< Genesis 46 >

1 Báyìí ni Israẹli mú ìrìnàjò rẹ̀ pọ̀n pẹ̀lú ohun gbogbo tí ó ní, nígbà tí ó sì dé Beerṣeba, ó rú ẹbọ sí Ọlọ́run Isaaki baba rẹ̀.
ထိုအခါ ဣသရေလ သည် မိမိ ဥစ္စာရှိသမျှ နှင့်တကွ ခရီး သွား၍ ဗေရရှေဘ အရပ်သို့ ရောက် လျှင် ၊ မိမိ အဘ ဣဇာက် ၏ ဘုရား သခင်အား ယဇ် ပူဇော် ခြင်းကို ပြုလေ၏။
2 Ọlọ́run sì bá Israẹli sọ̀rọ̀ ní ojú ìran ní òru pé, “Jakọbu! Jakọbu!” Ó sì dáhùn pé, “Èmi nìyí.”
ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ဘုရား သခင်က၊ ယာကုပ် ၊ ယာကုပ် ဟုခေါ် တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ် ရှိ ပါသည်ဟု လျှောက် လေ၏။
3 Ọlọ́run sì wí pé, “Èmi ni Ọlọ́run, Ọlọ́run baba rẹ, má ṣe bẹ̀rù láti sọ̀kalẹ̀ lọ sí ilẹ̀ Ejibiti nítorí, èmi yóò sọ ọ́ di orílẹ̀-èdè ńlá níbẹ̀.
ထာဝရဘုရားကလည်း၊ ငါ သည် ဘုရား သခင်ဖြစ်၏။ သင့် အဘ ၏ ဘုရား သခင်ဖြစ်၏။ အဲဂုတ္တု ပြည်သို့ သွား ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ငါသည် ထို ပြည်၌ သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။
4 Èmi yóò sì sọ̀kalẹ̀ pẹ̀lú rẹ lọ sí Ejibiti, èmi yóò sì tún mú ọ padà wá. Ọwọ́ Josẹfu fúnra rẹ̀ ni ìwọ yóò sì kú sí.”
အဲဂုတ္တု ပြည်သို့ သင် နှင့်အတူ ငါ သွား မည်။ တဖန် ငါ ဆောင် ခဲ့ဦးမည်။ ယောသပ် သည် မိမိ လက် ကို သင် ၏မျက်စိ ပေါ် မှာ တင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
5 Nígbà náà ni Jakọbu kúrò ní Beerṣeba, àwọn ọmọ Israẹli sì mú Jakọbu baba wọn àti àwọn aya wọn àti àwọn ọmọ wọn, wọ́n sì kó wọn sí inú kẹ̀kẹ́ ẹrù tí Farao fi ránṣẹ́ fún ìrìnàjò rẹ̀.
တဖန် ယာကုပ် သည် ဗေရရှေဘ အရပ်မှ ထွက် ၍ ၊ သူ စီး စရာဘို့ ဖါရော မင်းပေး လိုက်သော လှည်း တို့ဖြင့် ဣသရေလ ၏သား တို့သည် အဘ မှစ၍ မိန်းမ များနှင့် သူငယ် များတို့ကို ဆောင် လျက်၊
6 Wọ́n tún kó àwọn ohun ọ̀sìn wọn àti gbogbo ohun ìní tí wọ́n ti ní láti ilẹ̀ Kenaani, Jakọbu àti gbogbo irú-ọmọ rẹ̀ sọ̀kalẹ̀ lọ sí Ejibiti.
ခါနာန် ပြည် ၌ ရ သောတိရစ္ဆာန် များနှင့် ဥစ္စာ များကို လည်း ယူ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
7 Ó kó àwọn ọmọ rẹ̀ ọkùnrin pẹ̀lú àwọn ọmọ ọmọ rẹ̀ ọkùnrin, àwọn ọmọ rẹ̀ obìnrin pẹ̀lú àwọn ọmọ ọmọ rẹ̀ obìnrin, gbogbo irú-ọmọ rẹ̀ lọ sí Ejibiti.
ယာကုပ် သည် ကိုယ်တိုင်မှစ၍သားသမီးမြေးတည်းဟူသောအမျိုးအနွယ် အပေါင်း တို့ကို အဲဂုတ္တု ပြည် သို့ ဆောင် သွားလေ၏။
8 Èyí ni orúkọ àwọn ọmọ Israẹli (Jakọbu àti ìran rẹ̀) tí ó sọ̀kalẹ̀ lọ Ejibiti: Reubeni àkọ́bí Jakọbu.
အဲဂုတ္တု ပြည်သို့ ရောက် သော ဣသရေလ သား တို့၏အမည် ကား ၊ ယာကုပ် နှင့် သူ ၏သား များ။ သား ဦးရုဗင်။
9 Àwọn ọmọkùnrin Reubeni: Hanoku, Pallu, Hesroni àti Karmi.
ရုဗင် သား။ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ။
10 Àwọn ọmọkùnrin Simeoni: Jemueli, Jamini, Ohadi, Jakini, Sohari àti Saulu, tí ìyá rẹ̀ jẹ́ ọmọbìnrin ará Kenaani.
၁၀ရှိမောင် သား။ ယေမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုး မိန်းမ၏သား ရှောလ။
11 Àwọn ọmọkùnrin Lefi: Gerṣoni, Kohati àti Merari.
၁၁လေဝိ သား။ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ။
12 Àwọn ọmọkùnrin Juda: Eri, Onani, Ṣela, Peresi àti Sera (ṣùgbọ́n Ẹri àti Onani ti kú ní ilẹ̀ Kenaani). Àwọn ọmọ Peresi: Hesroni àti Hamulu.
၁၂ယုဒ သား။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ။ ထိုသူ တို့တွင် ဧရ နှင့် ဩနန် သည် ခါနာန် ပြည် ၌ သေ သတည်း။ ဖါရက် သား ၊ ဟေဇရုံ နှင့် ဟာမုလ။
13 Àwọn ọmọkùnrin: Isakari! Tola, Pua, Jaṣibu àti Ṣimroni.
၁၃ဣသခါ သား။ တောလ ၊ ဖုဝါ ၊ ယောဘ ၊ ရှိမရုန်။
14 Àwọn ọmọkùnrin Sebuluni: Seredi, Eloni àti Jahaleli.
၁၄ဇာဗုလုန် သား။ သရက် ၊ ဧလုန် ၊ ယာလေလ။
15 Wọ̀nyí ni àwọn ọmọkùnrin Lea tí ó bí fún Jakọbu ní Padani-Aramu yàtọ̀ fún Dina ọmọbìnrin rẹ̀. Àwọn ọmọkùnrin rẹ̀ àti ọmọbìnrin rẹ̀ wọ̀nyí jẹ́ mẹ́tàlélọ́gbọ̀n lápapọ̀.
၁၅ဤသူတို့ကား၊ ယာကုပ် မယားလေအာ သည် ပါဒနာရံ အရပ်၌ ဘွား သော သား တည်း။ သမီး ဒိန နှင့်တကွ ၊ သား သမီး ပေါင်း သုံးဆယ် သုံး။
16 Àwọn ọmọkùnrin Gadi: Sefoni, Haggi, Ṣuni, Esboni, Eri, Arodi, àti Areli.
၁၆ဂဒ် သား။ ဇိဖျန် ၊ ဟဂ္ဂိ ၊ ရှုနိ ၊ ဧဇဗုန် ၊ ဧရီ ၊ အရောဒိ ၊ အရေလိ။
17 Àwọn ọmọkùnrin Aṣeri: Imina, Iṣifa, Iṣfi àti Beriah. Arábìnrin wọn ni Sera. Àwọn ọmọkùnrin Beriah: Heberi àti Malkieli.
၁၇အာရှာ သား။ ယိမန။ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။ ဗေရိယ သား ၊ ဟေဗာ နှင့် မာလချေလ။
18 Wọ̀nyí ni àwọn ọmọ tí Jakọbu bí nípasẹ̀ Silipa, ẹni tí Labani fi fún Lea ọmọbìnrin rẹ̀. Gbogbo wọn jẹ́ mẹ́rìndínlógún lápapọ̀.
၁၈ဤ သူတို့ကား၊ လာဗန် သည် သမီး လေအာ အား ၊ လက်ဖွဲ့ သော ယာကုပ် မယား ဇိလပ ဘွား သော သား တည်း။ ပေါင်းတဆယ် ခြောက်။
19 Àwọn ọmọkùnrin Rakeli aya Jakọbu: Josẹfu àti Benjamini.
၁၉ယာကုပ် မယား ရာခေလ သား။ ယောသပ် နှင့် ဗင်္ယာမိန်။
20 Ní Ejibiti, Asenati ọmọbìnrin Potifẹra, alábojútó àti àlùfáà Oni, bí Manase àti Efraimu fún Josẹfu.
၂၀အဲဂုတ္တု ပြည် ၌ ဩန မြို့၏ ယဇ် ပုရောဟိတ်ပေါတိဖေရ သမီး အာသနတ် တွင် ယောသပ် နှင့် ရ သောသား၊ မနာရှေ နှင့် ဧဖရိမ်။
21 Àwọn ọmọ Benjamini: Bela, Bekeri, Aṣbeli, Gera, Naamani, Ehi, Roṣi, Mupimu, Huppimu àti Ardi.
၂၁ဗင်္ယာမိန် သား။ ဗေလ ၊ ဗေခါ ၊ အာရှဗေလ ၊ ဂေရ ၊ နေမန် ၊ ဧဟိ ၊ ရောရှ ၊ မုပိမ် ၊ ဟုပိမ် ၊ အာရဒ။
22 Wọ̀nyí ni àwọn ọmọkùnrin tí Rakeli bí fún Jakọbu. Wọ́n jẹ́ mẹ́rìnlá lápapọ̀.
၂၂ဤသူတို့ကား၊ ယာကုပ် မယား ရာခေလ ဘွား သောသား တည်း။ ပေါင်း တဆယ် လေး။
23 Àwọn ọmọ Dani: Huṣimu.
၂၃ဒန် သား။ ဟုရှိမ်။
24 Àwọn ọmọ Naftali: Jasieli, Guni, Jeseri, àti Ṣillemu.
၂၄နဿလိ သား။ ယာဇေလ ၊ ဂုနိ ၊ ယေဇာ ၊ ရှိလင်။
25 Wọ̀nyí ni àwọn ọmọ tí Biliha ẹni tí Labani fi fún Rakeli ọmọ rẹ̀ bí fún Jakọbu. Wọ́n jẹ́ méje lápapọ̀.
၂၅ဤသူတို့ကား၊ လာဗန် သည် သမီး ရာခေလ အား လက်ဖွဲ့ သော ယာကုပ် မယား ဗိလဟာ ဘွား သော သား တည်း။ ပေါင်း ခုနစ်
26 Gbogbo àwọn tí ó lọ pẹ̀lú Jakọbu sí Ejibiti, àwọn tí ó jẹ́ ìran rẹ̀ tààrà láìka àwọn aya ọmọ rẹ̀, jẹ́ ènìyàn mẹ́rìndínláàádọ́rin.
၂၆ယာကုပ် ချွေးမ များကို မ ဆိုဘဲ၊ ယာကုပ် မှ ဆင်း သက်၍၊ သူနှင့်အတူအဲဂုတ္တု ပြည်သို့ သွား သော လူ ပေါင်း ကား၊ ခြောက်ဆယ် ခြောက် ယောက်တည်း။
27 Pẹ̀lú àwọn ọmọkùnrin méjì tí a bí fún Josẹfu ní Ejibiti àwọn ará ilé Jakọbu tí ó lọ sí Ejibiti jẹ́ àádọ́rin lápapọ̀.
၂၇အဲဂုတ္တု ပြည်၌ ယောသပ် ရ နှင့်သော သား နှစ် ယောက်ရှိ၏။ သို့ဖြစ်၍အဲဂုတ္တု ပြည်သို့ ရောက် သော ယာကုပ် ၏အမျိုးသား အပေါင်း ကား ခုနစ် ဆယ်တည်း။
28 Jakọbu sì rán Juda ṣáájú rẹ̀ lọ sọ́dọ̀ Josẹfu, kí wọn bá à le mọ ọ̀nà Goṣeni. Nígbà tí wọ́n dé agbègbè Goṣeni,
၂၈ယောသပ် ထံ သို့ဂေါရှင် ပြည်ကို သွားစေခြင်းငှါ ယုဒ ကို အရင်စေလွှတ် ပြီးမှ ဂေါရှင် ပြည် သို့ ရောက် ကြ၏။
29 Josẹfu tọ́jú kẹ̀kẹ́-ẹṣin rẹ̀ ó sì lọ sí Goṣeni láti pàdé Israẹli baba rẹ̀. Bí Josẹfu ti dé iwájú baba rẹ̀, ó dì mọ́ baba rẹ̀ ó sì sọkún fún ìgbà pípẹ́.
၂၉ယောသပ် သည် ရထား ကိုပြင် ၍ အဘ ဣသရေလ ကို ခရီးဦးကြိုပြု ခြင်းငှါ ဂေါရှင် ပြည်သို့ သွား ၍ အဘ ရှေ့သို့ရောက် သော် ၊ အဘ ၏လည်ပင်း ကို ဘက် လျက် ကြာကြာ ငို လေ၏။
30 Israẹli wí fún Josẹfu pé, “Wàyí o, mo le kú, níwọ̀n bí mo ti rí i fún ara mi pé, o wà láààyè síbẹ̀.”
၃၀ဣသရေလ ကလည်း ၊ ယခု ငါသေ ပါစေသော။ သင် ၏မျက်နှာ ကို ငါ မြင် ရပြီ။ သင် သည် အသက် ရှင်သေး ၏ဟု ယောသပ် အား ဆို လေ၏။
31 Nígbà náà ni Josẹfu wí fún àwọn arákùnrin rẹ̀ àti fún àwọn ará ilé baba rẹ̀ pé, “Èmi yóò gòkè lọ, èmi yóò sì bá Farao sọ̀rọ̀, èmi yóò sì wí fún un pé, ‘Àwọn arákùnrin mi àti ìdílé baba mi tí ń gbé ní Kenaani ti tọ̀ mí wá.
၃၁ယောသပ် ကလည်း၊ ဖါရော မင်းထံ သို့ကျွန်ုပ် သွား ဦးမည်။ ခါနာန် ပြည် ၌ နေသော ကျွန်တော် အစ်ကို များ၊ ကျွန်တော် အဘ ၏ အိမ်သား များတို့သည် ကျွန်တော် ထံ သို့ရောက် ကြပါပြီ။
32 Darandaran ni àwọn ènìyàn náà, wọ́n ń tọ́jú ẹran ọ̀sìn, wọ́n sì kó agbo ẹran wọn àti agbo màlúù wọn àti gbogbo ohun tí wọ́n ní pẹ̀lú wá.’
၃၂ထိုသူ တို့သည် သိုး ထိန်း ဖြစ်ပါ၏။ သိုး နွားတို့ကို မွေး သောသူဖြစ် ပါ၏။ သူတို့သိုး နွား မှစ၍ ရှိသမျှ တို့ကို ဆောင် ခဲ့ကြပါပြီဟု လျှောက် မည်။
33 Nígbà tí Farao bá pè yín wọlé tí ó sí béèrè irú iṣẹ́ tí ẹ ń ṣe,
၃၃နောက် တခါ သင် တို့ကို ဖါရော မင်းခေါ် ၍ သင် တို့သည် အဘယ်သို့ လုပ်ဆောင် တတ်သနည်းဟုမေး တော်မူလျှင်၊
34 ẹ fún un lésì pé, ‘Àwọn ìránṣẹ́ rẹ ń tọ́jú ẹran ọ̀sìn ni láti ìgbà èwe wa wá gẹ́gẹ́ bí a ṣe ba a lọ́wọ́ àwọn baba wa.’ Nígbà náà ni wọn yóò fún un yín láààyè láti tẹ̀dó sí ilẹ̀ Goṣeni, nítorí pé àwọn ará Ejibiti kórìíra ẹnikẹ́ni tí ó bá jẹ́ darandaran.”
၃၄ကိုယ်တော် ကျွန် တော်တို့သည် ဘိုးဘေး နှင့်တကွ ၊ ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် သိုး နွားတို့ကို မွေး သောသူဖြစ် ကြပါ၏ဟု လျှောက် ရမည်။ သို့ဖြစ်၍ ဂေါရှင် ပြည် မှာ နေ သောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်း ဖြစ်သောသူကို အဲဂုတ္တု လူတို့သည် ရွံရှာ တတ်ကြ၏ ဟု အစ်ကို များ အဘ ၏အိမ်သား များတို့ကို ပြော ဆို၏။

< Genesis 46 >