< Jeremiah 32 >

1 Èyí ni ọ̀rọ̀ tó tọ Jeremiah wá láti ọ̀dọ̀ Olúwa ní ọdún kẹwàá Sedekiah ọba Juda, èyí tí ó jẹ́ ọdún kejìdínlógún ti Nebukadnessari.
နေဗုခဒ်နေဇာ နန်းစံတဆယ် ရှစ် နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ် နှစ် တွင် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၏။
2 Àwọn ogun ọba Babeli ìgbà náà há Jerusalẹmu mọ́. A sì sé wòlíì Jeremiah mọ́ inú túbú tí wọ́n ń ṣọ́ ní àgbàlá ilé ọba Juda.
ထိုအခါ ဗာဗုလုန် ရှင်ဘုရင် ၏ စစ်သူရဲ တို့သည် ယေရုရှလင် မြို့ကို ဝိုင်း ထားကြပြီ။ ပရောဖက် ယေရမိ သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် ထောင် ဝင်း ထဲမှာ အချုပ် ခံလျက်နေ ရ၏။
3 Nítorí Sedekiah ọba Juda ti há a mọ́lé síbẹ̀; pé, “Kí ló dé tí ìwọ fi ń sọ àsọtẹ́lẹ̀ bẹ́ẹ̀? Tí o sì wí pé, ‘Báyìí ni Olúwa wí: Èmi ń bọ̀ wá fi ìlú yìí fún ọba Babeli, tí yóò sì gbà á.
အကြောင်းမူကား၊ ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခေါ်၍၊ ထာဝရဘုရား က၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် သိမ်း ယူလိမ့်မည်။
4 Sedekiah ọba Juda kò lè bọ́ lọ́wọ́ àwọn Kaldea, ṣùgbọ́n à ó mú fún ọba Babeli, yóò sì bá sọ̀rọ̀ ní ojúkojú; yóò sì rí pẹ̀lú ojú rẹ̀.
ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခါလဒဲ လူတို့ လက် နှင့် မ လွတ် ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ ဆက်ဆက် ရောက် လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြော လျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ ရလိမ့်မည်။
5 Yóò mú Sedekiah lọ sí Babeli tí yóò wà títí èmi yóò fi bẹ̀ ọ́ wò ni Olúwa wí. Tí ẹ̀yin bá bá àwọn ará Kaldea jà, ẹ̀yin kì yóò borí wọn.’”
ဇေဒကိ ကိုလည်း ဗာဗုလုန် မြို့သို့ ဆောင်သွား လိမ့်မည်။ ငါ အကြည့် အရှုမ လာမှီတိုင်အောင်၊ ထို မြို့၌ နေ ရလိမ့်မည်။ သင်တို့သည် ခါလဒဲ လူတို့ကို စစ်တိုက် ၍ မ နိုင် ရကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့်ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
6 Jeremiah wí pé, “Ọ̀rọ̀ Olúwa tọ̀ mí wá wí pé:
ထိုအခါ ယေရမိ က၊ ငါ့ ဆီသို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
7 Hanameli ọmọkùnrin Ṣallumu ẹ̀gbọ́n rẹ̀ yóò tọ̀ ọ́ wá pé, ‘Ra pápá mi tí ó wà ní Anatoti; nítorí gẹ́gẹ́ bí ẹni tó súnmọ́ wọn, ẹ̀tọ́ àti ìṣe rẹ ní láti rà á.’
သင် ၏ဘ ထွေး ရှလ္လုံ သား ဟာနမေလ သည် သင့် ထံ သို့လာ ၍၊ အာနသုတ် မြို့မှာ ရှိသော ကျွန်ုပ် လယ် ကို သင် သည် ရွေး ပိုင်သောကြောင့် ၊ ဝယ် ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့်အညီ ၊
8 “Gẹ́gẹ́ bí Olúwa ti sọ, Hanameli ọmọ ẹ̀gbọ́n mi tọ̀ mí wá ní àgbàlá túbú wí pé, ‘Ra pápá mi tí ó wà ní Anatoti tí ó wà ní ilẹ̀ Benjamini, èyí tí ó jẹ́ pé ẹ̀tọ́ rẹ ni láti gbà á àti láti ni, rà á fún ara rẹ.’ “Nígbà náà ni èmi mọ̀ wí pé ọ̀rọ̀ Olúwa ni èyí.
ငါ့ ဘထွေး သား ဟာနမေလ သည် ငါ ရှိရာထောင်ဝင်းထဲသို့ လာ ၍ ၊ ဗင်္ယာမိန် ခရိုင် ၊ အာနသုတ် မြို့၌ ရှိသော ကျွန်ုပ် လယ် ကို ဝယ် ပါလော့။ သင် သည် အမွေခံ ပိုင်သော အခွင့် နှင့် ရွေး ပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ် အဘို့ ဝယ် ပါဟု ငါ့ အား ပြောဆို ၏။ ထိုအခါ ထာဝရ ဘုရား စီရင်တော်မူသောအမှု ဖြစ်ကြောင်း ကို ငါသိ သောကြောင့် ၊
9 Bẹ́ẹ̀ ni; èmi ra pápá náà ní Anatoti láti ọwọ́ Hanameli ọmọ ẹ̀gbọ́n mi. Mo sì wọn ìwọ̀n ṣékélì àti fàdákà mẹ́tàdínlógún fún un.
အာနသုတ် မြို့၌ ရှိသော ငါ့ ဘထွေး သား ဟာနမေလ ၏လယ် ကို ငါဝယ် ၍ လယ်ဘိုးငွေ တဆယ် ခုနစ် ကျပ် ကို ချိန် ပေးလေ၏။
10 Mo fọwọ́ sínú ìwé, mo sì dì í pa. Mo pe ẹlẹ́rìí sí i, mo sì wọn fàdákà náà lórí òsùwọ̀n.
၁၀စာချုပ်ကိုလည်း စီရင် ၍ တံဆိပ် ခတ်ပြီးမှ ၊ သက်သေ တို့ကိုခေါ် ၍ ငွေ ကို ချိန်ခွင် နှင့် ချိန် ပေး၏။
11 Mo mú ìwé tí mo fi rà á, èyí tí a di pa nípa àṣẹ àti òfin wa, àti èyí tí a kò lẹ̀.
၁၁ဓမ္မသတ် ထုံးစံအတိုင်း တံဆိပ် ခတ်သော စာချုပ် တစောင်နှင့် ဖွင့် ထားသောလက်ခံ တစောင်ကို ယူ ၍ ၊
12 Èmi sì fi èyí fún Baruku, ọmọ Neriah, ọmọ Maseiah, ní ojú Hanameli, ọmọ ẹ̀gbọ́n mi àti níwájú àwọn ẹlẹ́rìí tí ó ti fi ọwọ́ sí ìwé àti ní ojú àwọn Júù gbogbo tí wọ́n jókòó ní àgbàlá ilé túbú.
၁၂ဘထွေး သား ဟာနမေလ အစ ရှိသော၊ စာချုပ် ၌ အမည်ပါ သောသက်သေ များ၊ ထောင် ဝင်း ထဲ မှာ ထိုင် နေသော ယုဒ လူများအပေါင်း တို့ရှေ့ တွင်၊ မာသေယ သား ဖြစ်သော နေရိ ၏သား ဗာရုတ် ၌ အပ် လျက်၊
13 “Ní ojú wọn ni èmi ti pàṣẹ fún Baruku pé,
၁၃ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
14 èyí ni ohun tí Olúwa àwọn ọmọ-ogun Ọlọ́run Israẹli wí; mú àwọn ìwé tí a fi rà á wọ̀nyí, àti èyí tí a lẹ̀ àti èyí tí a kò lẹ̀, kí o wá gbé wọn sínú ìkòkò amọ̀, kí wọn ó lè wà ní ọjọ́ púpọ̀.
၁၄တံဆိပ် ခတ်သော ဤ စာချုပ် တစောင်နှင့် ဖွင့် ထားသော ဤ လက်ခံ တစောင်ကို ယူ၍၊ ကာလ ကြာမြင့် စွာ တည် နေစေခြင်းငှါ မြေ အိုး ၌ ထား လော့။
15 Nítorí èyí ni ohun tí Olúwa àwọn ọmọ-ogun Ọlọ́run Israẹli wí; àwọn ilẹ̀, pápá àti ọgbà àjàrà ni à ó tún rà padà nílẹ̀ yìí.
၁၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ အိမ် ၊ လယ် ယာ၊ စပျစ် ဥယျာဉ်တို့ကို ပိုင် ရကြ လေဦး မည်ဟု မိန့် တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူ တို့ရှေ့ မှာ ဗာရုတ် ကိုမှာ ထားလေ၏။
16 “Lẹ́yìn tí mo ti fi ìwé rírà náà fún Baruku ọmọkùnrin Neriah, mo gbàdúrà sí Olúwa wí pé:
၁၆ထိုသို့ နေရိ သား ဗာရုတ် ၌ စာချုပ် ကို အပ် ပြီးမှ ၊ ထာဝရဘုရား အား ငါဆုတောင်း သော ပဌနာ စကား ဟူမူကား၊
17 “Háà! Olúwa Olódùmarè, ìwọ tí o dá ọ̀run àti ayé pẹ̀lú títóbi agbára rẹ àti gbogbo ọ̀rọ̀ apá rẹ. Kò sí ohun tí ó ṣòro fún ọ láti ṣe.
၁၇အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် မဟာ တန်ခိုး နှင့် လက်ရုံး တော်ကိုဆန့် ၍၊ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ကိုယ်တော် မ တတ်နိုင် သော အရာ တစုံတခု မျှ မ ရှိပါ။
18 O fi ìfẹ́ hàn sí ẹgbẹẹgbẹ̀rún àwọn ènìyàn, ṣùgbọ́n o gbé ìyà ẹ̀ṣẹ̀ àwọn baba lé àwọn ọmọ lẹ́yìn wọn. Ọlọ́run títóbi àti alágbára, Olúwa àwọn ọmọ-ogun ni orúkọ rẹ.
၁၈ကိုယ်တော်သည် လူအထောင် အသောင်းတို့အား ကရုဏာ ကျေးဇူးပြု လျက်၊ အဘ တို့၏အပြစ် ကို နောက် ဖြစ်သောသား တို့၏ ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူ ၏။ အလွန်ကြီးမြတ် သောဘုရား ၊ မဟာတန်ခိုး တော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသောဘွဲ့ နာမရှိတော်မူ၏။
19 Títóbi ni ìgbìmọ̀, àti alágbára ní í ṣe, ojú rẹ̀ ṣì sí gbogbo ọ̀nà àwọn ọmọ ènìyàn; láti fi fún olúkúlùkù gẹ́gẹ́ ọ̀nà rẹ̀ àti gẹ́gẹ́ bí èso iṣẹ́ rẹ̀.
၁၉ထူးဆန်း သော အကြံ ကိုကြံ၍ ၊ ထူးဆန်း သော အမှု ကို စီရင်တော်မူလျက်၊ လူ အသီး အသီးတို့ ကျင့်ကြံ ပြုမူ သည် အတိုင်း အကျိုးအပြစ်ကိုပေး ခြင်းငှါ ၊ လူ သား များ သွားလာသောလမ်း အလုံးစုံ တို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
20 O ṣe iṣẹ́ àmì àti iṣẹ́ ìyanu ńlá ní Ejibiti. O sì ń ṣe é títí di òní ní Israẹli àti lára ọmọ ènìyàn tí ó sì ti gba òkìkí tí ó jẹ́ tìrẹ.
၂၀အဲဂုတ္တု ပြည် ၊ ဣသရေလ ပြည်အစရှိသော လူ အမျိုးမျိုးတို့၌ နိမိတ် လက္ခဏာအံ့ဘွယ် သော အမှုတို့ကို ယနေ့ တိုင်အောင် ပြ တော်မူသဖြင့် ၊ ယခု ကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိ တော်မူ၏။
21 O kó àwọn Israẹli ènìyàn rẹ jáde láti Ejibiti pẹ̀lú iṣẹ́ àmì àti iṣẹ́ ìyanu nínú ọwọ́ agbára àti nína apá rẹ pẹ̀lú ẹ̀rù ńlá.
၂၁နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ကို ပြလျက်၊ အားကြီး သော လက် ၊ ဆန့် တော်မူသောလက်ရုံး ၊ အလွန် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် တကွ၊ ကိုယ်တော် ၏ ဣသရေလလူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူ၍၊
22 Ìwọ fún wọn nílẹ̀ yìí, èyí tí o ti ṣèlérí fún àwọn baba ńlá wọn; ilẹ̀ tí ó ń sàn fún wàrà àti oyin.
၂၂ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် တည်းဟူသော၊ နို့ နှင့် ပျားရည် စီးသော ဤ ပြည် ကိုပေး သနားတော်မူသဖြင့်၊
23 Wọ́n wá, wọ́n sì gba ilẹ̀ náà ṣùgbọ́n wọn kò gbọ́ ọ̀rọ̀ rẹ tàbí tẹ̀lé òfin rẹ. Wọn kò ṣe ohun tí o pàṣẹ fún wọn, nítorí náà ìwọ mú àwọn ibi yìí wá sórí wọn.
၂၃သူတို့သည် ဝင် ၍ သိမ်းယူ ကြသော်လည်း ၊ အမိန့် တော်ကို နား မထောင်၊ တရား တော်လမ်းသို့ မ လိုက် ၊ မှာ ထားတော်မူသော အကျင့် တစုံတခုကိုမျှ မ ကျင့် ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ် တို့ကို သူ တို့အပေါ်သို့ ရောက် စေတော်မူပြီ။
24 “Wò ó, bí àwọn ìdọ̀tí ṣe kórajọ láti gba ìlú. Nítorí idà, ìyàn àti àjàkálẹ̀-ààrùn, sì fi ìlú lé ọwọ́ àwọn ará Kaldea tí ń gbóguntì wọ́n. Ohun tí ìwọ sọ ṣẹ gẹ́gẹ́ bí o ṣe rí i.
၂၄ပြအိုး မြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့ တော်ကို တိုက် ယူခြင်းငှါ ရောက် ကြပါပြီ။ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် တိုက် သော ခါလဒဲ လူတို့ လက် သို့ မြို့ တော်ကို အပ် တော်မူပြီ။ မိန့် တော်မူသော စကားပြည့်စုံ ကြောင်းကိုလည်း ကိုယ်တော် တိုင် မြင် တော်မူ၏။
25 Síbẹ̀ a ó fi ìlú náà fún àwọn ará Babeli, ìwọ Olúwa Olódùmarè sọ fún mi pé, ‘Ra pápá náà pẹ̀lú owó fàdákà, kí o sì pe ẹlẹ́rìí.’”
၂၅ထိုမြို့ တော်သည် ခါလဒဲ လူတို့လက် သို့ ရောက် သော်လည်း၊ အိုအရှင် ထာဝရဘုရား ၊ ထိုလယ် ကို ငွေ နှင့် ဝယ် ၍ ၊ သက်သေ တို့ကို ခေါ် ထား ရမည်အကြောင်းမိန့် တော်မူပါပြီတကားဟု လျှောက်လေ ၏။
26 Nígbà náà ni ọ̀rọ̀ Olúwa tọ Jeremiah wá pé:
၂၆ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
27 “Èmi ni Olúwa Ọlọ́run gbogbo ẹran-ara. Ǹjẹ́ ohun kan ha a ṣòro fún mi bí?
၂၇ငါ ထာဝရဘုရား သည် ခပ်သိမ်း သော သတ္တဝါ တို့ကို အစိုးရသောဘုရား သခင်ဖြစ်၏။ ငါ မ တတ်နိုင် သော အရာ တစုံတခု ရှိလိမ့်မည်လော။
28 Nítorí náà, báyìí ni Olúwa wí, Èmi ṣetán láti fi ìlú yìí fún àwọn ará Kaldea àti fún Nebukadnessari ọba Babeli ẹni tí yóò kó o.
၂၈သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ခါလဒဲ လူတို့ လက် သို့ ၎င်း ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ၎င်း ငါ အပ် ၍၊ သူသည် သိမ်းယူ လိမ့်မည်။
29 Àwọn ará Kaldea tí ó ń gbógun tí ìlú yóò wọ ìlú. Wọn ó sì fi iná sí ìlú; wọn ó jó o palẹ̀ pẹ̀lú ilé tí àwọn ènìyàn ti ń mú mi bínú, tí wọ́n ń rú ẹbọ tùràrí lórí pẹpẹ fún Baali tiwọn sì ń da ẹbọ ohun mímu fún àwọn ọlọ́run mìíràn.
၂၉ဤ မြို့ ကို တိုက် သော ခါလဒဲ လူတို့သည်ဝင် ၍ မီးရှို့ ကြလိမ့်မည်။ ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုး ပေါ် မှာ နံ့သာပေါင်းကိုမီးရှို ၍ ၊ အခြား တပါးသော ဘုရား တို့အဘို့ သွန်းလောင်း ရာပူဇော် သက္ကာ ကိုပြုရာ အိမ် များနှင့် တကွ၊ တမြို့ လုံးကို မီးလောင် စေကြ လိမ့်မည်။
30 “Àwọn ènìyàn Israẹli àti Juda kò ṣe ohun kankan bí kò ṣe ibi lójú mi láti ìgbà èwe wọn. Nítorí àwọn ọmọ Israẹli ti fi kìkì iṣẹ́ ọwọ́ wọ́n mú mi bínú ni Olúwa wí.
၃၀အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့နှင့် ယုဒ အမျိုးသား တို့သည်၊ ငယ် သော အရွယ်မှစ၍ ငါ့ ရှေ့ မှာ ဒုစရိုက် ကိုသာ ပြု ကြပြီ။ မိမိ တို့ ပြု လေရာရာ၌ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ သာ ပြုကြပြီ။
31 Láti ọjọ́ tí wọ́n ti kọ́ ọ, títí di àkókò yìí ni ìlú yìí ti jẹ́ ohun ìbínú àti ìyọnu fún mi tó bẹ́ẹ̀ tí èmi yóò fà á tu kúrò níwájú mi.
၃၁ဣသရေလ အမျိုး နှင့် ယုဒ အမျိုး ၏ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ပြု လေသမျှ သောဒုစရိုက် ကြောင့် ၊
32 Àwọn ènìyàn Israẹli àti àwọn ènìyàn Juda ti mú mi bínú pẹ̀lú gbogbo ìbàjẹ́ tí wọ́n ṣe. Àwọn Israẹli, ọba wọn àti gbogbo ìjòyè, àlùfáà àti wòlíì, àwọn ọkùnrin Juda àti àwọn ènìyàn Jerusalẹmu.
၃၂ဤ မြို့ ကို ငါ့ ထံမှ ငါပယ်ရှား မည်အကြောင်း ၊ မြို့ တည် သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါ့ အမျက် ထွက်၍၊ အမျက် အရှိန်အားကြီး စေသောမြို့ဖြစ်၏။
33 Wọ́n kọ ẹ̀yìn sí mi, wọ́n sì yí ojú wọn padà. Èmi kọ wọ́n, síbẹ̀ wọn kò fetísílẹ̀ láti gbọ́ ẹ̀kọ́ tàbí kọbi ara sí ìwà ìbàjẹ́.
၃၃သူတို့သည် ငါ့ ကို မျက်နှာ မ ပြုဘဲ ကျောခိုင်း ကြပြီ။ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမ သွန်သင် သော်လည်း ၊ ငါ၏ဩဝါဒ ကို ခံ လိုသောငှါ နား မ ထောင်ကြ။
34 Wọ́n kó òrìṣà ìríra wọn jọ sí inú ilé tí wọ́n fi orúkọ mi pè, wọ́n sì ṣọ́ di àìmọ́.
၃၄ငါ ၏နာမ ဖြင့် သမုတ် သော ဗိမာန် ကို ညစ်ညှုး စေခြင်းငှါ ၊ စက်ဆုပ် ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
35 Wọ́n kọ́ ibi gíga fún Baali ní àfonífojì Hinnomu láti fi ọmọ wọn ọkùnrin àti obìnrin rú ẹbọ sí Moleki. Èmi kò pàṣẹ, fún wọn, bẹ́ẹ̀ ni kò wá sí ọkàn mi pé kí wọ́n ṣe ohun ìríra wọ̀nyí tí ó sì mú Juda dẹ́ṣẹ̀.
၃၅သူ တို့သား သမီး တို့ကို မောလုပ် ဘုရားအား ပူဇော် ခြင်းငှါ ၊ ဟိန္နုံ သား၏ချိုင့်၌ ရှိသော ဗာလ ဘုရား၏ ကုန်း တို့ကို တည် လုပ်ကြပြီ။ ယုဒ အမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ ၊ ထို မျှလောက် စက်ဆုပ် ရွံရှာဘွယ် သောအမှုကို ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိဘဲ ပြု ကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 “Ìwọ ń sọ̀rọ̀ nípa ti ìlú yìí pé, ‘Pẹ̀lú idà, ìyàn àti àjàkálẹ̀-ààrùn ni à ó fi wọ́n fún ọba Babeli,’ ṣùgbọ́n ohun tí Olúwa Ọlọ́run Israẹli sọ nìyìí,
၃၆သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေး အားဖြင့် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် မည်ဟု သင် တို့ဆို တတ်သော ဤ မြို့ ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
37 Èmi ó kó wọn jọ láti gbogbo ilẹ̀ tí mo ti lé wọn kúrò ní ìgbà ìbínú àti ìkáàánú ńlá mi. Èmi yóò mú wọn padà wá sí ilẹ̀ yìí; èmi ó sì jẹ́ kí wọn ó máa gbé láìléwu.
၃၇ငါ သည် အမျက် ဟုန်းဟုန်းထွက်၍ ၊ အမျက် အရှိန်အားကြီး သည်နှင့်၊ သူ တို့ကိုနှင်ထုတ် ရာ တိုင်း ပြည် ရှိသမျှ တို့မှ ၊ တဖန်စုသိမ်း ၍ ဤ အရပ် သို့ ဆောင် ခဲ့ပြီးလျှင် ၊ ငြိမ်ဝပ် စွာ နေ စေမည်။
38 Wọn yóò jẹ́ ènìyàn mi, èmi yóò sì jẹ́ Ọlọ́run wọn.
၃၈သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည် လည်း သူ တို့၏ ဘုရား သခင်ဖြစ် မည်။
39 Èmi ó fún wọn ní ọkàn kan àti ìṣe kí wọn kí ó lè máa bẹ̀rù mi fún rere wọn àti fún rere àwọn ọmọ wọn tí ó tẹ̀lé wọn.
၃၉ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။
40 Èmi ò bá wọn dá májẹ̀mú ayérayé, èmi kò ní dúró láti ṣe rere fún wọn, Èmi ó sì jẹ́ kí wọ́n bẹ̀rù mi, wọn kì yóò sì padà lẹ́yìn mi.
၄၀သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ မ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။
41 Lóòtítọ́, èmi ó yọ̀ nípa ṣíṣe wọ́n ní rere, èmi ó sì fi dá wọn lójú nípa gbígbìn wọ́n sí ilẹ̀ yìí tọkàntọkàn mi.
၄၁သူ တို့အား ကျေးဇူး ပြုခြင်း အမှု၌ ငါသည် အားရ ဝမ်းမြောက်၍ ၊ ငါ့ စိတ် နှလုံးနှင့် နံဝိညာဉ် အကြွင်းမဲ့ ပါ လျက်၊ သူ တို့ကို ဤ ပြည် ၌ ဆက်ဆက်နေရာ ချမည်။
42 “Nítorí báyìí ni Olúwa wí, gẹ́gẹ́ bí èmi ti mú gbogbo ibi ńlá yìí wá sórí àwọn ènìyàn yìí, bẹ́ẹ̀ ni èmi ó mú gbogbo rere tí èmi ti sọ nípa tiwọn wá sórí wọn.
၄၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး အပေါ် မှာ ကြီး စွာသော ဤ ဘေးဥပဒ် အပေါင်း ကို ရောက် စေသည် နည်းတူ ၊ ငါ ဂတိ ထားသော ကောင်းကျိုး အပေါင်း ကိုလည်း ငါ ရောက် စေမည်။
43 Lẹ́ẹ̀kan sí i, pápá yóò di rírà ní ilẹ̀ yìí tí ìwọ ti sọ pé, ‘Ohun òfò ni tí kò bá sí ọkùnrin tàbí àwọn ẹran, nítorí tí a ti fi fún àwọn ará Babeli.’
၄၃လူ မရှိ ၊ တိရစ္ဆာန် မရှိ ဆိတ်ညံ ပြီ၊ ခါလဒဲ လူတို့ လက် သို့ ရောက် လေပြီဟု သင် တို့ဆို တတ်သော ဤ ပြည် ၌ ၊ နောက်တဖန် လယ်ယာ တို့ကို ရောင်းဝယ် ကြလိမ့်မည်။
44 Wọn ó fi owó fàdákà ra oko, wọn yóò fi ọwọ́ sí ìwé, wọn ó dí pa pẹ̀lú ẹlẹ́rìí láti ilẹ̀ Benjamini àti ní ìlú kéékèèké tí ó yí Jerusalẹmu ká, àti ní ìlú Juda àti ní ìlú àwọn ìlú orí òkè, àti ni àwọn ẹsẹ̀ òkè, àti ní gúúsù, èmi ó mú ìgbèkùn wọn padà wá, ni Olúwa wí.”
၄၄ဗင်္ယာမိန် ပြည် ၌ ၎င်း ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်တို့၌ ၎င်း ၊ ယုဒ ပြည်တွင်ရှိသောမြို့ တို့၌ ၎င်း ၊ တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ တို့၌ ၎င်း ၊ လူတို့သည် လယ်ယာ တို့ကို ငွေ နှင့်ဝယ် ခြင်း၊ စာချုပ် ကို စီရင် ခြင်း၊ တံဆိပ် ခတ်ခြင်း၊ သက်သေ တို့ကိုခေါ် ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်းသွား ခြင်းကို ခံရသောသူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< Jeremiah 32 >