< Jeremiah 2 >

1 Ọ̀rọ̀ Olúwa sì tọ̀ mí wá wí pé:
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
2 “Lọ kí o sì kéde sí etí Jerusalẹmu pé: “Báyìí ni Olúwa wí, “‘Èmi rántí ìṣeun ìgbà èwe rẹ, ìfẹ́ ìgbéyàwó rẹ àti nígbà tí ìwọ tẹ̀lé mi nínú ijù, nínú ìyàngbẹ ilẹ̀.
``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထို​မြို့ တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား​ဤ​သ​တင်း စ​ကား​ကို​ပြန်​ကြား​လော့။'' သင်​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​အ​ဘယ်​သို့ သစ္စာ​ရှိ​ခဲ့​ကြ​သည်​ကို​ငါ​သ​တိ​ရ​၏။ သင်​သည်​သ​တို့​သ​မီး​ကဲ့​သို့​ငါ့​ကို​ချစ်​ခဲ့​၏။ သင်​တို့​သည်​စိုက်​ပျိုး​ခြင်း​မ​ရှိ​သော တော​ကန္တာ​ရ​တစ်​လျှောက်​လုံး​ကို​ဖြတ်​၍ ငါ​၏​အ​နောက်​သို့​လိုက်​ခဲ့​ကြ​၏။
3 Israẹli jẹ́ mímọ́ sí Olúwa, àkọ́kọ́ èso ìkórè rẹ̀, gbogbo ẹnikẹ́ni tí ó jẹ run ni a ó dá lẹ́bi, ibi yóò sì wá sí orí wọn,’” bẹ́ẹ̀ ni Olúwa wí.
အို ဣ​သ​ရေ​လ​အ​မျိုး​တို့၊သင်​တို့​ကို ငါ​တစ်​ဦး​တည်း​သာ​လျှင်​ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ငါ​ပိုင်​သော​အ​မြတ်​ထား​ရာ ဖြစ်​၏။ ငါ​သည်​သင်​တို့​ကို​ထိ​ခိုက်​နာ​ကျင်​စေ​သူ အ​ပေါင်း​အား ဘေး​အန္တ​ရာယ်​နှင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​ခဲ့​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း။''
4 Gbọ́ ọ̀rọ̀ Olúwa, ẹ̀yin ìdílé Jakọbu àti gbogbo ẹ̀yin ará ilé Israẹli.
အ​ချင်း​ယာ​ကုပ်​၏​သား​မြေး၊ ဣ​သ​ရေ​လ အ​နွယ်​ဝင်​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ကို​နား​ထောင်​ကြ​လော့။
5 Báyìí ni Olúwa wí: “Irú àìṣedéédéé wo ni baba yín rí lọ́wọ́ mi, tí wọ́n fi jìnnà sí mi? Wọ́n tẹ̀lé àwọn òrìṣà asán, àwọn fúnra wọn sì di asán.
ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ``ငါ​၌​အ​ဘယ်​အ​ပြစ်​ကို​တွေ့​ရှိ​၍​သင်​တို့​၏ ဘိုး​ဘေး​တို့​သည်​ငါ့​ထံ​မှ​ထွက်​သွား​ကြ​သ​နည်း။ သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​ကို ဝတ်​ပြု​ရှိ​ခိုး​၍ မိ​မိ​တို့​ကိုယ်​တိုင်​ပင်​တန်​ဖိုး​မဲ့​လာ​ကြ​၏။
6 Wọn kò béèrè, ‘Níbo ni Olúwa wà, tí ó mú wa jáde láti ilẹ̀ Ejibiti wá, tí ó mú wa la aginjù já, tí ó mú wa la àárín pẹ̀tẹ́lẹ̀ àti ihò, ìyàngbẹ ilẹ̀ àti òkùnkùn biribiri, ilẹ̀ ibi tí ẹnikẹ́ni kò là kọjá, tí ẹnikẹ́ni kò sì tẹ̀dó sí?’
ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် ကာ တော​ကန္တာ​ရ​တစ်​လျှောက်​လုံး၊သဲ​ကန္တာ​ရ​များ၊ မြေ​တွင်း​များ​နှင့်​ပြည့်​နှက်​လျက်​နေ​သော​ပြည်၊ ခြောက်​ကပ်​၍​ဘေး​အန္တ​ရာယ်​များ​သော​ပြည်၊ လူ​သူ​ဆိတ်​ညံ​လျက် ခ​ရီး​သည်​မ​ရှိ​သည့်​ပြည်​ကို​ဖြတ်​၍ လမ်း​ပြ​ပို့​ဆောင်​ပေး​ခဲ့​သော်​လည်း​သူ​တို့​သည် ငါ့​ကို​ဂ​ရု​မ​စိုက်​ကြ။
7 Èmi mú yín wá sí ilẹ̀ ọlọ́ràá láti máa jẹ èso ibẹ̀ àti ọrọ̀ rẹ̀, ṣùgbọ́n ẹ̀yin wọ inú rẹ̀, ẹ sì bà á jẹ́, ẹ sì sọ ogún mi di ohun ìríra.
ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း​မွန်​သော ပြည်​သို့​အ​သီး​အ​နှံ​နှင့် အ​ခြား​မွန်​မြတ်​သည့်​အ​စား​အ​စာ​များ​ကို စား​သောက်​စေ​ရန်​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​ပြည်​ကို​ဖျက်​ဆီး​ပစ်​ကြ​၏။ သူ​တို့​အား​ငါ​ပေး​သည့်​ပြည်​ကို​ညစ်​ညမ်း​စေ​ကြ​၏။
8 Àwọn àlùfáà kò béèrè wí pé, ‘Níbo ni Olúwa wà?’ Àwọn tí ń ṣiṣẹ́ pẹ̀lú òfin kò si mọ̀ mí, àwọn olùṣọ́ sì ṣẹ̀ sí mi. Àwọn wòlíì sì ń sọtẹ́lẹ̀ nípa òrìṣà Baali, wọ́n sì ń tẹ̀lé àwọn òrìṣà asán.
ယဇ်​ပု​ရော​ဟိတ်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​တော်​မူ​ပါ​သ​နည်း' ဟု​မ​မေး​ကြ။ ငါ​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငါ့​ကို​မ​သိ။ အုပ်​ချုပ်​သူ​တို့​သည်​ငါ့​ကို​ပုန်ကန်​ကြ​၏။ ပ​ရော​ဖက်​တို့​က​ဗာ​လ​ဘု​ရား​၏​အ​မည်​နာ​မ​ကို တိုင်​တည်​ပြော​ဆို​ကာ အ​သုံး​မ​ဝင်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။
9 “Nítorí náà, mo fi ẹ̀sùn kàn yín lẹ́ẹ̀kan sí i,” ni Olúwa wí. “Èmi ó sì fi ẹ̀sùn kan àwọn ọmọ ọwọ́ rẹ.
``သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အား တစ်​ဖန်​တ​ရား​စွပ်​စွဲ​မည်။ သူ​တို့​၏​သား​မြေး​များ​အား​လည်း စွပ်​စွဲ​ချက်​တင်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။
10 Rékọjá lọ sí erékùṣù àwọn ara Kittimu, kí ẹ sì wò ó, ránṣẹ́ lọ sí ìlú Kedari, kí ẹ sì kíyèsi gidigidi; kí ẹ wò bí irú nǹkan báyìí bá ń bẹ níbẹ̀?
၁၀ခိတ္တိမ်​ကျွန်း​ရှိ​ရာ​အ​နောက်​ဘက်​သို့​သွား​လော့။ ကေ​ဒါ​ပြည်​သို့​လူ​လွှတ်​၍​ကြည့်​ရှု​စေ​ကြ​လော့။ ယ​ခု​အ​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က​မျှ မ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​ကို​သိ​မြင်​ရ​လိမ့်​မည်။
11 Orílẹ̀-èdè kan ha á pa ọlọ́run rẹ̀ dà? (Síbẹ̀, wọ́n kì í ṣe iṣẹ́ ọlọ́run.) Ṣùgbọ́n àwọn ènìyàn mi ti pààrọ̀ Ọlọ́run ògo wọn fún àwọn ère tí kò níyì.
၁၁မိ​မိ​တို့​၏​ဘု​ရား​များ​သည်​မ​စစ်​မ​မှန်​သော ဘု​ရား​များ​ပင်​ဖြစ်​၍​နေ​စေ​ကာ​မူ အ​ဘယ်​လူ​မျိုး​သည်​ဘု​ရား​များ​ကို​ပြောင်း​လဲ ၍ ကိုး​ကွယ်​ပါ​သ​နည်း။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား မိ​မိ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သည့် ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ့​အား​သူ​တို့​ကို​မ​ကူ​ညီ​နိုင်​သည့်​ဘု​ရား များ​နှင့် လဲ​လှယ်​လိုက်​ကြ​လေ​ပြီ။
12 Àwọn ènìyàn mi ti dẹ́ṣẹ̀ méjì kí ẹ sì wárìrì pẹ̀lú ìbẹ̀rù ńlá,” ni Olúwa wí.
၁၂သို့​ဖြစ်​၍​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​အား ထိတ်​လန့်​တုန်​လှုပ်​အံ့​သြ​တွေ​ဝေ​၍​သွား​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပြီ။
13 “Àwọn ènìyàn mi ti dẹ́ṣẹ̀ méjì, wọ́n ti kọ̀ mí sílẹ̀, Èmi orísun omi ìyè, wọ́n sì ti ṣe àmù, àmù fífọ́ tí kò lè gba omi dúró.
၁၃ငါ​၏​လူ​မျိုး​တော်​သည်​အ​သက်​စမ်း​ရေ​တည်း​ဟူ​သော ငါ့​အား​စွန့်​ပစ်​၍​ရေ​မ​လုံ၊ကွဲ​အက်​လျက်​ရှိ​သည့်၊ ရေ​လှောင်​ကန်​များ​ကို​တူး​ကြ​သည်​ဖြစ်​၍ အ​ပြစ်​ဒု​စ​ရိုက်​နှစ်​ပါး​ကို​ကူး​လွန်​ကြ​လေ​ပြီ။
14 Israẹli ha á jẹ́ ọmọ ọ̀dọ̀ ẹrú nípa ìbí? Kí ló ha a dé tí ó fi di ìkógun?
၁၄``ဣ​သ​ရေ​လ​သည်​ကျွန်​မ​ဟုတ်။ ကျွန်​သား​ပေါက်​လည်း​မ​ဟုတ်။ သို့​ပါ​လျက်၊ရန်​သူ​များ​သည်​အ​ဘယ် ကြောင့် သူ့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သ​နည်း။
15 Àwọn kìnnìún ké ramúramù; wọ́n sì ń bú mọ́ wọn. Wọ́n ti fi ilẹ̀ rẹ̀ ṣòfò; ìlú rẹ̀ ti di jíjóná, ó sì ti di ìkọ̀sílẹ̀.
၁၅ရန်​သူ​များ​သည်​သူ့​အား​ခြင်္သေ့​ကဲ့​သို့​ဟောက် ကြ​၏။ သူ​၏​ပြည်​ကို​ခြောက်​သွေ့​စေ​ကြ​၏။ သူ​၏​မြို့​များ​သည်​ယို​ယွင်း​ပျက်​စီး​ကာ လူ​သူ​ဆိတ်​ညံ​လျက်​ရှိ​၏။
16 Bákan náà, àwọn ọkùnrin Memfisi àti Tafanesi wọ́n ti fa adé orí rẹ yọ.
၁၆နော​ဖ​မြို့​သား​များ​နှင့်​တာ​ပ​နက်​မြို့​သား​များ သည် သင်​၏​ဦး​ခေါင်း​ခွံ​ကို​ခွဲ​ကြ​လေ​ပြီ။
17 Ẹ̀yin kò ha a ti fa èyí sórí ara yín nípa kíkọ Olúwa Ọlọ́run sílẹ̀ nígbà tí ó tọ́ ọ lójú ọ̀nà?
၁၇အို ဣ​သ​ရေ​လ၊ဤ​အ​မှု​သည်​သင်​ပြု​သည့်​အ​မှု​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​သည်​သင့်​အား​လမ်း​ပြ​ပို့​ဆောင်​၍​လာ​စဉ် သင်​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်၊ငါ​ထာ​ဝ​ရ ဘု​ရား​အား စွန့်​ပစ်​ခဲ့​၏။
18 Kí ló dé tí o ṣe wá lọ Ejibiti láti lọ mu omi ní Ṣihori? Kí ló dé tí o sì fi lọ sí Asiria láti lọ mú omi ni odò Eufurate náà?
၁၈ယ​ခု​သင်​သည်​နိုင်း​မြစ်​ရေ​သောက်​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။ ဥ​ဖ​ရတ်​မြစ်​ရေ​သောက်​ရန်​အာ​ရှု​ရိ​ပြည်​သို့ သွား​ခြင်း​ဖြင့်​အ​ကျိုး​ရှိ​မည်​ဟု​ထင်​သ​လော။
19 Iṣẹ́ búburú yín yóò fìyà jẹ yín ìpadàsẹ́yìn rẹ yóò sì bá ọ wí mọ̀ kí o sì rí i wí pé ibi àti ohun búburú yóò sì jẹ́ tìrẹ nígbà tí o ti kọ Olúwa Ọlọ́run sílẹ̀, ẹ kò sì ní ìbẹ̀rù fún mi,” ni Olúwa, Olúwa àwọn ọmọ-ogun wí.
၁၉သင်​၏​ဒု​စ​ရိုက်​က​သင့်​ကို​ဒဏ်​ခတ်​လိမ့်​မည်။ သင်​၏​ဖောက်​ပြန်​မှု​က​သင့်​ကို​အ​ပြစ်​ဒဏ် ပေး​ပါ​လိမ့်​မည်။ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​သင် စွန့်​ပစ်​မှု၊ ငါ့​အား​မ​ကြောက်​မ​ရွံ့​တော့​ဘဲ​နေ​သော​အ​မှု​တို့​သည် အ​ဘယ်​မျှ​ဆိုး​ညစ်​မိုက်မဲ​သည်​ကို​သင်​သိ​ရှိ လာ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည်​စ​ကား​ပင်​တည်း။
20 “Nígbà àtijọ́, o ti fọ́ àjàgà rẹ sọnù, ìwọ sì já ìdè rẹ; ìwọ wí pé, ‘Èmi kì yóò sìn ọ́!’ Lóòtítọ́, lórí gbogbo òkè gíga ni àti lábẹ́ igi tí ó tànkálẹ̀ ni ìwọ dùbúlẹ̀ sí gẹ́gẹ́ bí panṣágà.
၂၀အို ဣ​သ​ရေ​လ၊သင်​သည်​ရှေး​အ​ခါ​က​ပင်​ငါ​၏ ထမ်း​ပိုး​ကို​ချိုး​၍​ငါ​၏​နှောင်​ကြိုး​များ​ကို​ဖြတ် ခဲ့​၏။ သင်​သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ငါ့​အား ဝတ်​မ​ပြု​မ​ကိုး​ကွယ်။ တောင်​မြင့်​ရှိ​သ​မျှ​အ​ပေါ်​၌​လည်း​ကောင်း၊စိမ်း လန်း​သည့် သစ်​ပင်​ရှိ​သ​မျှ​အောက်​၌​လည်း​ကောင်း၊ သင်​သည်​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​မူ​ခဲ့​လေ​သည်။
21 Èmi ti gbìn ọ́ gẹ́gẹ́ bí àjàrà ọ̀tọ̀, gẹ́gẹ́ bí ìṣúra ọlọ́lá. Báwo wá ni ìwọ ṣe yípadà sí mi di àjàrà búburú àti aláìmọ́?
၂၁ငါ​သည်​လက်​ရွေး​စင်​မျိုး​စေ့​မှ​စ​ပျစ်​နွယ်​ကို ငါ​စိုက်​ပျိုး​ခဲ့​၏။ သို့​ရာ​တွင်​သင်​အ​ဘယ်​သို့​ဖြစ်​လာ​ကြ သည်​ကို​ကြည့်​ရှု​လော့။ သင်​သည်​ပုပ်​၍​အ​သုံး​မ​ဝင်​သည့်​စ​ပျစ်​ပင်​နှင့် တူ​နေ​ပါ​သည်​တ​ကား။
22 Bí ó tilẹ̀ jẹ́ pé o wẹ ara rẹ pẹ̀lú sódà tí o sì lo ọ̀pọ̀lọpọ̀ ọṣẹ síbẹ̀síbẹ̀ èérí ni ẹ̀ṣẹ̀ rẹ níwájú,” ni Olúwa Olódùmarè wí.
၂၂အ​ကယ်​၍​သင်​တို့​သည်​ဆပ်​ပြာ​နှင့်​အ​စွန်း​ချွတ် ဆေး အ​မြောက်​အမြား​ကို​အ​သုံး​ပြု​မည်​ဆို​သော်​လည်း၊ သင်​တို့​၏​အ​ပြစ်​သည်​ငါ​၏​ရှေ့​၌ ထင်​ရှား​လျက်​ပင်​ရှိ​မည်။
23 “Báwo ni ìwọ ṣe wí pé, ‘Èmi kò ṣe aláìmọ́, Èmi kò sá à tẹ̀lé àwọn Baali’? Wo bí o ṣe hùwà ní àfonífojì; wo ohun tí o ṣe. Ìwọ jẹ́ abo ìbákasẹ tí ń sá síyìn-ín sọ́hùn-ún.
၂၃သင်​တို့​သည်​ဗာ​လ​ဘု​ရား​ကို​အ​ဘယ်​အ​ခါ​က​မျှ ဝတ်​မ​ပြု​ရှိ​မ​ခိုး​ခဲ့​ပါ၊ မိ​မိ​တို့​ကိုယ်​ကို​မ​ညစ်​ညမ်း​စေ​ခဲ့​ပါ​ဟူ​၍ အ​ဘယ်​သို့​လျှင်​ဆို​နိုင်​မည်​နည်း။ ချိုင့်​ဝှမ်း​ထဲ​တွင်​သင်​တို့​အ​ဘယ်​သို့ အ​ပြစ် ကူး​လွန်​ခဲ့​သည်​ကို​ကြည့်​လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​သိ​မှတ်​လော့။ သင်​သည်​မုန်​ယို​လျက်​နေ​သည့်​ကု​လား​အုတ် ပျို​ကဲ့​သို့၊ အ​ချုပ်​အ​ချယ်​မ​ရှိ​ဟို​မှ​သည်​သို့​ပြေး လျက်​နေ​၏။
24 Kẹ́tẹ́kẹ́tẹ́ igbó tí ń gbé aginjù tí ń fa ẹ̀fúùfù ìfẹ́ sí i mu rẹ, ta ni ó le è mú dúró ní àkókò rẹ̀? Kí gbogbo àwọn akọ ẹran tí o wá a kiri kì ó má ṣe dá ara wọn lágara, nítorí wọn yóò rí ní àkókò oṣù rẹ̀.
၂၄သင်​သည်​တော​ကန္တာ​ရ​တွင်​နေ​သည့် မြည်း​ရိုင်း​မ​နှင့်​တူ​၏။ မိတ်​လိုက်​ချိန်​ကျ​သော​အ​ခါ၊ သူ့​အား အ​ဘယ်​သူ​တား​ဆီး​နိုင်​သနည်း။ သူ့​ကို​အ​လို​ရှိ​သူ​မြည်း​ထီး​မှန်​သ​မျှ​သည် အ​ပင်​ပန်း​ခံ​၍​ရှာ​နေ​ရန်​မ​လို။ မိတ်​လိုက်​ချိန်​၌​သူ့​အား​အ​စဉ်​တွေ့​ရှိ​နိုင်​လေ​သည်။
25 Dá ẹsẹ̀ dúró láìwọ bàtà, àti ọ̀fun rẹ nínú òǹgbẹ. Ṣùgbọ́n ìwọ wí pé, ‘Asán ni! Èmi fẹ́ràn àwọn ọlọ́run àjèjì, àwọn ni èmi yóò tọ̀ lẹ́yìn.’
၂၅အို ဣ​သ​ရေ​လ၊အ​ခြား​ဘု​ရား​များ​သို့ လိုက်​ပြေး​ခြင်း​အား​ဖြင့် သင်​၏​ခြေ​၌​ဖိ​နပ်​မ​ကျွတ်​စေ​နှင့်။ သင်​၏​အာ​ခေါင်​ကို​သော်​လည်း​မ​ခြောက်​စေ​နှင့်။ သို့​ရာ​တွင်​သင်​က`အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား ဘု​ရား​များ​ကို​ချစ်​၍၊ သူ​တို့​၏​နောက်​သို့​ပင်​လိုက်​ပါ​တော့​မည်' ဟု​ဆို​၏။
26 “Gẹ́gẹ́ bí a ṣe ń dójútì olè nígbà tí a bá mú u, bẹ́ẹ̀ náà ni ojú yóò ti ilé Israẹli— àwọn ọba àti àwọn ìjòyè wọn, àwọn àlùfáà àti wòlíì wọn pẹ̀lú.
၂၆အ​ဖမ်း​ခံ​ရ​ချိန်​၌ သူ​ခိုး​သည်​အ​ရှက်​ကွဲ​ရ သ​ကဲ့​သို့ သင်​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ၊ သင် တို့​ဣ​သ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။-
27 Wọ́n sọ fún igi pé, ‘Ìwọ ni baba mi,’ àti sí òkúta wí pé, ‘Ìwọ ni ó bí mi,’ wọ́n ti kọ ẹ̀yìn wọn sí mi, wọn kò kọ ojú sí mi síbẹ̀ nígbà tí wọ́n bá wà nínú ìṣòro, wọn yóò wí pé, ‘Wá kí o sì gbà wá!’
၂၇သစ်​ပင်​အား`အ​ရှင်​သည်​အ​ကျွန်ုပ်​အ​ဖ​ဖြစ်​ပါ သည်' ဟူ​၍​လည်း​ကောင်း၊ ကျောက်​တုံး​အား`အ​ရှင် သည်​အ​ကျွန်ုပ်​အ​မိ​ဖြစ်​ပါ​သည်' ဟူ​၍​လည်း ကောင်း​သင်​တို့​ပြော​ဆို​ကြ​၏။ သင်​တို့​သည်​ငါ ၏​ဘက်​သို့​မ​လှည့်၊ ငါ့​အား​ကျော​ခိုင်း​၍​သွား ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ဘေး​အန္တ​ရာယ် တွေ့​သော​အ​ခါ​၌​မူ​ကား၊ ငါ့​အား​ကြွ​လာ တော်​မူ​၍​သင်​တို့​ကို​ကူ​မ​တော်​မူ​ရန်​လျှောက် ထား​ကြ​၏။
28 Níbo wá ni àwọn ọlọ́run tí ẹ ṣe fúnra yín ha a wà? Jẹ́ kí wọ́n wá kí wọ́n sì gbà yín nígbà tí ẹ bá wà nínú ìṣòro! Nítorí pé ẹ̀yin ní àwọn ọlọ́run púpọ̀, gẹ́gẹ́ bí ẹ ti ṣe ni àwọn ìlú, ìwọ Juda.
၂၈``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-
29 “Kí ló dé tí o ṣe wá ń fi ẹ̀sùn kàn mí? Gbogbo yín ni ó ti ṣọ̀tẹ̀ sí mi,” ni Olúwa wí.
၂၉သင်​တို့​အား​လုံး​ပင်​ငါ့​ကို​ပုန်​ကန်​ကြ​လေ​ပြီ။ သင်​တို့​သည်​ငါ့​ကို အ​ဘယ်​သို့​မ​ကျေ​မ​နပ် ဖြစ်​ကြ​သ​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-
30 “Nínú asán mo fìyà jẹ àwọn ènìyàn yín, wọn kò sì gba ìbáwí. Idà yín ti pa àwọn wòlíì yín run, gẹ́gẹ́ bí kìnnìún tí ń bú ramúramù.
၃၀``ငါ​သည်​သင်​တို့​ကို​ဆုံး​မ​ပါ​သော်​လည်း အ​ကျိုး​မ​ရှိ။ သင်​တို့​သည်​ပဲ့​ပြင်​သွန်​သင်​မှု​ကို လက်​မ​ခံ​လို​ကြ။ အ​မျက်​ပြင်း​စွာ​ထွက်​သည့် ခြင်္သေ့​သ​ဖွယ် သင်​တို့​သည်​မိ​မိ​တို့​ပ​ရော​ဖက် များ​ကို​သတ်​ဖြတ်​ကြ​လေ​ပြီ။-
31 “Ẹ̀yin ìran yìí, ẹ kíyèsi ọ̀rọ̀ Olúwa: “Mo ha ti di aginjù sí Israẹli tàbí mo jẹ ilẹ̀ olókùnkùn biribiri? Èéṣe tí àwọn ènìyàn mi ṣe wí pé, ‘A ní àǹfààní láti máa rìn kiri; àwa kì yóò tọ̀ ọ́ wá mọ́?’
၃၁ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ငါ သည်​သင်​တို့​အ​ဖို့​တော​ကန္တာ​ရ​ကဲ့​သို့​လည်း ကောင်း၊ မှောင်​အ​တိ​လွှမ်း​နေ​သည့်​ပြည်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​၍​နေ​လေ​ပြီ​လော။ ယင်း​သို့ မ​ဟုတ်​ပါ​မူ​သင်​တို့​သည်​အ​ဘယ်​ကြောင့် ထင်​သ​လို​ပြု​ကျင့်​ကာ ငါ့​ထံ​သို့​အ​ဘယ် အ​ခါ​မျှ​ပြန်​မ​လာ​ဘဲ​နေ​တော့​မည်​ဟု ဆို​ကြ​သ​နည်း။-
32 Wúńdíá ha le gbàgbé ohun ọ̀ṣọ́ rẹ̀, tàbí ìyàwó ohun ọ̀ṣọ́ ìgbéyàwó rẹ̀? Síbẹ̀, àwọn ènìyàn mi ti gbàgbé mi ní ọjọ́ àìníye.
၃၂မိန်း​မ​ပျို​သည်​မိ​မိ​၏​ကျောက်​မျက်​ရ​တ​နာ များ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​၏​မင်္ဂ​လာ​ဆောင်​ဝတ်​စုံ​ကို လည်း​ကောင်း​မေ့​လျော့​တတ်​ပါ​သ​လော။ သို့ ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​မ​ရေ မ​တွက်​နိုင်​သော​နေ့​ရက်​များ​တွင်​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။-
33 Ìwọ ti jẹ́ ọlọ́gbọ́n tó nípa ọ̀rọ̀ ìfẹ́! Àwọn obìnrin búburú yóò kẹ́kọ̀ọ́ nípa ọ̀nà rẹ.
၃၃သင်​တို့​သည်​မိ​မိ​တို့​ချစ်​သူ​များ​ကို​အ​မှန် ပင်​လိုက်​၍​ရှာ​တတ်​ကြ​၏။ ဆိုး​ညစ်​သည့်​အ​မျိုး သ​မီး​များ​ကို​ပင်​သင်​တို့​၏​အ​ကျင့်​ကို​သင် ပေး​နိုင်​ကြ​၏။-
34 Lórí aṣọ rẹ ni wọ́n bá ẹ̀jẹ̀ àwọn tálákà aláìṣẹ̀, bí ó tilẹ̀ jẹ́ pé ìwọ kò ká wọn mọ́ níbi tí wọ́n ti ń rùn wọlé. Síbẹ̀ nínú gbogbo èyí
၃၄ဖောက်​ထွင်း​ခိုး​ယူ​မှု​အ​တွက်​သင်​တို့​ဖမ်း​မ​မိ သော်​လည်း ထို​ဆင်း​ရဲ​သား​များ၊ အ​ပြစ်​မဲ့​သူ များ​၏​သွေး​နှင့် သင်​တို့​၏​အ​ဝတ်​များ​သည် စွန်း​ကွက်​လျက်​ရှိ​၏။ ``သို့​ပါ​လျက်
35 ìwọ sọ wí pé, ‘Èmi jẹ́ aláìṣẹ̀; kò sì bínú sí mi.’ Èmi yóò mú ìdájọ́ mi wá sórí rẹ nítorí pé ìwọ wí pé, ‘Èmi kò dẹ́ṣẹ̀.’
၃၅`ငါ့​တွင်​အ​ပြစ်​မ​ရှိ၊ ထာ​ဝ​ရ​ဘုရား​သည်​အ​မှန် ပင် ငါ့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ပြီ​ဟု' ဆို ချင်​သည်။ သို့​သော်​သင်​က​မိ​မိ​အ​ပြစ်​မ​ကူး လွန်​ပါ​ဟု​ငြင်း​ဆို​သ​ဖြင့် ငါ​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။-
36 Èéṣe tí ìwọ fi ń lọ káàkiri láti yí ọ̀nà rẹ padà? Ejibiti yóò dójútì ọ́ gẹ́gẹ́ bí i ti Asiria.
၃၆သင်​တို့​သည်​အ​ခြား​နိုင်​ငံ​ဘု​ရား​များ​ဆည်း ကပ်​သော​အား​ဖြင့်၊ မိ​မိ​ကိုယ်​ကို​တန်​ဖိုး​ကျ စေ​သည့်​အာ​ရှု​ရိ​ပြည်​သည်​သင့်​အား​အ​ကူ အ​ညီ​ပေး​ရန်​ပျက်​ကွက်​သ​ကဲ့​သို့ အီ​ဂျစ် ပြည်​သည်​လည်း​ပျက်​ကွက်​လိမ့်​မည်။-
37 Ìwọ yóò sì fi ibẹ̀ sílẹ̀ pẹ̀lú kíkáwọ́ rẹ lé orí rẹ, nítorí pé Olúwa ti kọ̀ àwọn tí ìwọ gbẹ́kẹ̀lé sílẹ̀, kì yóò sí ìrànlọ́wọ́ kankan fún ọ láti ọ̀dọ̀ wọn.
၃၇သင်​သည်​အ​ရှက်​ကွဲ​လျက်​ခေါင်း​ငိုက်​စိုက်​နှင့် အီ​ဂျစ်​ပြည်​မှ​ပြန်​လာ​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သင်​အား​ကိုး​သူ​တို့​ကို​ပစ်​ပယ် တော်​မူ​ပြီ။ သူ​တို့​ထံ​မှ​သင်​သည်​အ​ဘယ် အ​ကျိုး​ကို​မျှ​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။''

< Jeremiah 2 >