< Isaiah 14 >

1 Olúwa yóò fi àánú hàn fún Jakọbu, yóò tún Israẹli yàn lẹ́ẹ̀kan sí i yóò sì fi ìdí wọn kalẹ̀ ní ilẹ̀ àwọn tìkára wọn. Àwọn àjèjì yóò darapọ̀ mọ́ wọn, wọn yóò sì fọwọ́sowọ́pọ̀ pẹ̀lú ilé e Jakọbu.
အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။
2 Àwọn orílẹ̀-èdè yóò gbà wọ́n wọn yóò sì mú wọn wá sí ààyè e wọn. Ilé Israẹli yóò gba àwọn orílẹ̀-èdè gẹ́gẹ́ bí àwọn ẹrúkùnrin àti ẹrúbìnrin ní ilẹ̀ Olúwa. Wọn yóò kó àwọn akónilẹ́rú wọn ní ìgbèkùn wọn yóò sì jẹ ọba lórí àwọn amúnisìn wọn.
တပါးအမျိုးသား တို့သည် သူ တို့ကို နေရင်း အရပ် သို့ ပို့ဆောင် ကြလိမ့်မည်။ ဣသရေလ အမျိုးသား တို့ သည် တပါးအမျိုးသား တို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန် နှင့် ကျွန်မ အရာ၌ ထား၍ စေစားကြ လိမ့်မည်။ အထက်က သိမ်း သွားဘူးသောသူတို့ ကို တဖန် သိမ်း ယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲ ဘူးသောသူတို့ ကိုလည်း အုပ်စိုး ကြလိမ့်မည်။
3 Ní ọjọ́ tí Olúwa yóò fi ìtura fún un yín kúrò nínú ìpọ́njú àti ìyà àti ìdè ìkà,
ထိုအခါ ထာဝရဘုရား သည် သင့် ကို ငြိုငြင် ခြင်း၊ စိုးရိမ် ခြင်း၊ သူတပါး စေစား၍ ဆင်းရဲ စွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော်မူလျှင်၊
4 ẹ ó sì fi ọ̀rọ̀ àbùkù yìí kan ọba Babeli pé, báwo ni amúnisìn ṣe wá sí òpin! Báwo ni ìbínú rẹ̀ ṣe parí!
သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
5 Olúwa ti dá ọ̀pá ìkà náà, ọ̀pá àwọn aláṣẹ,
လူ သတ္တဝါတို့ကို အမျက် ထွက်၍ ၊ အစဉ်မပြတ်ရိုက် ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာန စိတ်နှင့် အုပ်စိုး၍၊ အစဉ် မပြတ်ညှဉ်းဆဲ ခြင်းကို ပြုသောအဓမ္မ လူတို့၏တောင်ဝေး ကို၎င်း၊
6 èyí tí ó ti lu àwọn ènìyàn bolẹ̀ pẹ̀lú ti kò dáwọ́ dúró, nínú ìrunú ni ó ṣẹ́gun àwọn orílẹ̀-èdè pẹ̀lú ìgbónára tí kò lópin.
ထိုသို့အစိုးရ သောသူတို့ ၏ ရာဇ လှံတံကို၎င်း၊ ထာဝရဘုရား ချိုး တော်မူပြီ။
7 Gbogbo ilẹ̀ ni ó wà ní ìsinmi àti àlàáfíà, wọ́n bú sí orin.
မြေ တပြင်လုံး သည် ငြိမ်ဝပ် ချမ်းသာ ခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်း ဆိုသံနှင့် ကြွေးကြော် ကြ၏။
8 Pẹ̀lúpẹ̀lú àwọn igi junifa àti àwọn igi kedari ti Lebanoni ń yọ̀ lórí rẹ wí pé, “Níwọ́n bí a ti rẹ̀ ọ́ sílẹ̀ báyìí, kò sí agégi tí yóò wá láti gé wa lulẹ̀.”
ထင်းရှုး ပင်နှင့် လေဗနုန် အာရဇ် ပင်တို့က၊ သင်တို့သည် လဲ ပြီးသည်နောက်၊ ငါ တို့ကို ခုတ်လှဲ သောသူသည်မ တက် မလာရဟု သင့် ကို ရည်ဆောင်၍ ဝမ်းမြောက် ကြ၏။
9 Ibojì tí ó wà ní ìsàlẹ̀ ni a ru sókè láti pàdé rẹ ní ìpadàbọ̀ rẹ̀ ó ru ẹ̀mí àwọn tí ó ti lọ sókè láti wá kí ọ gbogbo àwọn tí ó jẹ́ olórí ní ayé ó mú kí wọn dìde lórí ìtẹ́ wọn gbogbo àwọn tí ó jẹ ọba lórí àwọn orílẹ̀-èdè. (Sheol h7585)
သင် သည် ရောက် လာသောအခါ၊ အောက် အရပ် မရဏာ နိုင်ငံသည် ကြိုဆို အံ့သောငှါ လှုပ် လေ၏။ သင်္ချိုင်း သားများနှင့် လောကီ မင်း များအပေါင်း တို့ကို သင့် အတွက် ကြောင့် နှိုးဆော် လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်း တို့ကို ရာဇပလ္လင် တို့မှ ထ စေ၏။ (Sheol h7585)
10 Gbogbo wọn yóò dáhùn, wọn yóò wí fún ọ wí pé, “Ìwọ pẹ̀lú ti di aláìlera, gẹ́gẹ́ bí àwa pẹ̀lú ìwọ náà ti dàbí wa.”
၁၀ထိုသူ အပေါင်း တို့က၊ သင် သည်လည်း ငါ တို့ကဲ့သို့ အားနည်း ပါသည်တကား။ ငါ နှင့် တူ ပါသည် တကား။
11 Gbogbo rẹ̀ ni ó di ìrẹ̀sílẹ̀ lọ sí ibojì, pẹ̀lú ariwo àwọn dùùrù rẹ, àwọn ìdin ni wọ́n fọ́nkálẹ̀ lábẹ́ rẹ àwọn ekòló sì ti bò ọ́ mọ́lẹ̀. (Sheol h7585)
၁၁သင် ၏ ဘုန်း အသရေနှင့် သင် ၏ တုရိယာ မျိုး အသံ ဗလံတို့ကို မရဏ နိုင်ငံတွင် ရှုတ်ချ လေပြီတကား။ သင့် အောက် ၌ ပိုး ကောင်များကို ခင်း လျက် ၊ သင့် အပေါ်၌ တီ ကောင်များကို ခြုံ လျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြော ဆိုကြလိမ့်မည်။ (Sheol h7585)
12 Báwo ni ìwọ ṣe ṣubú lulẹ̀ láti ọ̀run wá, ìwọ ìràwọ̀ òwúrọ̀, ọmọ òwúrọ̀ náà! A ti sọ ọ́ sílẹ̀ sínú ayé, ìwọ tí o ti tẹ orí àwọn orílẹ̀-èdè ba rí!
၁၂အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။
13 Ìwọ sọ nínú ọkàn rẹ pé, “Èmi yóò gòkè lọ sí ọ̀run; èmi yóò gbé ìtẹ́ mi sókè ga ju àwọn ìràwọ̀ Ọlọ́run, Èmi yóò gúnwà ní orí òkè àpéjọ ní ṣóńṣó orí òkè mímọ́.
၁၃သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။
14 Èmi yóò gòkè lọ rékọjá àwọn àwọsánmọ̀; èmi yóò ṣe ara mi gẹ́gẹ́ bí Ọ̀gá-ògo.”
၁၄မိုဃ်းတိမ် ထိပ် ပေါ် သို့ ငါတက် မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ငါနေ မည်ဟုစိတ် အကြံရှိ လေပြီ။
15 Ṣùgbọ́n a ti rẹ̀ ọ́ sílẹ̀ wọ inú ibojì lọ lọ sí ìsàlẹ̀ ọ̀gbun. (Sheol h7585)
၁၅သို့ သော်လည်း၊ သင်သည်မရဏာ နိုင်ငံ၊ သင်္ချိုင်း တွင်း ထဲသို့ နှိမ့်ချ ခြင်းကို ခံရလေပြီ။ (Sheol h7585)
16 Àwọn tí ó rí ọ yóò tẹjúmọ́ ọ, wọ́n ronú nípa àtubọ̀tán rẹ: “Ǹjẹ́ èyí ni ẹni tí ó mi ayé tìtì tí ó sì jẹ́ kí àwọn ilẹ̀ ọba wárìrì.
၁၆သင့် ကိုမြင် သောသူတို့သည် စေ့စေ့ကြည့်ရှု ၍ ဆင်ခြင် ပြီးလျှင်၊ မြေကြီး ကို တုန်လှုပ် စေ၍၊ တိုင်း နိုင်ငံများ ကို လှုပ် ချောက်သောသူကား ဤသူလော။
17 Ẹni tí ó sọ ayé di aginjù, tí ó sì pa ìlú ńlá ńlá rẹ̀ run tí kò dá àwọn òǹdè rẹ̀ sílẹ̀ láti padà sílé?”
၁၇လောကီ နိုင်ငံကို တော ကဲ့သို့ ဖြစ်စေ၍၊ မြို့ များကို ဖျက်ဆီး သောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မ လွှတ် သောသူကား ဤသူလော။
18 Gbogbo àwọn ọba orílẹ̀-èdè ni a tẹ́ sílẹ̀ ọ̀kọ̀ọ̀kan nínú ibojì tirẹ̀.
၁၈အပြည်ပြည် သောရှင်ဘုရင် အပေါင်း တို့သည် အသီးအသီး မိမိ တို့စေတီ ၌ ဘုန်း အသရေနှင့် အိပ် ကြ၏။
19 Ṣùgbọ́n a jù ọ́ síta kúrò nínú ibojì gẹ́gẹ́ bí ẹ̀ka igi tí a kọ̀sílẹ̀, àwọn tí a pa ni ó bò ọ́ mọ́lẹ̀, àwọn tí idà ti gún, àwọn tí ó sọ̀kalẹ̀ lọ sínú òkúta inú ọ̀gbun. Gẹ́gẹ́ bí òkú ó di ìtẹ̀mọ́lẹ̀ ní abẹ́ àtẹ́lẹsẹ̀,
၁၉သင့် ကိုမူကား ၊ ရွံရှာ ဘွယ်သော သစ်ခက် ကဲ့သို့ သင်္ချိုင်း ထဲ ကထုတ်ပစ် ရ၏။ ကွပ်မျက် သောသူ၊ ထား ဖြင့်ထိုး သောသူ၊ သင်္ချိုင်းတွင်း ၌ ကျောက်စု ထဲသို့ ချ သောသူများနှင့် ဖုံးအုပ် လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင် ဖြစ်လေ၏။
20 a kò ní sin ọ́ pẹ̀lú wọn, nítorí pé o ti ba ilẹ̀ rẹ jẹ́ o sì ti pa àwọn ènìyàn rẹ. Ìran àwọn ìkà ni a kì yóò dárúkọ wọn mọ́.
၂၀သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ် ခြင်းကိုမ ခံရ။ အကြောင်း မူကား၊ မိမိ ပြည် ကို ဖျက်ဆီး ပြီ။ မိမိ အမျိုးသား ချင်းတို့ကိုသတ် လေပြီ။ အဓမ္မ ပြုသောသူတို့ ၏အနွယ် သည် ဂုဏ် အသရေအလျှင်းမ ရှိရဟု ပြောဆိုကြလိမ့်မည်။
21 Tọ́jú ibìkan tí a ó ti pa àwọn ọmọkùnrin rẹ nítorí ẹ̀ṣẹ̀ àwọn baba ńlá wọn, wọn kò gbọdọ̀ dìde láti jogún ilẹ̀ kí wọ́n sì bo orí ilẹ̀ pẹ̀lú àwọn ìlú u wọn.
၂၁သူ ၏ သား မြေးတို့သည်မ ထ ၊ မြေကြီး ကိုမပိုင် ၊ မြေ တပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည် အကြောင်း၊ သူ တို့အဘို့ ဘိုးဘေး တို့၏ အပြစ် ကြောင့် ကွပ်မျက် ခြင်းကို ပြင် ကြလော့။
22 “Èmi yóò dìde sókè sí wọn,” ni Olúwa àwọn ọmọ-ogun wí. “Èmi yóò ké orúkọ rẹ̀ kúrò ní Babeli àti àwọn tí ó sálà, àwọn ọmọ àti ìran rẹ̀,” ni Olúwa wí.
၂၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည်သူ တို့တဘက် ၌ ထ ၍ ဗာဗုလုန် မြို့၏နာမ နှင့် အကြွင်း အကျန်ကို၎င်း ၊ သား မြေးတို့ကို၎င်းပယ် ဖြတ်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
23 Èmi yóò yí i padà sí ibùgbé àwọn òwìwí àti sí irà; Èmi yóò fi ọwọ́ ìparun gbá a, ni Olúwa àwọn ọmọ-ogun wí.
၂၃တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
24 Olúwa àwọn ọmọ-ogun ti búra, “Gẹ́gẹ́ bí mo ti ṣètò, bẹ́ẹ̀ ni yóò rí, àti bí mo ti pinnu, bẹ́ẹ̀ ni yóò sì dúró.
၂၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကျိန်ဆို ၍ မိန့် တော်မူသည်ကား၊
25 Èmi yóò run Asiria ní ilẹ̀ mi, ní àwọn orí òkè mi ni èmi yóò ti rún un mọ́lẹ̀. Àjàgà rẹ̀ ni a ó mú kúrò lọ́rùn àwọn ènìyàn mi, ẹrù u rẹ̀ ni ó mú kúrò ní èjìká wọn.”
၂၅ငါ ၏ မြေ ပေါ် မှာ အာရှုရိ မင်းကို ငါနှိပ်စက် မည်။ ငါ ၏ တောင် ရိုးပေါ် မှာ ခြေဖြင့် ကျော်နင်း မည်ဟု ငါကြံစည် သည် အတိုင်း ဖြစ် ၍၊ ငါစီရင် ချက်လည်း တည် ရ လိမ့်မည်။ ထိုအခါ သူ ၏ ထမ်းဘိုး ကို သူ တပါးအပေါ် က ရွှေ့ ၍၊ သူ တို့ပခုံး ပေါ် မှာ တင်သောဝန် ကိုချ ရသော အခွင့်ရှိ လိမ့်မည်။
26 Èyí ni ètò tí a pinnu rẹ̀ fún gbogbo ayé, èyí ni ọwọ́ tí a nà jáde káàkiri gbogbo orílẹ̀-èdè.
၂၆မြေ တပြင်လုံး တွင် ထိုသို့ကြံစည် တော်မူ၏။ ခပ်သိမ်း သော ပြည် တို့အပေါ် မှာ ထို သို့လက် တော်ကို ဆန့် လျက်ရှိ၏။
27 Nítorí Olúwa àwọn ọmọ-ogun ti pète, ta ni yóò sì ká a lọ́wọ́ kò? Ọwọ́ọ rẹ ti nà jáde, ta ni ó sì le è fà á padà?
၂၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အကြံ တော်ကို အဘယ်သူ ဖျက် လိမ့်မည်နည်း။ ဆန့် တော်မူ သောလက် တော်ကို အဘယ်သူ လှန် လိမ့်မည်နည်း။
28 Ọ̀rọ̀-ìmọ̀ yí wá ní ọdún tí ọba Ahasi kú.
၂၈အာခတ် မင်းကြီး အနိစ္စ ရောက်သောနှစ် တွင် ခံရ သောဗျာဒိတ် တော် ဟူမူကား၊
29 Má ṣe yọ̀, gbogbo ẹ̀yin Filistia, pé ọ̀pá tí ó lù ọ́ ti dá; láti ibi gbòǹgbò ejò náà ni paramọ́lẹ̀ yóò ti hù jáde, èso rẹ̀ yóò sì jẹ́ oró ejò tí í jóni.
၂၉အိုဖိလိတ္တိ ပြည်လုံး ၊ သင့် ကိုရိုက် သောကြိမ်လုံး ကျိုး သည်ကို ထောက်၍၊ ဝမ်း မ မြောက်နှင့်။ ထိုမြွေအမျိုး ထဲကမြွေ ဆိုးပေါက်လိမ့်မည်။ သူ ၏အနွှယ် သည်လည်း ပျံ တတ် သော မီးမြွေ ဖြစ်လိမ့်မည်။
30 Ẹni tí ó kúṣẹ̀ẹ́ jù yóò ní pápá oko, àwọn aláìní yóò sì dùbúlẹ̀ láìléwu. Ṣùgbọ́n gbòǹgbò o rẹ̀ ni èmi ó fi ìyàn parun, yóò sì ké àwọn ẹni rẹ tí ó sálà kúrò.
၃၀အတိုင်းထက်အလွန် ဆင်းရဲ သောသူတို့သည် စား ရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ် ရကြလိမ့်မည်။ ငါသည်သင် ၏အမြစ် ကို သွေ့ ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်း ကိုလည်း မြွေဆိုးသည်ကွပ်မျက် လိမ့်မည်။
31 Hu, ìwọ ẹnu-ọ̀nà! Kígbe, ìwọ ìlú! Yọ́ kúrò, gbogbo ẹ̀yin Filistia! Èéfín kurukuru kan ti àríwá wá, kò sì ṣí amóríbọ́ kan nínú ẹgbẹ́ wọn.
၃၁အိုတံခါး ၊ ညည်းတွား လော့။ အိုမြို့ ၊ ငိုကြွေး မြည်တမ်း လော့။ အိုဖိလိတ္တိ ပြည်လုံး ၊ သင်သည်မှိုင်တွေ လျက်ရှိ ၏။ မြောက် မျက်နှာမှ မီးခိုး ထွက် လာ၏။ ထိုအလုံးအရင်း ၌ တယောက် တခြားစီနေသောသူမ ရှိ။
32 Kí ni ìdáhùn tí a ó fún agbẹnusọ orílẹ̀-èdè náà? “Olúwa ti fi ìdí Sioni kalẹ̀, àti nínú rẹ̀ ni àwọn ènìyàn rẹ̀ tí a ti pọ́n ọn lójú yóò ti rí ààbò o wọn.”
၃၂တပြည် တနိုင်ငံမှ ရောက်လာသောသံတမန် တို့ အား အဘယ်သို့ ပြန်ပြော ရမည်နည်းဟူမူကား ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် တော်မူသည် ဖြစ်၍ ၊ ကိုယ်တော် ၏ ဆင်းရဲသား တို့သည် ထိုမြို့ ၌ ကိုးစား ကြ၏။

< Isaiah 14 >