< Genesis 42 >

1 Nígbà tí Jakọbu mọ̀ pé ọkà wà ní Ejibiti, ó wí fún àwọn ọmọ rẹ̀ ọkùnrin pé, “Èéṣe tí ẹ ń wo ara yín lásán?”
အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ယာကုပ် ကြား သိလျှင် ၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု ၍ နေကြသနည်း။
2 “Mo tí gbọ́ pé ọkà wà ní ilẹ̀ Ejibiti. Ẹ sọ̀kalẹ̀ lọ sí ibẹ̀ kí ẹ sì rà wá fún wa, kí a má ba à kú.”
အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ငါကြား ရပြီ။ ငါတို့သည်မ သေ အသက်ရှင် မည်အကြောင်း ၊ ထို ပြည်သို့ သွား ၍ ငါ တို့အဘို့ ကို ဝယ် ကြလော့ဟု မိမိ သား တို့အား ဆို သည်အတိုင်း၊
3 Nígbà náà ni mẹ́wàá nínú àwọn arákùnrin Josẹfu sọ̀kalẹ̀ lọ sí Ejibiti láti ra ọkà.
ယောသပ် ၏ အစ်ကို တကျိပ် တို့သည် စပါး ကို ဝယ် ခြင်းငှါ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
4 Ṣùgbọ́n Jakọbu kò rán Benjamini àbúrò Josẹfu lọ pẹ̀lú wọn nítorí ẹ̀rù ń bà á kí aburú má ba à ṣẹlẹ̀ sí i.
ယောသပ် ၏ညီ ဗင်္ယာမိန် ကိုကား အစ်ကို တို့နှင့်အတူ ယာကုပ် သည်မ စေ မလွှတ်။ အကြောင်း မူကား၊ သူ ၌ ဘေး ရောက် ကောင်းရောက်လိမ့်မည်ဟု စိုးရိမ် သတည်း။
5 Nítorí náà, àwọn ọmọ Israẹli wà lára àwọn tó lọ Ejibiti lọ ra oúnjẹ nítorí ìyàn náà mú ni ilẹ̀ Kenaani pẹ̀lú.
ထိုအခါ ခါနာန် ပြည် ၌ အစာခေါင်းပါး သောကြောင့် ၊ အဲဂုတ္တုပြည်သို့ရောက်လာ သောသူတို့ တွင်၊ ဣသရေလ သား တို့သည် စပါးကိုဝယ် ခြင်းငှါ လာ ကြ၏။
6 Nísinsin yìí, Josẹfu ni alábojútó fún gbogbo ilẹ̀ Ejibiti, òun sì ni ó ń bojútó ọkà títà fún gbogbo ènìyàn ìlú náà. Nítorí náà nígbà tí àwọn arákùnrin Josẹfu dé, wọ́n tẹríba, wọ́n sì foríbalẹ̀ fún Josẹfu.
ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
7 Lọ́gán tí Josẹfu ti rí àwọn arákùnrin rẹ̀ ni ó ti dá wọn mọ̀, ṣùgbọ́n ó ṣe bí i wí pé kò mọ̀ wọ́n, ó sì sọ̀rọ̀ líle sí wọn. Ó béèrè pé, “Níbo ni ẹ ti wá?” Wọ́n sì dáhùn pé, “Láti ilẹ̀ Kenaani ni a ti wá ra oúnjẹ.”
ယောသပ် သည် အစ်ကို တို့ကိုမြင် လျှင် သိ ၏။ သို့သော်လည်း မ သိဟန်ဆောင်၍ ကြမ်းတမ်း စွာ ပြော လျက် ၊ သင်တို့သည် အဘယ် က လာ ကြသနည်းဟုမေး ၏။ သူတို့ကလည်း၊ အစာ ကိုဝယ် ခြင်းငှါ ခါနာန် ပြည် က လာကြပါသည် ဟုလျှောက် ကြ၏။
8 Bí ó tilẹ̀ jẹ́ wí pé, Josẹfu mọ àwọn arákùnrin rẹ̀, síbẹ̀ àwọn arákùnrin rẹ̀ kò mọ̀ ọ́n.
ယောသပ် သည် အစ်ကို တို့ကိုသိ သော်လည်း ၊ သူ တို့သည် ယောသပ် ကို မ သိ ကြ။
9 Nígbà náà ni ó rántí àlá rẹ̀ tí ó lá sí wọn, ó sì wí fún wọn pé, “Amí ni yín, ẹ wá láti wo àṣírí ilẹ̀ wa ni.”
ယောသပ် သည် သူ တို့အကြောင်း နှင့် မြင် ရသောအိပ်မက် တို့ကို အောက်မေ့ လျက် ၊ သင် တို့သည် သူလျှို ဖြစ်ကြ၏။ ပြည် တော်၌ အားနည်း သောအရပ်ကို ကြည့်ရှု ခြင်းငှါ လာ ကြပြီဟုဆိုလျှင်၊
10 Wọ́n dáhùn pé, “Bẹ́ẹ̀ kọ́ olúwa wa, àwọn ìránṣẹ́ rẹ wá láti ra oúnjẹ ni.
၁၀သူ တို့က၊ မဟုတ် ပါသခင်။ ကိုယ်တော် ၏ကျွန် တို့ သည် အစာ ကို ဝယ် ခြင်းငှါ သာ လာ ကြပါ၏။
11 Ọmọ baba ni wá, olóòtítọ́ ènìyàn sì ni wá pẹ̀lú, àwa kì í ṣe ayọ́lẹ̀wò.”
၁၁ကျွန်တော် တို့သည် တယောက် တည်းသောသူ ၏ သား ဖြစ်ကြပါ၏။ ဖြောင့်မတ် သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော် ၏ကျွန် တို့သည် သူလျှို မ ဟုတ်ပါဟု လျှောက် ကြ၏။
12 Ó wí fún wọn pé, “Rárá! Ẹ wá láti wo àṣírí ilẹ̀ wa ni.”
၁၂ယောသပ်ကလည်း၊ မ ဟုတ်ဘူး။ ပြည် တော်၌ အားနည်း သော အရပ်ကိုကြည့်ရှု ခြင်းငှါ လာ ကြပြီဟု ဆို ပြန်၏။
13 Ṣùgbọ́n wọ́n tún dáhùn pé, “Arákùnrin méjìlá ni àwa ìránṣẹ́ rẹ, ọmọ baba kan náà, tí ó ń gbé ní ilẹ̀ Kenaani. Èyí tí ó jẹ́ àbíkẹ́yìn wa ń bẹ lọ́dọ̀ baba wa, ọ̀kan sì ti kú.”
၁၃သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့သည် ခါနာန် ပြည် ၌ တ ယောက်တည်းသောသူ ၏သား ၊ ညီအစ်ကို တကျိပ် နှစ် ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံး သောသူကား အဘ နှင့်အတူ ယခု ရှိရစ်ပါ၏။ တ ယောက်ကားမ ရှိပါဟု လျှောက် ပြန်လျှင်၊
14 Josẹfu wí fún wọn pé, “Bí mo ti wí fún un yín náà ni, Ayọ́lẹ̀wò ni yín!
၁၄ယောသပ် က၊ သင် တို့သည် သူလျှို ဖြစ်ကြ၏ဟု ငါဆိုသည် အရာ မှာ၊
15 Èyí sì ni a ó fi dán an yín wò, èmi búra pé, níwọ̀n ìgbà tí Farao bá wà láààyè, ẹ kì yóò kúrò níbí, àyàfi bí arákùnrin yín kan tókù bá wá sí ibí.
၁၅သင်တို့ကို အဘယ်သို့စုံစမ်း ရမည်နည်းဟူမူကား ၊ အငယ် ဆုံးသောညီ မ လာ လျှင်၊ ဖါရော ဘုရင် အသက် ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤ အရပ်မှ မ ထွက် မသွားရ။
16 Ẹ rán ọ̀kan nínú yín lọ láti mú arákùnrin yín wá, àwa yóò fi ẹ̀yin tókù pamọ́ sínú túbú, kí àwa ba à lè mọ bóyá òtítọ́ ni ẹ̀yin ń wí. Ṣùgbọ́n bí ó bá jẹ́ pé irọ́ ni ẹ̀yin ń pa, ní òtítọ́ bí Farao ti ń bẹ láààyè ayọ́lẹ̀wò ni yín!”
၁၆သင် တို့စကား မှန် သည်မမှန်သည်ကို စုံစမ်း ၍ သိစေခြင်းငှါ သင် တို့တွင် တ ယောက်သောသူကို စေလွှတ် ၍ ညီ ကိုဆောင် ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင် ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရော ဘုရင် အသက် ရှင်တော်မူ သည်အတိုင်း၊ အကယ်စင်စစ်သင် တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
17 Ó sì fi gbogbo wọn sínú túbú fún ọjọ́ mẹ́ta.
၁၇အစ်ကို အပေါင်းတို့ကို သုံး ရက် ချုပ် ထားလေ၏။
18 Ní ọjọ́ kẹta, Josẹfu wí fún wọn pé, “Èyí ni ẹ̀yin yóò ṣe kí ẹ̀yin ba à le yè nítorí mo bẹ̀rù Ọlọ́run.
၁၈သုံး ရက်မြောက်သောနေ့ ၌ ယောသပ် သည် သူ တို့ကိုခေါ် ၍ ၊ ငါ သည် ဘုရားသခင် ကို ကြောက်ရွံ့ သောသူဖြစ် ၏။ သို့ဖြစ်၍သင်တို့သည် အသက် ချမ်းသာစေခြင်းငှါပြု ရသောအမှုဟူမူကား၊
19 Tí ó bá jẹ́ pé olóòtítọ́ ènìyàn ni yín, ẹ jẹ́ kí ọ̀kan nínú yín dúró ni túbú ní ìhín, nígbà tí àwọn yòókù yín yóò gbé ọkà lọ fún àwọn ará ilé e yín tí ebi ń pa.
၁၉သင် တို့သည် ဖြောင့်မတ် သောသူမှန်လျှင် ၊ သင် တို့ညီအစ်ကို တို့တွင် တစုံတယောက် ကို ထောင် အိမ် ၌ အချုပ် ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့ မူကား သွား ကြလော့။ အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့်စပါး ကိုယူ ၍ သွားကြလော့။
20 Ṣùgbọ́n ẹ gbọdọ̀ mú arákùnrin tí ó jẹ́ àbíkẹ́yìn yín wá, kí n ba à le mọ òtítọ́ ohun ti ẹ ń wí, kí ẹ má ba à kú.” Wọn sì gbà láti ṣe èyí.
၂၀အငယ်ဆုံး သောညီကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင် သင် တို့စကား မှန် လိမ့်မည်။ သင်တို့အသက်လည်း ချမ်းသာ ရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြု ကြ၏။
21 Wọ́n ń sọ ọ́ láàrín ara wọn wí pé, “Àwa jẹ̀bi nítòótọ́ nípa ti arákùnrin wa. A rí ìbànújẹ́ ọkàn rẹ̀ nígbà tí ó ń bẹ̀ wá nítorí ẹ̀mí rẹ̀, ṣùgbọ́n a kò gbẹ́bẹ̀, nítorí náà ni ìdààmú yìí fi dé bá wa.”
၂၁ထိုအခါ သူတို့အချင်းချင်း ဆို ကြသည်ကား၊ အကယ်စင်စစ်ငါ တို့ သည် ညီ ၏အမှု၌ အပြစ် ကြီးကြ၏။ သူ သည် ငါ တို့ကိုတောင်းပန် သောအခါ ၊ သူ့ စိတ် ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နား မ ထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါ တို့အပေါ် မှာ ယခု ရောက် လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
22 Reubeni dá wọn ní ohùn pé, “Èmi kò wí fún yín pé kí ẹ má se ṣẹ̀ sí ọmọdékùnrin náà? Ṣùgbọ́n ẹ kò gbọ́! Ṣùgbọ́n nísinsin yìí a ń béèrè ẹ̀jẹ̀ rẹ̀ lọ́wọ́ wa.”
၂၂ရုဗင် ကလည်း၊ သူငယ် ကို မ ပြစ် မှားပါနှင့်ဟု ကျွန်ုပ်ဆို သည်မ ဟုတ် လော။ သင်တို့သည် နား မ ထောင်ဘဲ နေကြသောကြောင့် သူ ၏အသွေး အတွက် ယခု အစစ် ခံရကြသည်ဟု ပြန် ၍ဆို၏။
23 Wọn kò sì mọ̀ pé, Josẹfu ń gbọ́ wọn ní àgbọ́yé nítorí ògbufọ̀ ni ó ń lò tẹ́lẹ̀.
၂၃ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယောသပ် နားလည် သည်ဟု သူ တို့မ ထင် ကြ။ အကြောင်း မူကား၊ ယောသပ်သည် စကားပြန် နှင့် သူ တို့ကို ပြောတတ်သောကြောင့် တည်း။
24 Ó yípadà kúrò lọ́dọ̀ wọn, ó sì bẹ̀rẹ̀ sí ní sọkún. Ó sì tún yí padà sí wọn, ó sì bẹ̀rẹ̀ sí ní sọ̀rọ̀. Ó mú Simeoni kúrò láàrín wọn, ó sì dè é ní ojú wọn.
၂၄ထိုအခါ ယောသပ်သည် သူ တို့ထံ မှခဏ ခွါ၍ ငို လေ၏။ တဖန် လာ ပြန်၍ နှုတ်ဆက် ပြီးလျှင် ၊ ရှိမောင် ကို သူ တို့အစုထဲ ကယူ ၍ သူ တို့ရှေ့ တွင် ချည်နှောင် လေ၏။
25 Josẹfu pàṣẹ pé kí wọn bu ọkà kún inú àpò wọn, kí wọn sì mú owó ẹnìkọ̀ọ̀kan padà sínú àpò rẹ̀, kí wọn sì fún wọn ní ohun tí wọn yóò lò nírín-àjò wọn padà sílé. Lẹ́yìn ìgbà tí a ti ṣe èyí fún wọn,
၂၅ထိုနောက် သူ တို့အိတ် များကို စပါး နှင့် ပြည့် စေ၍ ၊ သူ တို့ငွေ ကိုလည်း အသီးအသီး အိတ် တို့တွင် ပြန်ထည့် စေခြင်းငှါ ၎င်း၊ လမ်းခရီး ၌ စား စရိတ်ကို ပေး စေခြင်းငှါ ၎င်း စီရင်၍ ထိုသို့လျှင် သူ တို့၌ ပြု လေ၏။
26 wọn gbé ẹrù wọn lé kẹ́tẹ́kẹ́tẹ́, wọn sì padà lọ sí ilé.
၂၆သူတို့သည်လည်း မြည်း များအပေါ် ၌ စပါး ကို တင် ၍ ထွက်သွား ကြ၏။
27 Níbi tí wọ́n ti dúró láti sùn lóru ọjọ́ náà, ọ̀kan nínú wọn tú àpò rẹ̀ láti mú oúnjẹ fún kẹ́tẹ́kẹ́tẹ́ rẹ̀, ó sì rí owó rẹ̀ ní ẹnu àpò rẹ̀.
၂၇စားခန်း သို့ ရောက် သောအခါ ၊ တယောက်သောသူသည် မြည်း ကို အစာ ကျွေးခြင်းငှါ မိမိ အိတ် ကိုဖွင့် လျှင် ၊ အိတ် ဝ တွင် ရှိသောငွေ ကိုမြင် လေ၏။
28 Ó sì wí fún àwọn arákùnrin rẹ̀ pé, “a ti dá owó mi padà, òun nìyí ní ẹnu àpò mi.” Ẹ̀rù bà wọ́n, wọ́n sì ń gbọ̀n, wọ́n sì wí pé, “Èwo nìyí tí Ọlọ́run ṣe sí wa yìí.”
၂၈ညီအစ်ကို တို့အား လည်း ကျွန်ုပ် ငွေ ကို ပြန် ထား ပြီ။ ကြည့် ပါ အိတ် ထဲ မှာရှိသည်ဟုဆိုသော်၊ သူ တို့သည် စိတ် နှလုံးလျော့ ၍ ကြောက်လန့် လျက် ၊ ငါ တို့၌ ဘုရားသခင် ပြု တော်မူသောဤ အမှုသည် အဘယ် အမှုဖြစ် ပါလိမ့်မည်နည်းဟု တ ယောက်ကိုတယောက်ဆို ကြ၏။
29 Nígbà tí wọ́n padà dé ọ̀dọ̀ Jakọbu baba wọn ní ilẹ̀ Kenaani, wọ́n ròyìn gbogbo ohun tí ó ṣẹlẹ̀ fún un wí pé,
၂၉ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် လျှင် ၊ မိမိ တို့၌ ဖြစ် လေသမျှ တို့ကို ကြား ပြောသည်ကား၊
30 “Ọkùnrin náà tí í ṣe alábojútó ilẹ̀ náà, sọ̀rọ̀ líle sí wa, ó sì fi ẹ̀sùn kàn wá pé a wá yọ́ ilẹ̀ náà wò ni.
၃၀ထိုပြည် ကိုအုပ်စိုး သောသူ သည် ကြမ်းတမ်း စွာ ပြော လျက် ၊ ကျွန်ုပ် တို့ကို ထိုပြည် ၌ သူလျှို လုပ်သူဟူ၍ မှတ် လေ၏။
31 Ṣùgbọ́n, a wí fún un pé, ‘Rárá o, olóòtítọ́ ènìyàn ni wá, a kì í ṣe ayọ́lẹ̀wò.
၃၁ကျွန်ုပ် တို့ကလည်း ၊ ကျွန်တော် တို့သည် ဖြောင့်မတ် သောသူဖြစ် ကြပါ၏။ သူလျှို မ ဟုတ်ပါ။
32 Arákùnrin méjìlá ni wá, ọmọ baba kan náà, ọ̀kan ti kú, èyí tí ó jẹ́ àbíkẹ́yìn wà lọ́dọ̀ baba wa ni ilẹ̀ Kenaani.’
၃၂တဘ တည်းသား ၊ ညီအစ်ကို ချင်း တကျိပ် နှစ် ယောက်ဖြစ်ကြပါ၏။ တ ယောက်ကားမ ရှိပါ။ အငယ်ဆုံး သောသူကား ခါနာန် ပြည် ၌ အဘ နှင့်အတူ ယခု ရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
33 “Nígbà náà ni ọkùnrin tí ó jẹ́ alábojútó ilẹ̀ náà wí fún wa pé, ‘Báyìí ni n ó ṣe mọ̀ bóyá olóòtítọ́ ènìyàn ni yín, ẹ fi ọ̀kan nínú àwọn arákùnrin yín sílẹ̀ níbí, pẹ̀lú mi, ẹ sì mú oúnjẹ lọ fún àwọn ará ilé yín tí ebi ń pa kú lọ, lọ́wọ́ ìyàn.
၃၃ထိုပြည် ကို အုပ်စိုး သောသခင်က၊ သင် တို့သည် ဖြောင့်မတ် သောသူမှန် သည်ကို အဘယ်သို့ငါသိ နိုင်မည်နည်း ဆိုသော်၊ သင် တို့ညီအစ်ကို တို့ တွင် တစုံတယောက် ကို ငါ့ ထံ ၌ထား ရစ်ကြလော့။ သင် တို့အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွား ကြလော့၊
34 Ṣùgbọ́n ẹ mú arákùnrin yín tí ó kéré jùlọ wá fún mi kí n le mọ̀ pé dájúdájú ẹ kì í ṣe ayọ́lẹ̀wò bí kò ṣe ènìyàn tòótọ́. Nígbà náà ni n ó mú arákùnrin yín padà fún un yín, lẹ́yìn náà ẹ le máa wá ṣe òwò bí ó ti wù yín ní ilẹ̀ yìí.’”
၃၄အငယ်ဆုံး သောညီ ကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင်သင် တို့သည် သူလျှို မ ဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိ လိမ့်မည်။ သင် တို့ညီအစ်ကို ကို လည်း ငါပြန် ၍အပ်မည်။ သင်တို့သည် ပြည် တော်၌ ဖေါက် ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
35 Bí wọ́n sì ti ń tú àpò ẹrù wọn, ẹnìkọ̀ọ̀kan bá owó tí ó san fún ọjà náà lẹ́nu àpò rẹ̀! Ẹ̀rù sì bà wọ́n gidigidi, àwọn àti baba wọn.
၃၅မိမိ တို့အိတ် များအထဲက စပါးကို ထုတ် သောအခါ ၊ အသီးအသီး ဆိုင်သော ငွေ ထုပ် တို့သည် မိမိ တို့အိတ် ၌ ရှိ ကြ၏။ ငွေ ထုပ် များကို သူ တို့နှင့် အဘ သည် မြင် သောအခါ ကြောက်လန့် ကြ၏။
36 Jakọbu baba wọn wí fún wọn pé, “Ẹ ti mú mi pàdánù àwọn ọmọ mi. N kò rí Josẹfu mọ́, bẹ́ẹ̀ ni n kò sì rí Simeoni náà mọ. Ẹ sì tún fẹ́ mú Benjamini lọ. Èmi ni gbogbo ohun búburú yìí wá ń ṣẹlẹ̀ sí!”
၃၆အဘ ယာကုပ် ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လု ယူကြပြီ။ ယောသပ် မ ရှိ၊ ရှိမောင် မ ရှိ၊ ဗင်္ယာမိန် ကိုလည်း ယူ သွားချင်သည်တကား။ ဤ အမှုအလုံးစုံ တို့ သည် ငါ နှင့်ဆန့်ကျင် ဘက်ဖြစ်သည်တကားဟု သူ တို့အား ဆို ၏။
37 Nígbà náà ni Reubeni wí fún baba rẹ̀ pé, “Pa àwọn ọmọ mi méjèèjì bí n kò bá mú Benjamini padà wá fún ọ, èmi ni kí o fà á lé lọ́wọ́, n ó sì mu un padà wá.”
၃၇ရုဗင် ကလည်း ၊ ကျွန်ုပ်သည် ဗင်္ယာမိန် ကို အဘ ထံ သို့ပြန်၍ မ ဆောင် ခဲ့လျှင် ၊ ကျွန်ုပ် သား နှစ် ယောက်တို့ကိုသတ် ပါလော့။ သူ့ ကိုကျွန်ုပ် လက် ၌ အပ် ပါ။ ကျွန်ုပ်တဖန် အဘ ထံ သို့ပြန် ၍ ဆောင်ခဲ့ပါမည်ဟု အဘ အား ဆို ၏။
38 Ṣùgbọ́n Jakọbu wí pé, “Ọmọ mi kì yóò bá a yín lọ, ẹ̀gbọ́n rẹ̀ ti kú, òun nìkan sì ni ó kù nínú àwọn ọmọ ìyá rẹ̀. Bí ohunkóhun bá ṣẹlẹ̀ sí i, ìbànújẹ́ ni yóò sì pa mi kú ni ọjọ́ ogbó mi yìí.” (Sheol h7585)
၃၈အဘကလည်း၊ သင် တို့နှင့်အတူ ငါ့ သား မ သွား ရ။ သူ ၏အစ်ကို သေ ပြီ။ သူ သည် တယောက် တည်း ကျန်ရစ် ၏။ သင်တို့သွား ရာလမ်း ခရီးတွင် သူ ၌ ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ဆို လေ ၏။ (Sheol h7585)

< Genesis 42 >