< Isaiah 23 >
1 Ọ̀rọ̀-ìmọ̀ tí ó kan Tire. Hu, ìwọ ọkọ̀ ojú omi Tarṣiṣi! Nítorí a ti pa Tire run láìsí ilé tàbí èbúté. Láti ilẹ̀ Saipurọsi ni ọ̀rọ̀ ti wá sọ́dọ̀ wọn.
၁ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
2 Dákẹ́ jẹ́ẹ́, ẹ̀yin ènìyàn erékùṣù àti ẹ̀yin oníṣòwò ti Sidoni, ẹ̀yin tí àwọn a wẹ Òkun ti sọ dọlọ́rọ̀.
၂ပင်လယ်တွင်ကုန်ကူးလျက်ရှိသောဇိဒုန်ကုန် သည်တို့၊ ဟစ်အော်ငိုကြွေးကြလော့။ သင်တို့ သည်ထိုသူတို့အား၊-
3 Láti orí àwọn omi ńlá ni irúgbìn ìyẹ̀fun ti ilẹ̀ Ṣihori ti wá; ìkórè ti odò Naili ni owóòná Tire, òun sì ti di ibùjókòó ọjà fún àwọn orílẹ̀-èdè.
၃ပင်လယ်ရပ်ခြားသို့စေလွှတ်၍အီဂျစ် ပြည်မှထွက်သည့်ကောက်ပဲသီးနှံများ ကိုရောင်းဝယ်ကာလူမျိုးတကာတို့နှင့် ကုန်သွယ်မှုကိုပြုစေကြ၏။
4 Kí ojú kí ó tì ọ́, ìwọ Sidoni àti ìwọ àní ìwọ ilé ààbò ti Òkun, nítorí Òkun ti sọ̀rọ̀. “Èmi kò tí ì wà ní ipò ìrọbí tàbí ìbímọ rí Èmi kò tí ì wo àwọn ọmọkùnrin tàbí kí n tọ́ àwọn ọmọbìnrin dàgbà rí.”
၄အို ဇိဒုန်မြို့၊ သင်သည်အသရေပျက်လေပြီ။ ပင်လယ်နှင့်သမုဒ္ဒရာကြီးများ၏နက်နဲရာ အရပ်က``ငါ့မှာအဘယ်အခါကမျှသား သမီးများမရှိခဲ့။ ငါသည်ဘယ်သောအခါ ကမျှသားများကိုသော်လည်းကောင်း၊ သမီး များကိုသော်လည်းကောင်းမမွေးဖွားမပြု စုခဲ့'' ဟုဆိုကာသင့်ကိုစွန့်လွှတ်လိုက်လေပြီ။
5 Nígbà tí ọ̀rọ̀ bá dé Ejibiti, wọn yóò wà ní ìpayínkeke nípa ìròyìn láti Tire.
၅တုရုမြို့ပျက်စီးသွားသည့်သတင်းကို ကြားသောအခါအီဂျစ်အမျိုးသားတို့ ပင်လန့်ဖျပ်သွားကြကုန်၏။
6 Kọjá wá sí Tarṣiṣi; pohùnréré, ẹ̀yin ènìyàn erékùṣù.
၆အချင်းဖိုနီးရှားပြည်သူတို့၊ ဝမ်းနည်း လျက်ညည်းတွားမြည်တမ်းကြလော့။ စပိန် ပြည်သို့ထွက်ပြေးရန်ကြိုးစားကြလော့။-
7 Ǹjẹ́ èyí náà ni ìlú àríyá yín, ògbólógbòó ìlú náà, èyí tí ẹsẹ̀ rẹ̀ ti sìn ín lọ láti lọ tẹ̀dó sí ilẹ̀ tí ó jìnnà réré.
၇ဤမြို့သည်ရှေးအခါကတည်ထောင်ခဲ့သည့် မြို့၊ သာယာရွှင်လန်းခဲ့သည့်တုရုမြို့ဖြစ်နိုင် ပါသလော။ ဤမြို့သည်ကိုလိုနီနိုင်ငံများ တည်ထောင်ရန်ပင်လယ်ရပ်ခြားသို့လူများ ကိုစေလွှတ်နေထိုင်စေသည့်မြို့မဖြစ်နိုင် ပါသလော။-
8 Ta ló gbèrò èyí sí Tire, ìlú aládé, àwọn oníṣòwò ẹni tí ó jẹ́ ọmọ-aládé tí àwọn oníṣòwò wọ́n jẹ́ ìlúmọ̀míká ní orílẹ̀ ayé?
၈ကမ္ဘာပေါ်တွင်ဂုဏ်အသရေအရှိဆုံးဖြစ်သူ မင်းညီမင်းသားကုန်သည်များ၏ဧကရာဇ် နိုင်ငံ၊ မြို့တော်တုရုကိုဤသို့ဖြစ်ပျက်စေ ရန်ကြံစည်တော်မူသောသူမှာအဘယ်သူ ဖြစ်ပါသနည်း။-
9 Olúwa àwọn ọmọ-ogun ti ṣètò rẹ̀, láti tẹrí ìgbéraga àti ògo rẹ ba àti láti rẹ gbogbo àwọn ọlọ́lá ilé ayé sílẹ̀.
၉အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
10 Tu ilẹ̀ rẹ gẹ́gẹ́ bí i ti ipadò odò Ejibiti, ìwọ ọmọbìnrin Tarṣiṣi, nítorí ìwọ kò ní èbúté mọ́.
၁၀စပိန်ပြည်ရှိကိုလိုနီနိုင်ငံများမှလူတို့၊ သင်တို့သည်သွား၍လယ်ယာများကိုထွန် ယက်ကြလော့။ သင်တို့အားကာကွယ်စောင့် ရှောက်မည့်သူတစ်စုံတစ်ယောက်မျှမရှိ တော့ပေ။-
11 Olúwa ti na ọwọ́ rẹ̀ jáde sí orí Òkun ó sì mú kí àwọn ilẹ̀ ọba wárìrì. Ó ti pa àṣẹ kan tí ó kan Kenaani pé kí a pa ilé ààbò rẹ̀ run.
၁၁ထာဝရဘုရားသည်ပင်လယ်ပေါ်မှာ လက်တော်ကိုချိန်ရွယ်လျက် တိုင်းနိုင်ငံများ ကိုပျက်ပြုန်းစေတော်မူပြီ။ ဖိုနီးရှားတို့ ၏ကုန်သွယ်ရေးဌာနများကိုဖျက်ဆီး ပစ်ရန်လည်းအမိန့်ပေးတော်မူလေပြီ။-
12 Ó wí pé, “Kò sí àríyá fún ọ mọ́, ìwọ wúńdíá ti Sidoni, tí a ti tẹ̀ mọ́lẹ̀ báyìí! “Gbéra, rékọjá lọ sí Saipurọsi, níbẹ̀ pẹ̀lú o kì yóò ní ìsinmi.”
၁၂အို ဇိဒုန်မြို့၊ သင်သည်နောက်တစ်ဖန်သာယာ ရွှင်လန်းရတော့မည်မဟုတ်။ သင်၏လူတို့ သည်လည်းဖိနှိပ်ချုပ်ချယ်မှုကိုခံရလျက် ရှိ၏။ အကယ်၍သူတို့သည်ကုပရုပြည်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်ဆိုစေ ကာမူ ဘေးမဲ့လုံခြုံစွာနေရကြလိမ့်မည် မဟုတ်။
13 Bojú wo ilẹ̀ àwọn ará Babeli, àwọn ènìyàn tí kò jámọ́ nǹkan kan báyìí. Àwọn Asiria ti sọ ọ́ di ibùgbé àwọn ohun ẹranko aginjù; wọn ti gbé ilé ìṣọ́ ìtẹ̀gùn wọn sókè, wọ́n ti tú odi rẹ̀ sí ìhòhò wọ́n sì ti sọ ọ́ di ààtàn.
၁၃(တုရုမြို့ကို တောတိရစ္ဆာန်များခိုအောင်းရာ ဖြစ်စေသူတို့မှာ အာရှုရိအမျိုးသားများ မဟုတ်၊ ဗာဗုလုန်အမျိုးသားများသာဖြစ် ၏။ သူတို့သည်ခံတပ်မြို့စင်မြင့်များကို တည်ဆောက်ပြီးလျှင်၊ ခံတပ်တို့ကိုဖြိုချ ကာတုရုမြို့ကိုဖျက်ဆီး၍ထားခဲ့ကြ၏။)
14 Hu, ìwọ ọkọ̀ ojú omi Tarṣiṣi; wọ́n ti pa odi rẹ̀ run!
၁၄သမုဒ္ဒရာတွင်ရောက်ရှိနေသူအချင်းသင်္ဘော သားတို့၊ ဝမ်းနည်းလျက်ညည်းတွားမြည်တမ်း ကြလော့။ သင်တို့ယုံကြည်အားထားရာမြို့ သည်ပြိုပျက်သွားလေပြီ။
15 Ní àkókò náà a ó gbàgbé Tire fún àádọ́rin ọdún, ọjọ́ ayé ọba kan. Ṣùgbọ́n ní òpin àádọ́rin ọdún wọ̀nyí, yóò ṣẹlẹ̀ sí Tire gẹ́gẹ́ bí orin àgbèrè:
၁၅ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊ ``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊ သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။ သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့'' အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။
16 “Mú dùùrù kan, rìn kọjá láàrín ìlú, ìwọ àgbèrè tí a ti gbàgbé; lu dùùrù dáradára, kọ ọ̀pọ̀ orin, kí a lè ba à rántí rẹ.”
၁၆
17 Ní òpin àádọ́rin ọdún náà, Olúwa yóò bá Tire jà. Òun yóò sì padà sí àyálò rẹ̀ gẹ́gẹ́ bí panṣágà, yóò sì máa ṣe òwò rẹ̀ pẹ̀lú àwọn ilẹ̀ ọba tí ó wà ní ilẹ̀ ayé.
၁၇အနှစ်ခုနစ်ဆယ်ကုန်လွန်သောအခါ၊ ထာဝရ ဘုရားသည်တုရုမြို့အားရှေးအခါကနည်း တူ တစ်ဖန်ပြန်၍ကုန်သွယ်ရန်ခွင့်ပြုတော်မူ လိမ့်မည်။ ထိုမြို့သည်ကမ္ဘာပေါ်ရှိနိုင်ငံတကာ ၏အစေကိုခံလိမ့်မည်။-
18 Síbẹ̀síbẹ̀ èrè rẹ̀ àti owó iṣẹ́ rẹ̀ ni a ó yà sọ́tọ̀ fún Olúwa; a kò ní kó wọn pamọ́ tàbí kí a há wọn mọ́wọ́. Ère rẹ̀ ni a ó fi fún àwọn tí ó ń gbé níwájú Olúwa, fún ọ̀pọ̀lọpọ̀ oúnjẹ àti aṣọ.
၁၈ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။