< Genesis 48 >

1 Lẹ́yìn ìgbà díẹ̀ si, a wí fún Josẹfu pé, “Baba rẹ ń ṣàìsàn,” nítorí náà, ó mú àwọn ọmọ rẹ̀ méjèèjì, Manase àti Efraimu lọ́wọ́ lọ pẹ̀lú rẹ̀.
နောက်တဖန်ယောသပ် သည် အဘ နာ ကြောင်းကို ကြား သဖြင့် ၊ သား နှစ် ယောက်မနာရှေ နှင့် ဧဖရိမ် ကို ယူ ၍သွား၏။
2 Nígbà tí a sọ fún Jakọbu pé, “Josẹfu ọmọ rẹ wá sí ọ̀dọ̀ rẹ,” Israẹli rọ́jú dìde jókòó lórí ibùsùn rẹ̀.
သား ယောသပ် လာ ကြောင်း ကို ယာကုပ် သည် ကြား လျှင် ၊ အားထုတ် ၍ ခုတင် ပေါ် မှာထိုင် ၏။
3 Jakọbu wí fún Josẹfu pé, “El-Ṣaddai, fi ara hàn mí ní Lusi ní ilẹ̀ Kenaani, níbẹ̀ ni ó sì ti súre fún mi.
ထိုအခါ ယာကုပ် က၊ အနန္တ တန်ခိုးရှင်ဘုရား သခင် သည်၊ ခါနာန် ပြည် လုဇ မြို့၌ ငါ့ အား ထင်ရှား ၍ ကောင်းကြီး ပေးတော်မူလျက်၊
4 Ó sì wí fún mi pé, ‘Èmi yóò mú kí o bí sí i, ìwọ yóò sì pọ̀ sí i, èmi yóò sì sọ ọ́ di orílẹ̀-èdè ńlá, èmi yóò sì fún ìwọ àti irú-ọmọ rẹ lẹ́yìn rẹ ní ilẹ̀ yìí gẹ́gẹ́ bí ohun ìní ayérayé.’
ငါ သည်သင့် ကို တိုး ပွါးများပြား စေမည်။ သင့် ကို များစွာ သော လူ ဖြစ်စေ မည်။ သင် ၏အမျိုးအနွယ် သည် သင့် နောက်မှ ဤ ပြည် ကို အစဉ် အမြဲပိုင် စေခြင်းငှါ ငါပေး မည်ဟု မိန့် တော်မူ၏။
5 “Nítorí náà báyìí, àwọn ọmọ rẹ méjèèjì tí a bí fún ọ ní ilẹ̀ Ejibiti, kí èmi kí ó tó tọ̀ ọ́ wá ní ìhín, ni mo sọ di ọmọ mi fúnra mi. Manase àti Efraimu yóò jẹ́ tèmi gẹ́gẹ́ bí Reubeni àti Simeoni ti jẹ́ tèmi.
သင်နေသောအဲဂုတ္တု ပြည် သို့ ငါ မ ရောက် မှီ၊ အဲဂုတ္တု ပြည်၌ သင်ရ နှင့်သော သား နှစ် ယောက်၊ ဧဖရိမ် နှင့် မနာရှေ တို့သည် ငါ့ သားဖြစ်ရမည်။ ရုဗင် နှင့် ရှိမောင် ကဲ့သို့ ငါ့ သားဖြစ် ရမည်။
6 Àwọn ọmọ mìíràn tí ìwọ bá bí lẹ́yìn wọn yóò jẹ́ ọmọ rẹ. Ní ilẹ̀ tí wọn yóò jogún, orúkọ arákùnrin wọn ni a ó máa fi pè wọ́n.
နောက်မှ သင်ရ သောသား တို့သည် သင် ၏သား ဖြစ်၍မိမိ အမွေ ခံရာတွင် မိမိအစ်ကို တို့အမည် ဖြင့် သမုတ် ရကြမည်။
7 Bí mo ti ń padà láti Padani, Rakeli kú ní ọ̀nà nígbà tí ó ṣì wà ní ilẹ̀ Kenaani, èyí tó mú ìbànújẹ́ bá mi, níbi tí kò jìnnà sí Efrata. Nítorí náà èmí sì sin ín sí ẹ̀bá ọ̀nà tí ó lọ sí Efrata” (tí ṣe Bẹtilẹhẹmu).
ငါ သည်ပါဒနာရံ အရပ်မှ လာ သည်ကာလ ၊ ခါနာန် ပြည် ၌ ခရီး သွား၍၊ ဧဖရတ် မြို့နှင့်နီး သောအခါ ၊ သင့်အမိရာခေလ သည် ငါ့ အနား မှာ သေ ရှာ၏။ သေ သောအရပ် ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သောလမ်း ၌ သင်္ဂြိုဟ် လေသည်ဟု ယောသပ်အားဆို၏။
8 Nígbà tí Israẹli rí àwọn ọmọ Josẹfu, ó béèrè wí pé, “Àwọn wo nìyí?”
တဖန် ဣသရေလ သည် ယောသပ် ၏သား တို့ကို ကြည့်ရှု ၍ ၊ ဤ သူတို့ကား အဘယ် သူနည်းမေး လျှင်၊
9 Josẹfu fún baba rẹ̀ lésì pé, “Wọ̀nyí ni àwọn ọmọkùnrin tí Ọlọ́run ti fi fún mi ní ìhín.” Nígbà náà ni Israẹli wí pé, “Kó wọn wá sí ọ̀dọ̀ mi kí èmi kí ó ba à le súre fún wọn.”
ယောသပ် က ၊ ဤ ပြည်၌ အကျွန်ုပ် အား ဘုရားသခင် ပေး သနားတော်မူသောအကျွန်ုပ် ၏ သား ဖြစ်ပါသည် ဟု အဘ အားဆိုသော် ၊ အဘက၊ ငါ့ ထံ သို့လာ ပါစေလော့။ သူ တို့ကို ငါကောင်းကြီး ပေးမည်ဟု ဆို ၏။
10 Báyìí, ojú Israẹli ti ń di bàìbàì nítorí ogbó, agbára káká sì ni ó fi ń ríran. Josẹfu sì kó àwọn ọmọ rẹ̀ súnmọ́ ọ̀dọ̀ rẹ̀, baba rẹ̀ fẹnukò wọ́n ni ẹnu, ó sì dì mọ́ wọn.
၁၀ဣသရေလ သည် အသက် ကြီး၍ မျက်စိ မှုန် သဖြင့်၊ မ မြင် နိုင် သောကြောင့် ၊ သား တို့ကို အနီးသို့ ချဉ်းကပ် စေ၍ ပိုက် ဘက်နမ်းရှုပ် လေ၏။
11 Israẹli wí fún Josẹfu pé, “Èmi kò lérò rárá pé, mo tún le rí ojú rẹ mọ́ láéláé, ṣùgbọ́n Ọlọ́run tún fún mi ní àǹfààní, mo sì tún rí àwọn ọmọ rẹ pẹ̀lú.”
၁၁ဣသရေလ ကလည်း ၊ ငါသည် သင် ၏မျက်နှာ ကို မြင် ရမည်ဟု ငါမ ထင်။ ယခုတွင်သင် ၏သား တို့ကိုပင် ဘုရားသခင် ပြ တော်မူပြီဟု ယောသပ် အား ဆို ၏။
12 Nígbà náà ni Josẹfu kó àwọn ọmọ náà kúrò ní orí eékún baba rẹ̀, ó wólẹ̀, ó sì tẹríba.
၁၂ယောသပ် သည်လည်း ၊ သား တို့ကို အဘ ၏ဒူး ကြားမှ ထုတ် ၍ အဘ ရှေ့ ၌ဦးညွှတ် ချစေ၏။
13 Josẹfu sì mú àwọn méjèèjì, Efraimu ni o fi sí ọwọ́ ọ̀tún òun tìkára rẹ̀, èyí tí í ṣe ọwọ́ òsì fún Israẹli, ó sì fi Manase sí ọwọ́ òsì ara rẹ̀, èyí tí ó bọ́ sí ọwọ́ ọ̀tún Israẹli.
၁၃တဖန် ယောသပ် သည် သား တို့ကိုယူ ၍ ဧဖရိမ် ကို လက်ျာ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲ လက်သို့၎င်း၊ မနာရှေ ကို လက်ဝဲ လက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာ လက်သို့၎င်း ချဉ်းကပ် စေ၏။
14 Israẹli sì na ọwọ́ ọ̀tún rẹ̀ jáde, ó sì gbe lé Efraimu lórí, bí ó tilẹ̀ jẹ́ pé òun ni àbúrò, ó sì fi ọwọ́ rẹ̀ tàsé ara wọn, ó sì na ọwọ́ òsì lé Manase lórí, bí ó tilẹ̀ jẹ́ pé Manase ni àkọ́bí.
၁၄မနာရှေ သည်သားဦး ဖြစ်သော်လည်း ၊ ဣသရေလ သည် မိမိ လက် တို့ကို ဆန့် ၍ လိမ္မာစွာ ပဲ့ပြင်လျက် ၊ အသက် ငယ်သောသူ ဧဖရိမ် ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကို တင် ပြီးလျှင်၊ လက် ဝဲလက်ကို မနာရှေ ၏ ခေါင်း ပေါ် မှာ တင်၏။
15 Nígbà náà ni ó súre fún Josẹfu wí pé, “Ǹjẹ́ kí Ọlọ́run, ẹni tí baba mi Abrahamu àti Isaaki rìn níwájú rẹ̀, Ọlọ́run tí ó ti jẹ́ olùtọ́jú àti aláàbò mi ní gbogbo ọjọ́ ayé mi títí di òní,
၁၅ယောသပ် ကို ကောင်းကြီး ပေးလျက် ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ ကို တသက်လုံး ယနေ့ တိုင်အောင် ကျွေးမွေး တော်မူသောဘုရားသခင် တည်းဟူသော၊
16 Angẹli tí ó dá mi ní ìdè kúrò lọ́wọ́ gbogbo ewu, kí ó súre fún àwọn ọmọkùnrin wọ̀nyí. Kí a máa fi orúkọ mi pè wọ́n àti orúkọ àwọn baba mi Abrahamu àti Isaaki, kí wọn kí ó sì pọ̀ sí i lọ́pọ̀lọ́pọ̀ lórí ilẹ̀ ayé.”
၁၆ငါ့ ကိုခပ်သိမ်း သော ဘေးဒဏ် အထဲ က ကယ်နှုတ် တော်မူသောကောင်းကင် တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီး ပေးတော်မူပါစေသော။ သူ တို့ကို ငါ့ အမည် ဖြင့်၎င်း ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့် ပါစေသော။ သူတို့သည် မြေကြီး ပေါ် မှာ အလွန်တိုး ပွါးများပြား ပါစေသောဟု မြွက်ဆို၏။
17 Nígbà tí Josẹfu rí i pé baba òun gbé ọwọ́ ọ̀tún lé Efraimu lórí, inú rẹ̀ bàjẹ́, ó sì gbá ọwọ́ baba rẹ̀ mú láti gbé ọwọ́ rẹ̀ kúrò lórí Efraimu lọ sí orí Manase.
၁၇အဘ သည်လက်ျာ လက် ကို ဧဖရိမ် ၏ခေါင်း ပေါ် မှာ တင် သည်ကို ယောသပ် မြင် လျှင် ၊ အား မရ သည်ဖြစ်၍၊
18 Josẹfu wí fun pé, “Rárá, baba mi, èyí ni àkọ́bí, orí rẹ̀ ni kí ìwọ kí o gbé ọwọ́ ọ̀tún rẹ lé.”
၁၈မ ဟုတ်ပါအဘ။ ဤ သူသည် သားဦး ဖြစ်ပါ၏။ သူ ၏ခေါင်း ပေါ် မှာ လက်ျာ လက်ကိုတင် ပါဟု ဆို လျက် အဘ ၏ လက် ကိုဧဖရိမ် ခေါင်း ပေါ် က မနာရှေ ခေါင်း ပေါ် သို့ ပြောင်း ခြင်းငှါ ချီ လေ၏။
19 Ṣùgbọ́n baba rẹ̀ kò gbà, ó wí pé, “Mo mọ̀, ọmọ mi, mo mọ̀. Òun náà yóò di orílẹ̀-èdè, òun náà yóò sì di ńlá. Ṣùgbọ́n àbúrò rẹ̀ yóò di ẹni ńlá jù ú lọ, irú-ọmọ rẹ yóò sì di ọ̀pọ̀lọpọ̀ orílẹ̀-èdè.”
၁၉အဘ သည်ငြင်း ၍ ၊ ငါသိ ၏ငါ သား ၊ ငါသိ ၏။ သူသည် ကြီးစွာ သော လူ စုဖြစ် လိမ့်မည်။ သို့သော်လည်း ၊ သူ့ ညီ သည် သူ့ ထက် သာ၍ ကြီးသဖြင့် ၊ သူ ၏ အမျိုး အနွှယ်သည် များစွာ သော လူ အစုစုဖြစ် လိမ့်မည်ဟု ဆို ၏။
20 Ó súre fún wọn lọ́jọ́ náà pé, “Ní orúkọ yín ni Israẹli yóò máa súre yìí pé, ‘Kí Ọlọ́run ṣe ọ́ bí i ti Efraimu àti Manase.’” Ó sì gbé Efraimu gẹ́gẹ́ bí ẹ̀gbọ́n sí Manase.
၂၀တဖန် ဘုရားသခင် သည် သင့် ကို ဧဖရိမ် ကဲ့သို့ ၎င်း ၊ မနာရှေ ကဲ့သို့ ၎င်း ဖြစ်စေ တော်မူပါစေသောဟူ၍ ဣသရေလ အမျိုးသားတို့ သည်သင် အားဖြင့် ကောင်းကြီး ပေးကြလိမ့်မည်ဟု ထိုနေ့ ၌ သူ တို့ကိုကောင်းကြီး ပေးလေ၏။ ထိုသို့ မနာရှေ ရှေ့ မှာ ဧဖရိမ် ကိုနေရာ ချသတည်း။
21 Nígbà náà ni Israẹli wí fún Josẹfu pé, “Ọjọ́ ikú mi súnmọ́ etílé, ṣùgbọ́n Ọlọ́run yóò wà pẹ̀lú yín, yóò sì mú un yín padà sí ilẹ̀ àwọn baba yín.
၂၁ဣသရေလ ကလည်း ၊ ငါ သေ တော့မည်။ သို့သော်လည်း ၊ ဘုရားသခင် သည် သင် တို့ဘက် ၌ရှိ ၍ ၊ သင် တို့ကို ဘိုးဘေး နေရာ ပြည် သို့ တဖန် ဆောင် တော်မူလိမ့်မည်။
22 Pẹ̀lúpẹ̀lú èmi yóò fún ọ ní ìpín kan ju ti àwọn arákùnrin rẹ lọ. Ilẹ̀ tí mo fi idà àti ọ̀kọ̀ mi gbà lọ́wọ́ àwọn ará Amori.”
၂၂ထိုမှတပါး သင် ၏အစ်ကို တို့အား ပေး သည်ထက် သင့် အားသာ၍ပေးသောအရာဟူမူကား၊ ငါ့ ထား ၊ ငါ့ လေး ဖြင့် အာမောရိ အမျိုးသားလက် မှ နှုတ်ယူ သောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ် ကို ပြော ဆို၏။

< Genesis 48 >