< Genesis 49 >

1 Nígbà náà ni Jakọbu ránṣẹ́ pe àwọn ọmọ rẹ̀, ó sì wí pé, “Ẹ kó ara yín jọ pọ̀, kí n le è sọ ohun tí yóò ṣẹlẹ̀ ní ọjọ́ iwájú fún un yín.
ထို ရောအခါ၊ ယာကုပ် သည် မိမိ သား တို့ကို ခေါ် ၍ ၊ သင် တို့သည် စည်းဝေး ကြလော့။ နောင် ကာလ အခါ၊ သင် တို့၌ ဖြစ် လတံ့သော အမှု အရာများကို ငါဟောပြော မည်။
2 “Ẹ kó ara yín jọ pọ̀, kí ẹ sì tẹ́tí, ẹ̀yin ọmọ Jakọbu; ẹ fetí sí Israẹli baba yín.
ယာကုပ် ၏သား တို့၊ စည်းဝေး ၍ ကြား ကြလော့။ အဘ ဣသရေလ ၏စကားကို နားထောင် ကြလော့။
3 “Reubeni, ìwọ ni àkọ́bí mi, agbára mi, ìpilẹ̀ṣẹ̀ ipá mi, títayọ ní ọlá àti títayọ ní agbára.
အိုရုဗင် ၊ သင် သည် ငါ့ သားဦး ၊ ငါ့ အစွမ်း သတ္တိ၊ ငါ ခွန်အား အစ အဦး၊ ဘုန်း အထွဋ် ၊ တန်ခိုး အထွဋ် ဖြစ်၏။
4 Ẹni ríru bí omi Òkun, ìwọ kì yóò tayọ mọ́, nítorí pé ìwọ gun ibùsùn baba rẹ, lórí àkéte mi, ìwọ sì bà á jẹ́ (ìwọ bá ọ̀kan nínú àwọn aya baba rẹ lòpọ̀).
သို့သော်လည်းရေ ကဲ့သို့ ပွက်ထ သော သဘောရှိသည်ဖြစ်၍၊ ထူးမြတ် ခြင်းသို့ မ ရောက်ရ။ အကြောင်း မူကား၊ သင် သည် အဘ ၏အိပ်ရာ ကို တက် ၍ ညစ်ညူး စေ၏။ ငါ့ ခုတင် ထက်သို့တက် လေပြီတကား။
5 “Simeoni àti Lefi jẹ́ arákùnrin— idà wọn jẹ́ ohun èlò ogun alágbára.
ရှိမောင် နှင့် လေဝိ သည် ညီအစ်ကို ဖြစ်၏။ အဓမ္မ အမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
6 Kí ọkàn mi má ṣe ni àṣepọ̀ pẹ̀lú wọn, kí n má sì ṣe dúró níbí ìpéjọpọ̀ wọn, nítorí wọ́n ti pa àwọn ènìyàn ní ìbínú wọn, wọ́n sì da àwọn màlúù lóró bí ó ti wù wọ́n.
ငါ့ ဝိညာဉ် သည် သူ တို့လျှို့ဝှက် ခြင်း အမှုထဲ သို့မ ဝင် ရ။ ငါ့ ဘုန်း သည် သူ တို့စည်းဝေး ရာနှင့် အသင်း မ ဖွဲ့ရ။ သူတို့သည် အမျက် ထွက်၍ လူ အသက်ကိုသတ် ကြပြီ။ ကိုယ် အလို သို့လိုက်၍ မြို့ ကိုဖြို ဖျက်ကြပြီ။
7 Ìfibú ni ìbínú wọn nítorí tí ó gbóná púpọ̀, àti fún ìrunú wọn nítorí tí ó kún fún ìkà! Èmi yóò tú wọn ká ní Jakọbu, èmi ó sì fọ́n wọn ká ní Israẹli.
သူ တို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်း စွာသော ဒေါသ သည် ကျိန်ခြင်း ကိုခံ ပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလ အနွယ်သားတို့တွင် သူ တို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
8 “Juda, àwọn arákùnrin rẹ yóò yìn ọ, ọwọ́ rẹ yóò wà ní ọrùn àwọn ọ̀tá rẹ, àwọn ọmọkùnrin baba rẹ yóò foríbalẹ̀ fún ọ.
အိုယုဒ ၊ သင် သည်ညီအစ်ကို တို့ ချီးမွမ်း ရသောသူဖြစ် ၏။ သင် ၏လက် သည် သင် ၏ရန်သူ လည်ပင်း ပေါ် မှာ ရှိလိမ့်မည်။ အဘ ၏သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ချကြလိမ့်မည်။
9 Ọmọ kìnnìún ni ọ́, ìwọ Juda, o darí láti igbó ọdẹ, ọmọ mi. Bí i kìnnìún, o ba mọ́lẹ̀, o sì sùn sílẹ̀ bí i abo kìnnìún, ta ni ó tó bẹ́ẹ̀, kí o lé e dìde?
ယုဒ သည် ခြင်္သေ့ ပျို ဖြစ်၏။ ငါ့ သား ၊ သင်သည် ဘမ်း ယူကိုက်စားရာမှ တက် လာတတ်၏။ ဝပ် လျက် နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ် တွားတတ် ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။
10 Ọ̀pá oyè kì yóò kúrò ní Juda bẹ́ẹ̀ ni ọ̀pá-ìṣàkóso kì yóò kúrò láàrín ẹsẹ̀ rẹ̀, títí tí Ṣilo tí ó ni í yóò fi dé, tí gbogbo àwọn orílẹ̀-èdè yóò máa wárí fún un.
၁၀ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
11 Yóò má so ọmọ ẹṣin rẹ̀ mọ́ igi àjàrà, àti ọmọ kẹ́tẹ́kẹ́tẹ́ rẹ̀ mọ́ ẹ̀ka tí ó dára jù. Yóò fọ aṣọ rẹ̀ nínú wáìnì àti ẹ̀wù rẹ̀ nínú omi-pupa ti èso àjàrà.
၁၁မိမိ မြည်း ကို စပျစ် နွယ်ပင်၌ ၎င်း ၊ မြည်း ကလေး ကို အမြတ် ဆုံးသော စပျစ်နွှယ်ပင်၌ ၎င်း ချည်နှောင် ၍၊ မိမိ အဝတ် ပုဆိုးများကို စပျစ်သီး အသွေး တည်းဟူသော စပျစ်ရည် ဖြင့် လျှော် လိမ့်မည်။
12 Ojú rẹ̀ yóò rẹ̀ dòdò ju wáìnì lọ, eyín rẹ yóò sì funfun ju omi-ọyàn lọ.
၁၂သူ၏မျက်စိ သည် စပျစ်ရည် နှင့် နီ လိမ့်မည်။ သွား သည်လည်း နို့ နှင့် ဖြူ လိမ့်မည်။
13 “Sebuluni yóò máa gbé ní etí Òkun, yóò sì jẹ́ èbúté fún ọkọ̀ ojú omi, agbègbè rẹ yóò tàn ká títí dé Sidoni.
၁၃ဇာဗုလုန် သည် ကမ်း နား မှာ နေ ၍ ၊ သင်္ဘော ဆိပ် ဖြစ် လိမ့်မည်။ သူ ၏နယ် သည် ဇိဒုန် မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
14 “Isakari jẹ́ kẹ́tẹ́kẹ́tẹ́ alágbára tí ó dùbúlẹ̀ láàrín agbo àgùntàn.
၁၄ဣသခါ သည် တောင် ကြား မှာ ဝပ် လျက် အား ကြီးသောမြည်း ဖြစ်၏။
15 Nígbà tí ó bá rí bí ibi ìsinmi òun ti dára tó, àti bí ilẹ̀ rẹ̀ ti ní ìdẹ̀ra tó, yóò tẹ èjìká rẹ̀ ba láti ru àjàgà, yóò sì fi ara rẹ̀ fún iṣẹ́ ipá.
၁၅ငြိမ်ဝပ် ရာအရပ်ကောင်း ၍ မြေ သာယာ သည်ကို မြင် သဖြင့် ၊ မိမိ ပခုံး ပေါ် မှာ ထမ်းပိုးကို တင်ထမ်း ၍၊ အခွန်ပေးသော ကျွန် ဖြစ် လေ၏။
16 “Dani yóò ṣe ìdájọ́ àwọn ènìyàn rẹ̀ gẹ́gẹ́ bí ọ̀kan nínú àwọn ẹ̀yà Israẹli.
၁၆ဒန် သည် ဣသရေလ အနွှယ် တစုံ တပါးကဲ့သို့ ၊ မိမိ လူ တို့ကို စီရင် လိမ့်မည်။
17 Dani yóò jẹ́ ejò ni pópónà àti paramọ́lẹ̀ ní ẹ̀bá ọ̀nà, tí ó bu ẹṣin jẹ ní ẹsẹ̀, kí ẹni tí ń gùn ún bá à le è ṣubú sẹ́yìn.
၁၇ဒန် သည် လမ်း ၌ နေသောမြွေ ဖြစ် လိမ့်မည်။ မြင်းစီး သောသူ ကို နောက် သို့ လဲ စေခြင်းငှါ လမ်းကြား မှာ နေ ၍၊ မြင်း ခြေ ကို ကိုက် တတ်သော မြွေဆိုး ဖြစ်လိမ့်မည်။
18 “Mo ń dúró de ìtúsílẹ̀ rẹ, Olúwa.
၁၈အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် လျက်နေပါပြီ။
19 “Ẹgbẹ́ ogun àwọn ẹlẹ́ṣin yóò kọlu Gadi, ṣùgbọ́n yóò kọlu wọ́n ní gìgísẹ̀ wọn.
၁၉ဂဒ် မူကား၊ စစ်သူရဲ တို့သည် သူ တို့တိုက် ကြ၍ ၊ သူ သည် ပြန်တိုက် လိမ့်မည်။
20 “Oúnjẹ Aṣeri yóò dára; yóò ṣe àsè tí ó yẹ fún ọba.
၂၀အာရှာ ၌ဖြစ်သော အစာ သည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ် စားဘွယ်တို့ကို ထုတ်ပေး လိမ့်မည်။
21 “Naftali yóò jẹ́ abo àgbọ̀nrín tí a tú sílẹ̀ tí ó ń bí ọmọ dáradára.
၂၁နဿလိ သည် လှ သောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်း သော သပိတ်ပင်ဖြစ်၏။
22 “Josẹfu jẹ́ àjàrà eléso, àjàrà eléso ní etí odò, tí ẹ̀ka rẹ̀ gun orí odi.
၂၂ယောသပ် သည် သန် သောပျိုး ပင်၊ ရေတွင်း နား မှာ သန် သော ပျိုး ပင်ဖြစ်၏။ အခက် အလက်တို့သည် အုတ် ရိုးပေါ် မှာ ကျော် သွားကြ၏။
23 Pẹ̀lú ìkorò, àwọn tafàtafà dojú ìjà kọ ọ́, wọ́n tafà sí í pẹ̀lú ìkanra.
၂၃လေး သမား တို့သည် သူ့ ကို အငြိုးထား ၍ ၊ အလွန်ညှဉ်းဆဲ ပစ်ခတ် ကြ၏။
24 Ṣùgbọ́n ọrun rẹ̀ dúró ni agbára, ọwọ́ agbára rẹ̀ ni a sì mu lára le, nítorí ọwọ́ alágbára Jakọbu, nítorí olùtọ́jú àti aláàbò àpáta Israẹli,
၂၄သို့သော်လည်း သူ ၏လေး သည် အား မလျော့။ သူ ကိုင် သော လက်နက်တို့သည်၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက် ဖြင့်၎င်း၊ သိုးထိန်း တည်းဟူသောဣသရေလ အမျိုး၏ကျောက် ဖြင့်၎င်း၊
25 nítorí Ọlọ́run baba rẹ tí ó ràn ọ́ lọ́wọ́, nítorí Olódùmarè tí ó bùkún ọ pẹ̀lú láti ọ̀run wá, ìbùkún ọ̀gbìn tí ó wà ní ìsàlẹ̀, ìbùkún ti ọmú àti ti inú.
၂၅သင့် ကိုမစ တော်မူသောသင့် အဘ ၏ ဘုရား သခင် အားဖြင့် ၎င်း၊ သင့် ကိုကောင်းကြီး ပေးတော်မူသောအနန္တ တန်ခိုးရှင်အားဖြင့် ၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက် မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲ သောအရပ်၏မင်္ဂလာ ၊ သားမြတ် နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်း နှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူမူပါစေသော။
26 Ìbùkún baba rẹ pọ̀ púpọ̀ ju ìbùkún àwọn òkè ńlá ìgbàanì, ju ẹ̀bùn ńlá àwọn òkè láéláé. Jẹ́ kí gbogbo èyí sọ̀kalẹ̀ sí orí Josẹfu, lé ìpéǹpéjú ọmọ-aládé láàrín arákùnrin rẹ̀.
၂၆သင် ၏အဘ ပေးသော ကောင်းကြီး မင်္ဂလာသည်၊ ထာဝရ တောင် တို့၌ဖြစ်သော ကောင်းကြီး မင်္ဂလာ၊ ထာဝရ ကုန်း တို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ် ခေါင်း ပေါ် ၊ မိမိ အစ်ကို တို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက် ပါစေသော။
27 “Benjamini jẹ́ ìkookò tí ó burú; ní òwúrọ̀ ni ó jẹ ẹran ọdẹ rẹ, ní àṣálẹ́, ó pín ìkógun.”
၂၇ဗင်္ယာမိန် သည် လုယူကိုက် စားတတ်သော တော ခွေးဖြစ်လိမ့်မည်။ ဘမ်း ရသောအရာကိုနံနက် အချိန်၌ ကိုက် စား၍ ၊ လုယူ သောအရာကိုလည်း ည အချိန်၌ ဝေဖန် လိမ့်မည်ဟုမြွက်ဆို၏။
28 Gbogbo ìwọ̀nyí ni àwọn ẹ̀yà Israẹli méjìlá, èyí sì ni ohun tí baba wọn sọ fún wọn nígbà tí ó súre fún wọn, tí ó sì fún ẹnìkọ̀ọ̀kan ní ìbùkún tí ó tọ́ sí i.
၂၈ဤ သူတို့ကား၊ ဣသရေလ အမျိုး ဆယ် နှစ် မျိုး ဖြစ်၏။ ဤ စကားသည်လည်း သူ တို့အဘ မြွက်ဆို ၍ ၊ သူ တို့ အသီးသီး ခံရသောမင်္ဂလာ ရှိသည်အတိုင်း၊ ကောင်းကြီးပေးသော စကားပေတည်း။
29 Nígbà náà ni ó fún wọn ní àwọn ìlànà yìí, “Ọjọ́ ikú mi kù fẹ́ẹ́rẹ́. Kí ẹ sin mí sí ibojì pẹ̀lú àwọn baba mi ní inú àpáta ní ilẹ̀ Hiti ará Efroni.
၂၉တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။
30 Ihò àpáta tí ó wà ní ilẹ̀ Makpela, nítòsí Mamre ní Kenaani, èyí tí Abrahamu rà gẹ́gẹ́ bí ilẹ̀ ìsìnkú lọ́wọ́ Efroni ará Hiti pẹ̀lú ilẹ̀ rẹ̀.
၃၀ခါနာန် ပြည် မံရေ မြို့ရှေ့ မှာ ၊ မပ္ပေလ လယ်ပြင် ၌ ရှိသောထို မြေတွင်း ကို ၊ အာဗြဟံ သည် ကိုယ်ပိုင် သော သင်္ချိုင်း ဘို့ လယ်ပြင် နှင့်တကွဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် လေပြီ။
31 Níbẹ̀ ni a sin Abrahamu àti aya rẹ̀ Sara sí, níbẹ̀ ni a sin Isaaki àti Rebeka aya rẹ̀ sí, níbẹ̀ sì ni mo sìnkú Lea sí.
၃၁ထို မြေတွင်း၌ အာဗြဟံ နှင့် မယား စာရာ ကို သင်္ဂြိုဟ် ကြပြီ။ ဣဇာက် နှင့် မယား ရေဗက္က ကိုလည်း သင်္ဂြိုဟ် ကြပြီ။ လေအာ ကိုလည်း ငါသင်္ဂြိုဟ် ပြီ။
32 Ilẹ̀ náà àti ihò àpáta tí ó wà nínú rẹ̀ ni a rà lọ́wọ́ ará Hiti.”
၃၂ထို မြေတွင်း ရှိသောထိုလယ်ပြင် ကို၊ ဟေသ အမျိုးသား ရှေ့ မှာ ဝယ် သတည်းဟု မှာထား၏။
33 Nígbà tí Jakọbu ti pàṣẹ yìí fún àwọn ọmọ rẹ̀, ó gbé ẹsẹ̀ rẹ̀ sókè sórí ibùsùn, ó sì kú, a sì ko jọ pọ̀ mọ́ àwọn ènìyàn rẹ̀.
၃၃ထိုသို့ ယာကုပ် သည် မိမိ သား တို့ကို အကုန်အစင်မှာ ထားပြီးလျှင် ၊ မိမိ ခြေ တို့ကို ခုတင် ပေါ် မှာ ရုပ်သိမ်း သဖြင့် ၊ အသက် ချုပ်၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။

< Genesis 49 >