< James 4 >

1 Níbo ni ogun ti wá, níbo ni ìjà sì ti wá láàrín yín? Ìfẹ́kúfẹ̀ẹ́ ara yín ha kọ́ ni tí ó ń jagun nínú àwọn ẹ̀yà ara yín bí?
သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။
2 Ẹ̀yin ń fẹ́ ìfẹ́kúfẹ̀ẹ́, ẹ kò sì ní, ẹ̀yin ń pànìyàn, ẹ sì ń ṣe ìlara, ẹ kò sì le ní: ẹ̀yin ń jà, ẹ̀yin sì ń jagun; ẹ kò ní, nítorí tí ẹ̀yin kò béèrè.
သင် တို့သည် တပ်မက် ၍ မ ရ ကြ။ လူအသက်ကို သတ် ၍ ၎င်း၊ အလွန်လိုချင်သောလောဘစိတ် ရှိ၍၎င်း၊ အလို မ ပြည့်စုံနိုင် ကြ။ ရန်တွေ့ ခြင်း၊ စစ်တိုက် ခြင်းကိုလည်း ပြု၍မ ရကြ ။ အကြောင်းမူကား ၊ ဆုမ တောင်း ဘဲ နေကြ၏။
3 Ẹ̀yin béèrè, ẹ kò sì rí gbà, nítorí tí ẹ̀yin ṣì béèrè, kí ẹ̀yin kí ó lè lò ó fún ìfẹ́kúfẹ̀ẹ́ ara yín.
ဆုတောင်း လျှင်လည်း ကာမဂုဏ် ခံစားစရာတို့ရှိစေခြင်းငှာ ၊ အလွဲ တောင်း သောကြောင့် မ ရ ကြ။
4 Ẹ̀yin panṣágà ọkùnrin, àti panṣágà obìnrin, ẹ kò mọ̀ pé ìbárẹ́ ayé ìṣọ̀tá Ọlọ́run ni? Nítorí náà ẹni tí ó bá fẹ́ láti jẹ́ ọ̀rẹ́ ayé di ọ̀tá Ọlọ́run.
မတရား သောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီ မိဿဟာယ သည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက် ဖြစ် သည်ကို မ သိ ကြသလော။ ဤလောက နှင့် မိသ္သဟာယ ဖွဲ့လို သောသူ သည် ဘုရားသခင် ၏ ရန်သူ ဖြစ် ၏။
5 Ẹ̀yin ṣe bí Ìwé Mímọ́ sọ lásán pé, Ẹ̀mí tí ó fi sínú wa ń jowú gidigidi lórí wa?
ကျမ်းစာ ချက် အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍၎င်း ၊ ငါ တို့၌ တည်နေ သော ဝိညာဉ် တော်သည် ငြူစူ စေချင်သော သဘော ရှိသည်ဟူ၍၎င်း၊ ထင် ကြသလော။
6 Ṣùgbọ́n ó fún ni ní oore-ọ̀fẹ́ sí i. Nítorí náà ni ìwé mímọ́ ṣe wí pé, “Ọlọ́run kọ ojú ìjà sí àwọn agbéraga, ṣùgbọ́n ó fi oore-ọ̀fẹ́ fún àwọn onírẹ̀lẹ̀ ọkàn.”
ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။
7 Nítorí náà, ẹ tẹríba fún Ọlọ́run. Ẹ kọ ojú ìjà sí èṣù, òun ó sì sá kúrò lọ́dọ̀ yín.
ထိုကြောင့် ၊ ဘုရားသခင် ၏အလိုတော်သို့ လိုက် ကြလော့။ မာရ်နတ် ကို ဆီးတား ကြလော့။ သို့ပြုလျှင် ၊ သူသည် သင် တို့ထံက ပြေးသွား လိမ့်မည်။
8 Ẹ súnmọ́ Ọlọ́run, òun ó sì súnmọ́ yín. Ẹ wẹ ọwọ́ yín mọ́, ẹ̀yin ẹlẹ́ṣẹ̀; ẹ sì ṣe ọkàn yín ní mímọ́, ẹ̀yin oníyèméjì.
ဘုရားသခင် ၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် ၊ သင် တို့၌ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ် ရှိသောသူတို့၊ သင်တို့လက် ကို စင်ကြယ် စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ် နှလုံးကို သန့်ရှင်း စေကြလော့။
9 Ẹ banújẹ́, ẹ ṣọ̀fọ̀, kí ẹ sì hu fún ẹkún. Ẹ jẹ́ kí ẹ̀rín yín kí ó di ọ̀fọ̀, àti ayọ̀ yín kí ó di ìbànújẹ́.
ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာ ညည်းတွားခြင်း၊ ငိုကြွေး မြည်တမ်းခြင်းရှိကြလော့။ သင် တို့ရယ် ခြင်းကို စိတ်မသာညည်းတွား ခြင်း၊ ဖြစ် စေကြလော့။ ဝမ်းမြောက် ခြင်းကိုလည်း ဝမ်းနည်း ခြင်းဖြစ်စေကြလော့။
10 Ẹ rẹ ara yín sílẹ̀ níwájú Olúwa, òun ó sì gbé yín ga.
၁၀ဘုရားသခင့် ရှေ့ တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင် ၊ သင် တို့ကို ချီးမြှောက် တော်မူလိမ့်မည်။
11 Ará, ẹ má ṣe sọ̀rọ̀ ibi sí ara yín. Ẹni tí ó bá ń sọ̀rọ̀ ibi sí arákùnrin rẹ̀, tí ó ń dá arákùnrin rẹ̀ lẹ́jọ́, ó ń sọ̀rọ̀ ibi sí òfin, ó sì ń dá òfin lẹ́jọ́; ṣùgbọ́n bí ìwọ bá ń dá òfin lẹ́jọ́, ìwọ kì í ṣe olùfẹ́ òfin, bí kò ṣe onídàájọ́.
၁၁ညီအစ်ကို တို့၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ ခြင်းကိုမ ပြုကြနှင့်။ ညီအစ်ကို ချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌အပြစ်ရှိသည်ဟု စီရင် သောသူ သည် တရား ကို ကဲ့ရဲ့ ၏။ တရား ၌အပြစ်ရှိသည်ဟုစီရင် ၏။ ထိုသို့ ပြုလျှင် ၊ သင်သည်တရား ကို ကျင့် သောသူမ ဟုတ်၊ တရား ကို စစ်ကြော စီရင်သောသူဖြစ် ၏။
12 Aṣòfin àti onídàájọ́ kan ṣoṣo ní ó ń bẹ, àní ẹni tí ó lè gbàlà tí ó sì le parun, ṣùgbọ́n ta ni ìwọ tí ó ń dá ẹnìkejì rẹ lẹ́jọ́?
၁၂ပညတ် တရားကို ထားပိုင်သောသူ၊ စစ်ကြော စီရင်ပိုင်သောသူ တစ်ပါးတည်း ရှိ တော်မူ၏။ ထိုသူ သည် ကယ်တင် ခြင်းငှာ၎င်း ၊ ဖျက်ဆီး ခြင်းငှာ၎င်း၊ တတ်နိုင် တော်မူ၏။ သူ တစ်ပါး ကိုစစ်ကြော စီရင်သောသင် သည်ကား အဘယ်သူ နည်း ။
13 Ẹ wá nísinsin yìí, ẹ̀yin tí ó ń wí pé, “Lónìí tàbí lọ́la àwa ó lọ sí ìlú báyìí, a ó sì ṣe ọdún kan níbẹ̀, a ó sì ṣòwò, a ó sì jèrè.”
၁၃ယနေ့ နက်ဖြန် ဤမည်သော မြို့ သို့ သွား ကြကုန်အံ့။ ထိုမြို့ ၌ တနှစ် ပတ်လုံးနေ၍ ကုန်သွယ် သဖြင့် အမြတ်ရ အောင် ပြု ကြကုန်အံ့ဟု ဆို တတ်သောသူ တို့၊ နားထောင် ကြလော့။
14 Nígbà tí ẹ̀yin kò mọ ohun tí yóò hù lọ́la. Kí ni ẹ̀mí yín? Ìkùùkuu sá à ni yín, tí ó hàn nígbà díẹ̀, lẹ́yìn náà a sì túká lọ.
၁၄နက်ဖြန်နေ့ ၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မ သိ ကြ။ သင် တို့ အသက် သည် အဘယ်သို့ သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှား ပြီးမှကွယ်ပျောက် တတ် သော အခိုးအငွေ့ ဖြစ် ၏။
15 Èyí tí ẹ̀ bá fi wí pé, “Bí Olúwa bá fẹ́, àwa yóò wà láààyè, àwa ó sì ṣe èyí tàbí èyí i nì.”
၁၅ထာဝရ ဘုရားသည် အလို တော်ရှိ၍ ၊ ငါ တို့သည်လည်း အသက် ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ ပြု ကြ ကုန်အံ့ဟု သင်တို့ဆို သင့် ရာဖြစ်၏။
16 Ṣùgbọ́n nísinsin yìí, ẹ̀yin ń gbéraga nínú ìfọ́nnu yín, gbogbo irú ìfọ́nnu bẹ́ẹ̀, ibi ni.
၁၆ယခု သင် တို့သည် မိမိထောင်လွှား ခြင်း၌ ဝါကြွား ကြသေး၏။ ထိုသို့သောဝါကြွား ခြင်းရှိသမျှ သည် မကောင်း မသင့်ဖြစ် ၏။
17 Nítorí náà ẹni tí ó bá mọ rere í ṣe tí kò sì ṣe é, ẹ̀ṣẹ̀ ni fún un.
၁၇ထိုကြောင့် ၊ ကောင်း သောအကျင့် ကို သိ လျက် မ ကျင့် ဘဲနေသော သူ သည်အပြစ် ရှိ ၏။

< James 4 >