< Jeremiah 43 >

1 Nígbà tí Jeremiah parí sísọ ọ̀rọ̀ tí Olúwa Ọlọ́run rán an sí wọn tan.
ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊
2 Asariah ọmọ Hoṣaiah àti Johanani ọmọ Karea, àti gbogbo àwọn agbéraga ọkùnrin sọ fún Jeremiah pé, “Ìwọ ń pa irọ́! Olúwa Ọlọ́run wa kò rán ọ láti sọ pé, ‘Ẹ má lọ sí Ejibiti láti ṣàtìpó níbẹ̀.’
ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။
3 Ṣùgbọ́n Baruku, ọmọ Neriah, ni ó fi ọ̀rọ̀ sí ọ lẹ́nu sí wa, láti fà wá lé àwọn ará Babeli lọ́wọ́, láti pa wá àti láti kó wa ní ìgbèkùn lọ sí Babeli.”
ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
4 Nítorí náà, Johanani ti Karea àti gbogbo àwọn olórí ogun, àti gbogbo àwọn ènìyàn tàpá sí àṣẹ Olúwa nípa dídúró sí Juda.
ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊
5 Dípò bẹ́ẹ̀, Johanani ọmọ Karea àti gbogbo àwọn olórí ogun sì ko àwọn àjẹkù Juda tí wọ́n wá láti gbé ilẹ̀ Juda láti orílẹ̀-èdè gbogbo tí wọ́n ti tú wọn ká.
အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊
6 Wọ́n tún kó àwọn ọkùnrin, àwọn obìnrin àti àwọn ọmọdé, àti àwọn ọmọ ọba tí ó jẹ́ obìnrin èyí tí Nebusaradani balógun ẹ̀ṣọ́ ti fi sílẹ̀ pẹ̀lú Gedaliah ọmọ Ahikamu, ọmọ Ṣafani, àti Jeremiah wòlíì náà àti Baruku ọmọ Neriah.
ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
7 Nítorí náà, wọn wọ Ejibiti pẹ̀lú àìgbọ́ràn sí àṣẹ Olúwa, wọ́n sì lọ títí dé Tafanesi.
ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။
8 Ní Tafanesi ọ̀rọ̀ Olúwa tọ Jeremiah wá:
တာပနက်မြို့၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
9 “Nígbà tí àwọn Júù ń wòye mú àwọn òkúta pẹ̀lú rẹ, kí o sì rì wọ́n mọ́ inú amọ̀ tí ó wà nínú bíríkì tí ó wà níbi pèpéle ẹnu-ọ̀nà ààfin Farao ní Tafanesi.
သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
10 Báyìí kí o sì sọ fún wọn pé, ‘Èyí ni ohun tí Olúwa àwọn ọmọ-ogun, Ọlọ́run Israẹli wí. Èmi yóò ránṣẹ́ sí ìránṣẹ́ mi Nebukadnessari ọba Babeli, Èmi yóò gbé ìjọba rẹ̀ ka orí àwọn òkúta; èyí tí mo ti rì sí ibí yìí, yóò tan ìjọba rẹ̀ jù wọ́n lọ.
၁၀သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါသည်လူကိုစေလွှတ်၍၊ ငါ၏ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည်။
11 Yóò gbé ogun sí Ejibiti; yóò mú ikú bá àwọn tí ó yan ikú; ìgbèkùn fún àwọn tí ó ti yan ìgbèkùn, àti idà fún àwọn tí ó yan idà.
၁၁ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။
12 Yóò dá, iná sun tẹmpili àwọn òrìṣà Ejibiti, yóò sun tẹmpili àwọn òrìṣà Ejibiti, yóò sì mú wọn lọ ìgbèkùn. Gẹ́gẹ́ bí olùṣọ́-àgùntàn, yóò ró aṣọ rẹ̀ mọ́ra, bẹ́ẹ̀ gẹ́gẹ́ ni yóò ró Ejibiti òun yóò sì lọ kúrò níbẹ̀ ní àlàáfíà.
၁၂အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်။
13 Ní tẹmpili ni yóò ti fọ́ ère ilé oòrùn tí ó wà ní ilẹ̀ Ejibiti túútúú, yóò sì sun àwọn tẹmpili àwọn òrìṣà Ejibiti.’”
၁၃အဲဂုတ္တုပြည်ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတု များကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

< Jeremiah 43 >