sọ fún Joṣua pé,
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​မှ တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား၊-
2 “Sọ fún àwọn ọmọ Israẹli pé kí wọn yan àwọn ìlú ààbò, gẹ́gẹ́ bí mo ti pàṣẹ fún ọ láti ẹnu Mose,
``ငါ​သည်​မော​ရှေ​အား​ဖြင့်​မိန့်​မှာ​သည့် အ​တိုင်း​ခို​လှုံ​ရာ​မြို့​များ​ကို​ရွေး​ချယ် လော့။-
3 kí ẹni tí ó bá ṣèèṣì pa ènìyàn tàbí tí ó bá pa ènìyàn láìmọ̀-ọ́n-mọ̀ lè sálọ sí ibẹ̀, fún ààbò lọ́wọ́ olùgbẹ̀san ẹ̀jẹ̀ ẹni tí ó pa.
တစ်​စုံ​တစ်​ယောက်​အား​မ​တော်​တ​ဆ​သတ်​မိ သော​သူ​သည် လက်​စား​ချေ​မည့်​သူ​၏​လက်​မှ လွတ်​မြောက်​ရန် ထို​မြို့​များ​သို့​ထွက်​ပြေး ခို​လှုံ​နိုင်​စေ​ရ​မည်။-
4 Nígbà tí ó bá sálọ sí ọ̀kan nínú àwọn ìlú wọ̀nyí, yóò sì dúró ní ẹnu-ọ̀nà àtiwọ ibodè ìlú, kí ó sì ṣe àlàyé ara rẹ̀ ní iwájú àwọn àgbàgbà ìlú náà. Nígbà náà ni wọn yóò gbà á sí ìlú wọn, wọn yóò sì fun ní ibùgbé láàrín wọn.
သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့​မြို့​သို့ ထွက်​ပြေး​၍ မြို့​တံ​ခါး​ဝ​တွင်​ရှိ​သော​တ​ရား စီ​ရင်​ရာ​ဌာ​န​သို့​သွား​ပြီး​လျှင် မြို့​၏​အ​ကြီး အ​ကဲ​တို့​အား​ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ရှင်း​ပြ ရ​မည်။ ထို​နောက်​အ​ကြီး​အ​ကဲ​တို့​က ထို​သူ အား​မြို့​တွင်း​သို့​ဝင်​ခွင့်​ပြု​၍​သူ​နေ​ထိုင် ရန်​နေ​ရာ​ချ​ပေး​ရ​မည်။-
5 Bí olùgbẹ̀san ẹ̀jẹ̀ bá ń lépa rẹ̀, wọn kò gbọdọ̀ fi àwọn ọ̀daràn náà lé wọn lọ́wọ́, nítorí tí ó pa aládùúgbò rẹ̀ láìmọ̀, tí kò sì kórìíra rẹ̀ tẹ́lẹ̀ rí.
လက်​စား​ချေ​ရန်​လိုက်​လာ​သူ​သည်​ထို​အ​ရပ် သို့​ရောက်​ရှိ​လာ​လျှင်​မြို့​သူ​မြို့​သား​တို့​က ထွက်​ပြေး​ခို​လှုံ​သူ​အား ထို​သူ​၏​လက်​သို့ မ​အပ်​ရ။ သူ​သည်​မိ​မိ​အမျိုး​သား​ချင်း​ကို ရန်​ငြိုး​မ​ရှိ​ဘဲ​မ​တော်​တ​ဆ​သတ်​မိ​သည် ဖြစ်​သော​ကြောင့်​သူ့​အား​အ​သက်​ဘေး​မှ ကာ​ကွယ်​ပေး​ရ​မည်။-
6 Òun ó sì máa gbé inú ìlú náà, títí yóò fi jẹ́jọ́ níwájú ìjọ ènìyàn àti títí ikú olórí àlùfáà tí ó ń ṣiṣẹ́ ìsìn nígbà náà. Nígbà náà ó lè padà sí ilé rẹ̀ ní ìlú tí ó ti sá wá.”
သူ​သည်​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ပြီး​သည်​အ​ထိ​ထို​မြို့​တွင်​နေ​ရ မည်။ အ​ချင်း​ဖြစ်​ပွား​စဉ်​အ​ချိန်​က​ယဇ်​ပု​ရော ဟိတ်​မင်း​ဖြစ်​သူ​အ​နိစ္စ​ရောက်​ပြီး​နောက်​မှ​သူ သည်​ထွက်​ပြေး​ခဲ့​သော​မိ​မိ​နေ​ရင်း​မြို့​သို့​ပြန် နိုင်​သည်'' ဟု​မိန့်​တော်​မူ​၏။
7 Bẹ́ẹ̀ ni wọ́n yan Kedeṣi ní Galili ní ìlú òkè Naftali, Ṣekemu ní ìlú òkè Efraimu, àti Kiriati-Arba (tí í ṣe, Hebroni) ní ìlú òkè Juda.
ထို့​ကြောင့်​သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​နောက် ဘက်​တွင်​န​ဿ​လိ​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ နယ်​ရှိ​ကေ​ဒေ​ရှ​မြို့၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ ရှိ​ရှေ​ခင်​မြို့၊ ယု​ဒ​တောင်​ကုန်း​ဒေ​သ​ရှိ​ဟေ​ဗြုန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ် သတ်​မှတ်​ကြ​သည်။-
8 Ní ìhà ìlà-oòrùn Jordani ti Jeriko, wọ́n ya Beseri ní aginjù ní pẹ̀tẹ́lẹ̀ ní ẹ̀yà Reubeni, Ramoti ní Gileadi ní ẹ̀yà Gadi, àti Golani ní Baṣani ní ẹ̀yà Manase.
ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့ ရု​ဗင်​နယ်​မြေ​ကုန်း​ပြင်​မြင့်​တော​ကန္တာ​ရ​ရှိ ဗေ​ဇာ​မြို့၊ ဂဒ်​နယ်​မြေ​ဂိ​လဒ်​နယ်​ရှိ​ရာ​မုတ် မြို့၊ မ​နာ​ရှေ​နယ်​မြေ၊ ဗာ​ရှန်​နယ်​ရှိ​ဂေါ​လန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး ချယ်​သတ်​မှတ်​ကြ​သည်။-
9 Ẹnikẹ́ni nínú àwọn ọmọ Israẹli tàbí àlejò tí ń gbé ní àárín wọn tí ó ṣèèṣì pa ẹnìkan lè sálọ sí àwọn ìlú tí a yà sọ́tọ̀ wọ̀nyí, kí olùgbẹ̀san ẹ̀jẹ̀ má sì ṣe pa á kí ó to di àkókò tí yóò jẹ́jọ́ níwájú ìjọ ènìyàn.
ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ မ​တော်​တ​ဆ လူ​တစ်​ဦး​တစ်​ယောက်​ကို​သတ်​မိ​သူ​သည်​လက် စား​ချေ​မည့်​သူ​၏​လက်​မှ​လွတ်​မြောက်​ရန်​နှင့် သူ့ အား​လူ​ပ​ရိ​သတ်​ရှေ့​တွင်​တ​ရား​မ​စီ​ရင်​ရ သေး​မီ​သေ​စား​မ​သေ​စေ​ရန် ဤ​မြို့​များ​ကို ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ်​ကြ သ​တည်း။

< Joshua 20 >