< Joel 3 >

1 “Ní ọjọ́ wọ̀n-ọn-nì, àti ní àkókò náà, nígbà tí èmi tún mú ìgbèkùn Juda àti Jerusalẹmu padà bọ̀.
ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်း ကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊
2 Èmi yóò kó gbogbo orílẹ̀-èdè jọ pẹ̀lú èmi yóò sì mú wọn wá sí àfonífojì Jehoṣafati. Èmi yóò sì bá wọn wíjọ́ níbẹ̀ nítorí àwọn ènìyàn mi, àti nítorí Israẹli ìní mi, tí wọ́n fọ́nká sí àárín àwọn orílẹ̀-èdè, wọ́n sì pín ilẹ̀ mi.
ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။
3 Wọ́n si ti di ìbò fún àwọn ènìyàn mi; wọ́n sì ti fi ọmọdékùnrin kan fún panṣágà obìnrin kan, wọ́n sì ta ọmọdébìnrin kan fún ọtí wáìnì, kí wọ́n kí ó lè mu.
သူတို့သည် ငါ၏လူတို့အဘို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း ဖယ်လှယ်ကြပြီ တကား။
4 “Nísinsin yìí, kí ni ẹ̀yin ní fi mí ṣe Tire àti Sidoni, àti gbogbo ẹ̀yin ẹkún Filistia? Ẹ̀yin yóò ha sàn ẹ̀san fún mi? Bí ẹ̀yin bá sì san ẹ̀san fún mi, ní kánkán àti ní kíákíá ní èmi yóò san ẹ̀san ohun ti ẹ̀yin ṣe padà sórí ara yín.
အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ် သော အရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ ပြုကြလျှင်၊ ထိုရန်ကို သင်တို့ ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။
5 Nítorí tí ẹ̀yin tí mú fàdákà mi àti wúrà mi, ẹ̀yin si tí mú ohun rere dáradára mi lọ sínú tẹmpili yín.
သင်တို့သည် ငါ့ရွှေငွေကို ယူ၍၊ ငါနှစ်သက် ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်၎င်း၊
6 Àti àwọn ọmọ Juda, àti àwọn ọmọ Jerusalẹmu ní ẹ̀yin ti tà fún àwọn ará Giriki, kí ẹ̀yin bá à lè sí wọn jìnnà kúrò ní agbègbè ilẹ̀ ìní wọn.
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့်၎င်း၊
7 “Kíyèsi í, èmi yóò gbé wọ́n dìde kúrò níbi tì ẹ̀yin ti tà wọ́n sí, èmi yóò sì san ẹ̀san ohun ti ẹ ṣe padà sórí ara yín.
သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည် ထ မြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
8 Èmi yóò si tà àwọn ọmọkùnrin yín àti àwọn ọmọbìnrin yín sí ọwọ́ àwọn ọmọ Juda, wọ́n yóò sì tà wọ́n fún àwọn ara Sabeani, fún orílẹ̀-èdè kan tí ó jìnnà réré.” Nítorí Olúwa ní o ti sọ ọ.
သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့၌ ငါရောင်း၍၊ သူတို့သည် တဖန်ဝေးသော အမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
9 Ẹ kéde èyí ní àárín àwọn kèfèrí; ẹ dira ogun, ẹ jí àwọn alágbára. Jẹ kí àwọn ajagun kí wọn bẹ̀rẹ̀ ogun.
ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။
10 Ẹ fi irin ìtulẹ̀ yín rọ idà, àti dòjé yín rọ ọ̀kọ̀. Jẹ́ kí aláìlera wí pé, “Ara mi le koko.”
၁၀သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။
11 Ẹ wá kánkán, gbogbo ẹ̀yin kèfèrí láti gbogbo àyíká, kí ẹ sì gbá ara yín jọ yí káàkiri. Níbẹ̀ ní kí o mú àwọn alágbára rẹ sọ̀kalẹ̀, Olúwa.
၁၁ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအ ရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူ မည်။
12 “Ẹ jí, ẹ sì gòkè wá sí àfonífojì Jehoṣafati ẹ̀yin kèfèrí: nítorí níbẹ̀ ní èmi yóò jókòó láti ṣe ìdájọ́ àwọn kèfèrí yí káàkiri.
၁၂တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ။ ပတ်လည်၌နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။
13 Ẹ tẹ dòjé bọ̀ ọ́, nítorí ìkórè pọ́n. Ẹ wá, ẹ sọ̀kalẹ̀, nítorí ìfúntí kún, nítorí àwọn ọpọ́n kún àkúnwọ́sílẹ̀, nítorí ìwà búburú wọn pọ̀!”
၁၃ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြ လော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ၏။
14 Ọ̀pọ̀lọpọ̀, ọ̀pọ̀lọpọ̀ ní àfonífojì ìpinnu! Nítorí ọjọ́ Olúwa kù si dẹ̀dẹ̀ ní àfonífojì ìdájọ́.
၁၄ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရ ဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။
15 Oòrùn àti òṣùpá yóò ṣú òkùnkùn, àti àwọn ìràwọ̀ kí yóò tan ìmọ́lẹ̀ wọn mọ́.
၁၅နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
16 Olúwa yóò sí ké ramúramù láti Sioni wá, yóò sì fọ ohùn rẹ̀ jáde láti Jerusalẹmu wá; àwọn ọ̀run àti ayé yóò sì mì tìtì. Ṣùgbọ́n Olúwa yóò ṣe ààbò àwọn ènìyàn rẹ̀, àti agbára àwọn ọmọ Israẹli.
၁၆ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရှုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူ သဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့် မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့် မည်။
17 “Nígbà náà ni ẹ̀yin yóò mọ̀ pé, èmi ni Olúwa Ọlọ́run yín, tí ń gbé Sioni òkè mímọ́ mi. Ìgbà náà ni Jerusalẹmu yóò jẹ́ mímọ́; àwọn àjèjì kì yóò sì kó o mọ́.
၁၇ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာနေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ။
18 “Ní ọjọ́ náà, àwọn òkè ńlá yóò máa kán ọtí wáìnì tuntun sílẹ̀, àwọn òkè kéékèèké yóò máa sàn fún wàrà; gbogbo odò Juda tí ó gbẹ́ yóò máa sàn fún omi. Orísun kan yóò sì ṣàn jáde láti inú ilé Olúwa wá, yóò sì rin omi sí àfonífojì Ṣittimu.
၁၈ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။
19 Ṣùgbọ́n Ejibiti yóò di ahoro, Edomu yóò sì di aṣálẹ̀ ahoro, nítorí ìwà ipá tí a hù sì àwọn ọmọ Juda, ní ilẹ̀ ẹni tí wọ́n ti ta ẹ̀jẹ̀ aláìṣẹ̀ sílẹ̀.
၁၉ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည် သည်လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။
20 Ṣùgbọ́n Juda yóò jẹ́ ibùgbé títí láé, àti Jerusalẹmu láti ìran dé ìran.
၂၀ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။
21 Nítorí èmi yóò wẹ ẹ̀bi ẹ̀jẹ̀ wọn nù, tí èmi kò tí ì wẹ̀nù.
၂၁ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။

< Joel 3 >