< Job 19 >

1 Ìgbà náà ni Jobu dáhùn, ó sì wí pé:
ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 “Yóò ti pẹ́ tó tí ẹ̀yin ó fi máa fi ìyà jẹ mí, tí ẹ̀yin ó fi máa fi ọ̀rọ̀ yìí?
သင်တို့သည် ငါ့ စိတ်ဝိညာဉ် ကိုနှောင့်ရှက် ၍ အဘယ်မျှ ကာလပတ်လုံး သင်တို့စကား ဖြင့် ငါ့ ကိုချိုးဖဲ့ ကြလိမ့်မည်နည်း။
3 Ìgbà mẹ́wàá ní yin yọ mi lénu ẹ̀yin ti ń gàn mí; ojú kò tì yín tí ẹ fi jẹ mí ní yà.
ဆယ် ကြိမ် မြောက်အောင်ငါ့ ကို ကဲ့ရဲ့ ကြပြီ။ ငါ့ ကို မိန်းမော တွေဝေ စေခြင်းငှါ အရှက် မ ရှိဘဲပြုကြပြီ။
4 Kí a sì wí bẹ́ẹ̀ pé, mo ṣìnà nítòótọ́, ìṣìnà mi wà lára èmi tìkára mi.
ငါပြစ်မှား ပြီ မှန် စေတော့။ ငါ့ အပြစ် နှင့် ငါ သာဆိုင်၏။
5 Bí ó tilẹ̀ ṣe pé ẹ̀yin ó ṣògo si mi lórí nítòótọ́, tí ẹ ó sì máa fi ẹ̀gàn mi gún mí lójú,
သင်တို့သည်ငါ့ အပေါ် ၌ ဝါကြွား ၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင် ကြသော်လည်း၊
6 kí ẹ mọ̀ nísinsin yìí pé, Ọlọ́run ni ó bì mí ṣubú, ó sì nà àwọ̀n rẹ̀ yí mi ká.
ဘုရား သခင်သည်ငါ့ ကိုလှဲ ၍ မိမိ ကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ် ကြလော့။
7 “Kíyèsi, èmi ń kígbe pe, ‘Ọwọ́ alágbára!’ Ṣùgbọ́n a kò gbọ́ ti èmi; mo kígbe fún ìrànlọ́wọ́, bẹ́ẹ̀ ni kò sí ìdájọ́.
ငါသည်ကိုယ်ခံရသောညှဉ်းဆဲ ခြင်းကိုအကြောင်းပြု၍ မြည်တမ်း သော်လည်း ၊ အဘယ်သူမျှနား မ ထောင်။ အော်ဟစ် သော်လည်း တရား သဖြင့် စီရင်သောသူမ ရှိ။
8 Ó ṣọgbà dí ọ̀nà mi tí èmi kò le è kọjá, Ó sì mú òkùnkùn ṣú sí ipa ọ̀nà mi.
ငါမ သွား နိုင်အောင် ငါ့ရှေ့မှာအဆီး အကာပြု၍၊ ငါ သွားရာလမ်း ၌ မှောင်မိုက် ကိုထားတော်မူပြီ။
9 Ó ti bọ́ ògo mi, ó sì ṣí adé kúrò ní orí mi.
ငါ့ ဂုဏ် အသရေကိုချွတ် ၍၊ ငါ့ ခေါင်း က ပေါင်းသရဖူ ကိုချ တော်မူပြီ။
10 Ó ti bà mí jẹ́ ní ìhà gbogbo, ẹ̀mí sì pin; ìrètí mi ni a ó sì fàtu bí igi.
၁၀ငါ့ ကိုဝိုင်း ၍ ဖျက်ဆီး တော်မူသဖြင့် ငါပျောက် ကုန်ပြီ။ သစ်ပင် ကို နှုတ် သကဲ့သို့ ၊ ငါ မြော်လင့် ရသောအခွင့်ကို နှုတ်တော်မူပြီ။
11 Ó sì tiná bọ ìbínú rẹ̀ sí mi, ó sì kà mí sí bí ọ̀kan nínú àwọn ọ̀tá rẹ̀.
၁၁ငါ ၌ အမျက် တော်ကိုနှိုးဆော်၍၊ ငါ့ ကိုရန်သူ ကဲ့သို့မှတ် တော်မူ၏။
12 Ẹgbẹ́ ogun rẹ̀ sì dàpọ̀ sí mi, wọ́n sì mọ odi yí mi ká, wọ́n sì yí àgọ́ mi ká.
၁၂စစ်ချီလာ၍၊ စစ်သူရဲ တော်တို့သည် ငါ့ ရှေ့သို့ ရောက် ခြင်းငှါ၊ ကျုံးတူး၍ ငါ့ ပတ်လည် ၌ တပ်ချ ကြ၏။
13 “Ó mú àwọn arákùnrin mi jìnà sí mi réré, àti àwọn ojúlùmọ̀ mi di àjèjì sí mi pátápátá.
၁၃ငါ့ ညီအစ်ကို တို့ကို ငါ နှင့် ကွာဝေး စေတော်မူ၏။ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်း သောသူဖြစ် ကြ၏။
14 Àwọn alájọbí mi fàsẹ́yìn, àwọn ọ̀rẹ́ tímọ́tímọ́ mi sì di onígbàgbé mi.
၁၄ငါ့ ပေါက်ဘော် တို့သည် ငါ့ကိုစွန့် ၍၊ ငါ့ သူငယ်ချင်း တို့သည် မေ့လျော့ ကြ၏။
15 Àwọn ará inú ilé mi àti àwọn ìránṣẹ́bìnrin mi kà mí sí àjèjì; èmi jásí àjèjì ènìyàn ní ojú wọn.
၁၅ငါ့ ကျွန် မများ၊ ငါ့ အိမ်သူ အိမ်သားများတို့သည် ငါ့ ကိုဧည့်သည် ကဲ့သို့ ၎င်း၊ တကျွန်း တနိုင်ငံသားကဲ့သို့၎င်း မှတ် ကြ၏။
16 Mo pe ìránṣẹ́ mi, òun kò sì dá mi lóhùn; mo fi ẹnu mi bẹ̀ ẹ́.
၁၆ငါ့ ကျွန် ကိုငါခေါ် သောအခါသူသည် မ ထူး ၊ သူ့ ကို နှုတ်ဆက်၍ တောင်းပန် ရ၏။
17 Ẹ̀mí mi ṣú àyà mi, àti òórùn mi ṣú àwọn ọmọ inú ìyá mi.
၁၇ငါ့ မယား သည် ငါ့ အသက် လေကို၎င်း၊ ငါ့ သား သမီး တို့သည် ငါမြည်တမ်းခြင်းအသံကို၎င်းရွံ့ကြ၏။
18 Àní àwọn ọmọdékùnrin fi mí ṣẹ̀sín, mo dìde, wọ́n sì sọ̀rọ̀ ẹ̀gàn sí mi.
၁၈သူငယ် တို့သည်လည်း ငါ့ ကို မထီမဲ့မြင် ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။
19 Gbogbo àwọn ọ̀rẹ́ kòríkòsùn mi kórìíra mi, àwọn olùfẹ́ mi sì kẹ̀yìndà mí.
၁၉ငါ့ မိတ်ဆွေ တို့သည် ငါ့ ကိုရွံ ၍၊ ငါချစ် သောသူတို့ သည် ငါ့ ရန်သူဖြစ်ကြ၏။
20 Egungun mi lẹ̀ mọ́ ara mi àti mọ́ ẹran-ara mi, mo sì yọ́ pẹ̀lú awọ eyín mi.
၂၀ငါ့ အရေ အသား သည်ငါ့ အရိုး တို့၌ ကပ် လျက်ရှိ၏။ သွားဖုံး တခုသာပါလျက်ငါပြေးလွတ် ရ၏။
21 “Ẹ ṣàánú fún mi, ẹ ṣàánú fún mi, ẹ̀yin ọ̀rẹ́ mi, nítorí ọwọ́ Ọlọ́run ti bà mí.
၂၁အိုအဆွေ ခင်ပွန်းတို့၊ ငါ့ ကိုသနား ကြပါ။ ငါ့ ကိုသနား ကြပါ။ ဘုရား သခင်၏ လက် တော်သည် ငါ့ ကို ထိခိုက် ပါပြီ။
22 Nítorí kí ni ẹ̀yin ṣe lépa mi bí Ọlọ́run, tí ẹran-ara mi kò tẹ́ yín lọ́rùn?
၂၂ဘုရား သခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲ ကြသနည်း။ အဘယ်ကြောင့်ငါ့ အသား ကို စား၍ မ ရောင့််ရဲ ဘဲနေကြသနည်း။
23 “Háà! Ìbá ṣe pé a le kọ̀wé ọ̀rọ̀ mi nísinsin yìí, ìbá ṣe pé a le kọ ọ sínú ìwé!
၂၃ငါ့ စကား ကိုယခုရေးမှတ် ပါစေသော။ စာရင်း ၌ သွင်းထားပါစေသော။
24 Kí a fi kálámù irin àti ti òjé kọ wọ́n sínú àpáta fún láéláé.
၂၄ခဲပြား ပေါ်မှာကညစ် နှင့် အက္ခရာ တင်လျက်၊ ကျောက်စာ ထိုး လျက်မြဲ ပါစေသော။
25 Nítorí èmi mọ̀ pé olùdáǹdè mi ń bẹ láààyè àti pe òun ni yóò dìde dúró lórí ilẹ̀ ní ìkẹyìn;
၂၅ငါ့ ကို ရွေးနှုတ် သောသခင်သည် အသက် ရှင်၍၊ နောင် ကာလ၌ မြေမှုန့် အပေါ် မှာ ပေါ် လာတော်မူမည် ဟူ၍၎င်း၊
26 àti lẹ́yìn ìgbà tí a pa àwọ̀ ara mi run, síbẹ̀ láìsí ẹran-ara mi ni èmi ó rí Ọlọ́run,
၂၆ငါ့ အရေ ကုန်ပြီးမှ ဤ ကိုယ်ကိုပင် ဖျက်ဆီး သော်လည်း၊ ငါသည်ကိုယ်ခန္ဓါ ၌ ဘုရား သခင်ကိုမြင် မည်ဟူ၍၎င်း ငါသိ ၏။
27 ẹni tí èmi ó rí fún ara mi, tí ojú mi ó sì wo, kì sì í ṣe ti ẹlòmíràn; ọkàn mi sì dákú ní inú mi.
၂၇ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင် မည်။ သူတပါး မြင် သည်သာမက၊ ငါ သည် ကိုယ် မျက်စိ နှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ ကျောက်ကပ် သည် ပျက် လျက်ရှိ၏။
28 “Bí ẹ̀yin bá wí pé, ‘Àwa ó ti lépa rẹ̀ tó! Àti pé, gbogbo ọ̀rọ̀ náà ni a sá à rí ní ọwọ́ rẹ̀,’
၂၈ယခုမှာသင်တို့က၊ ငါတို့သည် သူ့ ကို အဘယ်သို့ ညှဉ်းဆဲ ရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊
29 kí ẹ̀yin kí ó bẹ̀rù, nítorí ìbínú ní í mú ìjìyà wá nípa idà, kí ẹ̀yin kí ó lè mọ̀ pé ìdájọ́ kan ń bẹ.”
၂၉ထား ဘေးကိုကြောက် ကြလော့။ အကြောင်း မူကား၊ အမျက် တော်သည်ထား ဘေးဖြင့် အပြစ် ပေးတတ် ၏။ အပြစ် စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ် ကြလော့ဟု မြွက်ဆို ၏။

< Job 19 >