< Isaiah 13 >

1 Ọ̀rọ̀-ìmọ̀ tí ó kan Babeli èyí tí Isaiah ọmọ Amosi rí.
ဗာဗုလုန် မြို့ကို ရည်ဆောင်၍ အာမုတ် ၏သား ဟေရှာယ ခံရ သော ဗျာဒိတ် တော်အချက်ဟူမူကား၊
2 Gbé àsíá sókè ní orí òkè gbẹrẹfu, kígbe sí wọn, pè wọ́n láti wọlé sí ẹnu-ọ̀nà àwọn ọlọ́lá.
ရှင်းလင်း သော တောင် ပေါ် မှာအလံ ကို ထူ ကြ။ ကျယ်သောအသံနှင့် အော်ဟစ် ကြ။ လက် ကိုလှုပ် ကြ။ သူတို့သည် မင်း တို့နေရာတံခါး များကို ဝင် ကြစေ။
3 Mo ti pàṣẹ fún àwọn ẹni mímọ́ mi, mo ti pe àwọn jagunjagun mi láti gbé ìbínú mi jáde àwọn tí ń yọ̀ nínú ìṣẹ́gun mi.
ငါ သန့်ရှင်း စေသောသူတို့ ကို ငါ မှာ ထားပြီ။ ငါ ပေးသောဘုန်း အာနုဘော်ကြောင့် ဝမ်းမြောက် သောသူ၊ ငါ ၏သူရဲ တို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါ် ပြီ။
4 Gbọ́ ohùn kan ní àwọn orí òkè, gẹ́gẹ́ bí i ti ogunlọ́gọ̀ ènìyàn. Gbọ́ ìdàrúdàpọ̀ láàrín àwọn ìjọba, gẹ́gẹ́ bí i ti ìkórajọ àwọn orílẹ̀-èdè! Olúwa àwọn ọmọ-ogun ti kó ogun rẹ̀ jọ àwọn jagunjagun fún ogun.
ကြီး စွာသော အလုံးအရင်း၏ အသံ ကဲ့သို့ တောင် တို့အပေါ် မှာ လူ များ၏ အသံ ဗလံ၊ စုဝေး သော တိုင်း သူပြည်သားများတို့၏ အုတ်အုတ် ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် စစ်တိုက် ခြင်းငှါ၊ အလုံး အရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
5 Wọ́n wá láti ọ̀nà jíjìn réré, láti ìpẹ̀kun ọ̀run wá Olúwa pẹ̀lú àwọn ohun ìjà ìbínú rẹ̀, láti pa gbogbo orílẹ̀-èdè náà run.
ထာဝရဘုရား နှင့် အတူတကွ အမျက် တော် လက်နက် တို့သည် တပြည် လုံး ကို ဖျက်ဆီး ခြင်းငှါ ၊ ဝေး သောပြည် ၊ ကောင်းကင် စွန်း မှ လာ ကြ၏။
6 Ẹ hu, nítorí ọjọ́ Olúwa súnmọ́ tòsí, yóò sì wá gẹ́gẹ́ bí ìparun láti ọ̀dọ̀ Alágbára jùlọ.
ထာဝရဘုရား ၏နေ့ ရက်သည်နီး သောကြောင့်၊ ငိုကြွေး မြည်တမ်းကြလော့။အနန္တ တန်ခိုးရှင်စီရင်တော်မူသောဘေး အန္တရာယ်ကဲ့သို့ လာ လိမ့်မည်။
7 Nítorí èyí, gbogbo ọwọ́ ni yóò rọ, ọkàn ẹnìkọ̀ọ̀kan yóò rẹ̀wẹ̀sì.
ထိုကြောင့် ၊ ရှိသမျှ သော လက် တို့သည် ကျ ကြ လိမ့်မည်။ လူ အပေါင်း တို့သည် စိတ် ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
8 Ẹ̀rù yóò gbá wọn mú, ìrora àti ìpayínkeke yóò dìwọ́n mú, wọn yóò kérora gẹ́gẹ́ bí obìnrin tí ó ń rọbí. Ẹnìkínní yóò wo ẹnìkejì rẹ̀ pẹ̀lú ìpayà ojú wọn á sì gbinájẹ.
နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။
9 Kíyèsi i, ọjọ́ Olúwa ń bọ̀ ọjọ́ búburú, pẹ̀lú ìbínú àti ìrunú gbígbóná— láti sọ ilẹ̀ náà dahoro, àti láti pa àwọn ẹlẹ́ṣẹ̀ inú rẹ̀ run.
ထိုပြည် ကို ဖျက်ဆီး ၍ ၊ အပြစ် ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင် ဖယ်ရှင်းခြင်းငှါ ၊ ထာဝရဘုရား ၏ ကြမ်းကြုတ် သောနေ့ ရက်သည် ပြင်းထန် သော ဒေါသ အမျက်ထွက်လျက်လာ လိမ့်မည်။
10 Àwọn ìràwọ̀ ojú ọ̀run àti ìkójọpọ̀ wọn kò sì ní fi ìmọ́lẹ̀ wọn hàn. Àṣẹ̀ṣẹ̀yọ oòrùn yóò di òkùnkùn àti òṣùpá kò ní fi ìmọ́lẹ̀ rẹ̀ hàn.
၁၀မိုဃ်းကောင်းကင် ကြယ် နက္ခတ် တို့သည် အလင်း ကိုမ ပေး။ နေ သည်လည်း ထွက် သောအခါ မိုက် လျက်၊ လ သည်လည်း မထွန်း မ လင်းဘဲလျက်ရှိလိမ့်မည်။
11 Èmi yóò jẹ ayé ní ìyà nítorí ibi rẹ̀, àwọn ìkà nítorí ẹ̀ṣẹ̀ wọn. Èmi yóò fi òpin sí gààrù àwọn agbéraga èmi ó sì rẹ ìgbéraga àwọn aláìláàánú sílẹ̀.
၁၁ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
12 Èmi yóò jẹ́ kí ọkùnrin kí ó wọn ju ojúlówó wúrà lọ, yóò sì ṣọ̀wọ́n ju wúrà Ofiri lọ.
၁၂လူ သည် ရွှေ စင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသား သည် ဩဖိရ ရွှေ ကျောက်ထက် အဘိုးထိုက်မည်အကြောင်းငါ ပြုမည်။
13 Nítorí náà èmi yóò jẹ́ kí àwọn ọ̀run kí ó wárìrì; ayé yóò sì mì tìtì ní ibùjókòó rẹ̀ láti ọwọ́ ìbínú Olúwa àwọn ọmọ-ogun, ní ọjọ́ ìbínú gbígbóná rẹ.
၁၃သို့ဖြစ်၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏ ဒေါသ အမျက်တော်ပြင်း စွာထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင် ကို ငါလှုပ်ရှား မည်။ မြေကြီး လည်း မိမိ နေရာ မှ ရွေ့ ရလိမ့်မည်။
14 Gẹ́gẹ́ bí egbin tí à ń dọdẹ rẹ̀, gẹ́gẹ́ bí àgùntàn tí kò ní olùṣọ́, ọ̀kọ̀ọ̀kan yóò padà tọ àwọn ènìyàn rẹ̀ lọ, ọ̀kọ̀ọ̀kan yóò sá padà sí ilẹ̀ abínibí i rẹ̀.
၁၄ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ် မ၊ ထိန်းသိမ်း သူမ ရှိသော သိုး များကဲ့သို့ ဖြစ် ၍၊ အသီးအသီး မိမိ အမျိုးသား ချင်းတို့ကို မျက်နှာ ပြု၍ ၊ အသီးအသီး မိမိ ပြည် သို့ ပြေး ကြလိမ့်မည်။
15 Ẹnikẹ́ni tí a bá gbámú ni a ó wọ́ nílẹ̀ tuurutu, gbogbo àwọn tí ọwọ́ bá tẹ̀ ni yóò ti ipa idà kú.
၁၅တွေ့ မိသမျှ သောသူတို့ ကို လှံနှင့်ထိုး ရ၏။ စုဝေး လျက်ရှိသောသူအပေါင်း တို့လည်း ထား ဖြင့် ဆုံး ကြ လိမ့်မည်။
16 Àwọn ọ̀dọ́mọdé wọn ni a ó fọ́ sí wẹ́wẹ́ níṣojú wọn, gbogbo ilẹ̀ wọn ni a ó kó àwọn aya wọn ni a ó sì bá dàpọ̀.
၁၆သူ တို့သားသမီး များကို သူ တို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့် ဖွပ်လိမ့်မည်။ သူ တို့ အိမ် များကို လုယက် ၍ ၊ သူ တို့ မယား များကို အဓမ္မ ပြုကြလိမ့်မည်။
17 Kíyèsi i, èmi yóò ru àwọn Media sókè sí wọn, àwọn tí kò bìkítà fún fàdákà tí kò sì ní inú dídùn sí wúrà.
၁၇ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။
18 Ọrùn wọn yóò ré àwọn ọ̀dọ́mọkùnrin lulẹ̀; wọn kò ní ṣàánú àwọn ọ̀dọ́mọdé tàbí kí wọn síjú àánú wo àwọn ọmọdé.
၁၈သူတို့သည် လူပျို တို့ကို လေး နှင့်ရိုက်ခတ် ကြ လိမ့်မည်။ ကလေး တို့ကို မ သနား ကြ။ သူ တို့မျက်စိ သည် သူငယ် တို့ကို မ နှမြော ရ။
19 Babeli, ohun ọ̀ṣọ́ àwọn ìjọba ògo ìgbéraga àwọn ará Babeli ni Ọlọ́run yóò da ojú rẹ̀ bolẹ̀ gẹ́gẹ́ bí Sodomu àti Gomorra.
၁၉တိုင်း နိုင်ငံတို့၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်း အသရေဖြစ်သော ဗာဗုလုန် မြို့သည် ဘုရား သခင်ဖျက်ဆီး တော်မူသောသောဒုံ မြို့နှင့် ဂေါမောရ မြို့ကဲ့သို့ ဖြစ် လိမ့်မည်။
20 A kì yóò tẹ̀ ibẹ̀ dó mọ́ tàbí kí á gbé inú rẹ̀ láti ìrandíran; ará Arabia kì yóò pa àgọ́ níbẹ̀ mọ́, olùṣọ́-àgùntàn kan kì yóò kó ẹran rẹ̀ sinmi níbẹ̀.
၂၀ထိုမြို့၌ ကာလအစဉ်၊ လူမျိုး အဆက်ဆက်အဘယ်သူမျှမ နေ ရ။ ထို မြို့၌ အာရပ် လူသည် တဲကိုမျှ မ ဆောက် ရ။ သိုးထိန်း တို့သည် သိုးခြံကိုမျှ မ လုပ် ရကြ။
21 Ṣùgbọ́n àwọn ẹranko igbó ni yóò dùbúlẹ̀ níbẹ̀, àwọn ajáko yóò kún inú ilé wọn, níbẹ̀ ni àwọn òwìwí yóò máa gbé níbẹ̀ ni àwọn ewúrẹ́ igbó yóò ti máa bẹ́ kiri.
၂၁တောသားရဲ တို့သည် ထို မြို့၌ အိပ် ကြလိမ့်မည်။ အိမ် တို့သည် မြည်တတ်သော တိရစ္ဆာန် များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ် ငှက်တို့လည်း နေရာ ကျ၍ ၊ မျောက် တို့လည်း ကခုန် ကြလိမ့်မည်။
22 Ìkookò yóò máa gbó ní ibùba wọn, àwọn ajáko nínú arẹwà ààfin wọn.
၂၂တောခွေး တို့သည်လည်း ၊ ဘုံ ဗိမာန်များ၌ ၎င်း၊ မြေခွေး တို့သည်လည်း ၊ ကြက်သရေတိုက်များ၌၎င်း၊ အူ ကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလ နီး လှပြီ။ ထိုမြို့ ၏ အသက်တာ မ ရှည် ရ။

< Isaiah 13 >