< Genesis 9 >

1 Ọlọ́run sì súre fún Noa àti àwọn ọmọ rẹ̀ wí pé, “Ẹ máa bí sí i, kí ẹ sì pọ̀ ní iye, kí ẹ sì kún ayé.
ဘုရား သခင်သည်လည်း ၊ နောဧ နှင့် သူ ၏သား တို့ကိုကောင်းကြီး ပေးတော်မူ၍ ၊ သင်တို့သည်များပြား စွာ မွေးဘွား လျက် မြေကြီး ပြည့် စေကြလော့။
2 Ẹ̀rù yín yóò mú ojo wà lára gbogbo ẹranko àti gbogbo ẹyẹ ojú ọ̀run, àti gbogbo àwọn ẹ̀dá tí ń rìn nílẹ̀; àti gbogbo ẹja òkun; a fi wọ́n lé e yín lọ́wọ́.
မြေ တိရစ္ဆာန် ၊ မိုဃ်းကောင်းကင် ငှက် အစ ရှိသော၊ မြေ ပေါ်မှာ လှုပ်ရှား တတ်သမျှ နှင့် ၊ ပင်လယ် ငါး အပေါင်း တို့သည်၊ သင် တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ် ခြင်းသဘောရှိ ကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင် တို့လက် ၌ ငါ အပ် ၏။
3 Gbogbo ohun tó wà láààyè tí ó sì ń rìn, ni yóò jẹ́ oúnjẹ fún un yín, bí mo ṣe fi ewéko fún un yín náà ni mo fi ohun gbogbo fún un yín.
အသက် ရှင်၍ လှုပ်ရှား တတ်သမျှ သည်၊ အသီး အရွက်ကဲ့သို့ ၊ သင် တို့စားစရာ ဘို့ ဖြစ် ရမည်။ ခပ်သိမ်း သောအရာတို့ကို သင် တို့၌ ငါအပ်ပေး ၏။
4 “Ṣùgbọ́n ẹ̀yin kò gbọdọ̀ jẹ ẹran tòun-tẹ̀jẹ̀ rẹ̀.
သို့သော်လည်း အသက် တည်းဟူသောအသွေးနှင့်တကွ အသား ကို မ စား ရ။
5 Nítòótọ́ ẹ̀jẹ̀ yín, àní ẹ̀mí yín, ni èmi yóò sì béèrè; lọ́wọ́ gbogbo ẹranko ni èmí yóò béèrè rẹ̀, àti lọ́wọ́ ènìyàn, lọ́wọ́ arákùnrin olúkúlùkù ènìyàn ni èmi yóò béèrè ẹ̀mí ènìyàn.
အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။
6 “Ẹnikẹ́ni tí ó bá ta ẹ̀jẹ̀ ènìyàn sílẹ̀, láti ọwọ́ ènìyàn ni a ó gbà ta ẹ̀jẹ̀ rẹ̀ sílẹ̀. Nítorí ní àwòrán Ọlọ́run ni Ọlọ́run dá ènìyàn.
အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။
7 Ṣùgbọ́n ní tiyín, ẹ máa bí sí i, kí ẹ sì máa pọ̀ sí i, ẹ máa gbá yìn lórí ilẹ̀, kí ẹ sì pọ̀ sí i lórí rẹ̀.”
သင် တို့သည် သားကိုဘွား ၍ များပြား ကြလော့။ မြေ ပေါ် မှာ အလွန်မွေးဘွား ၍ များပြား ကြလော့ဟု မိန့် တော်မူ၏။
8 Ọlọ́run sì wí fún Noa àti àwọn ọmọ rẹ̀ pé,
တဖန် ဘုရား သခင်သည်၊ နောဧ နှင့် သူ ၏သား တို့ကို မိန့် တော်မူသည်ကား၊
9 “Mo dá májẹ̀mú mi pẹ̀lú yín àti pẹ̀lú àwọn ìran yín tí ń bọ̀ lẹ́yìn.
သင် တို့နှင့် ၎င်း၊ နောက် ဖြစ်လတံ့သော အမျိုး အနွယ်နှင့်၎င်း၊
10 Àti pẹ̀lú gbogbo ẹ̀dá alààyè tí ó wà pẹ̀lú yín, ìbá à ṣe ẹyẹ, ẹja, ẹran ọ̀sìn, ẹranko igbó, gbogbo ohun tí ó jáde kúrò nínú ọkọ̀ pẹ̀lú yín, àní gbogbo ẹ̀dá alààyè ní ayé.
၁၀သင် တို့ထံမှာ အသက် ရှင်သော တိရစ္ဆာန် တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ရှိသမျှ သင်္ဘော ထဲက ထွက် ဆင်းသမျှ မှစ၍ ၊ မြေ တိရစ္ဆာန် အပေါင်း တို့နှင့် ၎င်း၊ ငါ သည်ကိုယ်တိုင်ပဋိညာဉ် ပြု ၏။
11 Mo dá májẹ̀mú mi pẹ̀lú yín láéláé, Èmi kì yóò fi ìkún omi pa ayé run kúrò mọ láéláé, a kì yóò fi omi pa ayé run.”
၁၁သင် တို့နှင့် ငါ ပြု သော ပိဋိညာဉ် ဟူမူကား ၊ ရေ လွှမ်းမိုး ခြင်းအားဖြင့် ၊ ခပ်သိမ်း သော သတ္တဝါ တို့သည် နောက် တဖန်မ ဆုံး ရကြ။ မြေကြီး ကို ဖျက်ဆီး ဘို့ ရာနောက် တဖန်ရေ လွှမ်းမိုးခြင်း မ ရှိ ရ။
12 Ọlọ́run sì wí pé, “Èyí ni àmì májẹ̀mú tí mo ń dá yìí láàrín èmi àti ẹ̀yin àti ẹ̀dá alààyè tí ó wà pẹ̀lú yín, májẹ̀mú àtìrandíran tó ń bọ̀:
၁၂ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊
13 Mo ti fi òṣùmàrè sí àwọsánmọ̀, yóò sì jẹ́ àmì májẹ̀mú láàrín èmi àti ayé.
၁၃ငါ ၏ သက်တံ့ ကို မိုဃ်း တိမ်၌ ငါထား ၏။ ထိုသက်တံ့သည် မြေကြီး နှင့် ငါ ပြုသော ပဋိညာဉ် ၏ သက်သေ ဖြစ် လိမ့်မည်။
14 Nígbàkígbà tí mo bá mú kí òjò ṣú, tí òṣùmàrè bá farahàn ní àwọsánmọ̀.
၁၄ငါ သည် မိုဃ်း ကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့ သည် ထင်ရှား လိမ့်မည်။
15 Èmi yóò rántí májẹ̀mú mi, tí ó wà láàrín èmi àti ẹ̀yin àti gbogbo ẹ̀dá alààyè, kì yóò sì tún sí ìkún omi mọ́ láti pa gbogbo ẹ̀dá run.
၁၅ထိုအခါငါ တဘက်၊ သင် တို့မှစ၍ ၊ အသက် ရှင်သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှ တို့ တစ်ဖက်၌ရှိသော ၊ ငါ ၏ ပဋိညာဉ် ကိုငါ အောက်မေ့ သဖြင့် ခပ်သိမ်း သော သတ္တဝါ တို့ကို ဖျက်ဆီး ခြင်းငှါ နောက် တဖန်ရေ လွှမ်းမိုးခြင်းမ ရှိ ရ။
16 Nígbàkígbà tí òṣùmàrè bá yọ ní àwọsánmọ̀, èmi yóò rí i, èmi yóò sì rántí májẹ̀mú ayérayé tí ń bẹ láàrín Ọlọ́run àti gbogbo ẹ̀dá alààyè tí ń bẹ ní ayé.”
၁၆မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။
17 Ọlọ́run sì wí fún Noa pé, “Èyí ni àmì májẹ̀mú tí mo ti fi ìdí rẹ̀ múlẹ̀ láàrín èmi àti gbogbo alààyè ní ayé.”
၁၇ဤ သည်ကား ငါ နှင့် မြေကြီး ပေါ် မှာရှိသော သတ္တဝါ အပေါင်း တို့၏ စပ်ကြား မှာ၊ ငါအမြဲဖွဲ့ သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ်သတည်းဟု နောဧ ကို ဘုရား သခင်မိန့် တော်မူ၏။
18 Àwọn ọmọ Noa tí ó jáde nínú ọkọ̀ ni Ṣemu, Hamu àti Jafeti. (Hamu ni baba Kenaani.)
၁၈သင်္ဘော ထဲက ထွက် ဆင်းသော နောဧ သား တို့၏အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက် တည်း၊ ဟာမ သည် ခါနာန် ၏ အဘ ဖြစ် ၏။
19 Láti ọ̀dọ̀ àwọn ọmọ Noa mẹ́tẹ̀ẹ̀ta yìí ni gbogbo ènìyàn ti tàn ká gbogbo ilẹ̀ ayé.
၁၉ဤ သူတို့သည် နောဧ ၏ သား သုံး ယောက်ဖြစ်၍ မြေကြီး တပြင်လုံး ၌ နှံ့ပြား ကြ၏။
20 Noa bẹ̀rẹ̀ iṣẹ́ àgbẹ̀, ó sì gbin ọgbà àjàrà.
၂၀နောဧ သည် လယ် လုပ်သောအတတ်ကို ပြုစု ၍ ၊ စပျစ် ဥယျာဉ်ကို စိုက် လေ၏။
21 Ó mu àmupara nínú ọtí wáìnì àjàrà rẹ̀, ó sì tú ara rẹ̀ sí ìhòhò, ó sì sùn nínú àgọ́ rẹ̀.
၂၁စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။
22 Hamu tí í ṣe baba Kenaani sì rí baba rẹ̀ ní ìhòhò bẹ́ẹ̀ ni ó sì lọ sọ fún àwọn arákùnrin rẹ̀ méjèèjì ní ìta.
၂၂ခါနာန် ၏ အဘ ဟာမ သည်၊ မိမိ အဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင် လျှင် ပြင် မှာ ရှိသော အစ်ကို နှစ် ယောက်ကို ပြော လေ၏။
23 Ṣùgbọ́n Ṣemu àti Jafeti mú aṣọ lé èjìká wọn, wọ́n sì fi ẹ̀yìn rìn, wọ́n sì bo ìhòhò baba wọn. Wọ́n kọjú sẹ́yìn kí wọn kí ó má ba à rí ìhòhò baba wọn.
၂၃ရှေမ နှင့် ယာဖက် တို့သည် အဝတ် ကိုယူ ၍ ပခုံး ပေါ် မှာ တင် ပြီးလျှင် ၊ နောက် သို့ဆုတ်သွား ၍ မိမိ အဘ ၌၊ အဝတ်အချည်းစည်း ရှိသည်ကို ဖုံး ကြ၏။ သူ တို့သည် အပြင်သို့မျက်နှာ ပြုသောကြောင့် ၊ မိမိ အဘ ၌ အဝတ် အချည်းစည်း ရှိသည်ကို မ မြင် ရ။
24 Nígbà tí Noa kúrò ní ojú ọtí, tí ó sì mọ ohun tí ọmọ rẹ̀ kékeré ṣe sí i.
၂၄နောဧ သည် ယစ်မူးခြင်းပျောက်၍ နိုး သောအခါ ၊ မိမိ ၌သား ငယ် ပြု သည်ကို သိ လျှင်၊
25 Ó wí pé, “Ègún ni fún Kenaani. Ìránṣẹ́ àwọn ìránṣẹ́ ni yóò máa ṣe fún àwọn arákùnrin rẹ̀.”
၂၅ခါနာန် သည် ကျိန် ခြင်းကိုခံ ပါစေ။ အစ်ကို တို့၏ကျွန် တို့၌ ကျွန် ဖြစ် ပါစေဟုဆို ၏။
26 Ó sì tún wí pé, “Olùbùkún ni Olúwa, Ọlọ́run Ṣemu Kenaani yóò máa ṣe ẹrú fún Ṣemu.
၂၆တဖန် ရှေမ ၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ခါနာန် သည် ရှေမ ၏ကျွန် ဖြစ် ပါစေ။
27 Ọlọ́run yóò mú Jafeti gbilẹ̀, Jafeti yóò máa gbé ní àgọ́ Ṣemu Kenaani yóò sì jẹ́ ẹrú fún un.”
၂၇ဘုရား သခင်သည် ယာဖက် ကို ကျယ် စေတော်မူသဖြင့် ၊ ရှေမ ၏ တဲ တို့တွင် နေ ပါစေ။ ခါနာန် မူကား ၊ သူ ၏ကျွန် ဖြစ် ပါစေဟု ဆို လေ၏။
28 Noa wà láààyè fún irinwó ọdún dín àádọ́ta lẹ́yìn ìkún omi.
၂၈နောဧ သည် ရေ လွှမ်းမိုးသောနောက် ၊ အနှစ် သုံး ရာ ငါး ဆယ် အသက် ရှင်၍၊
29 Àpapọ̀ ọjọ́ ayé Noa jẹ́ ẹgbẹ̀rún ọdún dín làádọ́ta, ó sì kú.
၂၉အသက် ပေါင်း ကိုး ရာ ငါး ဆယ်စေ့ သော် အနိစ္စ ရောက်လေ၏

< Genesis 9 >