< Genesis 40 >
1 Kò pẹ́ lẹ́yìn èyí, ni agbọ́tí ọba àti alásè rẹ̀ ṣẹ̀ ọba Ejibiti, olúwa wọn.
၁ထို နောက်မှအဲဂုတ္တု ရှင်ဘုရင် ထံ ဖလား တော် ဝန်နှင့် စား တော်ဝန်တို့သည် မိမိ တို့အရှင် အဲဂုတ္တု ရှင်ဘုရင် ကို ပြစ်မှား ကြ၏။
2 Farao sì bínú sí méjì nínú àwọn ìjòyè rẹ̀, olórí agbọ́tí àti olórí alásè,
၂ဖါရော ဘုရင်သည် ထို အမတ် နှစ် ယောက်တည်းဟူသောဖလား တော်ဝန်နှင့် စား တော်ဝန်တို့ကို အမျက်ထွက် ၍၊
3 Ó sì fi wọ́n sí ìhámọ́ ní ilé olórí ẹ̀ṣọ́, ní inú ẹ̀wọ̀n ibi tí Josẹfu pẹ̀lú wà.
၃ယောသပ် အချုပ် ခံရာ ထောင် တည်းဟူသော ကိုယ်ရံတော် မှူး၏အိမ် ၌ ချုပ် ထားတော်မူ၏။
4 Olórí ẹ̀ṣọ́ sì yan Josẹfu láti máa ṣe ìránṣẹ́ wọn. Lẹ́yìn ìgbà tí wọ́n ti wà ní ìhámọ́ fún ìgbà díẹ̀.
၄ကိုယ်ရံတော် မှူးသည် သူ တို့ကို ယောသပ် ၌ အပ်၍၊ ယောသပ်သည် ပြု စုရ၏။ သူတို့လည်း အင်တန် ကာလ အချုပ် ခံလျက် နေ ရကြ၏။
5 Ni ọ̀kọ̀ọ̀kan àwọn ọkùnrin méjèèjì náà—olórí agbọ́tí àti olórí alásè ọba Ejibiti, tí a dè sínú túbú, lá àlá ní òru kan náà, àlá kọ̀ọ̀kan sì ní ìtumọ̀ tirẹ̀.
၅ထိုသို့ထောင် ထဲ မှာ အချုပ် ခံလျက်နေရသော အဲဂုတ္တု ရှင် ဘုရင်၏ ဖလား တော်ဝန်နှင့် စား တော်ဝန် နှစ် ယောက်တို့သည်၊ အသီးအသီး မိမိ တို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် တယောက်တနည်းစီ မြင် မက်ကြ၏။
6 Nígbà tí Josẹfu dé ọ̀dọ̀ wọn ní òwúrọ̀ ọjọ́ kejì, ó ṣe àkíyèsí pé, inú wọn kò dùn.
၆နံနက် အချိန်ရောက် မှ ယောသပ် သည် သူ တို့ ထံ သို့ဝင် ၍ ကြည့်ရှု သောအခါ ၊ သူ တို့မျက်နှာ ညှိုးငယ်လျက် ရှိသည်ကိုမြင် လျှင်၊
7 Ó sì bi àwọn ìjòyè Farao tí ó wà pẹ̀lú rẹ̀ nínú ìhámọ́, nínú ilé olúwa rẹ̀ léèrè pé, “Èéṣe tí ojú yín fi fàro bẹ́ẹ̀ ní òní, tí inú yín kò sì dùn?”
၇သင် တို့သည် ယနေ့ အဘယ်ကြောင့် မျက်နှာ ညှိုးငယ် သနည်းဟု မိမိ သခင် အိမ် ၌ မိမိ နှင့်အတူ အချုပ် ခံ နေရသော ဖါရော မင်း၏ အမတ် တို့အား မေး ၏။
8 Wọ́n wí pé, “Àwa méjèèjì ni a lá àlá, kò sì sí ẹni tí yóò túmọ̀ rẹ̀.” Josẹfu sì wí fún wọn pé, “Ọlọ́run nìkan ni ó ni ìtumọ̀. Ẹ sọ àwọn àlá yín fún mi.”
၈သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မ ဟုတ်လော။ သို့ဖြစ်၍သင်တို့အိပ်မက်ကို ကျွန်ုပ် အား ကြား ပြောကြပါဟုဆို ၏။
9 Olórí agbọ́tí sì ṣọ́ àlá rẹ̀ fún Josẹfu, wí pé, “Ní ojú àlá mi, mo rí àjàrà kan (tí wọn ń fi èso rẹ̀ ṣe wáìnì) níwájú mi,
၉ထိုအခါ ဖလား တော်ဝန်သည် မိမိ အိပ်မက် ကို ယောသပ် အား ကြား ပြောသည်ကား၊ ငါ မြင်မက်သော အိပ်မက် တွင် ၊ ငါ့ ရှေ့ မှာ စပျစ် နွယ်ပင် ရှိ၏။
10 mo sì rí ẹ̀ka mẹ́ta lórí àjàrà náà, ó yọ ẹ̀ka tuntun, ó sì tanná, láìpẹ́, ó bẹ̀rẹ̀ sí ní í ní èso tí ó ti pọ́n.
၁၀ထိုစပျစ် နွယ်ပင်၌ အလက် သုံး လက်ရှိ၏။ ထိုအလက်တို့၌ ပန်း ငုံကဲ့သို့ရှိ၏။ အပွင့် လည်း ပွင့်၏။ အသီး ပြွတ် တို့လည်း မှည့် သောစပျစ် သီး ဖြစ်လေ၏။
11 Ife Farao sì wà lọ́wọ́ mi, mo sì mú àwọn èso àjàrà náà, mo sì fún un sínú ife Farao, mo sì gbé ife náà fún Farao.”
၁၁ဖါရော မင်း၏ ဖလား တော်ကို ငါ ကိုင် လျက် ၊ ထိုစပျစ် သီးကိုယူ ၍ ဖလား တော်၌ ညှစ် ပြီးမှ လက် တော် တွင် ဆက်သည်ဟုပြောဆို၏။
12 Josẹfu wí fún un pé, “Èyí ni ìtumọ̀ àlá rẹ. Ẹ̀ka mẹ́ta náà dúró fún ọjọ́ mẹ́ta.
၁၂ယောသပ် ကလည်း သင် ၏အိပ်မက် အနက် ဟူမူကား ၊ စပျစ်နွယ်သုံး လက် တို့သည် သုံး ရက် ဖြစ်၏။
13 Láàrín ọjọ́ mẹ́ta Farao yóò mú ọ jáde nínú ẹ̀wọ̀n padà sí ipò rẹ, ìwọ yóò sì tún máa gbé ọtí fún un, gẹ́gẹ́ bí ìṣe rẹ àtẹ̀yìnwá.
၁၃သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ချီးမြှောက် ၍ သင် ၏အရာ ကို ပြန် ပေးတော်မူသဖြင့် ၊ သင်သည်အထက် က ဖလား တော်ဝန်ဖြစ် ၍ပြုဘူးသည် နည်းတူ ၊ တဖန်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက်မြဲ ဆက် ရလိမ့်မည်။
14 Ṣùgbọ́n nígbà tí ohun gbogbo bá dára fún ọ, rántí mi kí o sì fi àánú hàn sí mi. Dárúkọ mi fún Farao, kí o sì mú mi jáde kúrò ní ìhín.
၁၄သင်သည် ချမ်းသာရသောအခါ ကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုပါလော့။ ဖါရော ဘုရင်ကိုလျှောက်၍ ကျွန်ုပ် ကို ဤ အိမ် မှ နှုတ် ယူပါ။
15 Nítorí á jí mi gbé tà kúrò ní ilẹ̀ àwọn Heberu ni, àti pé níhìn-ín èmi kò ṣe ohunkóhun tí ó fi yẹ kí èmi wà ní ìhámọ́ bí mo ti wà yìí.”
၁၅အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲ ပြည် မှ ခိုး ယူခဲ့ ကြ၏။ ဤ ပြည်မှာလည်း ကျွန်ုပ် ၌ အပြစ် မ ရှိဘဲ ထောင်ထဲမှာ လှောင် ထားကြသည်ဟုဆို၏။
16 Nígbà tí olórí alásè rí i wí pé ìtumọ̀ tí Josẹfu fún àlá náà dára, ó wí fún Josẹfu pé, “Èmi pẹ̀lú lá àlá, mo ru agbọ̀n oúnjẹ mẹ́ta lórí.
၁၆ထိုအိပ်မက်အနက် ကောင်း သည်ကို စား တော် ဝန် သိ မြင်လျှင် ၊ ငါ သည်လည်း ဖြူသောတောင်း သုံး လုံးကို ကိုယ်တိုင် ရွက် နေသည်ကို မြင် မက်၏။
17 Nínú agbọ̀n tí ó wà lókè, onírúurú oúnjẹ ló wà níbẹ̀ fún Farao, ṣùgbọ́n àwọn ẹyẹ sì ń ṣà wọ́n jẹ láti inú apẹ̀rẹ̀ náà tí ó wà lórí mi.”
၁၇အပေါ် တောင်း တွင် ဖါရော မင်းစားတော်ခေါ် ဘို့ ချက် ပြီးသော ခဲဘွယ် စားဘွယ်အမျိုးမျိုး ရှိ၍၊ ငှက် တို့သည်လည်း ငါ ရွက် သော တောင်း ထဲ ကနှုတ်၍ စား ကြသည်ဟု ယောသပ် အား ပြောဆို ၏။
18 Josẹfu dáhùn, “Èyí ni ìtumọ̀ àlá rẹ. Agbọ̀n mẹ́ta náà túmọ̀ sí ọjọ́ mẹ́ta.
၁၈ယောသပ် ကလည်း ၊ သင်၏အိပ်မက်အနက် ဟူမူကား ၊ တောင်း သုံး လုံးသည် သုံး ရက် ဖြစ်၏။
19 Láàrín ọjọ́ mẹ́ta, Farao yóò tú ọ sílẹ̀, yóò sì bẹ́ orí rẹ, yóò sì gbé ara rẹ kọ́ sí orí igi. Àwọn ẹyẹ yóò sì jẹ ara rẹ.”
၁၉သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။
20 Ọjọ́ kẹta sì jẹ́ ọjọ́ ìbí Farao, ó sì ṣe àsè fún gbogbo àwọn ìjòyè e rẹ̀. Ó sì mú olórí agbọ́tí àti olórí alásè jáde kúrò nínú ẹ̀wọ̀n.
၂၀ထိုနောက် သုံး ရက် လွန်သောအခါ၊ ဖါရော မင်း ဘွား သောနေ့ရက် ၌ နှစ်စဉ်ပွဲ ကိုခံ ၍ ကျွန်တော် မျိုး အပေါင်း တို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလား တော်ဝန် ၏ဦးခေါင်း နှင့် စား တော်ဝန်၏ဦးခေါင်း ကို ကျွန်တော် မျိုး တို့တွင် ဖေါ် တော်မူ၍၊
21 Ó dá olórí agbọ́tí padà sí ipò tí ó wà tẹ́lẹ̀, kí ó ba à le máa fi ago lé Farao ní ọwọ́,
၂၁အိပ်မက် အနက်ကို ယောသပ် ဘတ် သည် အတိုင်း ၊ ဖလား တော်ဝန်ကို အထက် အရာ၌ တဖန် ခန့်ထား တော်မူသဖြင့် ၊ သူ သည်ဖလား တော်ကို ဖါရော မင်း၏လက် တွင် ဆက် မြဲဆက်ရ၏။
22 ṣùgbọ́n, ó so olórí alásè kọ́ sórí igi, gẹ́gẹ́ bí Josẹfu ti sọ fún wọn nínú ìtumọ̀ rẹ̀ sí àlá wọn.
၂၂စား တော်ဝန်ကိုမူကား ၊ ဆွဲ ထားတော်မူ၏။
23 Ṣùgbọ́n, olórí agbọ́tí kò rántí Josẹfu mọ́, kò tilẹ̀ ronú nípa rẹ̀.
၂၃သို့သော်လည်း ဖလား တော်ဝန်သည် ယောသပ် ကို မ အောက်မေ့ ဘဲ မေ့လျော့ ၍နေလေ၏။