< Jeremiah 48 >

1 Nípa Moabu. Báyìí ni Olúwa àwọn ọmọ-ogun, Ọlọ́run Israẹli wí: “Ègbé ni fún Nebo nítorí a ó parun. A dójútì Kiriataimu, a sì mú un, ojú yóò ti alágbára, a ó sì fọ́nká.
ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မောဘ ပြည်ကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ နေဗော မြို့သည် အမင်္ဂလာ ရှိ၏။ ပျက်စီး ခြင်းသို့ရောက်လေ၏။ ကိရယသိမ် မြို့သည် ရှုံး၍လုယူ ခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက် လေ၏။
2 Moabu kò ní ní ìyìn mọ́, ní Heṣboni ni wọn ó pète ìparun rẹ̀, ‘Wá, kí a pa orílẹ̀-èdè náà run.’ Àti ẹ̀yin òmùgọ̀ ọkùnrin pàápàá ni a ó pa lẹ́nu mọ́, a ó fi idà lé e yín.
မောဘ ပြည်သည် နောက် တဖန် ဟေရှဘုန် မြို့၌ မ ဝါကြွား ရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါပယ်ရှား ကြကုန်အံ့ဟု၊ ရန်ပြု မည့်အကြံနှင့် ကြံစည် ကြ၏။ အိုမာဒမေန မြို့၊ သင်သည်လည်း ပျက်စီး ရမည်။ ထား ဘေးသည် သင့် ကိုလိုက် လိမ့်မည်။
3 Gbọ́ igbe ní Horonaimu, igbe ìrora àti ìparun ńlá.
ဟောရနိမ် မြို့၌လည်း ညှဉ်းဆဲ ခြင်းနှင့် ပြင်းစွာ သော ပျက်စီး ခြင်းရှိ၍၊ အော်ဟစ် သောအသံ ကိုကြားရ၏။
4 Moabu yóò di wíwó palẹ̀; àwọn ọmọdé rẹ̀ yóò kígbe síta.
မောဘ ပြည်သည်ပျက်စီး ခြင်းသို့ရောက်၍၊ သူငယ် တို့သည် မြည်တမ်း သောအသံကိုပြုကြ၏။
5 Wọ́n gòkè lọ sí Luhiti, wọ́n ń sọkún kíkorò bí wọ́n ti ń lọ; ní ojú ọ̀nà sí Horonaimu igbe ìrora ìparun ni à ń gbọ́ lọ.
ငိုကြွေး သောအသံသည် လုဟိတ် တောင်ပေါ်သို့ တက် ရ၏။ ဟောရနိမ် မြို့သို့ဆင်း ရာအရပ်၌ လည်း၊ ဆုံးရှုံး ခြင်းအသံကိုရန်သူ တို့သည် ကြား ရကြ၏။
6 Sá! Àsálà fún ẹ̀mí yín; kí ẹ sì dàbí aláìní ní aginjù.
အသက် လွတ် အံ့သောငှါပြေး ကြလော့။ လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက်ကဲ့သို့ ဖြစ် ကြလော့။
7 Níwọ́n ìgbà tí o gbẹ́kẹ̀lé agbára àti ọrọ̀ rẹ, a ó kó ìwọ náà ní ìgbèkùn, Kemoṣi náà yóò lọ sí ilẹ̀ ìgbèkùn pẹ̀lú àlùfáà àti àwọn aláṣẹ rẹ̀.
သင်သည်မိမိ ဆည်းဖူးသော ဘဏ္ဍာ ဥစ္စာကို ကိုးစား သောကြောင့် ၊ သူတပါးလက် သို့ရောက်ရလိမ့်မည်။ ခေမုရှ ဘုရားကိုလည်း သူ ၏ မင်း၊ သူ ၏ယဇ် ပုရောဟိတ်တို့ နှင့်တကွသိမ်းသွား ကြလိမ့်မည်။
8 Gbogbo ìlú rẹ ni apanirun yóò dojúkọ, ìlú kan kò sì ní le là. Àfonífojì yóò di ahoro àti ilẹ̀ títẹ́ ni a ó run, nítorí tí Olúwa ti sọ̀rọ̀.
လုယူ သောသူသည် မြို့များအစဉ်အတိုင်းရောက်လာ ၍ မြို့တမြို့မျှမ လွတ် ရ။ ချိုင့် နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။
9 Fi iyọ̀ sí Moabu, nítorí yóò ṣègbé, àwọn ìlú rẹ yóò sì di ahoro láìsí ẹni tí yóò gbé inú rẹ̀.
မောဘ ပြည်သည် လွတ်ရာသို့ ပြေး ရအောင် ငှက်တောင် တို့ကိုပေး လော့။ မြို့ တို့သည်နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
10 “Ìfibú ni fún ẹni tí ó fi ìmẹ́lẹ́ ṣe iṣẹ́ Olúwa, ìfibú ni fún ẹni tí ó pa idà mọ́ fún ìtàjẹ̀ sílẹ̀.
၁၀ထာဝရဘုရား ၏ အမှု တော်ကို ကြိုးစား ၍ မဆောင်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိ ထား ကို သိမ်းရုပ် သောသူသည် ကျိန်ဆဲ ခြင်း ကိုခံစေ။
11 “Moabu ti wà ní ìsinmi láti ìgbà èwe rẹ̀ wá bí i ọtí wáìnì lórí gẹ̀dẹ̀gẹ́dẹ̀ rẹ̀, tí a kò dà láti ìgò kan sí èkejì kò tí ì lọ sí ilẹ̀ ìgbèkùn rí. Ó dùn lẹ́nu bí ó ti yẹ, òórùn rẹ̀ kò yí padà.
၁၁မောဘ သည်အိုး တလုံးမှ တလုံးသို့ မ ပြောင်း ၊ တကျွန်းတနိုင်ငံသို့ ယူသွား ခြင်းကိုမ ခံ၊ ငယ် သော အရွယ်မှစ၍ ငြိမ် လျက် ၊ မိမိ အဖတ် အနည်ပေါ် ၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိ အရသာ သည် တည် နေ၏။ မွှေး သောအနံ့လည်း မ ပျက် ။
12 Ṣùgbọ́n ọjọ́ ń bọ̀,” ni Olúwa wí, “nígbà tí n ó rán àwọn tí ó n da ọtí láti inú àwọn ìgò tí wọ́n ó sì dà á síta; wọn ó sọ àwọn ìgò rẹ̀ di òfo, wọn ó sì fọ́ àwọn ife rẹ̀.
၁၂သို့ရာတွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ ထံသို့ ငါစေလွှတ် ရသော အချိန် ရောက် လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ ၏အိုး တို့ကိုသွန် ၍ ရေဘူး တို့ကို ခွဲ ကြလိမ့်မည်။
13 Nígbà náà Moabu yóò sì tú u nítorí Kemoṣi, bí ojú ti í ti ilé Israẹli nígbà tí ó gbẹ́kẹ̀lé Beteli.
၁၃ဣသရေလ အမျိုး သည် မိမိ တို့ခိုလှုံ သော ဗေသလ ဘုရားကြောင့် ရှက် ရသကဲ့သို့ ၊ မောဘ အမျိုး သည်လည်း ခေမုရှ ဘုရားကြောင့် ရှက် ရလိမ့်မည်။
14 “Báwo ni o ṣe lè sọ pé, ‘Ajagun ni wá, alágbára ní ogun jíjà’?
၁၄ငါ တို့သည်အားကြီး သောသူ၊ စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆို ကြလိမ့်မည်နည်း။
15 A ó pa Moabu run, a ó sì gba àwọn ìlú rẹ̀; a ó sì dúńbú àwọn arẹwà ọkùnrin rẹ̀,” ni ọba wí, ẹni tí orúkọ rẹ̀ ń jẹ́ Olúwa àwọn ọmọ-ogun.
၁၅မောဘ ပြည်သည် ပျက်စီး ပြီ။ မြို့ တို့သည် ကျွမ်းလောင် ကြပြီ။ သူ ရွေးချယ် သောလုလင် တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွား ကြပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။
16 “Ìṣubú Moabu súnmọ́; ìpọ́njú yóò dé kánkán.
၁၆မောဘ ကို လုပ်ကြံရသောအချိန်နီး ပြီ။ သူ ခံရသော ဘေး သည် အလျင်အမြန် လာ၏။
17 Ẹ dárò fún, gbogbo ẹ̀yin tí ó yí i ká gbogbo ẹ̀yin tí ẹ mọ bí ó ti ní òkìkí tó. Ẹ sọ pé, ‘Báwo ni ọ̀pá agbára rẹ títóbi tí ó sì lógo ṣe fọ́!’
၁၇သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့၊ သူ့ အတွက် မြည်တမ်း ကြလော့။ သူ၏နာမ ကို သိ သော သူအပေါင်း တို့၊ တန်ခိုး ကြီးသောလှံတံ ၊ အသရေ တင့်တယ်သောတံဖျာ သည် ကျိုး လေပြီတကားဟု ပြောဆို ကြ လော့။
18 “Sọ̀kalẹ̀ níbi ògo rẹ, kí o sì jókòó ní ilẹ̀ gbígbẹ, ẹ̀yin olùgbé ọmọbìnrin Diboni, nítorí tí ẹni tí ó pa Moabu run yóò dojúkọ ọ́ yóò sì pa àwọn ìlú olódi rẹ run.
၁၈ဒိဘုန် မြို့၌နေ သောသတို့သမီး ၊ သင်ခံစားရသော စည်းစိမ် မှ ဆင်း ၍အငတ် ခံလျက်ထိုင် လော့။ မောဘ ကို လုယူ သောသူသည် သင် ရှိရာ သို့လာ ၍၊ သင် ၏ရဲတိုက် တို့ကို ဖျက်ဆီး လိမ့်မည်။
19 Dúró lẹ́bàá ọ̀nà kí o sì wòran, ìwọ tí ń gbé ní Aroeri. Bí ọkùnrin tí ó sálọ àti obìnrin tí ó ń sá àsálà ‘Kí ni ohun tí ó ṣẹlẹ̀?’
၁၉အိုအာရော် မြို့သား ၊ လမ်း နား မှာရပ် ၍ ကြည့်ရှု လော့။ အဘယ် အမှုရှိ သနည်းဟု၊ ပြေး သောယောက်ျားနှင့် အသက်လွတ် သော မိန်းမကိုမေးမြန်း လော့။
20 Ojú ti Moabu nítorí tí a wó o lulẹ̀. Ẹ hu, kí ẹ sì kígbe! Ẹ kéde rẹ̀ ní Arnoni pé, a pa Moabu run.
၂၀မောဘ သည်စိတ်ပျက် လေ၏။ ပြိုလဲ လျက်ရှိ၏။ ငိုကြွေး မြည်တမ်း ကြလော့။ မောဘ သည် ပျက်စီး ကြောင်း ကို အာနုန် မြို့၌ ကြားပြော ကြလော့။
21 Ìdájọ́ ti dé sí àwọn òkè pẹrẹsẹ, sórí Holoni, Jahisa àti Mefaati,
၂၁လွင်ပြင် နှင့်တကွဟောလုန် မြို့၊ ယဟာဇ မြို့၊ မေဖတ် မြို့၊
22 sórí Diboni, Nebo àti Beti-Diblataimu,
၂၂ဒိဘုန် မြို့၊ နေဗော မြို့၊ ဗက်ဒိဗလသိမ် မြို့၊
23 sórí Kiriataimu, Beti-Gamu àti Beti-Meoni,
၂၃ကိရယသိမ် မြို့၊ ဗက်ဂမုလ မြို့၊ ဗက်မောင် မြို့၊
24 sórí Kerioti àti Bosra, sórí gbogbo ìlú Moabu, nítòsí àti ní ọ̀nà jíjìn.
၂၄ကေရုတ် မြို့၊ ဗောဇရ မြို့မှစ၍၊ မောဘ ပြည် ၌ ရှိသောမြို့ အနီး အဝေး ရှိသမျှ တို့သည် အပြစ်ဒဏ် ကို ခံရကြ ၏။
25 A gé ìwo Moabu kúrò, apá rẹ̀ dá,” ni Olúwa wí.
၂၅မောဘ ၏ဦးချို သည် ပြတ် လေပြီ။ သူ ၏လက်ရုံး သည် ကျိုး လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
26 “Ẹ jẹ́ kí a mú u mutí nítorí ó kó ìdọ̀tí bá Olúwa, jẹ́ kí Moabu lúwẹ̀ẹ́ nínú èébì rẹ̀, kí ó di ẹni ẹ̀gàn.
၂၆မောဘ သည် ထာဝရဘုရား တဘက် ၌ ဝါကြွား သောကြောင့် သူ့ ကိုယစ်မူး စေကြလော့။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ ခြင်းကို ခံရ ၏။
27 Ǹjẹ́ Israẹli kò di ẹni ẹ̀gàn rẹ? Ǹjẹ́ a kó o pẹ̀lú àwọn olè tó bẹ́ẹ̀ tí o ń gbọn orí rẹ̀ pẹ̀lú yẹ̀yẹ́ nígbàkígbà bí a bá sọ̀rọ̀ nípa rẹ̀?
၂၇သင်သည်ဣသရေလ ကို ကဲ့ရဲ့ ပြီမ ဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုး တို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ် ပါသည်တကား။
28 Kúrò ní àwọn ìlú rẹ, kí o sì máa gbé láàrín àwọn òkúta, ẹ̀yin tí ó ti ń gbé inú ìlú Moabu. Ẹ dàbí i àdàbà tí ó kọ́ ìtẹ́ rẹ̀ sí ẹnu ihò.
၂၈မောဘ ပြည်၌နေ သောသူတို့၊ မြို့ တို့ကိုစွန့် ၍ ကျောက် ကြား ၌ နေ ကြလော့။ မြေတွင်း ဝ နား မှာ အသိုက် လုပ်တတ်သော ချိုးငှက် ကဲ့သို့ ပြု ကြလော့။
29 “A ti gbọ́ nípa ìgbéraga Moabu: àti ìwà mo gbọ́n tan rẹ̀ àti ìgbéraga ọkàn rẹ̀.
၂၉မောဘ ၏မာန ကိုငါတို့သည် ကြားသိ ကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ မာန ကြီးခြင်း၊ ထောင်လွှား စော်ကား ခြင်း၊ စိတ် နှလုံးမြင့် ခြင်းရှိသော်လည်း၊
30 Mo mọ àfojúdi rẹ̀, ṣùgbọ́n òfo ni,” ni Olúwa wí, “ìfọ́nnu rẹ̀ kò lè ṣe nǹkan kan.
၃၀သူ ၏ဒေါသ အမျက်ထွက်ခြင်းကို ငါ သိ သည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွား သော စကားကို ပြောလျက်နှင့်၊ မိမိအလိုမ ပြည့်စုံ ရာဟု ထာဝရဘုရား မိန့် တော်မူ၏။
31 Nítorí náà, mo pohùnréré ẹkún lórí Moabu fún àwọn ará Moabu ni mo kígbe lóhùn rara, mo kẹ́dùn fún àwọn ọkùnrin Kiri-Hareseti.
၃၁ထိုကြောင့် ၊ မောဘ အတွက် ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘ ပြည်တပြည်လုံး အတွက် ငိုကြွေး မည်။ ကိရဟရက် မြို့သား တို့အတွက် ညည်းတွား ခြင်း ရှိရမည်။
32 Mo sọkún fún ọ bí Jaseri ṣe sọkún ìwọ àjàrà Sibma. Ẹ̀ka rẹ tẹ̀ títí dé Òkun, wọn dé Òkun Jaseri. Ajẹnirun ti kọlu èso rẹ, ìkórè èso àjàrà rẹ.
၃၂အိုစိဗမာ စပျစ်နွယ် ပင်၊ ယာဇာ မြို့အတွက် မျက်ရည် ကျသည်ထက် ၊ သင့် အတွက် ငါသည် မျက်ရည် ကျမည်။ သင် ၏အညွန့် တို့သည် ပင်လယ် ကိုလွန် ၍၊ ယာဇာ ပင်လယ် တိုင်အောင် ရောက် ကြ၏။ ဖျက်ဆီး သောသူသည် သင် ၏သစ်သီး နှင့် စပျစ်သီး တို့ကို လုယူ၏။
33 Ayọ̀ àti ìdùnnú ti kúrò nínú ọgbà àjàrà àti oko Moabu. Mo dá ọwọ́ ṣíṣàn ọtí wáìnì dúró lọ́dọ̀ olùfúntí; kò sí ẹni tí ó ń tẹ̀ wọ́n pẹ̀lú igbe ayọ̀. Bí ó tilẹ̀ jẹ́ pé igbe wà, wọn kì í ṣe igbe ti ayọ̀.
၃၃ဝပြော သောလယ်ပြင်နှင့် မောဘ ပြည် ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်းပြတ် လေပြီ။ စပျစ်သီး နယ်ရာ ကျင်း၌စပျစ်ရည် ကို ငါပြတ် စေပြီ။ ကြွေးကြော် သံကိုပြု၍ စပျစ်သီးကိုမ နင်း ရ။ ကြွေးကြော် သော အသံလည်း ကြွေးကြော် သောအသံမ ဟုတ်ရ။
34 “Ohùn igbe wọn gòkè láti Heṣboni dé Eleale àti Jahasi, láti Soari títí dé Horonaimu àti Eglati-Ṣeliṣi, nítorí àwọn omi Nimrimu pẹ̀lú yóò gbẹ.
၃၄ဟေရှဘုန် မြို့ ငိုကြွေး သံမှစ၍ ဧလာလေ မြို့၊ ယာဟတ် မြို့တိုင်အောင် ၎င်း ၊ ဇောရ မြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင် ၎င်း သုံးနှစ်အသက်ရှိသောနွားမမြည်သံကဲ့သို့အသံ ကို လွှင့် ကြ၏။ အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည်လည်း ဆိတ်ညံ လျက်ရှိကြ၏။
35 Ní ti Moabu ni èmi yóò ti fi òpin sí ẹni tí ó rú ẹbọ ní ibí gíga àti ẹni tí ń sun tùràrí fún òrìṣà rẹ̀,” ni Olúwa wí.
၃၅မောဘ ပြည်၌ မြင့် သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိ ဘုရား တို့အား နံ့သာ ပေါင်းကို မီးရှို့သောသူတို့ ကို ငါပြတ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
36 “Nítorí náà ọkàn mi ró fún Moabu bí fèrè, ọkàn mi ró bí fèrè fún àwọn ọkùnrin Kiri-Hareseti. Nítorí ìṣúra tí ó kójọ ṣègbé.
၃၆ထိုကြောင့် ၊ ငါ့ နှလုံး သည် မောဘ ပြည်အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ ငါ့ နှလုံး သည် ကိရဟရက် မြို့သား တို့အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ သူတို့ ဆည်းဖူး သော ဘဏ္ဍာ ဥစ္စာပျက်စီး ပြီ။
37 Gbogbo orí ni yóò pá, gbogbo irùngbọ̀n ni a ó gé kúrò, gbogbo ọwọ́ ni a sá lọ́gbẹ́, àti aṣọ ọ̀fọ̀ ní gbogbo ẹ̀gbẹ́.
၃၇လူတိုင်းဆံပင် တိုလျက် ၊ မုတ်ဆိတ် ကိုရိတ် လျက်၊ လက် ၌ ရှန လျက်၊ ခါး ၌ လျှော်တေ အဝတ်ကို ဝတ်လျက် ရှိရ၏။
38 Ẹkún ńlá ní yóò wà lórí gbogbo òrùlé Moabu, àti ní ìta rẹ̀, nítorí èmi ti fọ́ Moabu bí a ti ń fọ́ ohun èlò tí kò wu ni,” ni Olúwa wí.
၃၈အသုံး မရသော အိုး ကိုခွဲတတ်သကဲ့သို့ ၊ မောဘ ပြည်ကို ငါခွဲ သောကြောင့် ၊ မောဘ ပြည်အိမ်မိုး များ အပေါ် ၌၎င်း ၊ လမ်း များ၌ ၎င်း ညည်းတွား မြည်တမ်းခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
39 “Èéṣe tí ẹ fi fọ́ túútúú, tí ẹ sì fi ń pohùnréré ẹkún! Báwo ni Moabu ṣe yí ẹ̀yìn padà ní ìtìjú! Moabu ti di ẹni ìtìjú àti ẹ̀gàn àti ìdààmú sí gbogbo àwọn tí ó yìí ká.”
၃၉သူတို့ကလည်း၊ မောဘ ပြည်ပြိုပျက် လေပြီ တကား၊ ရှက် ၍ဆုတ်သွား လေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘ သည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည် ၌နေသောသူအပေါင်း တို့၏ ကြောက်လန့် စရာအကြောင်းဖြစ် ရလိမ့်မည်။
40 Báyìí ni Olúwa wí: “Wò ó ẹyẹ idì náà ń fò bọ̀ nílẹ̀ ó sì na ìyẹ́ rẹ̀ lórí Moabu.
၄၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတ ပျံတတ်သကဲ့သို့ ပျံ လာ၍ ၊ အတောင် တို့နှင့် မောဘ ပြည်ကို အုပ်မိုး လိမ့်မည်။
41 Kerioti ni a ó kó lẹ́rú àti ilé agbára ni ó gbà. Ní ọjọ́ náà ọkàn àwọn akọni Moabu yóò dàbí ọkàn obìnrin tí ó ń rọbí.
၄၁မြို့တို့ကိုလုပ်ကြံ ၍ ရဲတိုက် တို့ကို တိုက်ယူ သောကြောင့် ၊ ထို နေ့ ၌ မောဘ အမျိုးသူရဲ တို့ စိတ် နှလုံးသည်၊ သားဘွားခြင်းဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် ရလိမ့်မည်။
42 A ó pa Moabu run gẹ́gẹ́ bí orílẹ̀-èdè nítorí pé ó gbéraga sí Olúwa.
၄၂မောဘ သည် ထာဝရဘုရား တဘက်၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည် မဖြစ်နိုင်အောင် ပျက်စီး ရလိမ့်မည်။
43 Ẹ̀rù àti ọ̀fìn àti okùn dídè ń dúró dè yín, ẹ̀yin ènìyàn Moabu,” ní Olúwa wí.
၄၃အိုမောဘ အမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက် လေပြီ။
44 “Ẹnikẹ́ni tí ó bá sá fún ẹ̀rù yóò ṣubú sínú ọ̀fìn ẹnikẹ́ni tí o bá jáde síta nínú ọ̀fìn ní à ó mú nínú okùn dídè nítorí tí èmi yóò mú wá sórí Moabu àní ọdún ìjìyà rẹ,” ní Olúwa wí.
၄၄ကြောက်လန့် ဘွယ်သောအရာမှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ဆုံးမ ခြင်းကိုခံရသောနှစ် ကာလကို မောဘ ပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
45 “Ní abẹ́ òjìji Heṣboni àwọn tí ó sá dúró láìní agbára, nítorí iná ti jáde wá láti Heṣboni, àti ọwọ́ iná láti àárín Sihoni, yóò sì jó iwájú orí Moabu run, àti agbárí àwọn ọmọ aláriwo.
၄၅ပြေး သောသူတို့သည်အားကုန် သောကြောင့်၊ ဟေရှဘုန် မြို့အရိပ် ကို ခို ကြသော်လည်း၊ ရှိဟုန် ဘုရင် နေရာဟေရှဘုန် မြို့မှ မီးလျှံ ထွက် သဖြင့် ၊ မာန ထောင်လွှား သောသူ တို့၏ အထွဋ် မှစ၍မောဘ ပြည်စွန်း တိုင်အောင်လောင် လိမ့်မည်။
46 Ègbé ní fún ọ Moabu! Àwọn ènìyàn orílẹ̀-èdè Kemoṣi ṣègbé a kó àwọn ọmọkùnrin rẹ lọ sí ilẹ̀ àjèjì àti àwọn ọmọbìnrin rẹ lọ sí ìgbèkùn.
၄၆အိုမောဘ ပြည်၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုးနည်း ကြပြီ။ သင် တို့၏ သား သမီး များကို သိမ်းသွား ကြပြီ။
47 “Síbẹ̀, èmi yóò dá ìkólọ Moabu padà ní ọjọ́ ìkẹyìn,” ni Olúwa wí. Eléyìí ní ìdájọ́ ìkẹyìn lórí Moabu.
၄၇သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောမောဘ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤရွေ့ကား ၊ မောဘ ခံရသော အပြစ်တရား ပေတည်း။

< Jeremiah 48 >