< Hebrews 1 >

1 Ní ìgbà àtijọ́, Ọlọ́run bá àwọn baba ńlá wa sọ̀rọ̀ láti ẹnu àwọn wòlíì ní ọ̀pọ̀ ìgbà àti ní onírúurú ọ̀nà,
ရှေး လွန်လေပြီး သောအခါ ပရောဖက် များအားဖြင့် ဘိုးဘေး တို့အား အထပ်ထပ် အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရားသခင် သည်၊ ဤ နောက်ဆုံး ကာလ အခါ မိမိသား တော်အားဖြင့် ငါ တို့အား ဗျာဒိတ် ပေးတော်မူပြီ
2 ṣùgbọ́n ní ìgbà ìkẹyìn yìí Ọlọ́run ń bá wa sọ̀rọ̀ nípasẹ̀ Ọmọ rẹ̀ Jesu Kristi, ẹni tí ó fi ṣe ajogún ohun gbogbo, nípasẹ̀ ẹni tí ó dá gbogbo ayé yìí àti ohun gbogbo tí ń bẹ nínú rẹ̀. (aiōn g165)
ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏ (aiōn g165)
3 Ọmọ tí í ṣe ìtànṣán ògo Ọlọ́run àti àwòrán òun tìkára rẹ̀, tí ó sì ń fi ọ̀rọ̀ agbára rẹ̀ mú ohun gbogbo dúró. Lẹ́yìn tí ó ti ṣe ìwẹ̀nù ẹ̀ṣẹ̀ wa tan, ó wá jókòó ní ọwọ́ ọ̀tún Ọláńlá ní òkè.
ထိုသား တော်သည် ဘုရားသခင်၏ ဘုန်း တော် ရောင်ခြည် နှင့် ဇာတိ အဖြစ်တော်၏ ပုံ သဏ္ဌာန်ဖြစ် ၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိ အမိန့် တော်အားဖြင့်ခပ်သိမ်း သော အရာတို့ကို မစ တော်မူသောသူဖြစ် လျက်၊ ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့်သုတ်သင် ပယ်ရှင်းပြီးလျှင်၊ မြင့် သောအရပ်မှာ တန်ခိုး အာနုဘော်တော်၏ လက်ျာဘက် ၌ ထိုင် တော်မူ၏
4 Nítorí náà, ó sì ti fi bẹ́ẹ̀ di ẹni tí ó ga ní ipò ju angẹli lọ, bí ó ti jogún orúkọ èyí tí ó tayọ̀ tiwọn.
ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ် သော ဘွဲ့နာမ တော်ကို ခံရ သည်နှင့်အညီ၊ ကောင်းကင်တမန် တို့ထက် ကြီးမြတ် သော သူဖြစ် တော်မူ၏
5 Nítorí kò sí ọ̀kan nínú àwọn angẹli tí Ọlọ́run fi ìgbà kan sọ fún pé: “Ìwọ ni ọmọ mi; lónìí ni mo bí ọ”? Àti pẹ̀lú pé, “Èmi yóò jẹ́ baba fún un, Òun yóò sì jẹ́ ọmọ mi”?
အကြောင်းမူကား ၊ သင် သည်ငါ့ သား ဖြစ် ၏။ ယနေ့ ပင်သင့် ကို ငါ ဖြစ်ဘွား စေပြီဟူ၍၎င်း၊ ငါ သည်သူ ၏ အဘ ဖြစ် မည်၊ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်ဟူ၍၎င်း၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူသနည်း
6 Àti pẹ̀lú, nígbà tí Ọlọ́run rán àkọ́bí rẹ̀ wá si ayé wa yìí. Ó pàṣẹ pé, “Ẹ jẹ́ kí gbogbo àwọn angẹli Ọlọ́run foríbalẹ̀ fún un.”
တနည်း ကား၊ သားဦး ကို ဤလောက သို့ သွင်း တော်မူသောအခါ ၊ ဘုရားသခင် ၏ ကောင်းကင်တမန် အပေါင်း တို့သည် ထိုသူ ကို ပြပ်ဝပ် ကိုးကွယ်ကြစေဟု လာ သတည်း
7 Àti nípa ti àwọn angẹli, ó wí pé, “Ẹni tí ó dá àwọn angẹli rẹ̀ ní ẹ̀mí, àwọn ìránṣẹ́ rẹ̀ ní ọwọ́ iná.”
တနည်း ကား၊ မိမိ တမန် တို့ကို လေ ကဲ့သို့၎င်း ၊ မိမိ အစေအပါး တို့ကို မီးလျှံ ကဲ့သို့၎င်း၊ ဖြစ် စေတော်မူထ သောဟု ကောင်းကင်တမန် တို့ကို ရည်ဆောင်၍ ဆို သတည်း
8 Ṣùgbọ́n ó sọ nípa tí Ọmọ rẹ̀ pé, “Ìtẹ́ rẹ, Ọlọ́run, láé àti láéláé ni, ọ̀pá aládé òdodo ni ọ̀pá ìjọba rẹ. (aiōn g165)
သား တော်ကိုကား၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် နိုင်ငံ သည် တရား သဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏ (aiōn g165)
9 Ìwọ fẹ́ òdodo, bẹ́ẹ̀ ni ìwọ kórìíra iṣẹ́ búburú; nítorí èyí ni Ọlọ́run, àní Ọlọ́run rẹ ṣe fi àmì òróró ayọ̀ yàn ọ tí ó gbé ọ ju àwọn ẹgbẹ́ rẹ lọ.”
ကိုယ်တော်သည် ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍၊ မတရား သောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင် သည် ကိုယ်တော် ၏ အပေါင်းအဖော် တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက် ခြင်းဆီ နှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း
10 Ó tún sọ pé, “Ní àtètèkọ́ṣe, ìwọ Olúwa, ìwọ fi ìdí ayé sọlẹ̀, àwọn ọ̀run sì jẹ́ iṣẹ́ ọwọ́ ara rẹ.
၁၀တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ရှေးဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်း ကောင်းကင်သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ် ပါ၏
11 Wọn yóò ṣègbé, ṣùgbọ́n ìwọ yóò wà síbẹ̀ gbogbo wọn ni yóò di àkísà bí ẹ̀wù.
၁၁ထိုအရာ တို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထိုအရာရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကို လိပ် သကဲ့သို့ လိပ် တော်မူသဖြင့်ပြောင်းလဲ ခြင်းရှိကြသော်လည်း
12 Ní kíká ni ìwọ yóò ká wọn bí aṣọ, bí ìpààrọ̀ aṣọ ni a ó sì pààrọ̀ wọn. Ṣùgbọ́n ìwọ fúnra rẹ̀ kì yóò yípadà àti pé ọdún rẹ kì yóò ní òpin.”
၁၂ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါဟု လာသတည်း
13 Èwo nínú àwọn angẹli ní a gbọ́ pé Ọlọ́run fi ìgbà kan wí fún pé, “Jókòó ní ọwọ́ ọ̀tún mi títí èmi yóò fi sọ àwọn ọ̀tá rẹ di àpótí ìtìsẹ̀ rẹ”?
၁၃ထိုမှတစ်ပါး၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာ ငါချ မ ထားမှီတိုင်အောင်ငါ့ လက်ျာဘက် ၌ ထိုင် နေ လော့ဟု၊ အဘယ် မည်သော ကောင်းကင် တမန်ကို တစ်ခါမျှ မိန့် တော်မူဘူးသနည်း
14 Kì í ha á ṣe ẹ̀mí tí ń jíṣẹ́ ni àwọn angẹli í ṣe bí; tí a rán lọ síta láti máa ṣiṣẹ́ fún àwọn tí yóò jogún ìgbàlà?
၁၄ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံ လတံ့ သော သူ တို့ကို ပြုစု စေခြင်းငှာ၊ စေလွှတ် တော်မူသော အစေခံ နံဝိညာဉ် ဖြစ် ကြသည် မ ဟုတ်လော။

< Hebrews 1 >