< Isaiah 7 >
1 Nígbà tí Ahasi ọmọ Jotamu ọmọ Ussiah jẹ́ ọba Juda, ọba Resini ti Aramu àti Peka ọmọ Remaliah ọba Israẹli gòkè wá láti bá Jerusalẹmu jà, ṣùgbọ́n wọn kò sì le è borí i rẹ̀.
၁ယုဒ ရှင်ဘုရင် ဩဇိ သား ဖြစ်သော၊ ယောသံ ၏ သား အာခတ် မင်းလက်ထက် ၌ ၊ ရှုရိ ရှင်ဘုရင် ရေဇိန် မင်း နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ မင်း၏သား ပေကာ မင်း တို့သည်၊ ယေရုရှလင် မြို့ကိုတိုက် ခြင်းငှါ ချီ လာကြ၏။ သို့ သော်လည်း၊ အကြံ မ မြောက်နိုင် ကြ။
2 Báyìí, a sọ fún ilé Dafidi pé, “Aramu mà ti lẹ̀dí àpò pọ̀ mọ́ Efraimu”; fún ìdí èyí, ọkàn Ahasi àti àwọn ènìyàn rẹ̀ wárìrì gẹ́gẹ́ bí igi oko ṣe ń wárìrì níwájú afẹ́fẹ́.
၂ရှုရိ ပြည်သည် ဧဖရိမ် ပြည်ကို အမှီပြု သည်ဟု ဒါဝိဒ် မင်းမျိုးကြားသောအခါ ၊ တော ၌သစ်ပင် တို့သည် လေ ကြောင့် လှုပ်ရှား သကဲ့သို့ ၊ မင်းကြီး ၏နှလုံး နှင့် ပြည်သား တို့၏နှလုံး သည် တုန်လှုပ် လျက်ရှိကြ၏။
3 Lẹ́yìn èyí, Olúwa sọ fún Isaiah pé, “Jáde, ìwọ àti ọ̀dọ́mọkùnrin rẹ Ṣeari-Jaṣubu láti pàdé Ahasi ní ìpẹ̀kun ìṣàn omi ti adágún òkè, ní òpópó ọ̀nà tí ó lọ sí pápá Alágbàfọ̀.
၃ထိုအခါ ထာဝရဘုရား သည် ဟေရှာယ ကို မိန့် တော်မူသည်ကား၊ သင်သည်သင် ၏သား ရှာယာရှုပ် နှင့် အတူသွား၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သော လမ်း ၊ အထက် ရေကန် ပြွန် ဝ ၌ အာခတ် မင်းကို ကြိုဆို ၍ တွေ့လျှင်၊ ဆင့် ဆိုရမည်မှာ၊
4 Sọ fún un, ‘Ṣọ́ra à rẹ, fi ọkàn balẹ̀, kí o má ṣe bẹ̀rù. Má ṣe ba ọkàn jẹ́ nítorí kùkùté igi ìdáná méjèèjì yìí, nítorí ìbínú gbígbóná Resini àti Aramu àti ti ọmọ Remaliah.
၄သတိပြု ၍ ငြိမ်သက် စွာနေလော့။ မီးခိုး ထွက် သော ဤထင်း စ နှစ် ခုတည်းဟူသော၊ ရှုရိ မင်းရေဇိန် နှင့် ရေမလိ ၏သား တို့သည် ပြင်း စွာအမျက် ထွက်သော်လည်း၊ မ စိုးရိမ် နှင့်၊ စိတ် မ ပျက် နှင့်။
5 Aramu, Efraimu àti Remaliah ti dìtẹ̀ ìparun rẹ, wọ́n wí pé,
၅ရှုရိ ပြည်၊ ဧဖရိမ် ပြည်၊ ရေမလိ သား တို့က၊ ငါတို့သည် ယုဒ ပြည်သို့ သွား ၍ နှောက်ယှက် ကြကုန်အံ့။
6 “Jẹ́ kí a kọlu Juda; jẹ́ kí a fà á ya pẹ́rẹpẹ̀rẹ, kí a sì pín in láàrín ara wa, kí a sì fi ọmọ Tabeli jẹ ọba lórí i rẹ̀.”
၆တိုက်ယူ ၍ ပြည် အလယ် မှာ တဗာလ ၏သား ကို မင်း အရာ၌ခန့် ထားကြကုန်အံ့ဟု သင့် တဘက်၌ မကောင်းသောအကြံ ကိုကြံကြသော်လည်း၊
7 Síbẹ̀ èyí ni ohun tí Olúwa Olódùmarè wí: “‘Èyí kò ní wáyé èyí kò le ṣẹlẹ̀,
၇ဘုရား ရှင် ထာဝရ ဘုရားက၊ ထိုအကြံမ တည် ရ။ ထိုသို့မ ဖြစ် ရ။
8 nítorí Damasku ni orí Aramu, orí Damasku sì ni Resini. Láàrín ọdún márùnlélọ́gọ́ta Efraimu yóò ti fọ́ tí kì yóò le jẹ́ ènìyàn mọ́.
၈ရှုရိ ပြည်၏ခေါင်း ကား၊ ဒမာသက် မြို့။ ဒမာသက် မြို့၏ခေါင်း ကား၊ ရေဇိန် မင်းဖြစ်ရ၏။ ဧဖရိမ် ပြည်၏ခေါင်း ကား၊ ရှမာရိ မြို့။ ရှမာရိ မြို့၏ခေါင်း ကား၊ ရေမလိ သား ဖြစ်ရ၏။
9 Orí Efraimu sì ni Samaria, orí Samaria sì ni ọmọ Remaliah. Bí ẹ̀yin kí yóò bá gbàgbọ́, lóòtítọ́, a kì yóò fi ìdí yín múlẹ̀.’”
၉သို့သော်လည်း၊ ခြောက်ဆယ် ငါး နှစ် အတွင်း တွင် ၊ ဧဖရိမ် ပြည်ကိုပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့ လိမ့်မည်။ သင်တို့သည်မ ယုံ လျှင် ၊ မ တည် ရကြဟုမိန့် တော်မူ၏။
10 Bákan náà Olúwa tún bá Ahasi sọ̀rọ̀,
၁၀တဖန် ထာဝရဘုရား က၊ သင် ၏ဘုရား သခင်ထာဝရဘုရား ထံ မှာ နိမိတ် လက္ခဏာကိုတောင်းပန် လော့။
11 “Béèrè fún àmì lọ́wọ́ Olúwa Ọlọ́run rẹ, bóyá ní ọ̀gbun tí ó jì jùlọ tàbí àwọn òkè tí ó ga jùlọ.” (Sheol )
၁၁နက် သောအရပ်၌ဖြစ်စေ ၊ မြင့် သောအထက် အရပ်၌ ဖြစ်စေ၊ တောင်းပန် လော့ဟု အာခတ် မင်းကို မိန့် တော်မူလျှင်၊ (Sheol )
12 Ṣùgbọ́n Ahasi sọ pé, “Èmi kì yóò béèrè; Èmi kò ní dán Olúwa wò.”
၁၂အာခတ် မင်းက၊ ကျွန်ုပ်မ တောင်းပန် ပါ။ ထာဝရဘုရား ကို မ စုံစမ်း ပါဟု ပြန်ပြော ၏။
13 Lẹ́yìn náà Isaiah sọ pé, “Gbọ́ ní ìsinsin yìí, ìwọ ilé Dafidi, kò ha tọ́ láti tán ènìyàn ní sùúrù, ìwọ yóò ha tan Ọlọ́run ní sùúrù bí?
၁၃ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ် အမျိုးသား တို့၊ နားထောင် ကြလော့။ သင် တို့သည် လူ ကိုငြီးငွေ့ စေသည် သာမက ၊ ငါ ကိုးကွယ်သော ဘုရား သခင်ကို ငြီးငွေ့ စေကြ မည်လော။
14 Nítorí náà, Olúwa fúnra ara rẹ̀ ni yóò fún ọ ní àmì kan. Wúńdíá kan yóò lóyún, yóò sì bí ọmọkùnrin kan, yóò sì pe orúkọ rẹ̀ ní Emmanueli.
၁၄ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။
15 Òun yóò jẹ wàrà àti oyin nígbà tí ó bá ní ìmọ̀ tó láti kọ ẹ̀bi àti láti yan rere.
၁၅ထိုသူသည် မကောင်း သောအရာကို ပယ် ၍ ၊ ကောင်း သောအရာကို ရွေး ယူတတ်သည်တိုင်အောင်၊ နို့ဓမ်း နှင့် ပျားရည် ကို စား ရလိမ့်မည်။
16 Ṣùgbọ́n kí ọ̀dọ́mọkùnrin náà tó mọ bí a ti ń kọ ẹ̀bi àti láti yan rere, ilẹ̀ àwọn ọba méjèèjì tí ń bà ọ́ lẹ́rù wọ̀nyí yóò ti di ahoro.
၁၆ထိုသူငယ် သည် မကောင်း သောအရာကိုမပယ် ၊ ကောင်း သောအရာကို မရွေး မ ယူတတ်မှီ၊ သင် ကြောက် သော ရှင်ဘုရင် နှစ်ဦး အစိုးရသောပြည် သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
17 Olúwa yóò mú àsìkò mìíràn wá fún ọ àti àwọn ènìyàn rẹ àti lórí ilé baba rẹ irú èyí tí kò sí láti ìgbà tí Efraimu ti yà kúrò ní Juda, yóò sì mú ọba Asiria wá.”
၁၇ဧဖရိမ် အမျိုးသည် ယုဒ အမျိုးနှင့် ကွာ သွားသောနေ့ မှစ၍ ၊ မ ဖြစ် ဘူးသော နေ့ရက် ကာလကို ထာဝရဘုရား သည် သင် ၏အပေါ် ၌၎င်း ၊ သင် ၏လူ များပေါ် ၌၎င်း ၊ သင် ၏အမျိုး ရင်းအပေါ် ၌၎င်း ရောက် စေတော်မူမည်။
18 Ní ọjọ́ náà ni Olúwa yóò súfèé pe àwọn eṣinṣin láti àwọn odò tó jìnnà ní Ejibiti wá, àti fún àwọn oyin láti ilẹ̀ Asiria.
၁၈ထို ကာလ ၌ အဲဂုတ္တု မြစ်လက် ကြားတို့ အနားမှာ ရှိသော ယင် ကောင်ကို၎င်း၊ အာရှုရိ ပြည် ၌ ရှိသော ပျား ကောင်ကို၎င်း နှိုးဆော် တော်မူသဖြင့်၊
19 Gbogbo wọn yóò sì wá dó sí gẹ̀rẹ́gẹ̀rẹ́ òkè àti pàlàpálá òkúta, lára koríko ẹ̀gún àti gbogbo ibi ihò omi.
၁၉သူတို့သည်လာ ၍ လူဆိတ်ညံ သောချိုင့် များ၊ ချောက် ကြား၊ တော အုံ၊ ကျက်စား ရာများအပေါ် မှာ အကုန် အစင်နား ကြလိမ့်မည်။
20 Ní ọjọ́ náà, Olúwa yóò lo abẹ fífẹ́lẹ́ tí a yá láti ìkọjá odò Eufurate, ọba Asiria, láti fá irun orí àti ti àwọn ẹsẹ̀ ẹ yín, àti láti mú irùngbọ̀n yín kúrò pẹ̀lú.
၂၀ထိုကာလ တွင် မြစ် ကြီးတဘက် ၌ နေသောသူ၊ အာရှုရိ ရှင်ဘုရင် တည်းဟူသော ငှါး သော သင်တုန်း ဖြင့် ထာဝရ ဘုရားသည် ဆံပင် နှင့် ခြေ မွေး ကို ရိတ် တော်မူ မည်။ မုတ်ဆိတ် ကိုလည်း ပယ်ရှင်း တော်မူမည်။
21 Ní ọjọ́ náà, ọkùnrin kan yóò máa sin ọ̀dọ́ abo màlúù kan àti ewúrẹ́ méjì.
၂၁ထို ကာလ ၌ လူ သည်နွားမ ကလေးတကောင်၊ သိုးဆိတ် နှစ် ကောင်ကိုမွေးစားလျှင်၊
22 Àti nítorí ọ̀pọ̀lọpọ̀ wàrà tí wọn yóò máa fún un, yóò ní wàràǹkàṣì láti jẹ. Gbogbo àwọn tí ó bá kù ní ilẹ̀ náà yóò jẹ wàràǹkàṣì àti oyin.
၂၂သူတို့၌များစွာ သော နို့ ကိုရ သဖြင့် နို့ဓမ်း ကို စား ရ၏။ ပြည် ၌ ကျန် ကြွင်းသမျှသော သူတို့သည် ထောပတ် နှင့် ပျားရည် ကို သာစား ရကြလိမ့်မည်။
23 Ní ọjọ́ náà, ni gbogbo ibi tí àjàrà tí ó tó ẹgbẹ̀rún ṣékélì fàdákà, ẹ̀gún àti ẹ̀wọ̀n nìkan ni yóò wà níbẹ̀.
၂၃ထိုအခါ စပျစ် နွယ်ပင်တထောင် ရှိ ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ် ဥယျာဉ်တိုင်း ၊ ဆူးပင် မျိုးသက်သက်ဖြစ် ရလိမ့်မည်။
24 Àwọn ènìyàn yóò máa lọ síbẹ̀ pẹ̀lú ọrun àti ọfà nítorí pé ẹ̀gún àti ẹ̀wọ̀n ni yóò bo gbogbo ilẹ̀ náà.
၂၄လေး နှင့် မြှား ကို ဆောင်လျက် ထို အရပ်သို့ သွား ကြလိမ့်မည်။ မြေ တပြင် လုံး၌ ဆူး ပင်မျိုးသက်သက်ဖြစ် ရလိမ့်မည်။
25 Àti ní orí àwọn òkè kéékèèké tí a ti ń fi ọkọ́ ro nígbà kan rí, ẹ kò ní lọ síbẹ̀ mọ́ nítorí ìbẹ̀rù ẹ̀gún àti ẹ̀wọ̀n, wọn yóò di ibi tí a ń da màlúù lọ, àti ibi ìtẹ̀mọ́lẹ̀ fún àwọn àgùntàn kéékèèké.
၂၅ပေါက်တူး နှင့် တူးဆွ ရာ တောင် ယာရှိသမျှ တို့ သည်၊ ဆူး ပင်မျိုးကြောင့် အဘယ်သူမျှမ ချည်း ဝံ့သဖြင့်၊ နွား လွတ် ၍ ကျက်စားရာ၊ သိုး ဆိတ်တို့ ကျော်နင်း ရာ ဖြစ် ရကြ လိမ့်မည်ဟု ဟော လေ၏။