< Joshua 16 >

1 Ìpín ti àwọn ọmọ Josẹfu láti Jordani lẹ́bàá Jeriko, ní omi Jeriko ní ìhà ìlà-oòrùn, àní aginjù, tí ó gòkè láti Jeriko lọ dé ilẹ̀ òkè Beteli.
ယော​သပ်​အ​ဆက်​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး သော​နယ်​မြေ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည် ယေ​ရိ​ခေါ​မြို့​အ​နီး​ယေ​ရိ​ခေါ​စမ်း​ရေ​တွင်း၊ အ​ရှေ့​ယော်​ဒန်​မြစ်​မှ​အ​စ​ပြု​၍​တော​ကန္တာရ ကို​ဖြတ်​လျက်​တောင်​ကုန်း​ဒေ​သ​ရှိ​ဗေ​သ​လ မြို့​သို့​ရောက်​၏။-
2 Ó sì tẹ̀síwájú láti Beteli (tí í ṣe Lusi) kọjá lọ sí agbègbè àwọn ará Arki ní Atarotu,
တစ်​ဖန်​ဗေ​သ​လ​မြို့​မှ​လု​ဇ​မြို့​သို့​လည်း ကောင်း၊ ထို​မှ​တစ်​ဆင့်​အာ​ခိ​အ​မျိုး​သား များ​နေ​ထိုင်​ရာ​အ​တ​ရုတ်​အန္ဒာ​မြို့​သို့ လည်း​ကောင်း​ရောက်​သည်။-
3 Ó sì sọ̀kalẹ̀ lọ sí ìhà ìwọ̀-oòrùn agbègbè àwọn ará Jefileti, títí dé ilẹ̀ ìsàlẹ̀ Beti-Horoni, àní dé Geseri, ó sì parí sí etí Òkun.
တစ်​ဖန်​အ​နောက်​ဘက်​ယာ​ဖ​လေ​တိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အောက်​ဗက်​ဟော​ရုန်​ဒေ​သ သို့​ရောက်​သည်။ ထို​မှ​တစ်​ဖန်​ဂေဇာ​မြို့​ကို​ဖြတ် ပြီး​လျှင်​မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး​သတ် လေ​သည်။
4 Báyìí ni Manase àti Efraimu, àwọn ọmọ Josẹfu, gba ilẹ̀ ìní wọn.
ယော​သပ်​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ သော​ဧ​ဖ​ရိမ်​အ​နွယ်​နှင့် အ​နောက်​မ​နာ​ရှေ အ​နွယ်​တို့​သည်​ဖော်​ပြ​ပါ​နယ်​မြေ​ကို အ​ပိုင်​ရ​ရှိ​ကြ​လေ​သည်။
5 Èyí ni ilẹ̀ Efraimu, ní agbo ilé agbo ilé. Ààlà ìní wọn lọ láti Atarotu-Addari ní ìlà-oòrùn lọ sí òkè Beti-Horoni.
ဧ​ဖ​ရိမ်​အ​နွယ်​မိ​သား​စု​တို့​အ​တွက်​ခွဲ​ဝေ ပေး​သော နယ်​မြေ​၏​နယ်​နိ​မိတ်​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် အ​တ​ရုတ်​အဒ္ဒါ​မြို့​မှ​အ​စ​ပြု​၍ အ​ရှေ့​ဘက် ရှိ​အ​ထက်​ဗက်​ဟော​ရုန်​မြို့​ကို​ဖြတ်​၍၊-
6 Ó sì lọ títí dé Òkun. Láti Mikmeta ní ìhà àríwá, ó sì yí lọ sí ìhà ìlà-oòrùn lọ sí Taanati-Ṣilo, ó sì kọjá ní ẹ̀bá rẹ̀ lọ sí Janoa ní ìlà-oòrùn.
မြေ​ထဲ​ပင်​လယ်​သို့​ရောက်​သည်။ မြောက်​ဘက် တွင်​မိတ်​မေ​သ​မြို့​တည်​ရှိ​သည်။ ထို​ဒေ​သ အ​ရှေ့​ဘက်​မှ​နယ်​နိ​မိတ်​သည်​တာ​နတ်​ရှိ လော​မြို့​သို့​ကွေ့​ဝင်​ပြီး​လျှင်​မြို့​အ​ရှေ့​မှ ဖြတ်​၍​ယ​နော​ဟ​မြို့​သို့​ရောက်​သည်။-
7 Láti Janoa ó yípo lọ sí gúúsù sí Atarotu àti Naara, ó sì dé Jeriko, ó sì pín sí odò Jordani.
ထို​နောက်​ယ​နော​ဟ​မြို့​မှ​အ​တ​ရုတ်​မြို့ နှင့်​နာ​ရတ်​မြို့​များ​ဘက်​သို့​ဆင်း​လာ​ပြီး နောက် ယေ​ရိ​ခေါ​မြို့​သို့​ရောက်​၍​ယော်​ဒန် မြစ်​တွင်​အ​ဆုံး​သတ်​သည်။-
8 Láti Tapua ààlà náà sì lọ sí ìhà ìwọ̀-oòrùn, ní Kana-Rafini, ó sì parí ní Òkun. Èyí ni ìní ẹ̀yà àwọn ọmọ Efraimu, ní agbo ilé agbo ilé.
တစ်​ဖန်​နယ်​နိ​မိတ်​သည်​တာ​ပွာ​မြို့​မှ​အ​နောက် ဘက်​ကာ​န​ချောင်း​သို့​ရောက်​၍ မြေ​ထဲ​ပင်​လယ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​ကို​ဧ​ဖ​ရိမ် အ​နွယ်​မိ​သား​စု​များ​က​အ​ပိုင်​ရ​ရှိ​ကြ သည်။-
9 Ó tún mú àwọn ìlú àti ìletò wọn tí ó yà sọ́tọ̀ fún àwọn ọmọ Efraimu tí ó wà ní àárín ìní àwọn ọmọ Manase.
ထို့​အ​ပြင်​မ​နာ​ရှေ​ပိုင်​နယ်​မြေ​ထဲ​မှ​မြို့ ရွာ​အ​ချို့​တို့​ကို​လည်း​အ​ပိုင်​ရ​ရှိ​ကြ သည်။-
10 Wọn kò lé àwọn ara Kenaani tí ń gbé ni Geseri kúrò, títí di òní yìí ni àwọn ará Kenaani ń gbé láàrín àwọn ènìyàn Efraimu, ṣùgbọ́n wọ́n mú wọ́n sìn.
၁၀သို့​ရာ​တွင်​သူ​တို့​သည်​ဂေ​ဇာ​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင်​ထုတ် ဘဲ မိ​မိ​တို့​ထံ​တွင်​ကျွန်​အ​ဖြစ်​ဖြင့်​နေ​ထိုင် စေ​ကြ​သည်။

< Joshua 16 >