< Isaiah 34 >

1 Súnmọ́ tòsí, ẹ̀yin orílẹ̀-èdè láti gbọ́, tẹ́tí sílẹ̀ ẹ̀yin ènìyàn jẹ́ kí ayé gbọ́, àti ẹ̀kún rẹ̀, ayé àti ohun gbogbo tí ó ti inú rẹ̀ jáde.
အိုလူမျိုးတို့၊ သင်တို့သည် ကြားရ အံ့သောငှါ ချဉ်းကပ်ကြလော့။ အို လူစုတို့၊ နားထောင်ကြလော့။ မြေကြီးနှင့် မြေကြီး၌ ပါသမျှသော အရာ၊ လောကဓာတ် နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါ စေ။
2 Nítorí ìbínú Olúwa ń bẹ lára gbogbo orílẹ̀-èdè, àti ìrunú rẹ̀ lórí gbogbo ogun wọn: o ti fi wọ́n fún pípa.
ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။
3 Àwọn ti a pa nínú wọn ni a ó sì jù sóde, òórùn wọn yóò ti inú òkú wọn jáde, àwọn òkè ńlá yóò sì yọ̀ nínú ẹ̀jẹ̀ wọn.
သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။
4 Gbogbo àwọn ogun ọ̀run ni yóò di yíyọ́, a ó sì ká àwọn ọ̀run jọ bí i tákàdá, gbogbo ogun wọn yóò si ṣubú lulẹ̀, bí ewé ti n bọ́ kúrò lára àjàrà, àti bí i bíbọ́ èso lára igi ọ̀pọ̀tọ́.
ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုဃ်းကောင်းကင်သည်စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။
5 Nítorí ti a rẹ idà mi ní ọ̀run, kíyèsi í, yóò sọ̀kalẹ̀ wá sórí Edomu, sórí àwọn ènìyàn tí mo ti parun fún ìdájọ́.
အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်း ကင်၌ ရောင့်ရဲပြီးမှ၊ တဖန် ဧဒုံပြည် အပေါ်မှာ၎င်း၊ ငါ ကျိန်သောလူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်။
6 Idà Olúwa kún fún ẹ̀jẹ̀ a mú un sanra fún ọ̀rá, àti fún ẹ̀jẹ̀ ọ̀dọ́-àgùntàn àti ewúrẹ́, fún ọ̀rá ìwé àgbò— nítorí Olúwa ni ìrúbọ kan ní Bosra, àti ìpakúpa ńlá kan ní ilẹ̀ Edomu.
ထာဝရဘုရား၏ ထားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏။
7 Àti àwọn àgbáǹréré yóò ba wọn sọ̀kalẹ̀ wá, àti àwọn ẹgbọrọ màlúù pẹ̀lú àwọn akọ màlúù, ilé wọn ni a ó fi ẹ̀jẹ̀ rin, a ó sì fi ọ̀rá sọ ekuru wọn di ọlọ́ràá.
ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။
8 Nítorí ọjọ́ ẹ̀san Olúwa ni, àti ọdún ìsanpadà, nítorí ọ̀ràn Sioni.
ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့ ၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ။
9 Odò rẹ̀ ni a ó sì sọ di ọ̀dà, àti eruku rẹ̀ di imí-ọjọ́, ilẹ̀ rẹ̀ yóò sì di ọ̀dà tí ń jóná.
ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့် လည်းကန့်၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည်။
10 A kì yóò pa á ní òru tàbí ní ọ̀sán; èéfín rẹ̀ yóò gòkè láéláé: yóò dahoro láti ìran dé ìran, kò sí ẹnìkan tí yóò là á kọjá láé àti láéláé.
၁၀နေ့ညဉ့်မပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ် တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ။
11 Òwìwí aginjù, àti àkàlà ni yóò ni ín, àti òwìwí àti ẹyẹ ìwò ni yóò máa gbé inú rẹ̀. Ọlọ́run yóò sì na sórí Edomu okùn ìwọ̀n ìparun àti òkúta òfo.
၁၁ဝံပိုငှက် နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေ ခံ၍၊ ဣဗိတ်ငှက် နှင့် ကျီးအတို့သည်လည်း နေကြလိမ့် မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း ၍၊ လဟာ မှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။
12 Ní ti àwọn ìjòyè rẹ̀ ẹnìkan kì yóò sí níbẹ̀ tiwọn ó pè wá sí ìjọba, gbogbo àwọn olórí i rẹ̀ yóò sì di asán.
၁၂မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ် တော် မရှိရ။ မင်းရိုးပြတ်ရလိမ့်မည်။
13 Ẹ̀gún yóò sì hù jáde nínú àwọn ààfin rẹ̀ wọ̀nyí, ẹ̀gún ọ̀gán nínú ìlú olódi rẹ̀. Yóò jẹ́ ibùgbé àwọn akátá àti àgbàlá fún àwọn òwìwí.
၁၃ဘုံဗိမာန်တို့၌၎င်း၊ ရဲတိုက်တို့၌၎င်း၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည်။
14 Àwọn ẹranko ijù àti àwọn ìkookò ni yóò pàdé, àti ewúrẹ́ igbó kan yóò máa kọ sí èkejì rẹ̀, iwin yóò máa gbé ibẹ̀ pẹ̀lú, yóò sì rí ibi ìsinmi fún ara rẹ̀.
၁၄ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ခိုလှုံရာကို တွေ့လိမ့်မည်။
15 Òwìwí yóò tẹ́ ìtẹ́ rẹ̀ síbẹ̀, yóò yé, yóò sì pa, yóò sì kójọ lábẹ́ òjìji rẹ̀: àwọn gúnnugún yóò péjọ síbẹ̀ pẹ̀lú, olúkúlùkù pẹ̀lú ẹnìkejì rẹ̀.
၁၅ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အ သိုက်လုပ်၍ ဥလိမ့်မည်။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာလိမ့်မည်။ လင်းတတို့သည်လည်း ထို အရပ်၌ စုဝေး၍၊ အထီး အမများ ပေါင်းကြလိမ့်မည်။
16 Ẹ wo ìwé Olúwa, kí ẹ sì kà. Ọ̀kan nínú ìwọ̀nyí kì yóò yẹ̀, kò sí ọ̀kan tí yóò fẹ́ èkejì rẹ̀ kù: nítorí Olúwa ti pàṣẹ ẹnu rẹ̀ ló sì fi kó wọn jọ Ẹ̀mí rẹ̀ ló sì fi tò wọ́n jọ.
၁၆ထာဝရဘုရား၏ ကျမ်းစာကို ကြည့်ရှု၍ ဘတ် ကြလော့။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ၏။
17 Ó ti di ìbò fún wọn, ọwọ́ rẹ̀ sì ti pín in fún wọn nípa títa okùn, wọn ó jogún rẹ̀ láéláé, láti ìran dé ìran ni wọn ó máa gbé inú rẹ̀.
၁၇သူတို့ကို စာရေးတံပြုလျက်၊ လက်တော်နှင့် မျဉ်း ကြိုးကို တန်းလျက်၊ သူတို့နေရာကို ခွဲဝေတော်မူ၏။ သူ တို့သည် ထိုပြည်ကို အမြဲအမွေခံ၍၊ အမျိုးအနွယ်အစဉ် အဆက်နေရကြလိမ့်မည်။

< Isaiah 34 >