< Jeremiah 25 >

1 Ọ̀rọ̀ sì tọ Jeremiah wá nípa àwọn ènìyàn Juda ní ọdún kẹrin Jehoiakimu ọmọ Josiah ọba Juda, èyí tí ó jẹ́ ọdún kìn-ín-ní Nebukadnessari ọba Babeli.
ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
2 Nítorí náà, Jeremiah wòlíì sọ fún gbogbo àwọn ènìyàn Juda àti sí àwọn olùgbé Jerusalẹmu.
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ အား၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား၊
3 Fún odidi ọdún mẹ́tàlélógún, bẹ̀rẹ̀ láti ọdún kẹtàlá Josiah, ọmọ Amoni ọba Juda, títí di ọjọ́ yìí, ọ̀rọ̀ Olúwa sì tọ̀ mí wá, mo sì ti sọ ọ́ fún un yín láti ìgbà dé ìgbà, ṣùgbọ́n ẹ̀yin kò fetísílẹ̀.
ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။
4 Bí ó tilẹ̀ jẹ́ pé Olúwa ti rán gbogbo àwọn ìránṣẹ́ rẹ̀, àwọn wòlíì sí i yín láti ìgbà dé ìgbà, ẹ̀yin kò fetísílẹ̀.
ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။
5 Wọ́n sì wí pé, “Ẹ yípadà olúkúlùkù yín kúrò ní inú ibi rẹ̀ àti ní ọ̀nà ibi rẹ̀, ẹ̀yin yóò sì lè dúró ní ilẹ̀ tí Olúwa fún un yín àti àwọn baba yín títí láéláé.
ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည်၌ နေကြလော့။
6 Má ṣe tọ àwọn ọlọ́run mìíràn lẹ́yìn láti sìn wọ́n tàbí bọ wọ́n; ẹ má ṣe mú inú bí mi pẹ̀lú ohun tí ẹ ti fi ọwọ́ yín ṣe. Nígbà náà ni Èmi kò ní ṣe yín ní ibi.”
အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။
7 “Ṣùgbọ́n ẹ̀yin kò fetí sí mi,” ni Olúwa wí; “bẹ́ẹ̀ ni ẹ sì ti mú inú bí mi pẹ̀lú ohun tí ẹ fi ọwọ́ yín ṣe, ẹ sì ti mú ibi wá sórí ara yín.”
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
8 Nítorí náà, Olúwa àwọn ọmọ-ogun sọ èyí: “Nítorí wí pé ẹ̀yin kò fetí sí ọ̀rọ̀ mi,
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊
9 Èmi yóò pe gbogbo àwọn ènìyàn àríwá, àti ìránṣẹ́ mi Nebukadnessari ọba Babeli,” ni Olúwa wí. “Èmi yóò sì mú wọn dìde lòdì sí ilẹ̀ náà àti àwọn olùgbé rẹ̀ àti sí gbogbo orílẹ̀-èdè àyíká rẹ̀. Èmi yóò pa wọ́n run pátápátá, Èmi yóò sọ wọ́n di nǹkan ẹ̀rù àti yẹ̀yẹ́ àti ìparun ayérayé.
ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသော လူအမျိုးမျိုးတို့ကို၎င်း စစ်တိုက်စေခြင်းငှါ၊ ငါ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။
10 Èmi yóò sì mú ìró ayọ̀ àti inú dídùn kúrò lọ́dọ̀ wọn; ohùn ìyàwó àti ọkọ ìyàwó, ìró ọlọ òkúta àti ìmọ́lẹ̀ fìtílà.
၁၀ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည်။
11 Gbogbo orílẹ̀-èdè yìí yóò sì di ahoro, orílẹ̀-èdè yìí yóò sì sìn ọba Babeli ní àádọ́rin ọdún.
၁၁ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။
12 “Ṣùgbọ́n, nígbà tí àádọ́rin ọdún náà bá pé, Èmi yóò fi ìyà jẹ ọba Babeli àti orílẹ̀-èdè rẹ, ilẹ̀ àwọn ará Babeli nítorí ẹ̀ṣẹ̀ wọn,” ni Olúwa wí; “bẹ́ẹ̀ ni Èmi yóò sọ ọ́ di ahoro títí láé.
၁၂ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
13 Èmi yóò sì mú gbogbo ohun tí mo ti sọ wọ̀nyí wá sórí ilẹ̀ náà, gbogbo ohun tí a ti sọ àní gbogbo èyí tí a ti kọ sínú ìwé yìí, èyí tí Jeremiah ti sọtẹ́lẹ̀ sí gbogbo orílẹ̀-èdè.
၁၃ငါခြိမ်းသောစကားများတည်းဟူသော ယေရမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
14 Àwọn fúnra wọn yóò sì sin orílẹ̀-èdè púpọ̀ àti àwọn ọba ńlá. Èmi yóò sì sán fún oníkálùkù gẹ́gẹ́ bí ìṣe àti iṣẹ́ ọwọ́ wọn.”
၁၄များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင် တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ ကျင့်သော အကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
15 Èyí ni ohun tí Olúwa Ọlọ́run Israẹli wí fún mi: “Gba ago yìí ní ọwọ́ mí tí ó kún fún ọtí wáìnì ìbínú mi, kí o sì mú gbogbo orílẹ̀-èdè ti mo rán ọ sí mu ún.
၁၅ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။
16 Nígbà tí wọ́n bá mu ún, wọn yóò ta gbọ̀nọ́ngbọ̀nọ́n: bẹ́ẹ̀ ni kí wọ́n di aṣiwèrè nítorí idà tí yóò ránṣẹ́ sí àárín wọn.”
၁၆သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
17 Mo sì gba ago náà lọ́wọ́ Olúwa, bẹ́ẹ̀ ni mo sì mú gbogbo orílẹ̀-èdè tí ó rán mi sí mu ún.
၁၇ငါသည် ထာဝရဘုရား၏ လက်တော်မှ ထို ဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
18 Jerusalẹmu àti àwọn ìlú Juda, àwọn ọba wọn pẹ̀lú àwọn aláṣẹ wọn, láti sọ wọ́n di ohun ìparun, ohun ẹ̀rù, ẹ̀sìn àti ègún, gẹ́gẹ́ bí wọ́n ti rí lónìí yìí.
၁၈ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
19 Farao ọba Ejibiti, àwọn ìránṣẹ́ rẹ̀, àwọn aláṣẹ rẹ̀ àti àwọn ènìyàn rẹ̀.
၁၉အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ၊
20 Àti gbogbo àwọn ènìyàn àjèjì tí ó wà níbẹ̀; gbogbo àwọn ọba Usi, gbogbo àwọn ọba Filistini, gbogbo àwọn ti Aṣkeloni, Gasa, Ekroni àti gbogbo àwọn ènìyàn tí ó kù sí Aṣdodu.
၂၀ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
21 Edomu, Moabu àti Ammoni;
၂၁ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန် ပြည်သား၊
22 gbogbo àwọn ọba Tire àti Sidoni; gbogbo àwọn ọba erékùṣù wọ̀n-ọn-nì tí ń bẹ ní ìkọjá Òkun.
၂၂တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသောမင်းများ၊
23 Dedani, Tema, Busi àti gbogbo àwọn tí ń gbé lọ́nà jíjìn réré.
၂၃ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ၊
24 Gbogbo àwọn ọba Arabia àti àwọn ọba àwọn àjèjì ènìyàn tí ń gbé inú aginjù.
၂၄အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ် သော လူများကို အစိုးရသော မင်းအပေါင်း၊
25 Gbogbo àwọn ọba Simri, Elamu àti Media.
၂၅ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်း အပေါင်း၊
26 Àti gbogbo àwọn ọba àríwá ní tòsí àti lọ́nà jíjìn, ẹnìkínní lẹ́yìn ẹnìkejì; gbogbo àwọn ìjọba lórí orílẹ̀ ayé. Àti gbogbo wọn, ọba Ṣeṣaki náà yóò sì mu.
၂၆တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတပြင်လုံး၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။
27 “Nígbà náà, sọ fún wọn, èyí ni ohun tí Olúwa Ọlọ́run Alágbára Israẹli wí. Mu, kí o sì mú àmuyó kí o sì bì, bẹ́ẹ̀ ni kí o sì ṣubú láì dìde mọ́ nítorí idà tí n ó rán sí àárín yín.
၂၇သင်တို့အလယ်သို့ ငါစေလွှတ်သော ထား ကြောင့် သောက်၍ ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။
28 Ṣùgbọ́n bí wọ́n ba kọ̀ láti gba ago náà ní ọwọ́ rẹ kí wọ́n sì mu ún, sọ fún wọn pé, ‘Èyí ni ohun tí Olúwa àwọn ọmọ-ogun sọ: Ẹyin gbọdọ̀ mu ún!
၂၈သူတို့သည် သောက်ခြင်းငှါ ထိုဖလားကို သင်၏ လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြ မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။
29 Wò ó, èmi ń mú ibi bọ̀ sí orí orílẹ̀-èdè tí ó ń jẹ́ orúkọ mi; ǹjẹ́ yóò ha a lè lọ láìjìyà? Ẹ̀yin ń pe idà sọ̀kalẹ̀ sórí gbogbo àwọn olùgbé ayé, ni Olúwa àwọn ọmọ-ogun sọ.’
၂၉အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သော မြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲမနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဘို့ ထားကို မှာလိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
30 “Nísinsin yìí, sọ àsọtẹ́lẹ̀ àwọn ọ̀rọ̀ wọ̀nyí nípa wọn: “‘Kí o sì sọ pé, Olúwa yóò bú láti òkè wá, yóò sì bú kíkankíkan sí ilẹ̀ náà. Yóò parí gbogbo olùgbé ayé, bí àwọn tí ń tẹ ìfúntí.
၃၀ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့ အား ဟောပြောရသောစကားများဟူမူကား၊ ထာဝရ ဘုရားသည် မြင့်သော အရပ်က ကြွေးကြော်တော် မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့် တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ်ဌာန တဘက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တဘက်၌ အော်ဟစ်တော်မူမည်။
31 Ìrọ́kẹ̀kẹ̀ yóò wà títí dé òpin ilẹ̀ ayé, nítorí pé Olúwa yóò mú ìdààmú wá sí orí àwọn orílẹ̀-èdè náà, yóò mú ìdájọ́ wá sórí gbogbo ènìyàn, yóò sì fi àwọn olùṣe búburú fún idà,’” ni Olúwa wí.
၃၁မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှု လုပ်တော်မူမည်။ ဆိုးသောသူတို့ကို ထားနှင့်ကွပ်မျက် စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
32 Èyí ni ohun tí Olúwa àwọn ọmọ-ogun wí, “Wò ó! Ibi ń tànkálẹ̀ láti orílẹ̀-èdè kan sí òmíràn; ìjì ńlá yóò sì ru sókè láti òpin ayé.”
၃၂ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တပြည်မှတပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့ မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည်။
33 Nígbà náà, àwọn tí Olúwa ti pa yóò wà ní ibi gbogbo, láti ìpẹ̀kun kan sí òmíràn. A kì yóò ṣọ̀fọ̀ wọn, a kì yóò kó wọn jọ tàbí sin wọ́n; ṣùgbọ́n wọn yóò dàbí ààtàn lórí ilẹ̀.
၃၃ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှတဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြ လိမ့်မည်။
34 Ké, kí ẹ sì pohùnréré ẹkún ẹ̀yin olùṣọ́-àgùntàn, ẹ yí nínú eruku, ẹ̀yin olùdarí agbo ẹran. Nítorí pé ọjọ́ àti pa yín ti dé, ẹ̀yin ó sì ṣubú bí ohun èlò iyebíye.
၃၄အို သိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကို သတ်ရသော အချိန်ရောက်လေပြီ။ အရပ်ရပ် သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။
35 Àwọn olùṣọ́-àgùntàn kì yóò rí ibi sálọ kì yóò sì ṣí àsálà fún olórí agbo ẹran.
၃၅သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။
36 Gbọ́ igbe àwọn olùṣọ́-àgùntàn, àti ìpohùnréré ẹkún àwọn olórí agbo ẹran; nítorí pé Olúwa ń pa pápá oko tútù wọn run.
၃၆သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီး သိုးမြတ်များ မြည်သံကိုကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။
37 Ibùgbé àlàáfíà yóò di ahoro, nítorí ìbínú ńlá Olúwa.
၃၇ထာဝရဘုရား သည်ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။
38 Gẹ́gẹ́ bí kìnnìún yóò fi ibùba rẹ̀ sílẹ̀, ilẹ̀ wọn yóò sì di ahoro, nítorí idà àwọn aninilára, àti nítorí ìbínú ńlá Olúwa.
၃၈ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာခြုံကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲသော သူ၏ပြင်းထန်ခြင်း၊ ပြင်း စွာ အမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ ပြသည် လူဆိတ်ညံ ရာအရပ်ဖြစ်ရ၏။

< Jeremiah 25 >