< Jeremiah 10 >

1 Gbọ́ ọ̀rọ̀ tí Olúwa sọ fún yín ẹ̀yin ilé Israẹli.
အို ဣသရေလ အမျိုးသား တို့၊ သင် တို့အား ထာဝရဘုရား မိန့် တော်မူသော စကား ကို နားထောင် ကြလော့။
2 Báyìí ni Olúwa wí: “Má ṣe kọ́ ìwà àwọn kèfèrí, kí àmì ọ̀run kí ó má sì dààmú yín, nítorí pé wọ́n ń dààmú orílẹ̀-èdè.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သာသနာပ လူတို့၏ ဘာသာ ဓလေ့၌ မ ကျင်လည် ကြနှင့်။ သာသနာပ လူတို့ ထိတ်လန့် ကြောက်တတ်သော မိုဃ်း ကောင်းကင်နိမိတ် တို့မှ မ ထိတ်လန့် မကြောက်ကြနှင့်။
3 Nítorí pé asán ni àṣà àwọn ènìyàn, wọ́n gé igi láti inú igbó, oníṣọ̀nà sì gbẹ́ ẹ pẹ̀lú àáké rẹ̀.
လူ အမျိုးမျိုးကျင့်သောအကျင့် ဓလေ့တို့သည် အချည်းနှီး ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော ၌ သစ်ပင် ကို ခုတ်လှဲ ၍၊ ပုဆိန် နှင့် လုပ်တတ် သော လက်သမား ၏ လက် လုပ် ရာဖြစ်သောအရာကို၊
4 Wọ́n fi fàdákà àti wúrà ṣe é lọ́ṣọ̀ọ́. Wọ́n fi òòlù kàn án àti ìṣó kí ó má ba à ṣubú.
ရွှေ ငွေ နှင့် လှပစွာ ချယ်လှယ် ပြီးလျှင်၊ မ လှုပ်ရှား စေခြင်းငှါ သံချွန် ကို တူ နှင့်ရိုက် ထားကြ၏။
5 Wọ́n wé mọ́ igi bí ẹ̀gúnsí inú oko, òrìṣà wọn kò le è fọhùn. Wọ́n gbọdọ̀ máa gbé wọn nítorí pé wọn kò lè rìn. Má ṣe bẹ̀rù wọn; wọn kò le è ṣe ibi kankan bẹ́ẹ̀ ni wọn kò si lè ṣe rere kan.”
သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း မ ပြုနိုင်။
6 Kò sí ẹni tí ó dàbí rẹ Olúwa; o tóbi orúkọ rẹ sì tóbi lágbára.
အိုထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ မျှမတူ ပါ။ ကိုယ်တော် သည် ကြီးမြတ် တော်မူ၏။ နာမ တော်သည်လည်း ၊ တန်ခိုး တော်အားဖြင့် ကြီးမြတ် တော်မူ၏။
7 Ta ni kò yẹ kí ó bẹ̀rù rẹ? Ọba àwọn orílẹ̀-èdè? Nítorí tìrẹ ni. Láàrín àwọn ọlọ́gbọ́n ènìyàn ní orílẹ̀-èdè àti gbogbo ìjọba wọn, kò sí ẹni tí ó dàbí rẹ.
အိုလူ အမျိုးမျိုးတို့၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူ သည် မ ကြောက် ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိ အပေါင်း တို့၌ ၎င်း ၊ ခပ်သိမ်း သော တိုင်း နိုင်ငံတို့၌ ၎င်း ကိုယ်တော် နှင့် တူသောသူတစုံတယောက်မျှ မ ရှိပါ။
8 Gbogbo wọn jẹ́ aláìlóye àti aṣiwèrè, wọ́n ń kọ́ ẹ̀kọ́ àwọn ère igi tí kò níláárí.
သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။
9 Fàdákà tí a ti kàn ni a mú wá láti Tarṣiṣi, àti wúrà láti Upasi. Èyí tí àwọn oníṣọ̀nà àti alágbẹ̀dẹ ṣe tí wọ́n kùn ní àwọ̀ aró àti elése àlùkò, èyí jẹ́ iṣẹ́ ọwọ́ àwọn ọlọ́gbọ́n oníṣọ̀nà.
ထု လုပ်တတ်သောသူ၊ သွန်း တတ်သောသူ၏ လက် လုပ်ရာ ငွေ ပြားကို တာရှု မြို့မှ ၎င်း ၊ ရွှေ ကိုလည်း ဥဖတ် မြို့မှ၎င်း ဆောင် ခဲ့တတ်၏။ ပြာ သောအထည်၊ မောင်း သောအထည် နှင့်ခြုံတတ်၏။ လိမ္မာ သောသူ လုပ် ရာသက်သက် ဖြစ်သတည်း။
10 Ṣùgbọ́n Olúwa ni Ọlọ́run tòótọ́, òun ni Ọlọ́run alààyè, ọba ayérayé. Nígbà tí ó bá bínú, ayé yóò wárìrì; orílẹ̀-èdè kò lè fi ara da ìbínú rẹ̀.
၁၀ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။
11 “Sọ èyí fún wọn: ‘Àwọn ọlọ́run kéékèèké tí kò dá ọ̀run àti ayé ni yóò ṣègbé láti ayé àti ní abẹ́ ọ̀run.’”
၁၁သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင် နှင့်မြေကြီး ကို မ ဖန်ဆင်း သော ဘုရား တို့သည် ဤ ကောင်းကင် အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက် ကြလိမ့်မည်။
12 Ọlọ́run dá ayé pẹ̀lú agbára rẹ̀, ó dá àgbáyé pẹ̀lú ọgbọ́n rẹ̀, ó mú kí ọ̀run kí ó fẹ̀ síta nípa òye rẹ̀.
၁၂ထာဝရဘုရားသည် တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
13 Nígbà tí ó bá sán àrá, àwọn omi lọ́run a sì pariwo; ó mú kí ìkùùkuu ru sókè láti òpin ayé. Ó rán mọ̀nàmọ́ná pẹ̀lú òjò, ó sì ń mú afẹ́fẹ́ wá láti ilé ìṣúra rẹ̀.
၁၃အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်းရေ အသံ ဗလံဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက် စေတော်မူ ၏။ လေ ကိုလည်း ၊ ဘဏ္ဍာ တော်တိုက်ထဲက ထုတ် တော်မူ ၏။
14 Gbogbo ènìyàn jẹ́ aṣiwèrè àti aláìnímọ̀, ojú ti gbogbo alágbẹ̀dẹ níwájú ère rẹ̀, nítorí ère dídá rẹ̀ èké ni, kò sì ṣí ẹ̀mí nínú rẹ̀.
၁၄လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက် သက်ဝင်သက်မ ရှိ။
15 Asán ni wọ́n, iṣẹ́ ìṣìnà; nígbà ìbẹ̀wò wọn, wọn yóò ṣègbé.
၁၅ထို သို့သောအရာ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ လှည့်စား သောအရာလည်းဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ၌ ကွယ် ပျောက်ကြ လိမ့်မည်။
16 Ẹni tí ó bá jẹ́ ìpín Jakọbu kò sì dàbí èyí, nítorí òun ni ó ṣẹ̀dá ohun gbogbo àti Israẹli tí ó jẹ́ ẹ̀yà ìjogún rẹ̀. Olúwa àwọn ọmọ-ogun ni orúkọ rẹ̀.
၁၆ယာကုပ် အမျိုး၏အဘို့ သည် ထိုသို့သောအရာ နှင့် တူ တော်မ မူ။ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေ ခံတော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။
17 Kó ẹrù rẹ kúrò láti fi ilẹ̀ náà sílẹ̀ ìwọ tí o ń gbé ní ìlú tí a dó tì.
၁၇အိုရဲတိုက် ၌ နေ သောသူ၊ မြေ ပေါ်မှာ ရှိသောသင် ၏ဥစ္စာ ပရိကံများကို စုသိမ်း လော့။
18 Nítorí èyí ni Olúwa wí: “Ní àkókò yìí, èmi yóò gbọn àwọn tí ó ń gbé ilẹ̀ náà jáde. Èmi yóò mú ìpọ́njú bá wọn, kí wọn kí ó lè rí wọn mú.”
၁၈ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယခုပင် ငါ သည်လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သား များကို လောက်လွှဲထဲကပစ် ၍၊ ရန်သူတို့ လက်သို့ရောက် စေ ခြင်းငှါ ညှဉ်းဆဲ မည်ဟု မိန့်တော်မူ၏။
19 Ègbé ni fún mi nítorí ìpalára mi! Ọgbẹ́ mi jẹ́ èyí tí kò lè sàn, bẹ́ẹ̀ ni mọ sọ fún ara mi, “Èyí ni àìsàn mi, mo sì gbọdọ̀ fi orí tì í.”
၁၉ငါ သည် ချိုးဖျက် ခြင်းကိုခံရသောကြောင့် အမင်္ဂလာ ရှိ၏။ ငါ့ အနာ ပြင်းလှ၏။ သို့ သော်လည်း၊ ငါတွေ့သော ဤ ဒုက္ခ ဝေဒနာကို ဆက်ဆက် ခံရ မည်ဟု ငါ ဆို ၏။
20 Àgọ́ mi bàjẹ́, gbogbo okùn rẹ̀ sì já. Àwọn ọmọ mi ti lọ lọ́dọ̀ mi, wọn kò sì sí mọ́, kò sí ẹnìkankan tí yóò na àgọ́ mi ró mọ́, tàbí yóò ṣe ibùgbé fún mi.
၂၀ငါ့ တဲ လည်းပျက် ၏။ ငါ့ ကြိုး ရှိသမျှ တို့လည်း ပြတ် ကြ၏။ ငါ့ သား တို့လည်း ငါ့ ထံမှထွက် သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့ တဲ ကို ဆောက် ရသောသူ၊ ငါ့ ကုလားကာ တို့ကို ဆွဲကာ ရသောသူမ ရှိ။
21 Àwọn olùṣọ́-àgùntàn jẹ́ aṣiwèrè, wọn kò sì wá Olúwa: nítorí náà wọn kì yóò ṣe rere àti pé gbogbo agbo wọn ni yóò túká.
၂၁အကြောင်း မူကား၊ သိုးထိန်း တို့သည် တိရစ္ဆာန် သဘော ရှိ၍ ၊ ထာဝရဘုရား ကို မ ရှာဖွေ သောကြောင့် အကြံ မမြောက်ရကြ။ သိုးစု အပေါင်း တို့သည် အရပ်ရပ်သို့ ကွဲပြား ရကြ၏။
22 Fetísílẹ̀! ariwo igbe ń bọ̀, àti ìdàrúdàpọ̀ ńlá láti ilẹ̀ àríwá wá! Yóò sì sọ ìlú Juda di ahoro, àti ihò ọ̀wàwà.
၂၂အသံ ကိုကြားရ၏။ အနီးသို့လာ၏။ ယုဒ မြို့ တို့ကို ဖျက်ဆီး ၍၊ မြေခွေး နေရာ တွင်း ဖြစ် စေခြင်းငှါ ၊ ကြီး သော အသံ ဗလံသည် မြောက် မျက်နှာ က လာ ၏။
23 Èmi mọ̀ Olúwa wí pé ọ̀nà ènìyàn kì í ṣe ti ara rẹ̀, kì í ṣe fún ènìyàn láti tọ́ ìgbésẹ̀ ara rẹ̀.
၂၃အိုထာဝရဘုရား ၊ လူ သည် မိမိ သွားရာလမ်း ကို အစိုးမ ရ။ သွား စဉ်အခါမိမိ ခြေရာ တို့ကို မ စီရင် တတ်သည် ကို အကျွန်ုပ်သိ ပါ၏။
24 Tún mi ṣe Olúwa, pẹ̀lú ìdájọ́ nìkan kí o má sì ṣe é nínú ìbínú rẹ, kí ìwọ má ṣe sọ mí di òfo.
၂၄အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ဆုံးမတော်မူလျှင် ၊ အကျိုးနည်း စေခြင်းငှါ အမျက် ထွက်တော်မ မူပါနှင့်။ တရား တော်အတိုင်း သာ ဆုံးမ တော်မူပါ။
25 Tú ìbínú rẹ jáde sórí àwọn orílẹ̀-èdè tí kò mọ̀ ọ́n, sórí àwọn ènìyàn tí wọn kò pe orúkọ rẹ. Nítorí pé wọ́n ti jẹ Jakọbu run, wọ́n ti jẹ ẹ́ run pátápátá, wọ́n sì sọ ibùgbé rẹ̀ di ahoro.
၂၅ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ မ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။

< Jeremiah 10 >