< Jeremiah 31 >

1 “Nígbà náà, Èmi yóò jẹ́ Ọlọ́run fún gbogbo ìdílé ìran Israẹli, àwọn náà yóò sì jẹ́ ènìyàn mi,” ni Olúwa wí.
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ငါသည် ဣသရေလ အဆွေ အမျိုးအပေါင်း တို့၏ ဘုရား သခင်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
2 Èyí ni ohun tí Olúwa wí: “Àwọn ènìyàn tí ó sá àsálà lọ́wọ́ idà yóò rí ojúrere Olúwa ní aṣálẹ̀, Èmi yóò sì fi ìsinmi fún Israẹli.”
တဖန် မိန့်တော်မူသည်ကား၊ ထား ဘေးနှင့်လွတ် သောသူ တို့ သည် တော ၌ ကျေးဇူး ကိုခံရ ကြပြီ။ ငါသည် ကြွသွား ၍ ဣသရေလ အမျိုးကို ချမ်းသာ ပေးမည်။
3 Olúwa ti fi ara rẹ̀ hàn wá ní ìgbà kan rí, ó wí pé: “Èmi ti nífẹ̀ẹ́ yín pẹ̀lú ìfẹ́ àìlópin; mo ti fi ìfẹ́ ńlá fà yín,
ထာဝရဘုရား သည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား၊ အကယ် စင်စစ်ထာဝရ မေတ္တာ နှင့် သင့် ကိုငါချစ် ၏။ ထိုကြောင့် ၊ ကရုဏာ ကျေးဇူးကို သင် ၌ကြာမြင့်စွာပြ ၏။
4 Èmi yóò tún gbé e yín sókè, àní a ó tún gbé e yín ró ìwọ wúńdíá ilẹ̀ Israẹli. Àní ẹ ó tún tún ohun èlò orin yín gbé, ẹ ó sì jáde síta pẹ̀lú ijó àti ayọ̀.
အို ဣသရေလ သတို့သမီး ကညာ၊ သင့် ကိုတဖန် ငါတည်ဆောက် သောကြောင့် ၊ သင်သည် တည်ဆောက် ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာ ဆင်လျက် ၊ ရွှင်မြူး ခြင်းကို ပြုသောသူတို့နှင့် အတူက ခုန်လျက်သွား လိမ့်မည်။
5 Ẹ ó tún gbin ọgbà àjàrà ní orí òkè Samaria; àwọn àgbẹ̀ yóò sì máa gbádùn èso oko wọn.
ရှမာရိ တောင် ပေါ် မှာ စပျစ် ဥယျာဉ်ကို တဖန် စိုက် လိမ့်မည်။ ဥယျာဉ်လုပ် သောသူတို့သည် စိုက်ပျိုး ၍ ၊ အသီးကို ကိုယ်အလိုအလျောက်စား ရကြလိမ့်မည်။
6 Ọjọ́ kan máa wà tí àwọn olùṣọ́ yóò kígbe jáde lórí òkè Efraimu wí pé, ‘Ẹ wá, ẹ jẹ́ kí a gòkè lọ sí Sioni, ní ọ̀dọ̀ Olúwa Ọlọ́run wa.’”
ဧဖရိမ် တောင် ပေါ် မှာ ကင်းစောင့် တို့က၊ ထ ကြ လော့။ ငါ တို့ ဘုရား သခင်ထာဝရဘုရား ရှိတော်မူရာ ဇိအုန် တောင်သို့ သွား ကြကုန်အံ့ဟု ကြွေးကြော် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
7 Èyí ni ọ̀rọ̀ tí Olúwa sọ wí pé: “Ẹ fi ayọ̀ kọrin sí Jakọbu; ẹ hó sí olórí àwọn orílẹ̀-èdè gbogbo. Jẹ́ kí wọ́n gbọ́ ìyìn rẹ kí o sì wí pé, ‘Olúwa, gba àwọn ènìyàn rẹ là; àwọn tí ó ṣẹ́kù ní Israẹli.’
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယာကုပ် အမျိုးအား၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။ လူမျိုး တို့၏ အထွဋ် ၌ ကြွေးကြော် ကြလော့။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူမျိုး တည်းဟူသော၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားကို ကယ်တင် တော်မူပြီဟု မြွက် ဆိုလျက် သိတင်း ကြားလိုက်၍ ချီးမွမ်း ကြလော့။
8 Wò ó, Èmi yóò mú wọn wá láti ilẹ̀ àríwá; èmi yóò kó gbogbo wọn jọ láti òpin ayé. Lára wọn ni yóò jẹ́ afọ́jú àti arọ, aboyún àti obìnrin tí ń rọbí, ọ̀pọ̀ ènìyàn yóò wá.
သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
9 Wọn yóò wá pẹ̀lú ẹkún, wọn yóò gbàdúrà bí Èmi yóò ṣe mú wọn padà. Èmi yóò jẹ́ atọ́nà fún wọn ní ẹ̀bá odò omi; ní ọ̀nà tí ó tẹ́jú tí wọn kì yóò le ṣubú, nítorí èmi ni baba Israẹli, Efraimu sì ni àkọ́bí ọkùnrin mi.
ငိုကြွေး လျက် လာ ကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသောထိုသူ တို့ကို ငါပို့ဆောင် မည်။ မြစ် နား မှာ ရှောက်သောလမ်း၊ ထိမိ ၍ မလဲရသော လမ်း ဖြောင့် တို့၌ ငါသွေးဆောင် မည်။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး၏ အဘ ဖြစ် ၏။ ဧဖရိမ် အမျိုး သည် ငါ ၏ သားဦး ဖြစ်၏။
10 “Ẹ gbọ́ ọ̀rọ̀ Olúwa ẹ̀yin orílẹ̀-èdè ẹ kéde rẹ̀ ní erékùṣù jíjìn; ‘Ẹni tí ó bá tú Israẹli ká yóò kójọ, yóò sì ṣọ́ agbo rẹ̀ gẹ́gẹ́ bí olùṣọ́-àgùntàn.’
၁၀အိုလူမျိုးတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ဝေး သောအရပ် ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်း ပြီးလျှင် ၊ သိုးထိန်း သည် မိမိ သိုးစု ကိုစောင့်တတ်သကဲ့သို့ စောင့် တော်မူမည်ဟု ကြား ပြောကြလော့။
11 Nítorí Olúwa ti tú Jakọbu sílẹ̀, o sì rà á padà ní ọwọ́ àwọn tí ó lágbára jù ú lọ.
၁၁အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို ရွေးနှုတ် တော်မူပြီ။ သူ့ ထက် အားကြီး သောသူ ၏လက် မှ ကယ်လွှတ် တော်မူပြီ။
12 Wọn yóò wá, wọn ó sì hó ìhó ayọ̀ lórí òkè Sioni; wọn yóò yọ ayọ̀ níbi oore Olúwa. Àlìkámà ni, ọtí wáìnì tuntun àti òróró ọ̀dọ́-àgùntàn àti ọ̀dọ́ ọ̀wọ́ ẹran. Wọn ó dàbí ọgbà àjàrà tí a bomirin, ìkorò kò ní bá wọn mọ́.
၁၂ထိုကြောင့် အမျိုးသားတို့သည် လာ ၍ ၊ ဇိအုန် တောင်ထိပ် ၌ သီချင်းဆို ကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူး တည်းဟူသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး သငယ် ၊ နွား သငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူ တို့စိတ် ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ဖြစ်၍ ၊ နောက် တဖန် ညှိုးငယ် ခြင်းမ ရှိရ။
13 Àwọn wúńdíá yóò jó, wọn ó sì kún fún ayọ̀, bẹ́ẹ̀ gẹ́gẹ́ ni ọkùnrin àti obìnrin. Èmi yóò sọ ọ̀fọ̀ wọn di ayọ̀, dípò ìkorò èmi yóò tù wọ́n nínú. Èmi ó sì fún wọn ní ayọ̀.
၁၃ထိုအခါ သမီး ကညာသည် က ခုန်လျက် ၊ လူပျို ၊ လူအို တို့နှင့်တကွပျော်မွေ့ လိမ့်မည်။ သူ တို့ညည်းတွား ခြင်း အရာ၌ ဝမ်းမြောက် ခြင်းကို ငါဖြစ် စေမည်။ သူ တို့သည် ဝမ်းနည်း ခြင်းကို ခံရသောနောက်၊ စိတ် သက်သာ၍ ရွှင်လန်း မည်အကြောင်းကို ငါပြုမည်။
14 Èmi ó tẹ́ àwọn àlùfáà lọ́rùn pẹ̀lú ọ̀pọ̀; àwọn ènìyàn mi yóò sì kún fún oore mi,” ni Olúwa wí.
၁၄ယဇ် ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေး မည်။ ငါ ၏လူ တို့သည်လည်း ငါ့ ကျေးဇူး နှင့် ဝပြော ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 Èyí ni ohun tí Olúwa wí: “A gbọ́ ohùn kan ní Rama tí ń ṣọ̀fọ̀ pẹ̀lú ẹkún kíkorò. Rakeli ń sọkún àwọn ọmọ rẹ̀; kò gbà kí wọ́n tu òun nínú, nítorí àwọn ọmọ rẹ̀ kò sí mọ́.”
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရာမ အရပ် ၌ သည်း စွာသော ညည်းတွား ငိုကြွေး ခြင်းအသံ ကို ကြား ရ ၍၊ ရာခေလ သည် မိမိ သား တို့မ ရှိသောကြောင့် ၊ ငို ၍ စိတ် မပြေနိုင်။
16 Báyìí ni Olúwa wí: “Dá ohùn rẹ dúró nínú ẹkún àti ojú rẹ nínú omijé; nítorí a ó fi èrè sí iṣẹ́ rẹ,” ni Olúwa wí. “Wọn ó sì padà wá láti ilẹ̀ ọ̀tá.
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငိုကြွေးသံ ကို ချုပ် လော့၊ မျက်ရည် မကျစေနှင့်။ သင်သည် ကိုယ် ကျင့်သောအကျင့် ၏ အကျိုး ကိုခံရ လိမ့်မည်။ သင်၏ သားတို့သည် ရန်သူ ပြည် မှ ပြန် လာကြလိမ့်မည်။
17 Nítorí ìrètí wà fún ọjọ́ iwájú rẹ,” ni Olúwa wí. “Àwọn ọmọ rẹ yóò padà wá sí ilẹ̀ wọn.
၁၇သင် ၏အဆုံး ၌ မြော်လင့် စရာအကြောင်းရှိ ၏။ သင်၏ သား တို့သည် နေရင်းပြည် သို့ ပြန် လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 “Nítòótọ́, èmi ti gbọ́ ìpohùnréré Efraimu wí pé, ‘Ìwọ ti bá mi wí gẹ́gẹ́ bí ọmọ màlúù tí a kò kọ́ èmi sì ti gbọ́ ìbáwí. Rà mí padà, èmi yóò sì yípadà, nítorí ìwọ ni Olúwa Ọlọ́run mi.
၁၈ဧဖရိမ် က၊ ကိုယ်တော်သည် အကျွန်ုပ် ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်း သောနွားလား ကဲ့သို့ ဆုံးမ ခြင်းကိုခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင် တော်မူ ပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန် လာပါမည်။ အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင် ဖြစ်တော်မူ၏။
19 Lẹ́yìn tí èmi ti yípadà, mo ronúpìwàdà, lẹ́yìn tí èmi ti wá mọ̀, èmi lu àyà mi. Ojú tì mí, mo sì dààmú; nítorí èmi gba èrè ẹ̀gàn ìgbà èwe mi.’
၁၉ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရ ပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင် ကို ရိုက် ပါ၏။ အသက် ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက် ခြင်းကို ခံရသဖြင့် ၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။
20 Efraimu kì í ha í ṣe ọmọkùnrin mi dáradára tí inú mi dùn sí bí? Bí èmi ti ń sọ̀rọ̀ sí i tó, síbẹ̀, èmi rántí rẹ̀. Nítorí náà, ọkàn mi ṣe ohun kan fún un, èmi káàánú gidigidi fún un,” ni Olúwa wí.
၂၀ဧဖရိမ် သည် ငါ ၏ ချစ် သား ဖြစ်သလော ။ ချစ်ဘွယ် သော သူငယ် ဖြစ်သလော။ သူ ၏အကြောင်းကို ငါ ပြော လေ ရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့် ၊ ငါ သည် သူ့ အတွက် စိတ် ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ်သူ့ ကိုငါကယ်မ သနားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
21 “Gbé àmì ojú ọ̀nà dìde, ṣe atọ́nà àmì, kíyèsi òpópó ọ̀nà geere ojú ọ̀nà tí ó ń gbà. Yípadà ìwọ wúńdíá Israẹli, padà sí àwọn ìlú rẹ.
၂၁လမ်း၌မှတ်တိုင် တို့ကိုစိုက် လော့။ အလံတိုင် တို့ကို ထူ လော့။ လိုက်သွား သောလမ်းမ ကို စိတ် စွဲလမ်းလော့။ အိုဣသရေလ သတို့သမီး ကညာ၊ ပြန် လာလော့။ သင် ၏ နေရာ ဤ မြို့ များသို့ ပြန်လာ လော့။
22 Ìwọ yóò ti ṣìnà pẹ́ tó, ìwọ aláìṣòótọ́ ọmọbìnrin; Olúwa yóò dá ohun tuntun lórí ilẹ̀, ọmọbìnrin kan yóò yí ọkùnrin kan ká.”
၂၂အိုဖောက်ပြန် သော သတို့သမီး ၊ သင်သည် အဘယ် မျှကာလပတ်လုံးလှည့်လည် ၍ နေလိမ့်မည်နည်း။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာ ထူးဆန်း သော အမှုကို စီရင် တော်မူ၍၊ မိန်းမ သည် ယောက်ျား ကို ပတ်ဝိုင်း လိမ့်မည်။
23 Báyìí ni ohun tí Olúwa àwọn ọmọ-ogun Israẹli wí: “Nígbà tí èmi bá kó wọn dé láti ìgbèkùn; àwọn ènìyàn tí ó wà ní ilẹ̀ Juda àti ní àwọn ìlú rẹ̀ yóò tún lo àwọn ọ̀rọ̀ yìí lẹ́ẹ̀kan sí i; wí pé, ‘Kí Olúwa kí ó bùkún fún ọ, ìwọ ibùgbé òdodo, ìwọ òkè ìwà mímọ́.’
၂၃ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူ တို့ကို ငါ ဆောင် ခဲ့ပြန်သောအခါ ၊ ယုဒ ပြည် ၏မြို့ ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်း ခြင်း နေရာ တောင် ၊ ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူစေသတည်း ဟူသောစကား ကို တဖန် သုံး ကြလိမ့်မည်။
24 Àwọn ènìyàn yóò gbé papọ̀ ní Juda àti ní gbogbo àwọn ìlú rẹ̀; bákan náà ni àgbẹ̀ àti àwọn tí ń tẹ̀lé agbo ẹran wọn ká.
၂၄ထိုအရပ် ၌ ယုဒ ပြည်သူ၊ ယုဒ မြို့ ရွာသား အပေါင်း တို့သည်၊ လယ်လုပ် သောသူနှင့် သိုး ထိန်းသော သူများပါလျက် ၊ အတူ နေ ရကြလိမ့်မည်။
25 Èmi yóò sọ aláàárẹ̀ di ọ̀tun, èmi yóò sì tẹ́ gbogbo ọkàn tí ń káàánú lọ́rùn.”
၂၅ငတ်မွတ် သော သူ အပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ် သော သူ အပေါင်း တို့ကို ငါသက်သာ စေမည် ဟု မိန့်တော်မူ၏။
26 Lórí èyí ni mo jí, mo sì wò yíká, oorun mi sì dùn mọ́ mi.
၂၆ထိုနောက်၊ ငါသည် နိုး ၍ ကြည့်ရှု သောအခါ ၊ အိပ်ပျော် ခြင်းအားဖြင့်အားရ လျက်ရှိ၏။
27 “Wò ó, ọjọ́ ń bọ̀,” ni Olúwa wí, “nígbà tí èmi yóò gbin ilé Israẹli àti ilé Juda pẹ̀lú irúgbìn ọmọ ènìyàn àti ẹranko.
၂၇ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဣသရေလ ပြည် ၊ ယုဒ ပြည် ၌ လူ မျိုးစေ့ နှင့် တိရစ္ဆာန် မျိုးစေ့ ကို ကြဲ ရသော အချိန် ကာလရောက် လိမ့်မည်။
28 Gẹ́gẹ́ bí mo ṣe ń ṣọ́ wọn, láti fàtu, àti láti wó lulẹ̀, àti láti gba ìṣàkóso, láti bàjẹ́ àti láti mú ibi wá, bẹ́ẹ̀ ni èmi yóò ṣọ́ wọn láti kọ́ àti láti gbìn,” ni Olúwa wí.
၂၈ငါသည် သူ တို့ကို နှုတ်ပယ် ဖြိုချ မှောက်လှန် ဖျက်ဆီး ညှဉ်းဆဲ ခြင်းအမှုကို ပြု ဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုး ခြင်းအမှုကို ပြု ဦးမည်ဟု မိန့် တော်မူ ၏။
29 “Ní ọjọ́ wọ̀n-ọn-nì àwọn ènìyàn kò ní sọ mọ́ pé: “‘Àwọn baba ti jẹ èso àjàrà àìpọ́n àti pé eyín kan àwọn ọmọdé.’
၂၉ထို ကာလ ၌ အဘ သည် ချဉ်သောစပျစ် သီးကို စား သောကြောင့် ၊ သား သည် သွား ကျိန်း ခြင်းကို ခံရ၏ ဟု မ ဆို ရကြ။
30 Ṣùgbọ́n olúkúlùkù ni yóò kú fún ẹ̀ṣẹ̀ rẹ̀, ẹnikẹ́ni tí ó bá jẹ èso kíkan ni eyín yóò kan.
၃၀လူတိုင်း မိမိ အပြစ် ကြောင့် မိမိသေ ရမည်။ ချဉ်သောစပျစ် သီးကို စား သောသူတိုင်း သွား ကျိန်း ခြင်းကိုခံရမည်။
31 “Ìgbà kan ń bọ̀,” ni Olúwa wí, “tí Èmi yóò bá ilé Israẹli àti ilé Juda dá májẹ̀mú tuntun.
၃၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။
32 Kò ní dàbí májẹ̀mú tí mo bá àwọn baba ńlá wọn dá, nígbà tí mo fà wọ́n lọ́wọ́, tí mo mú wọn jáde ní Ejibiti nítorí wọ́n da májẹ̀mú mi. Lóòótọ́ ọkọ ni èmi jẹ́ fún wọn,” ni Olúwa wí.
၃၂အရင်ငါ ပေးဘူးသောပဋိညာဉ်တရား ကို သူတို့သည်ဖျက် ၍၊ ငါ သည်လည်း သူတို့ကိုရွံရှာ၏။
33 “Èyí ni májẹ̀mú tí èmi yóò bá ilé Israẹli dá lẹ́yìn ìgbà náà,” ni Olúwa wí pé: “Èmi yóò fi òfin mi sí ọkàn wọn, èmi ó sì kọ ọ́ sí àyà wọn. Èmi ó jẹ́ Olúwa wọn; àwọn ó sì jẹ́ ènìyàn mi.
၃၃နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
34 Kò ní sí pé ọkùnrin kan ń kọ́ àwọn ará ilé rẹ̀ tàbí ọkùnrin ń kọ́ arákùnrin rẹ̀ pé, ‘Ẹ mọ Olúwa,’ nítorí gbogbo wọn ni yóò mọ̀ mí láti ẹni kékeré wọn títí dé ẹni ńlá,” ni Olúwa wí. “Nítorí èmi ó dárí àìṣedéédéé wọn jì, èmi kò sì ní rántí ẹ̀ṣẹ̀ wọn mọ́.”
၃၄ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
35 Èyí ni ohun tí Olúwa wí: ẹni tí ó mú oòrùn tan ìmọ́lẹ̀ ní ọ̀sán, tí ó mú òṣùpá àti ìràwọ̀ ràn ní òru; tí ó rú omi Òkun sókè tó bẹ́ẹ̀ tí ìjì rẹ̀ fi ń hó Olúwa àwọn ọmọ-ogun ni orúkọ rẹ̀.
၃၅နေ့ အချိန်၌ လင်း စရာဘို့ နေ ကိုခန့် ထား၍၊ ညဉ့် အချိန်၌ လင်း စရာဘို့ လ နှင့် ကြယ် တို့ကို စီရင် တော်မူထသော၊ သမုဒ္ဒရာ ကိုဆုံးမ ၍ လှိုင်း တံပိုးကို ဟုန်း စေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ဘွဲ့ နာမရှိတော်မူသောထာဝရဘုရား မိန့် တော်မူ သည်ကား ၊
36 “Àyàfi tí ìlànà yìí bá kúrò níwájú mi,” ni Olúwa wí. “Ǹjẹ́ àwọn ọmọ Israẹli yóò dẹ́kun láti jẹ́ orílẹ̀-èdè níwájú mi láéláé.”
၃၆ထို တရား တို့သည် ငါ့ ရှေ့ မှာ ကွယ်ပျောက် လျှင် ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့ မှာ အမျိုး တိမ်မြုပ် ၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့် တော်မူ၏။
37 Èyí ni ohun tí Olúwa wí: “Àyàfi tí a bá lé àwọn ọ̀run lókè tí ìpìlẹ̀ ayé sì di àwárí ní ìsàlẹ̀, ni èmi yóò kọ àwọn Israẹli nítorí ohun gbogbo tí wọ́n ti ṣe,” ni Olúwa wí.
၃၇တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အထက် မိုဃ်းကောင်းကင် ကို တိုင်းထွာ နိုင်လျှင် ၎င်း ၊ မြေကြီး အောက် ဆုံးအမြစ် တို့ကိုလိုက်၍ စစ် နိုင်လျှင်၎င်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို သူတို့ပြု မိသမျှ သော အပြစ်တို့ကြောင့် ငါ စွန့်ပစ် မည်ဟု မိန့် တော်မူ၏။
38 “Ọjọ́ náà ń bọ̀,” ni Olúwa wí, “tí wọn yóò tún ìlú yìí kọ́ fún mi láti ilé ìṣọ́ Hananeli dé igun ẹnu ibodè.
၃၈တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာနနေလ ရဲတိုက် မှစ၍ မြို့ထောင့် တံခါး တိုင်အောင်၊ မြို့ တော်ကို ထာဝရဘုရား အဘို့ တည်ထောင် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
39 Okùn ìwọ̀n yóò sì nà jáde láti ibi gígùn lọ sí òkè Garebu yóò sì lọ sí Goa.
၃၉ဂါရက် တောင် ကို လွန်၍ မျဉ်းကြိုး နှင့်တန်းချ လိမ့်မည်။ ဂေါသ တောင်ကိုလည်း ဝိုင်း မိလိမ့်မည်။
40 Gbogbo àfonífojì níbi tí wọ́n ń da òkú àti eérú sí, àti gbogbo àfonífojì Kidironi ní ìhà ìlà-oòrùn títí dé igun ẹnu ibodè ẹṣin yóò jẹ́ mímọ́ sí Olúwa. A kì yóò fa ìlú náà tu tàbí kí a wó o palẹ̀.”
၄၀အရှေ့ ဘက်မြင်း တံခါး ရှိသောမြို့ထောင့် တိုင်အောင် ၊ အသေ ကောင်များ၊ ပြာ များစွန့်ပစ်ရာ ချိုင့် တရှောက် လုံးနှင့်၊ ကေဒြုန် ချောင်း အတွင်းတွင် ၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ လိမ့်မည်။ နောက် တဖန် နှုတ်ပယ် ဖြိုချ ခြင်း အလျှင်း မ ရှိရဟု မိန့်တော်မူ၏။

< Jeremiah 31 >