< Isaiah 22 >

1 Ọ̀rọ̀-ìmọ̀ tí ó jẹ mọ́ àfonífojì ìran. Kí ni ó ń dààmú yín báyìí, tí gbogbo yín fi gun orí òrùlé lọ?
ဗျာဒိတ် ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ် တော် ကား၊ သင့် တမြို့လုံး သည် အိမ်မိုး ပေါ် သို့ တက် ရမည် အကြောင်း ၊ အဘယ် အမှု ရောက်သနည်း။
2 Ìwọ ìlú tí ó kún fún rúkèrúdò, ìwọ ìlú àìtòrò òun rògbòdìyàn a kò fi idà pa àwọn òkú rẹ, bẹ́ẹ̀ ni wọn kò kú ní ojú ogun.
အထက်က အသံ ဗလံများ ၍ အုတ်အုတ် ကျက်ကျက်ပြုတတ်သောမြို့ ၊ ရွှင်လန်း သောမြို့ ၊ သင်၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံး ကြသည်မ ဟုတ်။ စစ် တိုက်ရာမှာ သေ ကြသည် မ ဟုတ်။
3 Gbogbo àwọn olórí i yín ti jùmọ̀ sálọ; a ti kó wọn nígbèkùn láìlo ọfà. Ẹ̀yin tí a mú ni a ti kó lẹ́rú papọ̀, lẹ́yìn tí ẹ ti sá nígbà tí ọ̀tá ṣì wà lọ́nà jíjìn réré.
သင် ၏ မင်း အပေါင်း တို့သည် အတူ ပြေး ကြ၏။ လေး သမားတို့ လက်၌ ချည်နှောင် လျက်ရှိကြ၏။ တွေ့ သမျှ သောသင် ၏ လူတို့သည် အဝေး သို့ ပြေး သော်လည်း၊ အတူ ချည်နှောင် လျက်ရှိကြ၏။
4 Nítorí náà ni mo wí pé, “Yípadà kúrò lọ́dọ̀ mi: jẹ́ kí n sọkún kíkorò. Má ṣe gbìyànjú àti tù mí nínú nítorí ìparun àwọn ènìyàn mi.”
ထိုကြောင့် ငါဆို သည်ကား၊ ငါ့ ကိုမကြည့် ပါနှင့်။ ပြင်း စွာငို ရမည်။ ငါ့ အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါ့ စိတ် ပြေစေခြင်းငှါ မ ကြိုးစား ပါနှင့်။
5 Olúwa, Olúwa àwọn ọmọ-ogun ní ọjọ́ kan tí rúkèrúdò àti rògbòdìyàn àti ẹ̀rùjẹ̀jẹ̀ ní àfonífojì ìmọ̀, ọjọ́ tí a ń wó ògiri lulẹ̀ àti sísun ẹkún lọ sí àwọn orí òkè.
ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည်၊ ဗျာဒိတ် ရူပါရုံချိုင့် တွင် စီရင်တော်မူသဖြင့် ၊ ဒုက္ခခံ ရာကာလ ၊ နှိပ်စက် နှောင့်ရှက် ရာကာလ၊ မြို့ရိုး ကို ဖြို ၍ တောင် တို့ကို အော်ဟစ် ရာကာလသည် ရောက်လေပြီ။
6 Elamu mú apó-ọfà lọ́wọ́, pẹ̀lú àwọn agun-kẹ̀kẹ́-ogun àti àwọn ẹṣin, Kiri yọ àpáta rẹ̀ síta.
ဧလံ အမျိုးသည် မြှားတောင့် ကို ဆောင် လျက်၊ ရထား စီးသူရဲ ၊ မြင်း စီးသူရဲ တို့နှင့်တကွ လာ၏။ ကိရ အမျိုးသည် ဒိုင်း လွှားကို ထုတ် လေ၏။
7 Àyànfẹ́ àfonífojì rẹ kún fún kẹ̀kẹ́ ogun, àwọn ẹlẹ́ṣin ni a gbá jọ sí ẹnu-bodè ìlú.
သင် ၏ အမြတ်ဆုံးသော ချိုင့် တို့သည် ရထား နှင့် ပြည့် ကြ၏။ မြင်း စီးသူရဲတို့သည် မြို့တံခါး ရှေ့ မှာ တပ် ချ ကြ၏။
8 Gbogbo ààbò Juda ni a ti ká kúrò. Ìwọ sì gbójú sókè ní ọjọ́ náà sí àwọn ohun ìjà ní ààfin ti inú aginjù.
ယုဒ ပြည်ကို ဖွင့်လှစ် သည် ဖြစ်၍ ၊ သင်သည် ထို အခါ လက်နက် စုံ သိုထားရာ၊ တော နန်း တော်သို့ ကြည့် ရှုလိမ့်မည်။
9 Ìwọ rí i pé ìlú u Dafidi ní ọ̀pọ̀lọpọ̀ ààyè níbi ààbò rẹ̀, ìwọ ti tọ́jú omi sínú adágún ti ìsàlẹ̀.
ဒါဝိဒ် ၏မြို့ အပြို အပျက်များ သည်ကို သင်၏ လူတို့သည် မှတ် ရကြလိမ့်မည်။ အောက် ရေကန် မှထွက် သော ရေ ကို စုဝေး စေကြလိမ့်မည်။
10 Ìwọ ka àwọn ilé tí ó wà ní Jerusalẹmu ó sì wó ọ̀pọ̀lọpọ̀ ilé lulẹ̀ láti fún ògiri lágbára.
၁၀ယေရုရှလင် မြို့၌ ရှိသောအိမ် များကို ရေတွက် ကြလိမ့်မည်။ မြို့ရိုး ကို ပြုပြင် လိုသောငှါ ၊ အိမ် များကို ဖြိုဖျက် ကြလိမ့်မည်။
11 Ìwọ mọ agbemi sí àárín ògiri méjì fún omi inú adágún àtijọ́, ṣùgbọ́n ìwọ kò wo ẹni tí ó ṣe é tẹ́lẹ̀ tàbí kí o kọbi ara sí ẹni tí ó gbèrò rẹ̀ ní ìgbà pípẹ́ sẹ́yìn.
၁၁ရေကန် ဟောင်း မှထွက်သော ရေ စုဝေးရာကို လည်း၊ မြို့ရိုး နှစ်ထပ်စပ်ကြား တွင် လုပ် ကြလိမ့်မည်။ သို့ရာတွင် ၊ ဤအမှု ကို စီရင် တော်မူသောသူကို သင်တို့သည် မ ကြည့် မမှတ် တတ်ကြ။ ရှေး က ဖန်ဆင်း တော်မူသောသူကို ပမာဏ မ ပြု တတ်ကြ။
12 Olúwa, àní Olúwa àwọn ọmọ-ogun, pè ọ́ ní ọjọ́ náà láti sọkún kí o sì pohùnréré, kí o tu irun rẹ dànù kí o sì da aṣọ ọ̀fọ̀ bora.
၁၂ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
13 Ṣùgbọ́n wò ó, ayọ̀ àti ayẹyẹ wà; màlúù pípa àti àgùntàn pípa, ẹran jíjẹ àti ọtí wáìnì mímu! Ẹ̀yin wí pé, “Jẹ́ kí a jẹ kí a mu, nítorí pé lọ́la àwa ó kú!”
၁၃ကြည့် ပါ။ ဝမ်းမြောက် ရွှင်လန်း ခြင်းအမှု၊ သိုး နွား များကိုသတ် ခြင်း၊ အမဲသား စား ခြင်း၊ စပျစ်ရည် သောက် ခြင်း အမှုကို ပြုလျက်၊ ငါတို့သည် စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရ ကြမည်ဟု ပြောဆို ကြသည် တကား။
14 Olúwa àwọn ọmọ-ogun ti sọ èyí di mí mọ̀ létí ì mi: “Títí di ọjọ́ ikú yín a kò ní ṣe ètùtù fún ẹ̀ṣẹ̀ yìí,” ni Olúwa wí, àní Olúwa àwọn ọmọ-ogun.
၁၄ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ့ နား ၌ ဗျာဒိတ် ပေးတော်မူသည်ကား၊ အကယ် စင်စစ်သင် တို့အပြစ် သည် သင်တို့မသေ မချင်းတိုင်အောင် မ ပြေ မရှင်းရဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူ၏။
15 Èyí ni ohun tí Olúwa, àní Olúwa àwọn ọmọ-ogun wí, “Lọ, sọ fún ìríjú yìí pé, fún Ṣebna, ẹni tí ààfin wà ní ìkáwọ́ rẹ̀.
၁၅ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူသည်ကား၊ ဘဏ္ဍာ တော်စိုး၊ နန်းတော် အုပ် ရှေဗန အိမ်သို့ သွား ပြီးလျှင်၊
16 Kí ni ohun tí ò ń ṣe níhìn-ín yìí àti pé ta ni ó sì fún ọ ní àṣẹ láti gbẹ́ ibojì kan fún ara rẹ níhìn-ín yìí, tí ó gbẹ́ ibojì ní ibi gíga tí ó sì gbẹ́ ibi ìsinmi rẹ nínú àpáta?
၁၆မြင့် သော အရပ်၌ ကိုယ် သင်္ချိုင်း တွင်းကို ထွင်း ၍၊ ကိုယ် နေရာ ကို ကျောက် ၌ ထုလုပ် သောသူ၊ သင်သည် ဤ အရပ်၌ သင်္ချိုင်း တွင်းကို ကိုယ် အဘို့ ထွင်း စေခြင်းငှါ ၊ ဤ အရပ် နှင့် အဘယ် သို့ဆိုင်သနည်း။
17 “Kíyèsára, Olúwa fẹ́ gbá ọ mú gírígírí kí ó sì jù ọ́ nù, ìwọ ọkùnrin alágbára.
၁၇ထာဝရဘုရား သည် ပြင်းစွာ သော နှင်ထုတ် ခြင်း ဖြင့် သင့် ကို နှင်ထုတ် တော်မူလိမ့်မည်။ သင့် ကို အမှန် ကိုင် ဘမ်း၍၊
18 Òun yóò ká ọ rúgúdù bí i òkìtì yóò sì sọ ọ́ sí orílẹ̀-èdè ńlá kan. Níbẹ̀ ni ìwọ yóò sì kú sí àti níbẹ̀ pẹ̀lú ni àwọn kẹ̀kẹ́ ogun àràmọ̀ǹdà rẹ yóò wà— ìwọ di ìtìjú sí ilé ọ̀gá rẹ!
၁၈တလိမ့်လိမ့် လှိမ့် လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ် သောပြည် သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထို ပြည်၌ သေ ရလိမ့်မည်။ ထို ပြည်၌ လည်း သင် ၏ ကြက်သရေ ရထား တို့သည်၊ သင့် အရှင် ၏ အမျိုး အရှက်ကွဲ စရာ ဖြစ်ရကြလိမ့်မည်။
19 Èmi yóò yọ ọ́ kúrò ní ipò rẹ, a ó sì lé ọ kúrò ní ipò rẹ.
၁၉ငါသည်လည်း သင် ၏ အရာ ကို နှုတ် မည်။ သင် ၏ နေရာ မှ သင့် ကိုချ မည်။
20 “Ní ọjọ́ náà. Èmi yóò ké sí ọmọ ọ̀dọ̀ mi, Eliakimu ọmọ Hilkiah.
၂၀ထို ကာလ ၌ ငါ့ ကျွန် ၊ ဟိလခိ ၏ သား ဧလျာကိမ် ကို ငါခေါ် ၍၊
21 Èmi yóò fi aṣọ rẹ wọ̀ ọ́, n ó sì so ẹ̀wọ̀n rẹ mọ́ ọn ní ọrùn, èmi ó sì gbé àṣẹ rẹ lé e lọ́wọ́. Òun yó sì jẹ́ baba fún gbogbo olùgbé e Jerusalẹmu àti fún ilé e Juda.
၂၁သင် ၏ဝတ်လုံ နှင့် ဝတ်ဆင် စေမည်။ သင် ၏ ခါးစည်း နှင့် ချီးမြှောက် ၍ ၊ သင် ၏ အစိုးရ သောအခွင့်ကို အပ် ပြီးလျှင် ၊ သူသည် ယေရုရှလင် မြို့သူ၊ ယုဒ အမျိုးသား တို့၏ အဘ ဖြစ် လိမ့်မည်။
22 Èmi yóò sì fi kọ́kọ́rọ́ ilé e Dafidi lé e ní èjìká; ohunkóhun tí ó bá ṣí, ẹnikẹ́ni kì yóò lè ti, ohunkóhun tí ó bá sì tì, ẹnikẹ́ni kì yóò le è ṣí.
၂၂ဒါဝိဒ် မင်းမျိုး ၏ တံခါးသော့ ကိုသူ ၏ ပခုံး ပေါ် မှာ ငါတင် ထားသဖြင့် ၊ သူသည် အဘယ် သူမျှမပိတ် နိုင် အောင် ဖွင့် လိမ့်မည်။ အဘယ်သူမျှမ ဖွင့် နိုင်အောင် ပိတ် လိမ့်မည်။
23 Èmi yóò sì kàn mọ́lẹ̀ bí èèkàn tí ó dúró gírígírí ní ààyè e rẹ̀; òun yóò sì jẹ́ ibùjókòó ọlá fún ilé baba rẹ̀.
၂၃မြဲ သော အရပ် ၌ စွဲသောတံစို့ ကဲ့သို့သူ့ ကိုငါစွဲ စေမည်။ သူသည် မိမိ အဘ ၏ အိမ် ၌ ကြက်သရေ ပလ္လင် ဖြစ် လိမ့်မည်။
24 Gbogbo ògo ìdílé rẹ̀ ni wọn yóò sì fi kọ ní ọrùn: ìran rẹ̀ àti àrọ́mọdọ́mọ rẹ̀, gbogbo ohun èlò ife, títí dé orí ago ọtí.
၂၄သူ ၏ အဘ အိမ် ၌ ရှိသမျှ သော ဘုန်း အသရေ၊ အမျိုး အနွယ်၊ အမြတ်အယုတ် ၊ ခွက်ဖလားရှိသမျှ ၊ အင်တုံ ၊ အိုး အမျိုးမျိုး တို့ကို သူ ၌ ဆွဲ ထားကြလိမ့်မည်။
25 “Ní ọjọ́ náà,” ni Olúwa àwọn ọmọ-ogun wí, “Èèkàn tí a kàn mọ́lẹ̀ gírígírí ní ààyè e rẹ̀ yóò yẹrí, yóò dẹ̀gbẹ́ yóò sì fẹ̀gbẹ́ lélẹ̀ àti ẹrù tí ó létéńté lórí i rẹ̀ ni a ó gé lulẹ̀.” Olúwa ni ó ti sọ ọ́.
၂၅ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် မြဲ သောအရပ် ၌ အရင်စွဲ သောတံစို့ သည် နေရာမှရွှေ့ ၍ ၊ ခုတ် လှဲခြင်းကိုခံရလိမ့်မည်။ သူ ၌ ဆွဲထားသော ဥစ္စာ သည်လည်း ၊ ခုတ် ပယ်ခြင်းကိုခံရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။

< Isaiah 22 >