< Job 4 >

1 Ìgbà náà ni Elifasi, ará Temani dáhùn wí pé,
ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
2 “Bí àwa bá fi ẹnu lé e, láti bá ọ sọ̀rọ̀, ìwọ o ha banújẹ́? Ṣùgbọ́n ta ni ó lè pa ọ̀rọ̀ mọ́ ẹnu láìsọ?
ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
3 Kíyèsi i, ìwọ sá ti kọ́ ọ̀pọ̀ ènìyàn, ìwọ ṣá ti mú ọwọ́ aláìlera le.
သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
4 Ọ̀rọ̀ rẹ ti gbé àwọn tí ń ṣubú lọ dúró, ìwọ sì ti mú eékún àwọn tí ń wárìrì lera.
သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
5 Ṣùgbọ́n nísinsin yìí ó dé bá ọ, ó sì rẹ̀ ọ́, ó kọlù ọ́; ara rẹ kò lélẹ̀.
ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
6 Ìbẹ̀rù Ọlọ́run rẹ kò ha jẹ́ ìgbẹ́kẹ̀lé rẹ àti ìdúró ọ̀nà rẹ kò ha sì jẹ́ ìrètí rẹ?
သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
7 “Èmi bẹ̀ ọ́ rántí, ta ni ó ṣègbé rí láìṣẹ̀? Tàbí níbo ni a gbé gé olódodo kúrò rí?
အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
8 Àní bí èmi ti rí i pé, àwọn tí ń ṣe ìtulẹ̀ ẹ̀ṣẹ̀, tí wọ́n sì fún irúgbìn ìwà búburú, wọn a sì ká èso rẹ̀ náà.
ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
9 Nípa ìfẹ́ sí Ọlọ́run wọn a ṣègbé, nípa èémí ìbínú rẹ̀ wọn a parun.
ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
10 Bíbú ramúramù kìnnìún àti ohùn òǹrorò kìnnìún àti eyín àwọn ẹgbọrọ kìnnìún ní a ká.
၁၀ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
11 Kìnnìún kígbe, nítorí àìrí ohun ọdẹ, àwọn ẹgbọrọ kìnnìún sísanra ni a túká kiri.
၁၁ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
12 “Ǹjẹ́ nísinsin yìí a fi ohun àṣírí kan hàn fún mi, etí mi sì gbà díẹ̀ nínú rẹ̀.
၁၂တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
13 Ní ìrò inú lójú ìran òru, nígbà tí oorun èjìká kùn ènìyàn.
၁၃လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
14 Ẹ̀rù bà mí àti ìwárìrì tí ó mú gbogbo egungun mi jí pépé.
၁၄ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
15 Nígbà náà ni ẹ̀mí kan kọjá lọ ní iwájú mi, irun ara mi dìde dúró ṣánṣán.
၁၅ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
16 Ó dúró jẹ́ẹ́, ṣùgbọ́n èmi kò le wo àpẹẹrẹ ìrí rẹ̀, àwòrán kan hàn níwájú mi, ìdákẹ́rọ́rọ́ wà, mo sì gbóhùn kan wí pé,
၁၆ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
17 ‘Ẹni kíkú le jẹ́ olódodo ju Ọlọ́run, ènìyàn ha le mọ́ ju ẹlẹ́dàá rẹ̀ bí?
၁၇သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
18 Kíyèsi i, òun kò gbẹ́kẹ̀lé àwọn ìránṣẹ́ rẹ̀, nínú àwọn angẹli rẹ̀ ní ó sì rí ẹ̀ṣẹ̀.
၁၈အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
19 Mélòó mélòó àwọn tí ń gbé inú ilé amọ̀, ẹni tí ìpìlẹ̀ wọ́n jásí erùpẹ̀ tí yóò di rírun kòkòrò.
၁၉သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
20 A pa wọ́n run láàrín òwúrọ̀ àti àṣálẹ́ wọ́n sì parun títí láé, láìrí ẹni kà á sí.
၂၀တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
21 A kò ha ké okùn iye wọ́n kúrò bí? Wọ́n kú, àní láìlọ́gbọ́n?’
၂၁သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။

< Job 4 >