< Isaiah 15 >

1 Ọ̀rọ̀-ìmọ̀ tí ó kan Moabu, a pa Ari run ní Moabu, òru kan ní a pa á run! A pa Kiri run ní Moabu, òru kan ní a pa á run!
ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-
2 Diboni gòkè lọ sí tẹmpili rẹ̀, sí àwọn ibi gíga rẹ̀ láti sọkún, Moabu pohùnréré lórí Nebo àti Medeba. Gbogbo orí ni a fá gbogbo irùngbọ̀n ni a gé dànù.
ဒိ​ဘုန်​မြို့​သား​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​သို့ သွား​ရောက်​ငို​ကြွေး​ရန်​တောင်​ပေါ်​သို့ တက်​ကြ​၏။ မော​ဘ​ပြည်​သူ​တို့​သည်​လည်း နေ​ဗော​မြို့​နှင့်​မေ​ဒ​ဘ​မြို့​အ​တွက်​ဝမ်း​နည်း သ​ဖြင့်​အော်​ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သူ​တို့ သည်​ဝမ်း​နည်း​ခြင်း​အ​ထိမ်း​အ​မှတ်​ဖြင့် ဆံ​ပင်​နှင့် မုတ်​ဆိတ်​များ​ကို​ရိတ်​ပစ်​ကြ​လေ သည်။-
3 Wọ́n wọ aṣọ ọ̀fọ̀ ní ojú òpópónà, ní àwọn òrùlé àti àwọn gbàgede ìlú. Wọ́n pohùnréré, wọ́n dọ̀bálẹ̀ pẹ̀lú ẹkún.
လမ်း​များ​ပေါ်​ရှိ​လူ​တို့​သည်​လျှော်​တေ​ကို ဝတ်​ထား​ကြ​၏။ မြေ​ကွက်​လပ်​များ​နှင့်​အိမ် ခေါင်​မိုး​များ​အ​ပေါ်​၌​လည်း​ဝမ်း​နည်း ကြေ​ကွဲ​မှု​ကို​ပြ​၍​ငို​ကြွေး​ကြ​၏။-
4 Heṣboni àti Eleale ké sóde, ohùn wọn ni a gbọ́ títí fi dé Jahasi. Nítorí náà ni àwọn ọmọ-ogun Moabu ṣe kígbe tí ọkàn wọn sì rẹ̀wẹ̀sì.
ဟေ​ရှ​ဘုန်​နှင့်​ဧ​လာ​လေ​မြို့​သူ​မြို့​သား​တို့ သည်​အော်​ဟစ်​ငို​ကြွေး​ကြ​ရာ သူ​တို့​ငို​ကြွေး သံ​ကို​ယာ​ဟတ်​မြို့​တိုင်​အောင်​ကြား​ရ​သ​ဖြင့် မော​ဘ​စစ်​သူ​ရဲ​များ​ပင်​လျှင်​တုန်​လှုပ်​ချောက် ချား​ကာ​ကြောက်​စိတ်​ဝင်​၍​လာ​ကုန်​၏။-
5 Ọkàn mi kígbe sókè lórí Moabu; àwọn ìsáǹsá rẹ sálà títí dé Soari, títí fi dé Eglati-Ṣeliṣi. Wọ́n gòkè lọ títí dé Luhiti wọ́n ń sọkún bí wọ́n ti ń lọ, ní òpópónà tí ó lọ sí Horonaimu wọ́n ń pohùnréré ìparun wọn.
ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-
6 Gbogbo omi Nimrimu ni ó ti gbẹ àwọn koríko sì ti gbẹ, gbogbo ewéko ti tán ewé tútù kankan kò sí mọ́.
နိ​မ​ရိမ်​ချောင်း​သည်​ခန်း​ခြောက်​လျက် ချောင်း​နံ ဘေး​ရှိ​မြက်​တို့​သည်​လည်း​ခြောက်​သွေ့​ခဲ့​ပြီ ဖြစ်​၍​စိမ်း​စို​နေ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​မ​ရှိ​တော့​ပေ။-
7 Báyìí gbogbo ọrọ̀ tí wọ́n ti ní tí wọ́n sì tò jọ wọ́n ti kó wọn kọjá lọ lórí i gẹ̀rẹ́gẹ̀rẹ́ odò Poplari.
လူ​တို့​သည်​မိ​မိ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ယူ​၍ မိုး​မ​ခ​ပင်​ချိုင့်​ဝှမ်း​ကို​ဖြတ်​ကျော်​ထွက် ပြေး​ရန်​ကြိုး​စား​ကြ​၏။-
8 Gbohùngbohùn ń gba igbe wọn dé ìpẹ̀kun ilẹ̀ Moabu; ìpohùnréré wọn lọ títí dé Eglaimu, igbe ẹkún wọn ni a gbọ́ títí dé kànga Elimu.
မော​ဘ​ပြည်၊ နယ်​စပ်​အ​နှံ့​အ​ပြား​တွင်​ငို ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရကြ​၏။ ထို အ​သံ​ကို​ဧ​ဂ​လိမ်​မြို့​နှင့်​ဗေ​ရ​ဧ​လိမ်​မြို့ မှ​ပင်​ကြား​ရ​ကြ​လေ​သည်။-
9 Omi Dimoni kún fún ẹ̀jẹ̀, síbẹ̀ èmi ó tún mu ohun tí ó jù báyìí lọ wá sórí Dimoni— kìnnìún kan wá sórí àwọn ìsáǹsá Moabu àti lórí àwọn tí ó tún ṣẹ́kù sórí ilẹ̀ náà.
ဒိ​ဘုန်​မြို့​၌​မြစ်​ရေ​သည်​သွေး​များ​ဖြင့်​နီ မြန်း​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​မြို့​မှ​လူ​တို့​သည်​ပို​မို​ဆိုး​ရွား​သည့်​ဘေး အန္တ​ရာယ်​ကို​စီ​မံ​ထား​တော်​မူ​လေ​ပြီ။ မော​ဘ ပြည်​တွင်​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ​သည် ထို​အ​ရပ်​တွင်​ရက်​စက်​ကြမ်း​ကြုတ်​စွာ အ​သတ်​အ​ဖြတ်​ခံ​ရ​ကြ​လိမ့်​မည်။

< Isaiah 15 >